Mystic Aura
1.02K subscribers
29 photos
4 videos
1 file
8 links
မမြင်ရတဲ့ စွမ်းအင်တွေကို ယုံကြည်သူတွေအတွက် သီးသန့်နေရာငယ်လေး။

This channel is for those who seek mystery, those who believe in energy, and those who want to live with intention, protection, and light.

Stay positive
Stay protected 🛡️
Stay magical 🪄
Download Telegram
🌟 Pick A Pile

General reading

သင့်ဆီကို မကြာခင် ရောက်လာတော့မယ့် သတင်းစကားက ဘာဖြစ်မလဲ?

စိတ်ကို အေးအေးထားပြီး ပုံ ၃ ပုံထဲက ကိုယ်နဲ့ အနီးစပ်ဆုံးလို့ ထင်ရတဲ့ အမျိုးသားပုံတစ်ပုံကို ရွေးချယ်ပေးပါ။

အဖြေ ကိုအောက်ကလင့်နိုပ်၍ဖတ် နိုင်ပါတယ်။👇🏻

https://t.me/Magic_sharing/61



#Dee
#MagicSharing
#TarotReading
#PickACard
6
Mystic Aura pinned a photo
My Upcoming Subliminal Announcement

EX RETURNS & BEGS FOR FORGIVENESS Powerful Reunion Subliminal 639Hz

⚠️ PREPARE YOURSELF.

The ultimate frequency to manifest your Ex back is about to be released. This isn't just an audio; it’s a soul-level reconnection. 🕯️


Are you ready for the results? Stay tuned. 📱🔥


Ex come back Subliminal လေးတစ်ပုဒ် လာဖို့ရှိပါတယ်... 🕊️🧿


#Dee
#Ex come back Subliminal
#mystic
#Coming soon
2
Mystic Aura
Photo
မှက်ချက် - ဖတ်ရဲမှဖတ်ပါ။ဝတ္ထုတစ်ပုဒ်လိုဖြစ်နေလို့ General reading ဖြစ်တဲ့အတွက်ကြောင့်လူတိုင်းနဲ့ကိုက်ညီချင်မှကိုက်ညီနေပါလိမ့်မယ် ။ မကိုက်ညီခဲ့ရင်လဲအပျော်သဘောလို့ပဲမှတ်ထားလိုက်ပါ။ပုံက တစ်ပုံထက်မကဆွဲဆောင်မှုရှိနေရင်လဲ တစ်ပုံထက်ပိုပြီး နောက်တစ်ပုံရောဖတ်လို့ရပါတယ်။

Intuition+ tarot


အားတင်းပြီးရေးထားရတာမနည်း🗿

Pile 1

နေကြာပန်းကိုင်ထားသောအမျိုးသားငယ်


မင်းကလှပတဲ့ နေကြာပန်းတွေ ပြည့်နှက်နေတဲ့ လှပတဲ့တောအုပ်လေးထဲကို ရောက်သွားတဲ့အခါ အညိုရောင် shirt လက်ရှည် ဂျင်းပြာရောင်pantနဲ့ နေကြာပန်းကိုင်ထားတဲ့ အမျိုးသားတစ်ဦးကို တွေ့ရလိမ့်မယ်။ သူက မင်းကိုကြည့်ပြီး ပြုံးနေပေမဲ့ သူ့မျက်လုံးထဲမှာတော့ အတိတ်က လွမ်းမောစရာတွေကို ထိန်းထားပုံရတယ်။မင်းကအဲ့ဒီ အမျိုးသား ဆီ ဖြည်းဖြည်းလေးလမ်းလျှောက်သွားတယ် ။ ဘေးနားကနေကြာပန်းတွေရဲ့ မွေးကြိုင်ကြိုင်အနံ့တွေကလည်းအလွန်ဆွဲဆောင်မှုရှိသလိုမင်းရှေ့ကအမျိုးသားငယ်လေးပြုံးကြည့်နေတဲ့ပုံစံလေးကလဲ ဘေးနားကနေကြာပန်းလေးတွေနဲ့ အတူ ပိုပြီးဆွဲဆောင်မှုရှိနေပါတယ်။

မင်းသူ့အနားရောက်သွားတဲ့အခါ

သူကမင်းကိုဆွေးမြေ့နေသောအကြည့် နဲ့ စိုက်ကြည့်နေတယ် ပြီးတော့ဆွေးဆွေးမြှေ့မြှေ့ပြုံးတယ် သူ့နှုတ်ခမ်းဖြား ကမင်းအတွက် အကြံပေးသတင်းစကားလေးပြော‌ဖို့ ချိန်ရွှယ်နေတယ် ။မင်းကလဲငြိမ်ငြိမ်လေးနေပေးနေတယ်ပြောပါဆိုတဲ့ပုံစံမျိုးလေးနဲ့ စိတ်ရှည်ရှည်လေးစောင့်နေတယ်။

