Korean Drama Channel
161K subscribers
3.39K photos
163 videos
3.55K links
Channelလေးမှာကြော်ငြာလေးတွေထည့်သွင်းချင်သူများဆက်သွယ်ရန် @Goblin124
Korea series Channel gives credit to original websites and translators.
If you own the copyrights of any stuff, we will remove it within 24 hours.
Download Telegram
Channel created
မင်မင်ရဲ့channelလေးကိုjoinပေးပါဦး😘😘
Please open Telegram to view this post
VIEW IN TELEGRAM
36👍32👎3
Good Boy (2025)

Ep-1 ရပါပြီ

https://t.me/KdramaChannel1234/3709

ပရိသတ်ကြီးတို့ အားလုံးစောင့်မျှော်နေကြတဲ့ ချစ်စရာမင်းသမီးလေး Kim So-Hyun နဲ့ မင်းသားချော Park Bo-Gum တို့ရဲ့ ဇာတ်ကားအသစ်လေးကတော့ ဒီနေ့မှာပဲ ထွက်ရှိလာပါပြီ။

Cast တွေအနေနဲ့ကတော့ အမျိုးသမီးထုကြီးရဲ့ အသည်းကျော် ယန်ဂွမ်ရှစ်ဖြစ်တဲ့ Park Bo-Gum၊ Kim So-Hyun၊ Lee Sang-Yi၊ Heo Sung-Tae တို့အပြင် ပရိသတ်တို့နဲ့မစိမ်းတဲ့ ဝါရင့်သရုပ်ဆောင်ကြီးများပါ ပါဝင်ထားပါတယ်။

ဇာတ်လမ်းအညွှန်း ~

Yoon Dong-Joo (Park Bo-Gum) က အိုလံပစ် လက်ဝှေ့ ရွှေတံဆိပ်ဆုရကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီး အခက်အခဲမျိုးစုံနဲ့ တွေ့ကြုံခဲ့ရပြီးနောက် ကစားသမားဘဝအဖြစ်မှ အနားယူပြီးနောက် ရဲဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်နေသူဖြစ်ပါတယ်။

Ji Han-Na (Kim So-Hyun) အိုလံပစ်သေနတ်ပစ်သမားတစ်ယောက်ဖြစ်ပြီးရုပ်ရည်ချောမောလှပတဲ့အတွက် သေနတ်ပစ်နတ်ဘုရားမအဖြစ် နာမည်ပြောင်ရှိသူဖြစ်ပါတယ်။

ဒီလိုနဲ့ပဲ တစ်နေ့မှာ လူတိုင်းကို တုန်လှုပ်သွားစေတဲ့မတော်တဆမှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပြီးနောက် သူလည်းပဲ ကစားသမားဘဝမှအနားယူခဲ့ပြီး ရဲဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်နေပါတော့တယ်။

ဒီလိုနဲ့ပဲ ရဲဝန်ထမ်းဖြစ်လာကြတဲ့ အိုလံပစ်ကစားသမားဟောင်း နှစ်ယောက်ဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့ထဲ ရောက်လာပြီးနောက် တရားမျှတမှုကို ရှာဖွေဖို့ တိုက်ခိုက်ကြတဲ့အခါမှာတော့ အပတ်စဥ် စနေ တနင်္ဂနွေနေ့တိုင်း တင်ဆက်ပေးသွားမှာဖြစ်လို့ CM နဲ့အတူ ကြည့်ရှုခံစားပေးပါဦးနော်။
102👎2😁2👍1👏1
Oh My Ghost Clients (2025)

Ep-1 to 2 ထိရပါပြီ

https://t.me/KdramaChannel1234/3710

သူမတူ တမူထူးခြားတဲ့ဇာတ်လမ်းတွေကိုမှ နှစ်သက်ကြတဲ့ ပရိသတ်ကြီးတို့အတွက် သရဲတစ္ဆေတွေရဲ့ အမှူတွေ လိုက်ဖြေရှင်းမဲ့ ‌ရှေ့နေကားသစ်လေး လာပါပြီ ..

Cast ‌ေတွအနေနဲ့က Hospital Playlist က ဇာတ်လိုက်ကျော် မင်းသား Jung Kyoung Ho , Twinkling Watermelon ကားထဲက မင်းသမီး Seol In A Castaway Diva ကားထဲက မင်းသား Cha Hak Yeon တို့အပြင် နာမည်ကြီးသရုပ်ဆောင်တွေပါ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားပါတယ် ..

