Animation World
126K subscribers
258 photos
119 videos
377 links
ကြော်ငြာထည့်သွင်းလိုပါက Admin Acc @SGPH_Myanmar
Download Telegram
Coraline (2009)

သည်းထိတ်ရင်ဖို လျှို့ဝှက်ဆန်းကြယ် ကာတွန်းကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ…

လူကြီးမင်းတို့ရဲ့ မျက်လုံးကိုဖယ်ထုတ်ပြီး
ကြယ်သီးတွေအစားထိုးတပ်ခံထားရတဲ့ ခံစားချက်မျိုး ခံစားဖူးပါသလား ?
မခံစားဖူးရင် ဇာတ်လမ်းအကျဉ်းချုပ်လေးဆီသွားရအောင်
တကယ်တော့ ဒီဇာတ်ကားလေးဟာ ကျွန်တော်တို့ရဲ့ ငယ်ဘဝမှာ
ရင်ထဲထိအမြဲတမ်းစွဲကျန်စေခဲ့တဲ့ ကာတွန်းရုပ်ရှင်ကားလေးတစ်ကားလည်းဖြစ်ပါတယ်…
ဒီဇာတ်ကားလေးမှာ ကိုရာလိုင်း (Coraline) ဆိုတဲ့ကလေးမလေးက
အဓိကသရုပ်ဆောင်ထားပါတယ်…
စူးစမ်းလိုစိတ်အပြည့်နဲ့ သတ္တိရှိတဲ့ ကောင်မလေးတစ်ယောက်အဖြစ်နဲ့ပေါ့…
သူမရဲ့မိဘတွေနဲ့ကတော့ အဆင်မပြေပါဘူး အလုပ်ကိုသာလုပ်နေကြတဲ့
ကိုရာလိုင်းရဲ့မိဘတွေဟာ သားသမီးကို ဂရုမစိုက်နိုင်တဲ့အတွက် သူတို့ကြားမှာ
အဆင်မပြေမှုလေးတွေရှိနေခဲ့ပါတယ်…

တစ်နေ့သူတို့မိသားစုဟာ အိမ်အသစ်ဆီကိုပြောင်းရွှေ့လာခဲ့ရပါတယ်…
ထုံးစံအတိုင်း ကိုရာလိုင်း ကတော့ တစ်ယောက်တည်းပဲပေါ့…
ဒီလိုနဲ့ တစ်နေ့မှာ အိမ်ရဲ့တစ်နေရာက မှော်ဝင်တံခါးပေါက်တစ်ခုကို
တွေ့သွားခဲ့တဲ့အချိန်ကစပြီး ဇာတ်လမ်းစပါပြီ…
ဒီမှော်ဝင်တံခါးပေါက်ရဲ့တစ်ဖက်မှာ ဘာတွေရှိနေမလဲ ??
စူးစမ်းတတ်ပြီး သတ္တိရှိတဲ့ ကိုရာလိုင်းတစ်ယောက် ဘာတွေဖြစ်လာမှာလဲ ??
ဆိုတာတွေကိုတော့ စိတ်ဝင်တစားနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်…
IMDb rating 7.7/10 ထိ ရရှိထားတဲ့ ဒီကာတွန်းရုပ်ရှင်လေးဟာ
ဘယ်လောက်ထိကောင်းတယ်ဆိုတာကိုတော့ အထူးတလည်ညွှန်းစရာ
မလိုတော့ဘူး ထင်ပါတယ်..
အော်စကာဆုအတွက် ဆန်ခါတင်စာရင်းမှာပါခဲ့တဲ့အပြင်
ဆုတော်တော်များများကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်…
မိဘနဲ့သားသမီးတွေရဲ့ကြားက လိုအပ်ချက်လေးတွေကို
ဘယ်လိုဖြည့်ဆည်းရမယ်ဆိုတာကိုလည်း
ဒီဇာတ်ကားလေးက ညွှန်ပြပေးသွားပါတယ်…
လက်မလွတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး
လေကြောရှည်နေပြီ ဖြစ်တဲ့အတွက် အားပေးခံစားကြည့်ရှုပေးကြပါဦး…