သူကစကားစလာပါတယ်

"အနာဂတ်အတွက် အရမ်းကြီး ပူပန်မနေပါနဲ့လေ။ မင်းရဲ့ နှလုံးသားက ပျော်ရွှင်မှုကို လိုလားနေတယ် ဆိုတာငါသိပါတယ်မငိုပါနဲ့ တော့ မင်းဆီကို ပျော်ရွှင်စရာ အခိုက်အတန့်တွေရောက်လာတော့မှာမို့ အားတင်းထားပါနော်။ ကိုယ့်ရဲ့ ဝါသနာ နောက်ကိုသာ လိုက်ပါ။ မင်းအတွက် လိုအပ်တဲ့ အရာမှန်သမျှကို လောကကြီးက အချိန်တန်ရင် ဖြည့်ဆည်းပေးပါလိမ့်မယ်။ မင်းရဲ့ ရိုးသားမှုက မင်းကို အကာအကွယ်ပေးမယ့် လက်နက်ပဲ။မင်းကစိတ်ရှည်တယ် ၊စွန့်စားရဲတယ် ၊သတ္တိရှိတယ် မင်းရဲ့နှလုံးသားလေးကနူးညံ့တော့ မင်းကိုချစ်တဲ့သူတွေရှိကြတာပဲလေ ငါလဲမင်းကိုချစ်တယ် ဘာဖြစ်လို့လဲဆိုမင်းက သဘောကောင်းပြီးရိုးသားတယ်ငါစကားပြောမှာကိုမင်းကစိတ်ရှည်ရှည်နဲ့စောင့်ပေးတယ် ၊ဒီလိုသဘောကောင်းတဲ့မင်းလေးကိုမှ ကံကြမ္မာကြီးကရက်စက်နေတာ သို့သော် ဒီ နာကျင်စရာအခိုက်အတန့်တွေပြီးသွားရင် တော့မင်းဆီကိုပျော်စရာအခိုက်အဆန့်တွေကကူးစက်ပျံနှံလာတော့မယ်။ ငါပြောတာလေးမှတ်ထားပါပညာရေးသို့မဟုတ် ဝါသနာ၊အလုပ်မှာမင်း အခု ‌အာရုံစိုက်ဖို့လို နေတယ် ။ ဟိုတွေးဒီတွေးအတွေးတွေမလွန်ပါနဲ့ မင်းကျန်းမာရေးကိုထိခိုက်လိမ့်မယ်။ "

အမျိုးသားလေးဟာမင်းလက်ကလေးကိုနူးနူးညံ့ညံ့ကိုင်ပြီးနောက်ပျောက်ကွယ်သွားတယ် မင်းမျက်နှာကလဲပြုံးရောင်သမ်းနေတယ်။


Pile 2

ပန်းစည်းကိုင်ထားသောအမျိုးသားတစ်ဦး



ပင်လယ်ပြင်ရဲ့ လှိုင်းသံတွေကြားမှာ တည်ရှိနေတဲ့ နန်းတော်ကြီးဆီ မင်းရောက်သွားတဲ့အခါ ခံ့ညားထည်ဝါတဲ့ ဝတ်စုံနဲ့ စစ်သည်တော်တစ်ဦးက ပန်းစည်းတစ်ခုကို ကိုင်ပြီး မင်းကို စောင့်ကြိုနေတယ်။ ပန်းစည်းအ တွင်းကပန်းတွေရဲ့မွှေးကြိုင်ကြိုင်အနံ့ကမင်းဆီကိုကူးစက်နေပြီး အလွန် ဆွဲဆောင်မှုရှိနေသလိုပန်းစည်းကိုကိုင်ထားတဲ့စစ်သည်‌ တော် ကလည်း ချောမောလွန်းကာသူကိုင်ထားတဲ့ပန်းစည်းနဲ့လိုက်ဖက်လှတယ်။သူက မင်းကို လေးလေးစားစားနဲ့ ဦးညွှတ်ပြီး ဖော်ဖော်ရွှေရွှေ ပြုံးပြတယ်သူ့ပုံစံက ယုံကြည်မှုရှိနေပြီး ထက်မြက်တဲ့စစ်‌သည်တော်တစ်ဦး လဲဖြစ်‌ပုံရတယ် မင်းကသူနဲ့အနီးဆုံးကိုလျှောက်သွားတယ် သူကလဲ မင်းကိုစကားပြောချင်နေတယ်။

