Animation World
129K subscribers
290 photos
151 videos
441 links
ကြော်ငြာထည့်သွင်းလိုပါက Admin Acc @SGPH_Myanmar
Download Telegram
Unicorn Wars (2022)

လူတိုင်းကပျော်ချင်တယ် လွတ်လပ်ချင်တယ် ကိုယ့်အတွက် အကောင်းဆုံးလို့ထင်တာတွေကို ရချင်တယ် မဟုတ်လား လူတိုင်းမှာ အဲဒီအခွင့်အရေးရှိတယ်ဆိုပေမဲ့ ကိုယ့်ရဲ့ အခွင့်အရေးကိုရယူနိုင်ဖို့ တပါးသူကို ထိခိုက်စေမယ်ဆိုရင်တော့ အကျည်းတန်တဲ့ ကိစ္စတွေ ဖြစ်လာပါတယ်

ဥပမာ – စစ်ပွဲပေါ့ တရားမျှတမှု ယုံကြည်မှု၊ မျိုးချစ်စိတ် စတဲ့ စတဲ့ခေါင်းစဉ်တွေအောက်မှာ တိုက်ခဲ့တဲ့စစ်ပွဲပေါင်းများစွာ ကို ကျွန်တော်တို့တွေ မြင်ဖူး တွေ့ဖူး ကြုံဖူး သိဖူးကြပါတယ် ဒါပေမဲ့ ရန်စဆိုတာ ဘယ်ဖက်ကစမွှေးမွှေး နှစ်ဖက်စလုံးကိုတော့ ပူလောင်စေတာအမှန်ပါပဲ

ဘယ်လိုရည်ရွယ်ချက်ကြောင့်တိုက်တိုက် ဘယ်လိုရလာဒ်ပဲထွက်လာပါစေ စစ်ပွဲကတော့ အကျဥ်းတန်တယ်ဆိုတာကို အားလုံး တညီတညွတ်တည်း လက်ခံကြလိမ့်မယ်ပါတယ် စစ်ပွဲဟာ လှပတဲ့ အရာပေါင်းများစွာကို ဖျက်ဆီးနိုင်တဲ့အစွမ်းရှိပါတယ်

တစ်ချိန်က သုခဘုံဖြစ်ခဲ့တဲ့နေရာဟာ မီးလောင်ပြင်တစ်ခုဖြစ်လာနိုင်ပါတယ်တစ်ချိန်က လှပရိုးသားခဲ့တဲ့ စိတ်ဓာတ်တွေကို ကြမ်းရင့်ဆိုးယုတ်တဲ့ အဖြစ်ရောက်အောင် ရိုက်ချိုးနိုင်ပါတယ်


ဇာတ်ကားလင့်
https://t.me/c/3083213462/27

Channel Join ရန်လင့်
https://t.me/+HXKXWgFH2o82ODRl

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
2
One Piece Flim:Gold (2016)

ဒီ Movie လေးကတော့ One Piece ရဲ့ 13 ကားမြောက် Movie အဖြစ် ထွက်ရှိထားတဲ့ Movie လေးပါ။
One Piece Serie လေးကို ကြည့်ဖူးကြမယ့် သူလဲရှိသလိုမကြည့်ရသေးတဲ့သူတွေလဲ ရှိမယ်ထင်ပါတယ်။
Movie ရဲ့ ဇာတ်လမ်းအကျဥ်းလေးကတော့ Luffy နဲ့ သူ့အဖွဲ့သားတွေက ကမ္ဘာ့အကြီးမားဆုံး ဖျော်ဖြေရေးမြို့တော်ကြီးဖြစ်တဲ့ Gran Tesoro City ကိုရောက်သွားကြပါတယ်။
အဲ့ဒီ့ မြို့မှာ သူတို့တွေ Casino ကစားရင်း အလှည့်စားခံရပြီး ရှုံးသွားတဲ့အခါမှာ‌တော့ ဒုက္ခ‌‌ရောက်ကြပါတော့တယ်။
အဲ့ဒီ့ အခြေအနေကနေ Luffy လွတ်‌မြောက်နိုင်ပါ့မလား ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကတော့ ဒီ Movieထဲမှာဆက်လက်ကြည့်ရှုလိုက်ပါ။
Seriesမကြည့်ဖူးရင်တောင် တော်တော်ကြည့်ကောင်းတဲ့ကားလေးဖြစ်ပါတယ်။