ဇာတ်ကားလင့်
https://t.me/c/2186686827/480

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
4
The Guardian Brothers (2016)

အချောချောတွေနဲ့ ………..နတ်သားလေး၂ယောက်ဟာတကယ်ပဲ
လူတွေရဲ့စိတ်ကိုပြောင်းလဲအောင်လုပ်နိုင်မလား ဘယ်လိုအန္တရယ်ဆိုးတွေနဲ
့ရောကြုံရမလဲဆိုတာတော့ ပရိတ်သတ်ကြီးရေ
ကြည့်လိုက်ပါဦးလို့……. ဒီဇတ်ကားလေးကိုကြည့်ရင်း
အာရုံကိုလွှမ်းမိုးလာတာက ဖတ်ဖူးခဲ့တဲ့ သာသနာသက္ကရာဇ်နဲ့ဆိုင်တဲ့အကြောင်းလေးပါပဲ
သာသနာသက္ကရာဇ် ၃ဝဝဝကျော်ခဲ့ရင် လူတွေဟာ
အယူအဆလွဲမှားမှုတွေနဲ့ ပျက်ကိန်းဆိုက်မယ်လို့ ဆိုထားတာပါ ဒီဇတ်ကားလေးထဲမှာ
ဆိုရင်လူတွေဟာ ခတ်မှီစက်ကိရိယာတွေ နည်းစနည်တွေ
စည်းကမ်းတွေလွှမ်းမိုးမှုအောက်
မှာ ပျော်မွေ့နေလေတော့ ဘာသာရေးလိုက်စားမှု ဆိုတာမရှိသလော
က်ဖြစ်နေတယ် ဇတ်ကားကျောရိုးက ပိုပိုသာသာလေးပြထားတယ်ဆိုပေမဲ့
ကျွန်တော်တို့မျက်မှောက်ခေတ်
အပြင်လောကနဲ့ဆက်စပ်ကြည့်တော့
တော်တော်လေးလည်းမှန်နေတယ် ကောင်းမွန်တဲ့နိမိတ်ပြဇတ်ကားလေးလို
့တောင်ဆိုရမယ်ထင်တယ် ကိုင်းရေးတာလည်းရှည်ပြီဗျာ ခံစားကြည့်လိုက်ပါဦးလို့

ဇာတ်ကားလင့်
https://t.me/c/2186686827/481

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
4👍1
Riverdance: The Animated Adventure (2021)

ချစ်စရာ ကာတွန်းကားလေးတစ်ခုတင်ဆက်ပေးထားပါတယ်။ Magical Fantasy အမျိုးအစားပါပဲ။ ကီဂန်ဆိုတဲ့ကောင်လေးဟာ ငယ်ငယ်လေးကတည်းက မိဘမရှိလို့ အဖိုးနဲ့အဘွားက မွေးစားထားခဲ့ရတာပါ။ သူ့ရဲ့အဖိုးကတော့ မီးပြတိုက်စောင့်တဲ့အလုပ်ကိုလုပ်ပါတယ်။ ပြီးတော့ အဘိုးကအမြဲပြောတယ်၊ မီးပြတိုက်ရဲ့အလင်းရောင်ဟာ အမှောင်ထုကြီးကို သယ်ဆောင်လာမယ့် မုဆိုးကြီးကို အမြဲဟန့်တားပေးနေတဲ့ အရာပါပဲတဲ့။ မီးပြတိုက်အလင်းရောင်သာ မရှိတော့ရင် မုဆိုးကြီးဟာ မှော်သမင်ကြီးတွေကို လိုက်ဖမ်းလိမ့်မယ်၊ မှော်သမင်ကြီးတွေသာ မရှိတော့ရင် မြစ်တွေလည်း ရေတွေခန်းခြောက်ပြီး သက်ရှိတွေအားလုံး ဒုက္ခရောက်ကြလိမ့်မယ်တဲ့။ ကီဂန်လေးက ဒါကို ပုံပြင်လိုပဲ သဘောထားပြီး မယုံခဲ့ပေမဲ့ တစ်နေ့မှာတော့ အဘိုးကိုယ်စား မီးပြတိုက်ကို မီးထွန်းဖို့ ပျက်ကွက်ခဲ့တဲ့အခါ….
အကအလှလေးတွေ ရယ်စရာလေးတွေနဲ့ ချစ်စရာကောင်းတဲ့ ကာတွန်းရုပ်ရှင်ဖြစ်လို့ ကလေးရော လူကြီးရော သဘောကျကြမယ်ထင်ပါတယ်