ဇာတ်လမ်းကတော့ နိုမူဂျင်းဟာ အလုပ်သမားအခွင့်အရေးဆိုင်ရာ အမှုတွေကို ကိုင်တွယ် ဖြေရှင်းပေးတဲ့ ရှေ့နေ့တစ်ယောက်ပါ။

ရှေ့နေဆိုပေမဲ့လည်း တရားမျှတခြင်းကို လက်ကိုင်မထား လူမှုဆက်ဆံရေးဗဟုသုတကင်းမဲ့ကာ ဝမ်းရေးချောင်လည်ဖို့အတွက် ရှေ့နေ့အလုပ်ကို လုပ်ကိုင်နေသူပါ ..

တစ်ရက်မှာတော့ မူဂျင်းဟာ YouTuber တစ်ယောက်နဲ့ အကျင့်ပျက်ခြစားမှုကို လိုက်ရင်း အသက်အန္တရာယ်နဲ့ကြုံခဲ့ရပါတယ် ..

အဲဒီနောက်ပိုင်းကစပြီး မူဂျင်းဟာ ထူးဆန်းစွာနဲ့ သရဲတစ္ဆေတွေ မြင်တွေ့လာရပြီး သရဲတွေ အကူအညီတောင်းတဲ့ အမှုတွေကို လိုက်လံဖြေရှင်းပေးဖို့ ဖြစ်လာပါတော့တယ်။

မူဂျင်းတစ်ယောက် ဘာလို့ သရဲတွေ မြင်တွေ့လာရတာလဲ ပေါ့ပေါ့တန်တန် ရှေ့နေကနေ ရှေ့နေကောင်းတစ်ယောက်အဖြစ် ပြောင်းလဲလာမှာလား ..

ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဟာသအနှောလေးနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်...
16
The Haunted Palace (2025)

Ep-1 to 14 ထိရပါပြီ

https://t.me/KdramaChannel1234/3711

Poster စထွက်လာကတည်းက စိတ်ဝင်စားမှုတွေကို ရရှိထားပြီးတော့ အကြာကြီးနေမှ ကေဒရာမာချစ်သူတွေရှေ့မှောက်ကို ပြန်လည်ရောက်ရှိလာတဲ့ Rom-com , Fantasy အမျိုးအစားဖြစ်တဲ့ နန်းတွင်းကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

ဇာတ်ကားလေးထဲမှာတော့ BTOB ရဲ့အဖွဲ့ဝင် Yook Sung-Jae, 25-21 ကားထဲမှ ဂိုယူရင် အဖြစ်လူသိများထားတဲ့ WJSN အဖွဲ့ဝင် အလှလေး Bona နဲ့ Flower of Evil မှ မင်းသားကြီး Kim Ji-Hoon တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာကြောင့် Cast နဲ့တင် ပစ်ရက်စရာမရှိတဲ့ ဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်ပါတယ်။

ဇာတ်လမ်းအညွှန်း

Yoon Gab(Yook Sung-Jae) ဟာ ဂုဏ်သိက္ခာရှိပြီးတော့ ရုပ်ရည်ချောမောတဲ့ နန်းတွင်းအစိုးရ အမှုထမ်းတစ်ဦးပါ။

တစ်နေ့မှာတော့ ဖြစ်ရပ်တစ်ခုကြောင့် ဂန်ချောလ်လို့ အမည်ရတဲ့ ကောင်းကင်ပေါ်ကို တက်ဖို့ကြိုးစားနေတဲ့ အီမူဂီ (ခေါ်) ဒဏ္ဍာရီလာသတ္တဝါဟာ Yoon Gab ရဲ့ ခန္ဓာကိုယ်ကို အပိုင်ရယူသွားပါတယ်။

အဲဒီနောက် Yoon Gab ဟာလည်း အပြုအမူတွေလည်း စတင်ပြောင်းလဲလာပြီး လူတွေဆီက‌ေနအကြည်ညိုပျက်ခံလာရပါတော့တယ်။

Yoon Gab နဲ့ အတိတ်တုန်းက အချစ်ဦးတွေဖြစ်ခဲ့ကြတဲ့ Yeo-Ri (Bona)ကတော့ နာမည်ကြီး နတ်ဝင်သည်ရဲ့ တစ်ဦးတည်းသော မြေးမလေးဖြစ်ပြီး ဝိညာဉ်ရေးရာ ပါရမီတွေကိုလည်း အမွေဆက်ခံထားရသူတစ်ဦးပါ။

ဒါပေမဲ့ သူမဟာ နတ်ဝင်သည်ဖြစ်လာရမဲ့ ကံကြမ္မာကို ငြင်းဆန်ပြီး အေးအေးချမ်းချမ်းနဲ့ မျက်မှန်ပြုလုပ်သူအဖြစ် လုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။