ဇာတ်ကားလင့်
https://t.me/c/3720230171/58

Channel Join ရန်လင့်
https://t.me/+ZnuG4sa5qNYwMzNl

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
2
Smurfs: The Lost Village (2007)

ပါပါစမက်ဖ်အုပ်ချုပ်တဲ့ စ မက်ဖ်ရွာလေးမှာ စမက်ဖက်တီ၊ ဘရိန်နီ၊ ကလမ်ဆီနဲ့ ဟက်ဖ်တီ တို့က အခင်ဆုံးသူငယ်ချင်းတွေ ပါ။

တစ်ရက်မှာတော့ စမက်ဖက် တီဟာ မြေပုံထဲမှာ တားမြစ်ကန့် သတ်ထားတဲ့ တောကြီးနဲ့ပတ် သက်ပြီး ရှာဖွေတွေ့ရှိခဲ့တာ ကြောင့်ပါပါစမက်ဖ်နဲ့ သူ့သူငယ် ချင်းတွေကို ပြောပြခဲ့ပါတယ်။စည်းကမ်းတင်းကျပ်လွန်းပြီး အ စိုးရိမ်ကြီးတဲ့ ပါပါစမက်ဖ်က အဲဒီ တောကိုရှာဖို့ ခွင့်မပြုခဲ့ပါဘူး။
ဒါပေမဲ့လည်း တစ်ညမှာ တော့ စမက်ဖက်တီဟာ သူ အရမ်းစူးစမ်း ရှာဖွေချင်နေတဲ့ တောကြီးဆီကိုသွားဖို့စမက်ဖ် ရွာ ထဲကနေ ညဘက် တိတ်တဆိတ် ထွက်ခွာခဲ့ပါတယ်။သူ့ သူငယ် ချင်းတွေဖြစ်တဲ့ ဘရိန်နီတို့လည်း အတူလိုက်လာတဲ့အတွက်လေး ဦးသား စွန့်စားခန်းခရီးစဉ်ကို ချီ တက်ခဲ့ကြပါတော့တယ်။စမက်ဖ်တွေရဲ့ ရန်သူဖြစ်တဲ့ အကျင့်မကောင်းတဲ့ စုန်းကြီးဂါဂါ မဲကလည်း ထူးဆန်းတဲ့ စမက်ဖ် ရွာ ကို ရှာဖွေနေတာပါ။ဂါဂါမဲက စမက်ဖ်လေးတွေကို အကုန်ဖမ်း ပြီး သူ့ရဲ့မှော်အတတ်တစ်ဖက် ကမ်းခပ်ဖို့အတွက် အသုံးချဖို့ ကြံစည်နေတာဖြစ်ပါတယ်။စမက်ဖက်တီတို့ သူငယ် ချင်းတစ်သိုက်ဟာ မြေပုံအတိုင်း ထူးဆန်းတဲ့တောကြီးကို ရှာဖွေ တဲ့အခါမှာလမ်းခရီးတစ်လျှောက် ဒုက္ခသုက္ခတွေ၊ အန္တရာယ်တွေနဲ့ ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပြီး နောက် ဆုံးမှာတော့အံ့သြစရာတွေနဲ့ ပြည့်နှက်နေတဲ့ ထူးဆန်းတဲ့ တော ကြီးဆီကို ရောက်သွားခဲ့ပါတယ်။အဲဒီတောထဲမှာ လူရိုင်းတွေ ရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး နောက်ဆုံးမှာတော့လူရိုင်းတွေ ဆိုတာကလည်း စမက်ဖက်တီတို့ လို စမက်ဖ်လေးတွေဆိုတာ သိခဲ့ ကာအချင်းချင်း ပြေလည်သွားခဲ့ ကြပါတယ်။ ထူးဆန်းတဲ့ တောဆီ ကို ဂါဂါမဲနဲ့ သူ့ကြောင်ကလည်း လိုက်လာတဲ့အတွက်စမက်ဖက် တီတို့ရယ်၊ တောထဲက စမက်ဖ် လေးတွေရယ် အတူတူတိုက်ခိုက် ကြပါတော့တယ်။ပါပါစမက်ဖ်က ထူးဆန်းတဲ့ တောနဲ့ပတ်သက်ပြီး ဘာကြောင့် ဖုံးကွယ်ထားချင်တာလဲ၊စမက် ဖက်တီတို့တွေ ထူးဆန်းတဲ့တော ကို ဂါဂါမဲရန်က ဘယ်လို ကာ ကွယ်ကြမှာလဲဆိုတာဆက်ကြည့် ဖို့ အမြည်းလေးပေး လိုက်တယ် နော်။ဒီဇာတ်ကားလေးမှာ အသံ သရုပ်ဆောင်ထားသူတွေက တော့ဒီမီလိုဗာတို၊ ရိန်းဝီလ်ဆင်၊ ဂျိုးမန်ဂန်နယ်လို၊ ဂျက်မက်ဘရေ ရာ၊ ဒန်နီပူဒီ၊ မန်ဒီပါတင်ကင် စသူတွေပဲ ဖြစ်ပါတယ်။