သူ့အနားမင်းပိုနီးကပ်လာတော့သူကဒီစကားကိုဆိုပါတယ်

"မင်းရဲ့ ကြိုးစားမှုတွေက အသီးအပွင့် ဝေဆာတော့မယ်။ မင်းလေးကအောင်မြင်သူတစ်ယောက် ဖြစ်ဖို့ မွေးဖွားလာတာပါ။ ဒါပေမဲ့ အောင်မြင်မှုရဲ့ နောက်မှာ တာဝန်ယူမှုတွေ ရှိနေတာကို မမေ့ပါနဲ့။ စနစ်တကျ ပြင်ဆင်ပါ။ မင်းလေးရဲ့ ဉာဏ်ပညာနဲ့ ဖန်တီးနိုင်စွမ်း ကို ပေါင်းစပ်လိုက်ရင် မင်းမရောက်နိုင်တဲ့ ပန်းတိုင်ဆိုတာ မရှိတော့ဘူး။"တဲ့

ချောမော‌လွန်းပြီးထက်မြက်လွန်းတဲ့ထို စစ်သည်တော် အမျိုးသားဟာ မင်းရဲ့ ခေါင်းလေးကို သူ့လက်ချောင်းသွယ်သွယ်နဲ့ ခပ်ဖွဖွပွတ်ပေးတယ်။ ထို့‌နောက်မင်းက

ခေါင်းငုပ်ပြီး
"ကျေးဇူးတင်ပါတယ် "လို့ပြောနေတုန်းပဲရှိပါသေးတယ် အမျိူးသားဟာ မင်းမော့ကြည့်လိုက်တဲ့အချိန်မှာမရှိတော့ပါဘူး ကျန်ခဲ့တဲ့မင်းကတော့အတွေးသစ်‌တစ်ခုရသွားပြီးမျက်နှာမှာလဲပျော်ရွှင်မှုအရိပ်အရောင်တွေရှိနေခဲ့တာပေါ့။


Pile 3

တည်ငြိမ်ရင့်ကျက်မှုရှိပြီး ရဲရင့်သည်ဟုဆိုရသောနှင်းဆီပန်းအနီရောင်လေးနှင့်အမျိုးသားတစ်ဦး။

မှောင်မည်းနေတဲ့ တောနက်ကြီးထဲက လျှို့ဝှက်နန်းတော်တစ်ခုရဲ့ ပလ္လင်ပေါ်မှာ တစ်ဦးတည်း ထိုင်နေတဲ့ အရှင်သခင်ဆီ မင်းရောက်သွားမယ်။ သူ့လက်ထဲမှာ ဝိုင်ခွက်တစ်ခုရှိပြီး ရင်ဘတ်မှာတော့ သွေးရောင်လွှမ်းတဲ့ နှင်းဆီတစ်ပွင့် ရှိနေတယ်။ သူ့ရဲ့ အကြည့်တွေက မင်းရဲ့ စိတ်ဝိညာဉ်ထဲအထိ ထိုးဖောက်မြင်နေသလိုပဲ။သူ့မျက်နှာမှာအပြုံးဆိုတာမရှိသလောက်ပဲ သူကပြုံးခဲတယ်မင်းကိုတောင်အကြည့်စူးစူးနဲ့စိုက်ကြည့်နေတယ် သူ့အကြည့်နဲ့တင်မင်းဟာလန့်နေတယ် သို့သော်သူကမင်းကို စကားအမိန့်တစ်ခုဆိုလိုက်တယ် "ဒီရှေ့ကိုလာခဲ့ပါ"တဲ့ မင်းကလဲသူ့ရှေ့ကို
3😭1
Mystic Aura
Photo
အလိုလို သွားမိလိုက်တယ်။ သူကမင်းကိုတစ်ချက်ကြည့်ပြီး လက်ထဲကဝိုင်ခွက်ကိုတစ်ချက်မော့သောက်လိုက်တယ်။‌‌ မော့သောက်ပြီး နောက်ဝိုင်ခွက်ကို စားပွဲပေါ်သို့ချလိုက်တဲ့အသံက တိတ်ဆိတ်နေတဲ့နန်းတော်အတွင်းမှာကျယ်လောင်စွာပေါ်ထွက်လာတယ်။ ထို့နောက်သူကမင်းကို မဲ့ပြုံးတစ်ချက်ပြုံးပြတယ်မြင်ရခဲတဲ့သူ့အပြုံးဟာ အလွန်ဆွဲဆောင်မှုရှိနေတဲ့အတွက်ကြောင့်မင်းဟာ သူ့အပြုံးကြားမှာနစ်ဝင်နေခဲ့တယ်။ မင်းငေးနေတာကိုကြည့်ပြီးသူကချောင်းတစ်ချက်ဟန့်တယ်၊ ထို့နောက် မင်းကိုသူကစကားစပြောတယ်။