ဇာတ်ကားလင့်
https://t.me/c/2186686827/483

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
လီလိုနှင့်စတစ်ချ် (၂၀၂၅)
 
ဒီဗားရှင်းကတော့ Webdl ကြည်တောက်ရှင်း ဗားရှင်းပါ။ ဒါပေမဲ့ official release မဟုတ်တော့ စာတန်းထိုးတော့ မရှိသေးပါဘူး။
ဟာဝိုင်အီလေသံတွေမို့ ခက်ပေမဲ့ နားထောင်ပြီး ရသလောက် ပြန်ပေးထားပါတယ် 95% လောက်တော့ ကောင်းကောင်းပါပါတယ်။
နောက် 4K ကျမှ 100% စာတန်းထိုးရပါလိမ့်မယ်။ မစောင့်နိုင်ရင် ကြည့်လို့ရပါပြီ။ ဖိုင်နယ်ဗားရှင်းကတော့ ဇူလိုင်လကုန်မှ ထွက်မှာပါ။
အားလုံးကြိုက်ခဲ့ကြတဲ့ Disney ရဲ့ နာမည်ကြီး ကာတွန်းဇာတ်လမ်းတွဲ Lilo & Stitch ကတော့ Live action အဖြစ်ထွက်လာပါပြီ။
ပုံမှန် live action ရိုက်ရင် Fail နေကျ Disney က ဒီကားမှာတော့ ရုံတင်ဝင်ငွေကောင်းတစ်ခုနဲ့ Rating ကောင်းကောင်းတွေရထားပြီး အောင်မြင်နေပါတယ်။
Hangover 1,2,3 ထဲက နာမည်ကြီး ဟာသမင်းသား Zach Galifianakis ကလည်း ပါဝင်အားဖြည့်ထားပြီး၊
လီလိုအဖြစ် ကလေးသရုပ်ဆောင်ရွေးထားတာကလည်း မူလကာတွန်းထဲကအတိုင်း Casting ပိုင်းအတော်လေးအဆင်ပြေပါတယ်။
ငယ်ဘဝကကြည့်ခဲ့တဲ့အတိုင်း ဇီဝစမ်းသပ်ချက်လုပ်ရင်း ဓာတ်ခွဲခန်းကနေဖန်တီးပြီးထွက်လာတဲ့ စတစ်ချ်ဆိုတဲ့ ဂြိုလ်သားလေးက ကမ္ဘာမြေပေါ်ကျလာပြီး
သူငယ်ချင်းအရမ်းလိုချင်နေတဲ့ ဟာဝီုင်အီသူ လီလိုနဲ့ သွားတွေ့ပြီး သံယောဇဉ်တွယ်သွားပါတယ်။
ဒါပေမဲ့ စတစ်ချ်ကို လိုက်ဖမ်းနေတဲ့ မိခင်ဂြိုလ်ကအေးဂျင့် ၂ ယောက်လည်း ကမ္ဘာမြေပေါ်ရောက်လာတော့ ဘာတွေဆက်ဖြစ်သွားမလဲကြည့်ရမှာဖြစ်ပါတယ်။