ဇာတ်ကားလင့်
https://t.me/c/3441064926/123

Channel Join ရန်လင့်
https://t.me/+ElcCnRoBUqswYzZl

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
3
Ruby Gillman, Teenage Kraken ⟨2023⟩

ဒီတစ်ခါမှာတော့ animation fan တို့အတွက် မကြာသေးခင်ကမှထွက်ရှိထားတဲ့ Ruby Gillman Teenage Kraken ဆိုတဲ့ကားလေးကို ပရိတ်သတ်တို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။

ခရက်ကန်မျိုးနွယ်ဖြစ်တဲ့ Ruby ဟာဆိုရင် ဆယ်ကျော်သက်လေးတစ်ယောက်ဖြစ်ပြီး ကိုးရို့ကားယားနိုင်တဲ့ ချစ်စရာအထက်တန်းကျောင်းသူလေးတစ်ယောက်ဖြစ်ပါတယ်။ ထူးဆန်းစွာနဲ့ တစ်ရက်မှာ သူဟာ ခရက်ကန် warrior တစ်ယောက်ဖြစ်တဲ့အကြောင်းသိရှိပြီးနောက်မှာတော့ Ruby တစ်ယောက် သမုဒ္ဒရာကြီးကိုကာကွယ်နိုင်ပါ့မလား။

မကောင်းဆိုးဝါးလို့ သတ်မှတ်ထားတဲ့ ခရက်ကန်တွေကရော တကယ်ပဲ မကောင်းဆိုးဝါးတွေဖြစ်မလား။ Ruby ကရော သူ့မှာရှိတဲ့စွမ်းအားတွေနဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ Happy ပရိတ်သတ်တို့က စိတ်ဝင်တစားကြည့်ရှူရင်း ဘဝအမောတွေခေတ္တပြေပျောက်နိုင်ပါစေ။

 
ဇာတ်ကားလင့်
https://t.me/c/2785243681/81

Channel Join ရန်လင့်
https://t.me/+QzEQSbiDw8VhM2Nl

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
4
Horton Hears a Who! (2008)

IMDb မှာ 6.9/10 ဆိုတော့ ကောင်းလားမကောင်းလားသိပ်မပြောတော့ပါဘူး
ကျွန်တော်တို့ရဲ့ စကြာဝဠာကြီးဟာ အဆုံးအစမရှိကျယ်ပြန့်တယ်လို့ သိထားပါတယ်

ဒါဟာ လက်ခံထားရတဲ့ လက်ရှိအမှန်တရားဆိုလည်းမမှားပါဘူး…
ကျွန်တော်တို့လို တခြားသက်ရှိတွေ
စကြာဝဠာကြီးထဲမှာ ရှိကောင်းရှိနေနိုင်ပါလိမ့်မယ်..
ဒါပေမယ့် ကျွန်တော်တို့ ကမ္ဘာကြီးထဲက
သက်ရှိတွေအကုန်လုံးကိုတောင် ရှာဖွေလို့ မကုန်နိုင်သေးပါဘူး…
ဒီကာတွန်းရုပ်ရှင်လေးက အဲ့ဒီအချက်ကို
အဓိကထားတင်ပြသွားတယ်လို့ ထင်ပါတယ်…
ကျွန်တော်တို့လူသားတွေ ကမ္ဘာပေါ်မှာ ထင်တိုင်းကြဲလုပ်ချင်ရာလုပ်နေကြပေမယ့်
ကျွန်တော်တို့ မသိသေးတဲ့အကြောင်းအရာတွေ အများကြီးရှိနေပါတယ်..
 
