🌹ပန်းချစ်သူ🌹
5.75K subscribers
16.4K photos
1.21K videos
1 file
4.31K links
သတင်းမှန်နှင့်အထွေထွေဗဟုသုတများတင်ပေးပါသည်။
Download Telegram
အီရန် ယူရေနီယံများ ရုရုားသို့ ရွှေ့ ပြောင်းရေး ပူတင် ကမ်းလှမ်းချက် ထရမ့် ပယ်ချ
👍18
ဂျပန်ရေတပ်အတွက် အမေရိကန်လုပ် တိုမာဟော့ခ်ဒုံးကျည်များ ပေးပို့မှု စတင်
👍19❤2🔥2
ကိုယ်ပိုင်ယာဉ်များနှင့် ခရီးထွက်မည့်သူများအတွက် သတင်းကောင်း(14-3-2026)

ခရီးဝေးသွားလာသော ကိုယ်ပိုင်ယာဉ်များအနေနဲ့ စက်သုံးဆီဖြည့်ရန် လိုအပ်ပါက Scan ထပ်မံဖတ်ရန်မလိုဘဲ အဲဒီရက်အတွက် စက်သုံးဆီ ဝယ်ယူထားတဲ့  ငွေရှင်းပြေစာကို ပြသ၍ အဝေးပြေးလမ်းမကြီးများရှိ စက်သုံးဆီဆိုင်များနဲ့ မိုင် ၁၀၀ အထက် မြို့များရှိ စက်သုံးဆီဆိုင်များတွင် ထပ်မံ ဝယ်ယူနိုင်ပါကြောင်း ထုတ်ပြန်ထားပါတယ်။
https://t.me/MaChitsu413
👍18
🌾💐🌷🌹🌼🌸🌹🌷💐🌾
🙏🙏🙏🙏🙏🙏🙏🙏🙏🙏
စင်္ကြာဝဠာ အနန္တ၌ ရှိကြကုန်သော လူနတ်ဗြမ္ဟာသတ္တဝါတို ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာကြပါစေ
မြန်မာ နိုင်ငံကြီးအေး ချမ်းသာယာပြီးအမြန် ဆုံးဖွံဖြိုးတိုးတက်လာပါစေအားလုံးကျန်းမာချမ်းသာကြပါစေစည်းလုံးညီညွတ်ပြီး ထာဝရငြိမ်းချမ်းရေးရပါစေသဘာဝဘေးကပ် သုံးပါးဘေး ကင်းဝေးကြပါစေကောင်းကျိုးလို အင်ဆန္ဒများပြည့်ဝကြပါစေ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏
👍15❤6
မင်္ဂလာ နံနက်ခင်းလေးပါ
🙏🌻☘️🙏🌻☘️🙏🌻

🙏 မြတ်ဗုဒ္ဓ၏ မေတ္တာတရားတော်များကြောင့်
      ဘေးအန္တရာယ် အမျိုးမျိုးမှ ကင်းဝေးပါစေ ...

🙏 {၇}ရက် သား သမီးများနှင့်တကွ  ကမ္ဘာမြေကြီးပေါ်တွင် ☘️
      မှီတင်းနေထိုင်ကြသော ဝေနေယျသတ္တဝါ ☘️    
      အားလုံး ...
      🌻 ကျန်းမာပါစေ
      ☘️ ချမ်းသာပါစေ
      🌻 လိုအင်ဆန္ဒများ ပြည့်ဝနိုင်ပါစေ
      ☘️ ဘေးအန္တရာယ် အမျိုးမျိုးမှ ကင်းဝေးနိုင်ပါစေ ...