"မင်းကို ဘယ်သူမှ မဖျက်ဆီးနိုင်ဘူး။ မင်းရဲ့ အတွင်းစိတ်က အမှန်တရားကို မင်းကိုယ်တိုင်ပဲ သိတယ်။ တစ်ခါတလေမှာ အေးစက်ပြတ်သားနေဖို့ လိုတယ်။ ရန်သူတွေက မင်းရဲ့ အောင်မြင်မှုကို မနာလိုဖြစ်နေကြလိမ့်မယ်။ ဒါပေမဲ့ မင်းက သူတို့ထက် အများကြီး အစွမ်းထက်ပါတယ်။ မင်းရဲ့ အာဏာကို အသုံးချပါ၊ ဒါပေမဲ့ မင်းရဲ့ ကျန်းမာရေးနဲ့ စိတ်ဓာတ်ကိုတော့ ဖိအားတွေအောက်မှာ အရှုံးမပေးလိုက်ပါနဲ့။"တဲ့

သူက ပလ္လင်ပေါ်ထိုင်နေရာက ထလာပြီး သူ့ရဲ့လက်တွေကိုဘောင်းဘီ အိတ်ထောင်ထဲထိုးထည့်ရင်း ခိုင်မာပျက်သားသောခြေလှမ်းများနှင့်မင်းဆီကိုလျှောက်လာခဲ့တယ်

ထို့နောက်သူကမင်းကိုစိုက်ကြည့်နေတယ်။ ပြီးတော့ မင်းကိုသူက ခပ်ဖွဖွလေးပွေ့ဖက်လိုက်တယ် နောက်ဆုံးပြောခဲ့တဲ့စကားက

"ငါပြောတာကိုနားထောင်ပါတဲ့"






#Dee
#pick a pile
#universe massage
#mystic
5💘1
˖ 🪐 ˑ ׅ ▸639Hz Instant Ex Comeback & Stronger Love 𓂃 🪶


☾⋆。𖦹 °✩𓏲ּ ᥫ᭡ ₊ ⊹ ˑ ִֶ ☾⋆。𖦹 °✩𓏲ּ ᥫ᭡ ₊ ⊹ ˑ ִֶ



𓂃 🕊 𓈈 Benefits ‧₊˚ 🎧 ⋅ ๑

His/her pride is gone right now (He/she only wants to come back to you).

He/she is calling and texting you now (He/she says "I am sorry" first).

He/she misses you so much every second (He/she only thinks about your face).

Other people and problems are gone now (He/she knows you are the best person for him/her).

You have a happy and strong relationship now (You love and understand each othermore).


သူ့မာနတွေ အခုပဲ အရည်ပျော်သွားပြီ (သူ မင်းဆီ ပြန်လာဖို့ပဲ တစ်ချိန်လုံး တွေးနေတော့တယ်)

သူ အခုပဲ မင်းဆီ ဖုန်းဆက်တယ်၊ စာပို့တယ် (သူကပဲ အရင်ဆုံး တောင်းပန်လာတာ)

သူ မင်းကို စက္ကန့်တိုင်း အရမ်းလွမ်းနေတယ် (သူ့မျက်စိထဲမှာ မင်းမျက်နှာပဲ မြင်နေရတယ်)

တခြားလူတွေနဲ့ ပြဿနာတွေ အကုန်ပျောက်သွားပြီ (မင်းကသာ သူ့အတွက် အကောင်းဆုံးဆိုတာ သူသိသွားပြီ)

မင်းတို့နှစ်ယောက် အခု အရမ်းပျော်ပြီး အချစ်တွေ ခိုင်မြဲနေပြီ (အရင်ကထက် ပိုချစ်ပြီး နားလည်မှု ပိုရှိလာကြပြီ)



⋆ Ꮺ Divine Practice Tips ࣪ “ ꒱ 𓂃

Visualization*

See your dream reality in your mind. Believe it is real now.

Hydration* Drink plenty of water before and during listening. Water helps energy flow and fast results.

Consistency* Listen 4 times a day. Do it every day for the best results.

Safe for All*LGBTQ+ friendly and works for everyone (Unisex).

Attention*

Don't overthink


Review here @Dee_fav15

Affirmation တွေအများကြီးထည့်ရေးပေးထားလို့အရမ်း powerful ဖြစ်ပါတယ် ။ တစ်နေ့ကို 1ခါမှ 4ခါ အထိနားထောင်နိုင်ပါတယ်၊ နားထောင်ရင်းခေါင်းကိုက်လာပါက နားထောင်နေတာခနရပ်နားပြီး နောက်ရက်မှဆက်နားထောင်ပါ။


#subliminal
#639hz
#exback
#instantresults #getyourexback
4
မဟောရသေးတဲ့သူတွေပြန်မန့်ပေးပါအုံး

#Dee
8
Mystic Aura
မဟောရသေးတဲ့သူတွေပြန်မန့်ပေးပါအုံး #Dee
ပိတ်ပြီ


Feedback လေးတော့ပေးကြလေ ‌‌ကျွန်နော်ကဟော"ပေး"ရတာဆိုတော့ Feedback လေးတော့ပြန်ပေးသင့်တယ်