အဲဒီလိုနဲ့ တစ်ရက်မှာတော့ စွမ်းအားပြင်း အမျိုးသမီးဝိညာဉ်တွေ၊ နတ်ဆိုးတွေနဲ့ ပြည့်နေတဲ့ နန်းတော်ထဲကို ဝင်ရောက်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။

တစ်ဖက်မှာလည်း တိုင်းပြည်ကို တိုးတက်ပြောင်းလဲ‌စေဖို့အတွက် စိတ်အားထက်သန်လှတဲ့ ဘုရင် Lee Sung(Kim Ji-Hoon) နန်းတွင်းထဲမှာ ထူးဆန်းပြီး မယုံနိုင်စရာကောင်းတဲ့ ဝိညာဉ်ရေးရာပြဿနာတွေဖြစ်လာတဲ့အခါမှာ...

Yoon Gab ရဲ့ ခန္ဓာကိုယ်နဲ့ အီမူဂီသတ္တဝါ ၊ ဝိညာဉ်ရေးရာတွေမှာ ပါရမီပါတဲ့ Yeo-Ri သန်မာဖြောင့်မတ်တဲ့ ဘုရင် Lee Sung တို့ဟာ ဘယ်လိုတွေ ပူးပေါင်းပြီးတော့ လျှို့ဝှက်ချက်တွေကို အဖြေရှာသွားကြမလဲ ..

ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းသွားကြမလဲဆိုတာကို အရိုတစ်လှည့် ၊ ဟာသတစ်လှည့်ရောကာ ဇာတ်ကွက်ဆန်းဆန်းလေးတွေနဲ့ ရိုက်ကူးတင်ပြထားတဲ့ နန်းတွင်းကားကောင်းလေးဖြစ်တာကြောင့် ခံစားကြည့်ရှုကြည့်ကြပါဦးနော်။
38👨‍💻1
Our Unwritten Seoul (2025)

Ep-1 to 3 ထိရပါပြီ

https://t.me/KdramaChannel1234/3712

Youth of May ဇာတ်လမ်းတွဲရဲ့ ပဲ့ကိုင်ရှင် ဇာတ်ညွှန်းရေးဆရာက ရေးသားထားပြီး Jin Young နဲ့ Park Bo Young တို့ နှစ်ယောက်ကို chemi မိမိတွေ့မြင်ရဦးမဲ့ romance ကားသစ်လေးရပါပြီ။

Jinyoung တစ်ဖြစ်လဲ “အီဟိုဆူ” ကို အနေအေးပြီး ဥပဒေရုံးကြီးတစ်ခုက အလုပ်ကြိုးစားတဲ့ ရှေ့နေတစ်ယောက်အဖြစ် မြင်တွေ့ရမှာဖြစ်သလို Park Bo Young ကိုလည်း “ယူမီဂျီ နဲ့ ယူမီရယ်” ဆိုတဲ့ ရုပ်ရည်သွင်ပြင်ပဲတူပြီး အကျင့်စရိုက်က မိုးနဲ့မြေလိုကွာခြားတဲ့ အမြွှာညီအစ်မအဖြစ် ရှုစားရမှာပဲဖြစ်ပါတယ်။

တစ်နေ့တည်း တစ်ချိန်တည်း တစ်မအေတည်းကနေမွေးဖွားလာခဲ့တဲ့ အမြွှာညီမနှစ်ယောက်ထဲမှာ အစ်မဖြစ်တဲ့ “ယူမီရယ်” နဲ့ ညီမဖြစ်တဲ့ “ယူမီဂျီ” တို့က ငယ်စဥ်ကလေးဘဝတည်းက အပြုအမူ၊အပြောအဆို၊ အနေအထိုင်၊ စိတ်နေစိတ်ထား ဘာဆိုဘာမှမတူခဲ့ပါဘူး။ “မီရယ်” က စာတော်ပြီး အနေအေးပေမဲ့ “မီဂျီ” ကတော့ မဟုတ်မခံဆတ်ဆတ်ကြဲလေးရယ်ပါ။

ဒီလိုနဲ့နေလာရင်း နှစ်ယောက်သားအရွယ်ရောက်လာကြတဲ့အခါ “မီရယ်” က အစိုးရပိုင်ကုမ္ပဏီကြီးတစ်ခုမှာအလုပ်ဝင်ပြီး အတည်တကျဖြစ်နေတဲ့အချိန် “မီဂျီ” ကတော့ အားကစားသမားလုပ်မယ်ဆိုပြီး ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းဆဲပါပဲ။