ဇာတ်လမ်းအကျဉ်းလေးဆီ သွားရအောင်
ဟော်တွန်ဆိုတဲ့ ဆင်ကလေးတစ်ကောင်ဟာ ပျော်ပါး ကစားနေရင်းနဲ့
ပန်းဝတ်မှုံအရွယ်အစားလောက်ပဲရှိတဲ့ ကမ္ဘာသေးသေးလေးတစ်ခုကို
အမှတ်မထင်တွေ့သွားပါတယ်…
မယုံနိုင်ပေမယ့် တကယ့်အစစ်အမှန်ဖြစ်နေမှန်းသိသွားတဲ့အခါမှာ
ကမ္ဘာသေးသေးလေးထဲက သက်ရှိလေးတွေနဲ့
ဆက်သွယ်ပြီး အဲ့ဒီကမ္ဘာသေးသေးလေးကို
လုံခြုံအောင်လုပ်ပေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်…
ဒါပေမယ့်လည်း ထုံးစံအတိုင်း အဖျက်တရားက
ဝင်လာတဲ့အခါမှာတော့…..
 
ဟော်တွန်တစ်ယောက် ကမ္ဘာသေးသေးလေးကို
 
ဘယ်လိုကာကွယ်ပေးနိုင်မလဲ ဆိုတာကို ကြည့်ရှုခံစားကြည့်ကြပါဦး…
 
တစ်ခုပြောချင်တာက ဒီလိုကာတွန်းကာတွန်းရုပ်ရှင်ဆိုတာ
ကလေးတစ်ယောက်လိုကြည့်ရင် ကလေးကာတွန်းကားအနေနဲ့ဖြစ်ပေမယ့်
လူကြီးတစ်ယောက်လို ကြည့်ရင်တော့ လူကြီးအတွေးနဲ့
ရုပ်ရှင်ကားတစ်ကားဖြစ်သွားမှာပါ…
ရုပ်ရှင်ကပေးတဲ့ message လေးကိုသိအောင်လုပ်ရင်း
အတွေးပွားစေလိုပါတယ်…
 
ကဲ လေကြောရှည်တာများသွားတဲ့အတွက် ပြောတာလေးရပ်ပြီး
ကြည့်ရှုခံစားလိုကိကြပါဦး…

ဇာတ်ကားလင့်
https://t.me/c/3779455262/33

Channel Join ရန်လင့်
https://t.me/+yYYzkhsPn782YmVl

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
2
The Ogglies: Welcome To Smelliville (2021)