#Dee
7🥰4
Mystic Aura
Video
ဒါလေးက Subscriber ၂ ယောက် Request ထားတာလေးပေါ့။

အေးအေးဆေးဆေး နားထောင်ပါ။
ဒီ Subliminal ထဲမှာ 639 Hz ပါဝင်ပါတယ်။ ၁ပတ်သို့မဟုတ် ၂ပတ်လောက်ဆိုရင်အပြောင်းအလဲလေးတစ်ခုဖြစ်လာနိုင်ပါတယ်။


639Hz ဆိုတာက -

မိမိကိုယ်ကိုယ် ချစ်ခင်လာစေ တယ် ။ဒါ့အပြင် ကိုယ့်ရဲ့ လိုအင်ဆန္ဒတွေကို လက်တွေ့ဘဝထဲ မြန်မြန်ဆန်ဆန် ရောက်ရှိလာအောင် အရှိန်မြှင့်ပေးတဲ့ "Angel Frequency" လို့လဲခေါ်ပါတယ်။

ဒီ 639ပါတဲ့ Subliminal ကို နားထောင်ခြင်းဖြင့် -

* အချစ်ရေးနဲ့ လူမှုဆက်ဆံရေးတွေ ပြေလည်လာစေခြင်း။
* စိတ်ဖိစီးမှုတွေ လျော့ကျပြီး စိတ်အေးချမ်းစေခြင်း။
* မိမိကိုယ်ကိုယ် ယုံကြည်မှုနဲ့ ဆွဲဆောင်မှု မြင့်မားလာစေခြင်း စတဲ့ ရလဒ်ကောင်းတွေကို ရရှိနိုင်မှာပါ။
*Ex come back အတွက် Affirmation တွေပါပါတဲ့ အတွက်သူ့ဘက်ကပြန်တောင်းပန်လာခြင်း၊သူ့ဘက်ကစာပို့ခြင်း၊သူ့အတွေးထဲမင်းပဲမြင်နေခြင်း၊နောင်တရ‌ခြင်း၊မင်းကိုပဲလိုအပ်နေခြင်း ၊စတဲ့အကျိုးရလဒ်တွေပါရရှိလာစေမှာပါ။

သတိထားရမှာက -

* ရလဒ် သိသာဖို့အတွက် တစ်နေ့ကို အနည်းဆုံး ၁၅ မိနစ်ကနေ နာရီဝက်ခန့် ပုံမှန်နားထောင်ပေးပါ။

* နားထောင်နေစဉ်အတွင်း ရေများများ သောက်ပေးဖို့ မမေ့ပါနဲ့။

* "ငါ ဖြစ်ချင်တဲ့အတိုင်း ဖြစ်နေပြီ" ဆိုတဲ့ အပြုသဘောဆောင်တဲ့ စိတ်နဲ့ပဲ အေးအေးဆေးဆေး နားထောင်ပေးပါ။

*နားထောင်ရင်းပုံဖော်ပါသူ့ဘက်ကကိုယ့်ကိုတောင်းပန်နေတဲ့ပုံစံပါညာပေါ့။

အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေ။


#Dee
#mystic
6
Pick A Pile General reading


‎ဧပြီလမှာဘာတွေကြုံရမလဲ?



ပထမဦးဆုံး ပုံမရွှေးခင်အသက်ကိုဝဝရှူပြီးမျက်လုံးလေးမှိတ်ထားပါ။အသက်ရှူပြီးနောက်မျက်လုံးဖွင့်ဖွင့်ချင်း ကိုယ့်ကိုဆွဲဆောင်နေတဲ့ပုံတစ်ပုံကိုရွှေးချယ်ပါ။

‎အဖြေကို post ရဲ့ comment မှာဖတ်ပေးပါ။

‎General reading ဖြစ်တဲ့အတွက်ကြောင့်လူတိုင်းနဲ့မကိုက်ညီနိုင်ပါဘူး။

‎ရုပ်ချောတဲ့သူတွေပဲကိုက်မှာပါ။ (🗿😹ဟီးဟီးစတာ)

‎ Energy မကိုက်ခဲ့ရင်လဲအပျော်သဘောလို့သာမှတ်လိုက်ပါ။

အဖြေ👇🏻


https://t.me/Magic_sharing/73?comment=167

#Dee
#mystic
#Pick A Pile Reading
9
"Mind over matter."

‎(ရုပ်ဝတ္ထုထက် စိတ်က ပိုအရေးကြီးတယ်။)


#Dee
#mystic
#Quote
💯31
Telekinesis ဆိုတာ ?