ဒါပေမဲ့ တစ်နေ့မှာ အလုပ်အကိုင်အတည်တကျနဲ့ ဘဝအခြေကျနေပြီလို့ထင်ရတဲ့ “မီရယ်” တစ်ယောက်လုပ်ငန်းခွင်မှာမပျော်ရွှင်တော့ဘဲ အရာရာကိုလက်လျှော့အရှုံးပေးချင်လာတဲ့အခါ ညီမဖြစ်တဲ့ “မီဂျီ” က "ဟိုးအရင်တုန်းကလိုမျိုး နင့်ကိုယ်စား ငါလုပ်ပေးမယ်” ဆိုပြီး နှစ်ယောက်သားနဲ့ဘဝကိုအလဲအလှယ်လုပ်လိုက်ပါတော့တယ်။

တစ်ဖက်မှာလည်း တစ်ချိန်က “မီဂျီ” တို့နဲ့ အတန်းဖော်ဖြစ်ခဲ့ဖူးတဲ့ “ဟိုဆူ” က လက်ရှိမှာ ရှေ့နေတစ်ယောက်ဖြစ်နေပြီးအတိတ်ရဲ့ အဖြစ်အပျက် တချို့ကြောင့် ဘဝရဲ့ အပြောင်းအလဲ တချို့နဲ့ရင်ဆိုင်ခဲ့ရသူတစ်ယောက်ပါ။

ဒီလိုနဲ့တစ်နေ့ကျ “ဟိုဆူ, မီရယ်, မီဂျီ” တို့သုံးယောက်သား မမျှော်လင့်ဘဲ ပြန်ဆုံဖြစ်ကြပြီး အဲဒီတွေ့ဆုံမှုကပဲ သူတို့ရဲ့ တကယ့်အစစ်အမှန်ပုံစံကိုရှာဖို့ တွန်းအားတစ်ခုဖြစ်လာတဲ့အခါ။

နှစ်ကိုယ်ခွဲအမြွှာညီအစ်မဆိုပေမဲ့ လူချင်းလဲလိုက်တာကြောင့် အကျင့်စရိုက်မတူတဲ့ လူနှစ်ယောက်ကို ဇာတ်ကောင် ၄ ဦးသဖွယ်သရုပ်ဖော်ရမဲ့ Park Bo Young အတွက် အရင်ထွက်ရှိခဲ့ဖူးတဲ့ ဇာတ်ကားတွေနဲ့မတူ ကွဲထွက်ပြီး challenge များတဲ့ကားလေးဖြစ်သလို...

ကြည့်ရှုသူပရိသတ်အတွက်လည်း သရုပ်ဆောင်ရော ဇာတ်လမ်းပါ ပြောစရာမရှိ ကြည့်ရတန်မဲ့ကားလေးဖြစ်တာမို့ အပတ်စဥ် စနေ, တနင်္ဂနွေတိုင်း CM ကနေ တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
24👍1
Dutiful Son (2022)

IMDb... 6.7

https://t.me/KdramaChannel135/6746

ဒီတစ်ခါမှာတော့ ပေါ့ပေါ့ပါးပါး ဇွန်ဘီ ဟာသကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်။

ဇာတ်လမ်းလေးကတော့ ဂီဟိုတို့ ညီအစ်ကို ၅ယောက်ဟာ သူတို့ရဲ့ မိခင်ဖြစ်သူကြီး ဆုံးပါးသွားပြီးနောက် မိခင်ဖြစ်သူ သက်ရှိစဥ်မှာ ကျေးဇူးမဆပ်နိုင်ခဲ့အတွက် ယူကြုံးမရ အတိဖြစ်နေတော့တာပေါ့။

အဲဒါအပြင်ကိုမှ လယ်ကွက်တွေကို ညီတွေမသိအောင် ရောင်းခဲ့တဲ့အတွက် အစ်ကိုအကြီးဆုံးနဲ့ ညီငယ်တွေဟာလည်း  အဆက်မပြတ် အချင်းများနေရရှာပါတယ်။

အဲဒီလိုနဲ့ တစ်ရက် သူတို့ရန်ဖြစ်နေတဲ့အချိန်မှာပဲ ကွယ်လွန်သွားပြီဖြစ်တဲ့ မိခင်ဖြစ်သူဟာ သူတို့ညီအစ်ကိုတွေ ရှေ့ကို ပြန်လည်ရောက်ရှိလာပါတော့တယ်။

ဒါပေမဲ့ ပုံမှန်အတိုင်း ရောက်ရှိလာတာ မဟုတ်ဘဲ ဇွန်ဘီအဖြစ်နဲ့ ရောက်ရှိလာတဲ့အခါမှာတော့...