  🙏🌻☘️🙏🌻☘️🌻🌻☘️🙏🌻☘️🙏🌻☘️🙏
👍13❤3
အီရန်ရဲ့ အဓိကအချက်အခြာ ရေနံတင်ပို့တဲ့ ခါ့ခ်ကျွန်းကို အမေရိကန်ကတိုက်ခိုက်သွားတဲ့အတွက် အတော်ပျက်စီးသွားခဲ့တယ်၊

အဲ့ဒီအတွက်အီရန်က တုန့်ပြန်လက်စားချေမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်၊

စစ်ရှိန်ကထပ်မြင့်လာဦးမှာပါလား
👍16
March-15

▪️ဒီအချိန် လူတွေက ပလောင်နဲ့ ကိုးကန့် ချတာကိုပဲ အာရုံ ရနေကြမယ် ထင်ပါတယ်။

ဘာလို့ ဒီမဟာမိတ်အဖွဲ့က ကွတ်ခိုင်ကို ရဖို့ အသဲအသန် အသက်ပေးပြီးကြိုးစားနေကြတာလဲ။ နောက်ကွယ်က ဇာတ်ညွှန်း အာဂျင်တာတွေ သိဖို့ လိုပါတယ်။

ဂွမ်မော်က စစ်ကိုင်းထဲက က ၃ လုံးကို ခံစစ်စည်း ထားပြီး နာဂ၊ ချင်း၊ ကချင်ယူနစ်တွေ အားကောင်းအောင် လုပ်မယ်ဆိုတဲ့ စကား ပြောထွက်လာတာလဲ။

အထိမခံတဲ့ ခွဲထွက်ခွင့်ကြောင့် ၆၂ မှာနိုင်ငံရေး ဖြစ်စဉ် ဖြစ်ရသလို ၊ ဗဟိုဦးစီးမှု ကောင်းတဲ့ အစိုးရကို အလိုရှိတဲ့ စိနက ဂွမ်မော်ရဲ့ ခွဲထွက်ခွင့်အပေါ် ဘာကြောင့် လစ်လျူရှူထားတာလဲ။

ဂွမ်မော် Backup ရှိတဲ့ NUG က ဗိုလ်နဂါးကို ရှင်းပြီး အလယ်ပိုင်းကို ထိန်းချုပ်ဖို့ ကြိုးစားလာတာ ဘာကြောင့်လဲ။ COC အောက်မှာပဲ L PDF တွေ ရှိရမယ်ဆိုတဲ့ မူဝါဒက ဘာလဲ။

AA က စစ်တွေဖို့ ရဖို့ အသဲအသန် ကြိုးစားနေသလို စစ်တွေ အပြောင်းအလဲဖြစ်တာနဲ့ ရခိုင်၊ ချင်း၊ နာဂနဲ့ ကချင်ဆိုတဲ့ အနောက်မြောက်တကြောက အစိုးရ ထိန်းချုပ်မှု ကင်းပါပြီ။

အားလုံးခြံကြည့်လိုက်ရင် တိုင်းပြည်က ဘယ်အနေအထား သွားနေလဲ သုံးသပ်စေချင်ပါတယ်။ တပ်မတော် အနေနဲ့ ဒီဇစ်မြစ်တွေ သိဖို့ လိုသလို အသင့်အနေအထား လူ လက်နက်၊ နည်း ပညာ စုဖွဲ့မှု အသင့်ရှိနေဖို့ လိုပါကြောင်း သုံးသပ်ရမှာပါ။