‎Telekinesis ဆိုတာက စိတ်နဲ့အရာဝတ္ထုတွေကိုရွှေ့လျားနိုင်အောင်လုပ်တာပါ။ အရာဝတ္ထု‌တစ်ခုကို စိတ်နဲ့ညို့ပြီး ရွှေ့လျားအောင်လုပ်တာမျိုးပေါ့၊ လေ့ကျင့်ရတာ လွယ်တယ်လို့တော့ပြောကြတာပဲ။

‎အရင်က ဆိုကျွန်နော် အဲ့လို အရာဝတ္ထုတွေရွှေ့လျားအောင်လုပ်တာမျိုးကို TV မှာပဲတွေ့ဖူးတာ ဒါ‌မျိုးကတကယ်‌များရှိမလားဆိုပြီးစူးစမ်းချင်နေတာ၊ဒါပေမယ့်ဒီကိစ္စကို အချိန်ခနလေးအတွင်းမေ့သွားခဲ့တယ်။ တစ်နေ့တော့ ကျွန်နော့်သူငယ်ချင်းနဲ့စကားလက်ဆုံဖွဲ့မိတယ် သူနဲ့ကျွန်နော်နဲ့က စကားပြောရင်  Business နဲ့ပတ်သတ်တာတွေ လောကီပညာနဲ့ပတ်သတ်တာတွေ ပြောကြတာများတယ် အကြံ ညဏ်ဖလှယ်ကြရင်း သူကစကားစလာတာပေါ့ ။

‎သူစပြောတာက Telekinesis အကြောင်း

‎ကိုယ်လည်းကြောင်သွားတာပေါ့  Telekinesis ကဘာလဲလို့မေးတော့ "အရာဝတ္ထုတွေကိုစိတ်နဲ့ရွှေ့လျားအောင်လုပ်တာလေ"တဲ့ကိုယ်လည်းမယုံနိုင်ဖြစ်နေတာ တကယ်ကိုအံ့သြသွားတာ တကယ်ရှိမှန်းမသိခဲ့ဘူး,အမှန်တကယ်ကြီးရှိနေခဲ့တာ ဒီလိုနဲ့ သူကလည်း သူလေ့ကျင့်ခဲ့တဲ့အတွေ့အကြုံတွေပြောပြတာပေါ့


‎သူ့ရဲ့ နည်းလမ်းကတော့ -
‎၁။ ပထမဦးဆုံး စိတ်ငြိမ်အောင် တရားထိုင်ရပါတယ်။
‎၂။ စက္ကူစတုရန်းကွက်လေးကို နှစ်ဖက်ခေါက်ချိုးပြီး ခပ်ခွာခွာလေး ထောင်ထားရပါတယ်။
‎၃။ အဲ့ဒီနောက် စိတ်နဲ့ အာရုံစိုက်ပြီး ညို့လိုက်တဲ့အခါ စက္ကူက အလိုလို ရွှေ့လျားသွားတယ်လို့  ပြောပါတယ်။

‎သူက စက္ကူတင်မကဘဲ ရေဘူးအထိပါ ရွှေ့နိုင်ခဲ့ပြီး ရေဘူးက လေထဲတောင် ပျံတက်သွားတယ်လို့ ပြောပြပါတယ်။ ကျွန်နော်လည်း ယုံတစ်ဝက် မယုံတစ်ဝက်နဲ့ Social Media မှာ ရှာကြည့်တော့မှ တကယ်ရှိမှန်း သိလိုက်ရပြီး ကိုယ်တိုင် စမ်းသပ်လေ့ကျင့်ကြည့်ခဲ့ပါတယ်။


‎ကျွန်နော် လေ့ကျင့်ခဲ့တဲ့ နည်းလမ်းကတော့ -

‎* အရင်ဆုံး စိတ်ငြိမ်အောင် တရားထိုင်ပါတယ်။
‎* ပြီးရင် စက္ကူခေါက်လေးကို ရှေ့မှာချထားပြီး လက်နှစ်ဖက်ကို ၁ မိနစ်ပြည့်အောင် ပွတ်တိုက်ရပါတယ်။
‎* ၁ မိနစ်ပြည့်တာနဲ့ လက်နှစ်ဖက်ကို ဖြည်းဖြည်းချင်းစီ ခွာလိုက်ရပါမယ် (လက်ကို အောက်မချရပါဘူး)။
‎* အဲ့ဒီနောက် လက်နှစ်ဖက်ကြားမှာ အပြာရောင် အလင်းလုံးလေး တစ်လုံး ရှိနေတယ်လို့ အာရုံစိုက် ပုံဖော်ရပါတယ်။
‎* ပုံဖော်ပြီးတာနဲ့ အဲ့ဒီအလင်းလုံးကို စက္ကူဆီ လက်နှစ်ဖက်နဲ့ ပစ်လွှတ်လိုက်သလိုမျိုး လက်ကို ဆန့်ထုတ်လိုက်ရပါတယ်။ (လုံးဝ လေမပါစေဘဲ စက္ကူနဲ့ လက်ကြား ၁ လက်မလောက် ခွာထားရပါမယ်)။