ညီအစ်ကိုတစ်သိုက် ဇွန်ဘီဖြစ်သွားတဲ့ မိခင်ကြီးနဲ့ ဘယ်လိုစခန်းသွားကြမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ရှုစားကြည့်လိုက်ပါဦးရှင်။
16🥰1
Hotel Del Luna (2019)

Ep-1 to 16
[အစ-အဆုံး]

https://t.me/kdramalover13/112

CM fan တွေအတွက် ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ ဇာတ်လမ်းဇာတ်အိမ်လမ်းလေးဆန်းတဲ့ `Hotel De Luna´ ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။

မင်းသမီးကလည်း ကိုယ်တွေရဲ့ အချစ်တော် မမ IU ဆိုတော့ အကုန်လုံး သဘောကျကြမှာပါ။

ဇာတ်လမ်းအကျဉ်းကတော့ ဂျန်မန်အို (IU) က ဟိုတယ်ဒယ်လူနာရဲ့ သူဌေးဖြစ်ပါတယ်...

သူက ချောမောလှပပေမယ့် စိတ်အလိုမကျ ဒေါသထွက်တာမျိုးခဏခဏဖြစ်လေ့ရှိပြီး သူ့အပြုမူတွေကလည်း ခန့်မှန်းဖို့ မလွယ်တဲ့ ထူးခြားတဲ့သူပါ။

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သူမကျူးလွန်ခဲ့တဲ့ ဆိုးရွားတဲ့ အပြစ်တွေကြောင့် ဟိုတယ်ဒယ်လူနာမှာ အုပ်ချုပ်ဖို့ ပြစ်ဒဏ်ပေးခံထားရပြီး နောင်ဘဝကို မကူးနိုင်ဖြစ်နေတာပါ။

ဟိုတယ်ဒယ်လူနာက သာမန်ရိုးရိုးဟိုတယ်တစ်ခုမဟုတ်ပါဘူး။ သေပြီးသားလူအချို့တွေရဲ့ ဝိညာဉ်တွေ နောင်ဘဝကို မကူးပြောင်းခင် ဟိုတယ်ဒယ်လူနာမှာ တည်းခိုကြတာပါ။

တစ်နည်းအားဖြင့် ဝိညာဉ်တွေ ဘဝသစ်ကို မသွားခင်မှာ ခဏနေတဲ့ နေရာတစ်ခုပေါ့။

တစ်ရက်မှာ ဂူချန်ဆောင်း(Yeo Jin Goo)ရဲ့အဖေဟာ သတိလစ်မေ့မြောပြီး မသေပဲနဲ့ ဟိုတယ်ဒယ်လူနာကို ရောက်သွားခဲ့ပါတယ်။

ဒါကိုသိတဲ့ ဟိုတယ်ဝန်ထမ်းတွေက ဒေါသထွက်နေတဲ့ ဂျန်မန်အို မမြင်အောင်လို့ သူ့ကိုဖွက်ထားပေးဖို့လုပ်ခဲ့ကြတယ်။

ဒါပေမယ့် ဟိုတယ်ထဲမှာ ပွင့်နေတဲ့ ပန်းတွေကို ခူးလိုက်မိတာကြောင့် ဂျန်မန်အို (IU) ရဲ့ ဒေါသတွေ သူ့အပေါ်ကျလာပါတော့တယ်။ အသက်ချမ်းသာပေးစေချင်ရင် နောင်အနှစ် ၂၀ သားဖြစ်သူကြီးပြင်းလာတဲ့ အခါကျ သားဖြစ်သူကို သူ့ဆီပေးရမယ်လို့ သဘောတူညီခဲ့ပြီး ဂူချန်ဆောင်းရဲ့အဖေကို ပြန်လွှတ်ခဲ့ပါတယ်။

သဘောတူညီချက်ကို မမေ့အောင် နှစ်တိုင်း ဂူချန်ဆောင်းရဲ့မွေးနေ့မှာ လက်ဆောင်ပန်းစည်းပို့ခဲ့ပြီး အနှစ်၂၀ အကြာမှာတော့ ကတိအတိုင်း ဂူချန်ဆောင်းကို သူ့ဟိုတယ်ဆီကိုခေါ်ပါတော့တယ်။ ဒီဇာတ်လမ်းလေးမှာ ဂူချန်ဆောင်းကို ဘာလို့ ဟိုတယ်ဒယ်လူနာကို ခေါ်ရတာလဲ။

သူမကရော ဘယ်လိုအပြစ်တွေကြောင့် ဟိုတယ်ဒယ်လူနာမှာပိတ်မိနေလဲဆိုတာကို ရင်ခုန် ရင်ဖိုစွာနဲ့ စောင့်မျှော်ကြည့်ရအောင်နော်။ ကြောက်ဖို့လည်းကောင်းပြီး ကြည့်လိုလည်းကောင်းမယ့် ကားကောင်းလေးတစ်ကားဖြစ်မှာပါ။
25👍1
Fated To Love You (2014)

Ep-1 to 20
[အစ-အဆုံး]

https://t.me/kdramalover13/113

Old but gold series လေးတွေထဲက တစ်ခုဖြစ်တဲ့ မမ Jang Nara နဲ့ Jang Hyuk တို့ရဲ့

Fated to Love You ဇာတ်လမ်းတွဲလေးကို CM ပရိသတ်တွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါပြီ...