▪️(နရီမိုး)
👍23
PDF
ရာချီတပ်မတော်ထံ အလင်းဝင်
စစ်ကိုင်း တိုင်းအတွင်းမကြာခင်PDFကင်းစင်မယ်
👍38❤1
◾️ ၁၀၂၇ စဖြစ်တော့…ကိုးကန့်ရော၊ ပလောင်ရော မူလနယ်မြေတွေထက် ကျော်လွန်ပြီး သိသိသာသာ မြို့နယ်တွေ သိမ်းပိုက်ခဲ့တယ်။ အကျိုးဆက်က တိုင်းပြည်ဟာ နယ်စပ် ကုန်သွယ်ရေး ဂိတ် တွေ ပိတ်သွားခဲ့တာပဲ။ အစိုးရက အဲ့ချိန်မှာ စိတ်ချရတဲ့ ပင်လယ်လမ်းကြောင်း ဘက်ကို ပြောင်းလိုက်တယ်။ ဝင်ငွေရတာနည်းသွားတယ် ဆိုပေ မယ့် သူပုန်တွေထိန်းချုပ်ထားတဲ့ လမ်းကို တော့ လုံးဝ ဥပေက္ခပြုလိုက်တယ်။ နောက်ဆက် တွဲ ဘာဖြစ်လာသလဲဆိုတော့…သိမ်းပိုက် ထားတဲ့ ဒေသတွေကို ပလောင် ရော၊ ကိုးကန့်ရော စပြီး ဖျက်ဆီးတော့တာပဲ။ ဥပမာ- လားရှိုးက ထွက်သွားချိန်မှာ ကိုးကန့်တွေ ဘာလုပ်သွားခဲ့သလဲ။ မိုးကုတ်၊ မိုးမိတ်ကနေ ပလောင်တွေ ဆုပ်ရချိန်မှာ ဒီဒေသတွေကို ဘယ်လို ထားခဲ့သလဲ ဆိုတာ ကြည့်ရင်… မြင်နိုင်တာပဲ။
---------------
◾️ အစိုးရဘက်က လက်လွှတ်ဆုံးရှုံးရတဲ့ နယ်မြေတွေက သူပုန်တွေ လက်ထဲမှာ အနည်းဆုံး ၆ လ ၊ တနှစ် အထက်မှာရှိခဲ့တယ်။ ဒီကာလတွေမှာ ဒီဒေသတွေရဲ့တိုးတက်ရေးအတွက် ဘာတစ်ခုမှ လုပ်မသွားခဲ့ကြဘူး။ ပညာရေးအရ ကျောင်းတွေ မဖွင့် နိုင်တော့ဘူး။ ဆေးရုံဆေးခန်းတွေနဲ့ ရုံးဌာနတွေဆိုတာလည်း မြက်ပင်၊ချုံနွယ်တွေထဲမှာ  ဥပဓိရုပ်မရှိတော့ဘူး။ သူတို့သိတာက ပလောင်ပြည်နယ်လုပ်မယ်။ ပလောင်လွှမ်းမိုးတဲ့ ဒေသတစ်ခု လုပ်မယ်။ ကိုးကန့်တွေလည်း ဒီအတွေးပဲ။ သိန္နီမှာ တရုတ် ဈေးတန်းတွေ ဖွင့်တယ်။ တရုတ်လုပ်ငန်းရှင်တွေ ခေါ်ချလာတယ်။   နယ်ကလာတဲ့ သူပုန်တွေဆိုတော့…လူမျိုးစုအရေးပဲ ခေါင်းထဲရှိ တယ်။ အဓိက သူတို့လူမျိုးစု ကောင်းစားရေးဆိုတဲ့ အမြင်နဲ့ အတွေးအခေါ်ပဲ သူတို့မှာ ရှိတယ်။  ရလာတဲ့ အချိန်မှာ အခွန်ဆက်ကြေးကောက်မယ်။ သယံဇာတ တူးမယ်။ သူတို့ အတွေးအခေါ်က ဒီလောက်ပဲ။ ခုလက်ရှိ ဒီနယ်မြေတွေပေါ်မှာတင် (၁၀)စုနှစ်တစ်ခုစာ မဟာမိတ်ဆိုပြီး ကတိထားခဲ့ကြတဲ့ တပ်တွေ အချင်းချင်း အကျိုးစီးပွားအရ တိုက်ခိုက် နေခဲ့ကြတာ မျက်မြင်တွေ့နိုင်တာပဲ။  ဒါတောင် (၅)နှစ်အတွင်းမှာ ဖွဲ့စည်းခဲ့ကြတဲ့ PDF တွေက တပ်မတော် မရှိရင် ဖက်ဒရယ် ထူထောင်လို့ ရပြီလို့ ဆိုသတဲ့။ 😏😏😏
-------------