‎ကျွန်နော်လက်တွေ့စမ်းသပ်ကြည့်တဲ့အခါ စက္ကူလေးက လွှင့်ထွက်သွားပါတယ်။ တကယ်ဖြစ်လာတာကို မြင်လိုက်ရတော့ ကျွန်နော် အပြည့်အဝ ယုံကြည်သွားခဲ့တယ်။ စက္ကူတင်မကဘဲ ဂျက်စက္ကူအထူနဲ့ ရေဘူးတွေကို စမ်းကြည့်တာလည်း အောင်မြင်ခဲ့ပါတယ်။ ရေဘူးက သူ့အလိုလို လွှင့်သွားတာကို မြင်ရတာ တကယ်ကို ပျော်စရာကောင်းပါတယ်။


‎ဒါကအတွေ့အကြုံပေါ့ စမ်းလုပ်ကြည့်မယ်ဆို 2ပတ်တိတိလောက်တော့ကြာမယ် အဓိကက အာရုံစူးစိုက်နိုင်ဖို့ဘဲ၊ ကျွန်နော်အခုလောလောဆယ်တော့ Telekinesis ဘက်သိပ်အာရုံမရတော့ပြန်လေ့ကျင့်တဲ့အခါ ရေဘူးကသိပ်မရွှေ့တော့ဘူးဒါကလဲအာရုံသိပ်မစိုက်ဖြစ်လို့ပါ။ ဒီဟာကိုလေ့ကျင့်မယ်ဆိုစိတ်ငြိမ်ဖို့နဲ့အာရုံစိုက်ဖို့ကပိုအရေးကြီးပါတယ်။ ပျော်စရာကောင်းပါတယ် လုပ်ချင်စမ်းလုပ်ကြည့်ကြပါ။


‎Telekinesis အပြင် တခြားထိန်းချုပ်လို့ရတဲ့စွမ်းအင်တွေလဲရှိပါသေးတယ် ။


‎Pyrokinesis-မီးကို ထိန်းချုပ်ခြင်း။
‎Hydrokinesis-ရေကို လှုပ်ရှားစေခြင်း။
‎Aerokinesis-လေထုကို စိုးမိုးခြင်း။
‎Electrokinesis-လျှပ်စစ်စွမ်းအင်ကို ထိန်းချုပ်ခြင်း။ ဆိုပြီးတော့မှအမျိုးအစားတွေရှိသေးတယ်ပေါ့နော် ၊ဘယ်ဟာဘဲဖြစ်ဖြစ် စိတ်ဝင်စားရင်တော့ လေ့ကျင့်ကြည့်ကြပါ၊ပျော်ဖို့လဲကောင်းပါတယ်ဗျာ။


#Telekinesis
#Psychokinesis
#MindPower
#HiddenPotentials
#Meditation
#Magic
#Dee
#TelekinesisPractice
#MentalEnergy
#SpiritualGrowth
🤔4🍓32🍾1
Subliminal review 🥰

ဒိီလိုReview လေးတွေလာပေးလို့ကျေးဇူးတင်ပါတယ်ဗျာ နောက်လည်းဒီထက်ပိုကောင်းအောင်ကြိုးစားသွားပါ့မယ်။

Subliminal 👇🏻💞

https://t.me/Magic_sharing/44


Review ပေးချင်

@Dee_fav_15

မှာလာပြောပါနော်။

#Dee
#mystic
#subliminal review
3👏1🐳1
ကျွန်နော့်မွေးနေ့ လည်းရောက်ခါနီးပြီဆိုတော့

အားလုံးကို

Give way လေး လုပ်ပေးချင်ပါတယ်။

ကျွန်နော့်မွေးနေ့က April လ 3ရက်နေ့ပါ 16ပြည့်မှာပေါ့ဗျာ

*တကယ်တမ်းလုံးဝမပြည့်ချင်‌သေး

ကဲထားပါတော့

ပထမဦးဆုံး

Give way ပါဝင်သူတွေထဲကမှ ကံထူးရှင် 5ယောက်ကို Tarot ဟောပေးမှာဖြစ်ပါတယ်။

မေးလို့ရတဲ့Package တွေကတော့

(1) Relationship
(2) Career
(3)Education
(4) Money

စတဲ့ Package သုံးမျိုးပေါ့နော်။ တစ်ဦးလျှင်မေးခွန်း
1ခုတိတိမေးနိုင်မှာပါ။ တကယ်တမ်းဆို ဒီလို Package မျိုးမေးမယ်ဆို 5000-20000ကျပ်လောက် ထိရှိ‌တယ်ပေါ့နော်၊အခုဒါကအလကားပေးတာပါ။ လက်မလွှတ်ကြပါနဲ့။

ဆိုတော့

Give way မှာဘယ်လိုပါဝင်ရမလဲ?