ဒီဇတ်လမ်းထဲမှာ second lead အနေနဲ့ မင်းသား Choi Jin Hyuk လည်း ပါဝင်ထားပါသေးတယ်...

ဒီဇာတ်လမ်းတွဲလေးကတော့ You're My Destiny ဆိုတဲ့ ထိုင်ဝမ်ဇာတ်လမ်းတွဲကို Remake ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်...

ဇာတ်လမ်းအကျဉ်း

မီယောင်းဆိုတဲ့ကောင်မလေးဟာ ပုံဆွဲရတာကို ဝါသနာပါပြီး ရိုးရိုးအေးအေးနဲ့ သဘောကောင်းတဲ့ကောင်မလေးတစ်ယောက်ပါ...

အလုပ်အားလပ်ရက်မှာတော့ မီယောင်းတစ်ယောက် မကာအိုကို ခရီးထွက်ခဲ့ပါတယ် တစ်ဖက်ကလည်း မကာအိုမှာ ချစ်သူကို

လက်ထပ်ခွင့်တောင်းဖို့ရောက်လာတဲ့ အီဂွန်းနဲ့ မထင်မှတ်ဘဲတွေ့ဆုံရင်း မှားယွင်းစွာနဲ့ One Night Stand တွေဖြစ်သွားခဲ့ရပါတယ်။

ဒီတစ်ညတာ ပတ်သက်မှုတစ်ခုကြောင့် မီယောင်းနဲ့ အီဂွန်းတို့ရဲ့ဘဝမှာ ကြီးမားတဲ့ အပြောင်းအလဲကြီးနဲ့ ကြုံတွေ့ရပါတော့တယ်...

အဲဒီအပြင် မီယောင်းမှာ မထင်မှတ်ဘဲ ကိုယ်ဝန်ရှိလာခဲ့တဲ့ အခါမှာတော့ သူတို့နှစ်ယောက် ဘာတွေဆက်ဖြစ်မလဲ ဘယ်လိုတွေဖြေရှင်းကြမလဲ...

မထင်မှတ်ဘဲ တွေ့ဆုံမှုကနေ အချစ်ပုံပြင်လေးအဖြစ် ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်...
17
The Judge from Hell (2024)

Ep-1 to 14
[အစ-အဆုံး]

https://t.me/kdramalover13/114

ဇာတ်လမ်းအကျဥ်း

ကျော့မော့လှပတဲ့ ရာဇဝတ်တရားသူကြီး ဂန်ဘီနာဟာ

မကောင်းမှုပြုသူရာဇဝတ်သားတွေကိုပြစ်ဒဏ်ခတ်ပြီး

ငရဲကိုပို့ဆောင်ပေးတဲ့နတ်ဆိုးတစ်ယောက်လည်းဖြစ်ပါတယ်

ဖော်ရွေနူးညံ့တဲ့စိတ်ဓာတ်ပိုင်ရှင် စုံထောက်ဟန်ဒါအွန်ကတော့

အရည်အချင်းရှိတဲ့အပြင် စိတ်ဓာတ်ပြတ်သားရဲရင့်ပြီးအမှန်တရားကိုချစ်မြတ်နိုးသူပါ။

သို့ပေမဲ့ လူမသိသူမသိစိတ်ဒဏ်ရာတစ်ခုလည်းကိန်းအောင်းနေပါသေးတယ်။

ရက်စက်ကြမ်းတမ်းတဲ့ နတ်ဆိုး ဂန်ဘီနာနဲ့ ထက်မြက်တဲ့စုံထောက်ဟန်ဒါအွန်တို့

တွေ့ဆုံကြတဲ့အခါမှာအကြီးအကျယ်ပြောင်းလဲမှုတွေဖြစ်လာပါတော့တယ်။

နှစ်ယောက်သားရဲ့တွေ့ဆုံမှုက ရှိရင်းစွဲအလုပ်တွေအပေါ်ဘယ်လိုသက်ရောက်မှုတွေဖြစ်စေမလဲ

သူတို့ပတ်သက်မှုကရော ဘာအကြောင်းအရင်းကြောင့်ဖြစ်တည်ခဲ့လဲဆိုတာ စောင့်မျှော်ကြည့်ရှုလိုက်ကြပါဦးနော်။
15
For Eagle Brothers (2025)