◾️ ပြောချင်တာက ခုမှစတာ။ အတူတကွယှဉ်တွဲနေထိုင်ရေးဆိုတဲ့ စကားလုံး ရဲ့ အနက်အဓိပ္ပာယ်တောင် မသိတဲ့ သူပုန်တွေက ကိုယ်မပိုင်တဲ့ နယ်မြေတွေကို PDF အင်အားတွေနဲ့ သိမ်းပိုက် တုန်းက ဒီစကားတွေမထွက်ခဲ့ကြဘူး။ ဒီကြားထဲ စစ်တပ်မရှိမှ နားအေးမယ်ဆိုတဲ့ ကြပ်မပြည့်၊ သွပ်ခြာလိုက်နေတဲ့ PDF တွေလည်းရှိသေးတယ်။ ဒီလိုအတွေးအခေါ်တွေ ကြောင့် ပလောင်နဲ့ ကိုးကန့်ဘက်ကနေ ဝင်ကူတိုက်ပေးပြီး သေပေးခဲ့ရတဲ့ PDF တွေအတွက် ဘယ်သူတွေ တာဝန်ယူပေးခဲ့ကြသလဲ။ ဒါလည်း NUG ခေါင်းဆောင်ပိုင်းက နွေဦးတော်လှန်ရေးဆိုပြီး ခွက်ခေါက်နေတုန်းပဲ။ 😇😇😇  စစ်တပ်မရှိတဲ့ ဒေသ၊ စစ်တပ်မရှိတဲ့ အချိန် မှာ တိုင်းပြည်ဘာတွေ ဖြစ်နေလဲဆိုတာ မြင်အောင်ကြည့်ပေါ့။ စစ်တပ်ဆိုတဲ့ အထိန်း အကွပ်ရှိနေသေးလို့သာ ဒီတိုင်းပြည်က ဘာမှ မဖြစ်သေးတာ။ ဥပမာ- ဒေသတစ်ခုမှာ တိုက်ပွဲဖြစ်ရင်… သူပုန်ရှိတဲ့ အခြမ်းက ပိုလုံခြုံသလား။ သူပုန်ရှိ တဲ့ဘက်ကို ပြည်သူတွေ ပြေးကြသလား။ အဖြေက ရိုးရိုးလေးပဲ။
-------------
◾️ နောက်တစ်ခုကတော့ အစိုးရပိုင်းပါ။ လက်ရှိ အခင်းအကျင်းမှာ ၁၀၅ မိုင်နဲ့ ကွတ်ခိုင်ကို ကိုးကန့်ဘက်က ဖိတိုက်နေတာရှိတယ်။ ပလောင်အတွက်က UWSA ဆီက အထောက်အပံ့ လည်း မရဘူး။ KIA နဲ့ကလည်း တင်းမာမှုရှိထားတဲ့ ပလောင်အတွက်တော့ ဒီအခင်း အကျင်းက မြွေခြောက် ကိုက်တာထက် ဆိုးတယ်။ တာဘုန်းကျော်အတွက်လည်း ထုံးဆိုင် တောင် ရှာဖို့ခက်တယ်။   အရေးကြီးတာက ကိုးကန့်သွားချင်တဲ့ လမ်းကြောင်းအတွက် အစိုးရပိုင်းက တွေးထားကြဖို့ပါ။ ကိုးကန့်သာ ၁၀၅ မိုင်နဲ့ ကွတ်ခိုင်ကို ရလိုက်ရင် သိန္နီ က လမ်းဆုံ ခွချက်ဖြစ်လာပြီး ကိုးကန့် အနေနဲ့ မူဆယ် နဲ့ ချင်းရွှေဟော်ဆိုတဲ့ လမ်းကြောင်း ၂ ခုကို ထိုင်ထားပြီးသား ဖြစ်သွား ပါလိမ့်မယ်။ တစ်ဖက်မှာ ခရိုင်လေးခု ကြေညာထားတဲ့ ကိုးကန့်ရဲ့ Geopolitics Map ရယ်၊ ခွဲမထွက်ပါဘူးပြောပြီး ဗဟိုထိန်းချုပ်မှု မဲ့နေတဲ့ UWSA ရယ်ဆိုတဲ့အနေအထားက မြန်မာ ပြည်မှာ ဘယ်အစိုးရတက်တက် Proxy နယ်မြေကြီး ပေါ်လာနေပြီလားဆိုတာတွေးရတော့မှာပါ။ ဒါကို အစိုးရသစ် ဘယ်လိုကိုင်တွယ်မလဲ။ ဒီ စိန်ခေါ်မှုတွေကို ဘယ်လိုကျော်ဖြတ်မလဲ။ ပေးထားချက်တွေတော့ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