အခုကျွန်နော့်ရဲ့ post လေးကို စာဖတ်သူတို့ရဲ့ သူငယ်ချင်း 3ယောက်ကို Share ပေးပြီး Share ထားတဲ့ Ssလေးကို ကျွန်နော့်ရဲ့အခု post comment မှာ 1ကနေ100ထိကြိုက်တဲ့နံပါတ်ကိုတစ်ယောက်ချင်းစီအစဉ်လိုက်မန့်ပေးရမှာဖြစ်ပါတယ်။(မွေးနေ့ဆုတောင်းလေး ပါပေးရင် ကျွန်နော် ပိုဝမ်းသာမိမှာပါ။)

Give way ဖောက်ချိန်လေးကတော့ 4လပိုင်း 2ရက်နေ့မှာဖောက်ပေးသွားမှာပါ။

ကဲအဆင်ပြေကြပါစေဗျာ ။

ဒါ့‌အပြင် Channel မှာလဲနောက်ထပ် gift လေးတွေလာပေါ့ရှိပါသေးတယ် ။


#Dee
9🔥7💘1
Mystic Aura pinned a photo
Media is too big
VIEW IN TELEGRAM
🩰 𓂃 𔘓 ‎✦432Hz  Ultimate Beauty & Angelic Glow-up (Instant Results) ✦!! ヽ 🎀

──────────────────────────


‎꒷꒦︶꒷꒦︶ ๋ ࣭ ⭑꒷꒦꒷꒦︶꒷꒦︶ ๋ ࣭


݁
₊ ⊹ . Benefits . ݁₊ ⊹ .


မေးရိုးထင်ရှားပြီး နတ်သား/နတ်မိမယ်လို ကြည့်ကောင်းသော မျက်နှာကျ။
အပြစ်အနာအဆာကင်းပြီး ဖန်သားပြင်လို ကြည်လင်တောက်ပသော အသားအရေ။

စွဲမက်ဖွယ်မျက်ဝန်း၊ နှာတံစင်းစင်းနှင့် ပန်းရောင်သန်းသော နှုတ်ခမ်း။

ကျော့ရှင်းသော ကိုယ်နေဟန်ထားနှင့် လှပသော ခန္ဓာကိုယ်အချိုးအစား။

ဆွဲဆောင်မှုရှိသော ညှို့ဓာတ်နှင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိခြင်း။


🖇️Recommend and tips

-Unisex ကျား/မ မရွေး အသုံးပြုနိုင်ပါသည်။
-Earphones Recommended
-Stay Hydrated
‎-100% Safe and Healthy
‎-Rest Well
‎ LGBTQ+ Friendly
‎-တစ်ကြိမ်မှ လေးကြိမ်ထိနားထောင်နိုင်ပါတယ်။ (ဒါပေမယ့် တစ်ကြိမ်နား‌ထောင်ရုံနဲ့လုံလောက်ပါတယ်)ခေါင်းကိုက်တာမျိုးဖြစ်တတ်လို့ပါ။ ခေါင်းကိုက်လာပါက နားထောင်နေတာခနရပ်ပြီးရေများများသောက်ပါ။ နောက်ရက်မှဆက်နားထောင်ပါ။

YouTube မှာလဲတင်ပေးထားပါတယ်။👇🏻🖇️

https://youtu.be/ZyT34FfTl68?si=Br0B3K3igA-PRioD


#Dee
#SubliminalMyanmar #BeautyAffirmations
4
Mystic Aura
🩰 𓂃 𔘓 ‎✦432Hz  Ultimate Beauty & Angelic Glow-up (Instant Results) ✦!! ヽ 🎀 ────────────────────────── ‎꒷꒦︶꒷꒦︶ ๋ ࣭ ⭑꒷꒦꒷꒦︶꒷꒦︶ ๋ ࣭ ݁ ₊ ⊹ . Benefits . ݁₊ ⊹ . မေးရိုးထင်ရှားပြီး နတ်သား/နတ်မိမယ်လို ကြည့်ကောင်းသော မျက်နှာကျ။ အပြစ်အနာအဆာကင်းပြီး ဖန်သားပြင်လို…
ဒါလေးနားထောင်မယ်ဆိုရင်လေ စိတ်ငြိမ်မှအဆင်ပြေပါ့လိမ့်မယ် ဘာဖြစ်လို့လဲဆိုနားထောင်နေရင်း မကောင်းသောအတွေးများဝင်လာရင် မကောင်းတဲ့ပုံစံဖြစ်လာမှာဆိုးလို့ပါ ကိုယ်တွေးသလိုဖြစ်တာမို့ ကိုယ်လိုချင်တဲ့မျက်နှာ အချိုးအစား ကိုပဲ အာရုံစိုက်ပုံဖော်ရင်းနားထောင်ပေးပါ။


YouTube Channel အခုမှစထောင်တာမို့

YouTube မှာလဲ Like and Subscribe တွေလုပ်ပေးခဲ့ကြပါအုံးဗျာ။


https://youtu.be/ZyT34FfTl68?si=Br0B3K3igA-PRioD


#Dee
5