မြို့တစ်မြို့ရဲ့ ခေါင်းခဲရတဲ့ပြဿနာတွေထဲမှာ အမှိုက်စွန့်ပစ်ရေးပြဿနာဟာ ထိပ်ဆုံးက အမြဲပါဝင်နေပါတယ်။ နေ့စဉ်နဲ့အမျှတိုးပွါးနေတဲ့ အမှိုက်တွေကို ရှင်းလင်းဖို့နည်းလမ်းရှာနေရတဲ့မြို့တွေထဲမှာ Semllivilleလည်း အပါအဝင်ပါပဲ။
Smellivilleဆိုတဲ့မြို့ငယ်လေးဟာ နာမည်နဲ့လိုက်ဖက်စွာနဲ့ အနံ့အသက်ဆိုးတွေနဲ့ ပြည့်နှက်နေတာပေါ့။ ဒီအနံ့ဆိုးတွေရဲ့အရင်းအမြစ်ကတော့ တစ်မြ်ို့လုံးကအမှိုက်တွေကို စွန့်ပစ်တဲ့နေရာဖြစ်တဲ့ ဧရာမအမှိုက်ပုံကြီးပါ။
အနံ့ဆိုးတွေကြောင့် တစ်မြို့လုံးပျက်စီးခါနီးဖြစ်နေချိန်မှာ Ogglyဆိုတဲ့သတ္တဝါလေးတွေက အမှိုက်ပုံကြီးဆီကို ရောက်ရှိလာပါတော့တယ်။ အမှိုက်တွေကိုစားသောက်တဲ့ Ogglyတွေကြောင့် အနံ့ဆိုးတွေလျော့ပါးသွားပေမယ့် လူတွေက အနံ့ဆိုးတဲ့ Oggly အမှိုက်စားတဲ့ကောင်တွေဆိုပြီး လက်မခံကြပါဘူး။
ဒီအချိန်မှာ အမှိုက်ပုံနေရာမှာ Wellness templeဆောက်ပြီး အမြတ်ထုတ်ဖို့လုပ်နေတဲ့ Mr. Hammerတို့လူတစ်စုကလည်း Ogglyလေးတွေကို မောင်းထုတ်ဖို့ မြို့တော်ဝန်ကို သွေးထိုးနေတာပေါ့။ ဒီလိုအမြဲမောင်းထုတ်ခံနေရတဲ့ Ogglyလေးတွေကို Smelliville မှာနေခွင့်ရအောင် မြို့တော်ဝန်ရဲ့သား Maxနဲ့ သူငယ်ချင်းဖြစ်သူLottaတို့က ဘယ်လိုကူညီကြမလဲ။
ဘယ်လိုထူးဆန်းတဲ့ အဖြစ်အပျက်က မြို့တော်ဝန်ကို Ogglyလေးတွေကို နားလည်သွားစေမလဲ။ Hammerရဲ့အကြံဆိုးတွေကိုရော Maxတို့အချိန်မှီ တားဆီးနိုင်ပါ့မလား။ Ogglyလေးတွေရော မြို့ခံလူထုနဲ့ ငြိမ်းချမ်းရေးရပြီး ဒီမြို့လေးမှာ နေခွင့်ရပါ့မလားဆိုတာကို သိချင်ရင်တော့ The Ogglies-Welcome to Smelliville ဆိုတဲ့ကာတွန်းလေးကိုကြည့်လိုက်ရအောင်။

ဇာတ်ကားလင့်
https://t.me/c/3720230171/40

Channel Join ရန်လင့်
https://t.me/+ZnuG4sa5qNYwMzNl

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
E›ncanto (2021)

Family/Fantasy
IMDb : 7.2/10
RottenTomatoes : 92%
Channel Myanmar: 7.6/10


Encantoဆိုတာက ​တောင်အ​မေရိကတိုက် ကိုလံဘီယာနိုင်ငံတွင်းက စိတ်ကူးယဉ်​နေရာ​လေးတစ်ခုပါ၊ ဒီ​နေရာမှာ​မှော်အစွမ်း​တွေရှိပြီး အဲဒီမှာနေထိုင်တဲ့မာဒရီဂယ်မိသားစုကို
 Encanto​​ဒေသ​​လေးကိုထိန်းသိမ်း​ပေးဖို့ ​ဒေသ​နေပြည်သူ​တွေရဲ့ဘဝကိုအကျိုးပြုဖို့ဆိုပြီး မှော်စွမ်းအင်​တွေကိုမျိုးဆက်အဆင့်ဆင့် လက်​ဆောင်​ပေးခဲ့ပါတယ်

ဒါ​ကြောင့်မာဒရီဂယ်မိသားစုဝင်တိုင်းမှာ ​မှော်အစွမ်းကိုယ်စီရှိပါတယ်၊မင်းသမီး​လေး မီရာဘယ်ကလွဲရင်​ပေါ့၊တစ်​နေ့မှာ​တော့ Encanto​ကို မလိုလားအပ်တဲ့ ​အ​မှောင်စွမ်းအင်ထုကြီး ​​​ရောက်ရှိလာတဲ့အခါမှော်အစွမ်းမရှိတဲ့ မီရာဘယ်​လေးအ​နေနဲ့ မိသားစုနဲ့အတူ အန္တရာယ်ကိုဘယ်လိုတွန်းလှန်မလဲသူမဘာ​ကြောင့် မှော်အစွမ်းမရနိုင်တာလဲ​မှော်အစွမ်းရ​​အောင် ဘယ်လိုကြိုးစားမလဲဆိုတာ ကြည့်ရှုခံစားနိုင်ပါပြီ။