(နရီမိုး)
👍11❤2
အီရန်ရဲ့တိုက်ခိုက်မှုကြောင့် အစ္စရေးဝန်ကြီး ချုပ် နေတန်ယာဟု " သေ-မသေ" က ဒီနေ့ပဟေဠိ ဖြစ်နေဆဲပါ၊

လူမြင်ကွင်းက (၄) ရက်လောက်ပျောက်ကွယ်သွားပြီး ပြန်ပေ့်လာတဲ့ နေတန်ယာဟု မိန့်ခွန်းပြောကြားတဲ့ပုံမှာ သတိထားမိသူတချို့က လက်ချောင်း (၆) ချောင်းဖြစ်နေတာကို ထောက်ပြပြီး AI နဲ့ဖန်တီးထားတဲ့ပုံလို့ဆိုတယ်၊

သူများတင်ထားတဲ့ vdo ကလစ်မှာတော့ သတင်းထောက်တဦးက နေတန်ယာဟု အတိုက်ခိုက်ခံလိုက်ရတဲ့ပုံနောက်ခံထားပြီး၊ နေတန်ယာဟု သေဆုံးသွားတယ်၊ အဲ့ဒီတိုက်ခိုက်မှုမှာ လူပေါင်း (၉၀) နေတန်ယာဟုနဲ့အတူ သေဆုံးခဲ့တယ်လို့ ပြောသွားတယ်၊

ဗြိတိသျှ MP ဟောင်း George Galloway က
နေတန်ယာဟုသေဆုံးသွားခဲ့ရင် အမေရိကန်ကို ဦးဆောင်သူဟာ ဘယ်သူလဲ... လို့မေးခွန်းထုတ်လိုက်ပါတယ်၊
👍10❤5
အယာတိုလာလက်သစ်အား ဒေါ်လာ ၁၀ သန်း အမေရိကန် ဝရမ်းထုတ်၊ မရိန်းစစ်သည်နှင့် ကမ်းတက်ရေယာဥ်များ ထပ်လွှတ်
👍19❤1
မနက်ဖြန်ဆိုရင် ပြည်သူ့လွှတ်တော် စပါပြီ သဘာပတိရွေးချယ်တာ လွှတ်တော်ဥက္ကဋ္ဌ ဒုတိယဥက္ကဋ္ဌတွေ ရွေးချယ်တာ အမြဲတမ်းကော်မတီဝင်တွေ ရွေးချယ်တာတွေနဲ့အတူ တိုင်းပြု ပြည်ပြုကြမယ့် လွှတ်တော်ကြီး စတင်ပါပြီ

လွှတ်တော်ကြီးမှနေ အစိုးရသစ်တစ်ရပ်ပေါ်ထွန်းပါတော့မယ်

အခက်အခဲပေါင်းစုံကြားက ဝိုင်းဝန်းဆောင်ရွက်ခဲ့သူများအားလုံး ကျန်းမာချမ်းသာကြပါစေ

တိုင်းပြည်နဲ့လူမျိုးအတွက် အားတွေဖြစ်ကြပါစေ
👍25❤1