Ep-1 to 35 ထိရပါပြီ

https://t.me/KdramaChannel1234/3713

ပရိသတ်ကြီးတွေနဲ့ ရင်းနှီးပြီးသား မင်းသား၊ မင်းသမီးတွေဖြစ်တဲ့ Uhm Ji Won၊ Ahn Jae Wook၊ Yoon Park, Lee Seuk Gi၊ Shin Seul Ki တို့ အဓိကပါဝင်ထားတဲ့ မိသားစု ဟာသဒရာမာအသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။

ဇာတ်လမ်းအညွှန်း

ဒီတစ်ခါတင်ဆက်ပေးလိုက်တာကတော့ ဆယ်ရက်တည်းနဲ့ မုဆိုးမ ဖြစ်သွားရတဲ့မာဂွမ်ဆော့ရဲ့ အချစ်ဟာသ ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်။

အသက် ၄၅ နှစ်အရွယ် အပျိုကြီးမမ ဖြစ်တဲ့ မာဂွမ်ဆော့ဟာ ရှီဝန်စာတိုက်ရုံးမှာ အလုပ်လုပ်နေရာကနေ Eagle ဘီယာချက်ရုံရဲ့ သူဌေးဖြစ်သူ အိုဂျန်းဆူနဲ့ အကြောင်းပါပြီး လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

လက်ထပ်ပြီးတဲ့ ၁၀ရက်အကြာမှာပဲ ကံမကောင်း အကြောင်းမလှစွာနဲ့ အိုဂျန်းဆူက ယာဥ်တိုက်မှုနဲ့ ဆုံးပါးသွားတဲ့အတွက် လတ်လတ်ဆတ်ဆတ် မုဆိုးမ ဖြစ်သွားရရှာတဲ့ မာဂွမ်ဆော့ဟာ မတ် လေးယောက်ရဲ့ စားဝတ်နေရေးအတွက် Eagle ဘီယာချက်ရုံကို ဦးစီးရပါတော့တယ်။

LX ဟိုတယ် ပိုင်ရှင် ဟန်ဒုံဆော့ကတော့ ရွှေဇွန်းကိုက်မွေးလာတဲ့ သူဌေးသားဖြစ်ပြီး ဘဝမှာ လိုအပ်ချက်ရယ်လို့ ဘာမှမရှိဖူးတဲ့သူဆိုပေမဲ့ သူဟာ ဇနီးသည်ကို လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက ဆုံးရှုံးလိုက်ရပြီး အထီးကျန်ဘဝကြီးမှာ နေထိုင်လာခဲ့ရတာပါ။

မောက်မာတဲ့အပြင် သူစိတ်ထင်သလို ဆုံးဖြတ်တတ်တဲ့ ဟန်ဒုံဆော့ဟာ မာဂွမ်ဆော့နဲ တွေ့ပြီးတဲ့နောက် သူ့ဘဝကြီး ဘယ်လိုပြောင်းလဲသွားမလဲ...

၁၅ နှစ် ဝါရင့် မုဆိုးဖို နဲ့ ၁၀ ရက်တာ မုဆိုးမတွေ့ကြတဲ့အခါ သူတို့ ဆက်ဆံရေး ဘယ်လို ဆက်ဖြစ်ကြမလဲဆိုတာကတော့ CM team နဲ့ အတူတူ ရှုစားလိုက်ရအောင်နော်။
10👍1
Romantic Heaven (2011)

https://t.me/KdramaChannel135/6750

ဒီဇာတ်ကားလေးကတော့ ၃၀ ကြိမ်မြောက် Fajr International Film Festival မှာ ဇာတ်ညွှန်းဆုရရှိထားပြီး IMDb rating ကောင်းကောင်းရထားတဲ့ကားလေးဖြစ်ပါတယ် ..

အားလုံးသိကြတဲ့ The Guest , Seoul Busters စီးရီးတွေမှာ ပါဝင်ခဲ့တဲ့ မင်းသားချော Kim Dong Wook နဲ့ Fight For My Way, Queen Of Tears စီးရီးတွေမှာ ပါဝင်ခဲ့တဲ့ မင်းသမီးချော Kim Ji Won, မင်းသားကြီး Kim Soo Ro တို့ရဲ့ ဒရာမာ ဇာတ်ကားကောင်းလေးကို မိတ်ဆက်ပေးလိုက်ပါတယ်။

ဇာတ်လမ်းကတော့ ..