 
ဇာတ်ကားလင့်
https://t.me/c/2785243681/80

Channel Join ရန်လင့်
https://t.me/+QzEQSbiDw8VhM2Nl

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
1
The Place Promised In Our Early Days (2004)
--------------------------------

IMDB (7.1/10)

Rotten Tomatoes…. 80%

စာရေးဆရာကြီးမင်းလူက ဘယ်စာအုပ်ထဲမှာလဲမသိဘူးရေးဖူးတယ်…တကယ်တော့ အချစ်ဆိုတာခွေးလျက်ခံရတဲ့ ထန်းလျှက်ခဲလိုပဲ ကြာလေ လုံးပါး ပါးရလေတဲ့… သူပြောတာလည်း ဟုတ်သလိုလိုပင်..သို့ပေမယ့် ကျွန်တော်တို့အားလုံး ရနံတွေနဲ့ကင်းလို့ရချင်ရမယ်… အရောင်တွေနဲ့ကင်းလို့ရချင်ရမယ်..

အချစ်ဆိုတာကြီးကိုတော့ ကင်းကွာဖို့ ခဲယဉ်းလွန်းလှပါတယ်… ဒီအချစ်ကြီးကို အချိန်မရွေးဖန်ဆင်းဖို့ နှလုံးသားကြီးကကျွန်တော်တို့ရဲ့ ဘယ်ဘက်ရင်အုံကြီးထဲမှာရှိနေတာကိုး….

ဒီဇာတ်လမ်းလေးက ဒုတိယကမ္ဘာစစ်အပြီး 1996ခုနှစ်မှာ
ဖြစ်ပျက်ခဲ့တဲ့  ကျောင်းသားလေးတစ်ယောက်နဲ့ ကျောင်းသူလေးတစ်ယောက်အကြောင်းကိုရိုက်ပြထားတာပါ…ကျောင်းသား ကျောင်းသူဘဝ အစပိုင်းမှာရိုးစင်းစွာခင်ခဲ့ကြပေမယ့် နောက်ပိုင်းတော့ သူတို့နှလုံးတွေကသံစဉ်တွေပြောင်းကုန်တယ်..သို့ပေမယ့်  သာမန်သူငယ်ချင်းတွေလိုပဲဖြတ်သန်းခဲ့ကြတယ်..သူတို့နေတဲ့ နေရာမှာ မျှော်စင်ကြီးတစ်ခုရှိပါတယ်…ကျန်တာကိုတော့ဇာတ်လမ်းလေးထဲမှာရှုစားလိုက်ပါ...

ဇာတ်ကားလင့်
https://t.me/c/3441064926/18

Channel Join ရန်လင့်
https://t.me/+ElcCnRoBUqswYzZl

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
1
The Swan Princess : A Fairytale is born (2023)

ပေါ့ပေါ့ပါးပါးနဲ့ ဘေဘီလေးတွေ သဘောတွေ့စေမဲ့ ကာတွန်းကားအသစ်လေးတင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့ ယူဘတ်တာဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ
လယ်သမားတစ်ယောက်နဲ့ လက်ထပ်ပြီး အေးချမ်းတဲ့ဘဝလေးမှာ နေထိုင်ခဲ့ပါတယ်။
တစ်နေ့မှာတော့ သူနဲ့ ဦးရီးတော် နှစ်ဝမ်းကွဲလောက်တော်တဲ့ ဘုရင်ကြီးက သေဆုံးသွားတော့ သူ့ကို နန်းတင်ပေးခဲ့ပါတယ်။
ရိုးရိုးသားသား လယ်သမားမိန်းမ ဘဝကနေ ချက်ချင်း လက်ငင်း ဘုရင်မ ဖြစ်သွားတော့
ဘယ်လိုတွေအခက်ခဲတွေကြုံတွေရပြီး လင်မယားနှစ်ယောက်ပေါင်းပြီး ပြဿနာတွေရှင်းကြမလဲဆိုတာ ကြည့်ရှုအားပေးကြပါဦး။