မိခင်ကို ရိုးတွင်းခြင်ဆီလှူပေးနိုင်တဲ့ အလှူရှင်ကို လိုက်ရှာနေတဲ့ မိန်းကလေး ချွဲမီမီ (Kim Ji-Won)

အယ်လ်ဇိုင်းမားရောဂါခံစားနေရတဲ့ အဘိုးအဘွားကို ပြုစုစောင့်ရှောက်ပေးနေတဲ့ တက္ကစီသမားလေး ဂျီအု (Kim Dong-Wook)

ဇနီးဖြစ်သူ ဆုံးရှုံးရမှုအတွက် ဝမ်းနည်းပူဆွေးနေတဲ့ ရှေ့နေ မင်ဂယူ(Kim Su-Ro) စသဖြင့်

ဇာတ်ဆောင် ၃ ယောက်နဲ့ ဖွဲ့စည်းထားပြီး ဇာတ်ဆောင်တစ်ယောက်ချင်းစီရဲ့ အရေးကြီးဆုံးသူတွေက ဆေးရုံတစ်ရုံထဲမှာ အသက်လုနေရတဲ့ အကြောင်းပါ။

အဲဒါကို ဇာတ်လမ်းထဲမှာ အပိုင်း ၃ပိုင်းနဲ့ တင်ဆက်ထားပါတယ် ..

နောက်ဆုံးမှာတော့ ဇာတ်ကောင် ၃ယောက်လုံးရဲ့ ဇာတ်လမ်းတွေက တစ်နေရာတည်းမှာ ချိတ်ဆက်မိသွားပြီး ဘယ်လို အပြီးသတ်သွားမလဲဆိုတာကို ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ် ...
14👍1
Good Boy (2025)

Ep-1 to 2 ထိရပါပြီ

https://t.me/KdramaChannel1234/3716

ပရိသတ်ကြီးတို့ အားလုံးစောင့်မျှော်နေကြတဲ့ ချစ်စရာမင်းသမီးလေး Kim So-Hyun နဲ့ မင်းသားချော Park Bo-Gum တို့ရဲ့ ဇာတ်ကားအသစ်လေးကတော့ ဒီနေ့မှာပဲ ထွက်ရှိလာပါပြီ။

Cast တွေအနေနဲ့ကတော့ အမျိုးသမီးထုကြီးရဲ့ အသည်းကျော် ယန်ဂွမ်ရှစ်ဖြစ်တဲ့ Park Bo-Gum၊ Kim So-Hyun၊ Lee Sang-Yi၊ Heo Sung-Tae တို့အပြင် ပရိသတ်တို့နဲ့မစိမ်းတဲ့ ဝါရင့်သရုပ်ဆောင်ကြီးများပါ ပါဝင်ထားပါတယ်။

ဇာတ်လမ်းအညွှန်း ~

Yoon Dong-Joo (Park Bo-Gum) က အိုလံပစ် လက်ဝှေ့ ရွှေတံဆိပ်ဆုရကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီး အခက်အခဲမျိုးစုံနဲ့ တွေ့ကြုံခဲ့ရပြီးနောက် ကစားသမားဘဝအဖြစ်မှ အနားယူပြီးနောက် ရဲဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်နေသူဖြစ်ပါတယ်။

Ji Han-Na (Kim So-Hyun) အိုလံပစ်သေနတ်ပစ်သမားတစ်ယောက်ဖြစ်ပြီးရုပ်ရည်ချောမောလှပတဲ့အတွက် သေနတ်ပစ်နတ်ဘုရားမအဖြစ် နာမည်ပြောင်ရှိသူဖြစ်ပါတယ်။

ဒီလိုနဲ့ပဲ တစ်နေ့မှာ လူတိုင်းကို တုန်လှုပ်သွားစေတဲ့မတော်တဆမှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပြီးနောက် သူလည်းပဲ ကစားသမားဘဝမှအနားယူခဲ့ပြီး ရဲဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်နေပါတော့တယ်။

ဒီလိုနဲ့ပဲ ရဲဝန်ထမ်းဖြစ်လာကြတဲ့ အိုလံပစ်ကစားသမားဟောင်း နှစ်ယောက်ဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့ထဲ ရောက်လာပြီးနောက် တရားမျှတမှုကို ရှာဖွေဖို့ တိုက်ခိုက်ကြတဲ့အခါမှာတော့ အပတ်စဥ် စနေ တနင်္ဂနွေနေ့တိုင်း တင်ဆက်ပေးသွားမှာဖြစ်လို့ CM နဲ့အတူ ကြည့်ရှုခံစားပေးပါဦးနော်။
21🍓2
Our Unwritten Seoul (2025)

Ep-1 to 4 ထိရပါပြီ

https://t.me/KdramaChannel1234/3717

16😁1