ဇာတ်ကားလင့်
https://t.me/c/3720230171/35

Channel Join ရန်လင့်
https://t.me/+ZnuG4sa5qNYwMzNl

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
ParaNorman (2012)
IMDb – 7.0/10_Rotten – 89%
 
ီကားလေးဟာ မက်ဆာချူးဆက်ပြည်နယ်ရဲ့  မြို့ဟောင်းတစ်ခုကို အခြေခံပြီးရိုက်ကူးထားတဲ့ သရဲဇတ်လမ်းကား တစ်ကားပါ…
အသက် ၁၁ နှစ်အရွယ် နော်မန် (Norman Babcock) ဆိုတဲ့ ကောင်လေးကတော့ အဓိကဇတ်ကောင်နေရာကနေပါဝင်ထားပါတယ်…
နော်မန့်မှာ မွေးရာပါစွမ်းရည်တစ်ခု လက်ဆောင်ရထားပါတယ်…
အဲ့ဒါကတော့ သေဆုံးသွားတဲ့ဝိညဉ်တွေကို မြင်တွေ့နိုင်ပြီး စကားပြောနိုင်တာပါ…
သူမြင်တွေ့နေရတာတွေကို ဘယ်သူမှ မမြင်တဲ့အတွက် အရူးတစ်ယောက်လို သတ်မှတ်ခံထားရပါတယ်…
သူ့မိသားစုကကတောင် သူ့ကိုမယုံပါဘူး…
သူတို့မြို့လေးမှာ စုန်းမတစ်ယောက်ရဲ့ကျိန်စာအကြောင်း ပုံပြင်ဇာတ်လမ်းလေးရှိနေခဲ့ပါတယ်…
ဒါပေမယ့် အဲ့ဒီ ဇာတ်လမ်းမှာ အမှန်တကယ်ရှိနေခဲ့ပါတယ်…
နောက်ပြီး အဲ့ဒီမြို့လေးကလူတွေအားလုံးရဲ့ကံကြမ္မာနဲ့သက်ဆိုင်နေပါတယ်…
 
ဒီလိုနဲ့ တစ်နေ့မှာ ဝိညဉ်တွေနဲ့ စကားပြောဆိုနိုင်တဲ့ နော်မန့်ဆီကို စုန်းမရဲ့ကျိန်စာကိုရပ်တန့်ပေးဖို့
ရုတ်တရက်တာဝန်တစ်ခုပေးခြင်း ခံလိုက်ရတဲ့ အခါမှာတော့…..
နော်မန်တစ်ယောက် စုန်းမရဲ့ ကျိန်စာကို ရပ်တန့်နိုင်ပြီး လူတွေအားလုံးကို ကယ်တင်နိုင်မှာလား…
စုန်းမကရော ဘယ်လိုအဆုံးသတ်သွားမလဲ ဆိုတာတွေကိုတော့ ဆက်လက်ရှုစားကြပါဦးလို့….
ဒီကားလေးဟာ ပထမဆုံး အရုပ်သေးသေးလေးတွေ နဲ့ stop-motion 3D နည်းပညာကို သုံးထားတဲ့ Animation ကား တစ်ကားဖြစ်ပါတယ်…
ရုပ်ရှင်ကားကို အင်မတန်လက်ဝင်တဲ့ လူရုပ်သေးသေးလေးတွေ၊အဆောက်အဦးသေးသေးလေးတွေလုပ်ပြီး ရိုက်ကူးထားတာပါ…
ဘယ်လိုဖန်တီးရိုက်ကူးထားသလဲဆိုတာကို YouTube ကနေ ရှာဖွေကြည့်ရှုနိုင်ပါတယ်…
IMDb rating 7.0/10 အထိရထားလို့ ကားကောင်းတစ်ကားဆိုတာ အထူးပြောစရာမလိုတော့ပါဘူး…အားပေးကြပါဦး

ဇာတ်ကားလင့်
https://t.me/c/3720230171/15

Channel Join ရန်လင့်
https://t.me/+ZnuG4sa5qNYwMzNl

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1