ဇာတ်ကားလင့်
https://t.me/c/2578237825/44

Channel Join ရန်လင့်
https://t.me/+9IMX0_YYHvRiNzY1

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
3👏2❤‍🔥1🥰1
လူသူမနီးတဲ့ ထူးခြားဆန်းပြားတဲ့ သုခဘုံ ကျွန်းငယ်လေးတစ်ခုပေါ်မှာ အင်္ဂါလို့ခေါ်တဲ့ဖော်ရွေတဲ့ငှက်လေးတစ်ကောင်ဟာ သူ့သူငယ်ချင်းတိရိစ္ဆာန်လေးတွေနဲ့ နေထိုင်ကြပါတယ်။ ဒါပေမဲ့ အင်္ဂါတစ်ကောင်ကတော့ ကမ္ဘာကြီးကိုရှာဖွေဖော်ထုတ်ဖို့ သူ့အိမ်မက်ကိုမစွန့်လွှတ်နိုင်ခဲ့ပါဘူး။ ပြင်းထန်လှတဲ့မုန်တိုင်းအပြီးမှာ အင်္ဂါနဲ့သူ့သူငယ်ချင်းတွေဟာ ကမ်းခြေမှာထူးဆန်းတဲ့ ရော်ဘင်ဆင်ခရူးဆိုးလို့ သတ္တဝါတစ်ကောင်ကိုတွေ့ရှိခဲ့ပါတယ်။ အင်္ဂါကချက်ချင်းပဲ ခရူးဆိုးကိုသူကျွန်းပေါ်ကထွက်ခွာဖို့လမ်းစလို့မြင်ခဲ့ပြီး ခရူးဆိုးကလဲ အင်္ဂါနဲ့သူ့သူငယ်ချင်းတိရိစ္ဆာန်တွေကို ဒီကျွန်းပေါ်မှာအသက်ရှင်ဖို့အဓိကကျတယ်လို့မြင်ခဲ့ပါတယ်။ သို့ပေမဲ့ လူသားဆိုတာကိုမသိတဲ့ တိရိစ္ဆာန်တွေနဲ့နေရတာတော့ လွယ်ကူတာမဟုတ်ခဲ့ပါဘူး။ တဖြည်းဖြည်းနဲ့ သူတို့အားလုံးအတူတကွ ယှဉ်တွဲနေထိုင်လာခဲ့ကြပါတော့တယ်။တစ်နေ့မှာတော့ ကျွန်းကိုသိမ်းပိုက်ချင်တဲ့ ရက်စက်တဲ့ကြောင်နှစ်ကောင်နဲ့တွေ့ပြီး သူတို့ရဲ့ငြိမ်းချမ်းတဲ့ဘဝလေးက အလှည့်အပြောင်းဖြစ်ခဲ့ပါတယ်။ ကြောင်တွေနဲ့ သူငယ်ချင်းတစ်စုအကြားတိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ပြီး ခရူးဆိုးနဲ့ သူ့ရဲ့တိရိစ္ဆာန်တစ်စုတို့ဟာ မိတ်ဆွေစစ်တို့ရဲ့ စွမ်းအားအစစ်အမှန်ကိုရှာဖွေတွေ့ရှိခဲ့ပြီး အားလုံးကိုတွန်းလှန်လိုက်ပါတော့တယ်…

The Wild Life (2016)

ဇာတ်ကားလင့်
https://t.me/c/2186686827/484

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
3
နဂါးထရိန်းနည်း (၂၀၂၅)

2010 တုန်းက အရမ်းအောင်မြင်ခဲ့တဲ့ ကာတွန်းရုပ်ရှင်ကို လူတွေနဲ့ ပြန်ရိုက်ကူးထားတာပါ။ HDrip အဆင့်ကြည်ပြီမို့ တင်ပေးထားလိုက်ပါတယ်။ စာတန်းထိုးမထွက်သေးတော့ ဘာသာပြန်ကတော့ နားထောင်ရသလောက်ပါပဲ။ CM ကတင်တာဆိုတော့ လိုင်းပေါ်က ကြုံရာခိုးရိုက်တွေထက်တော့ ပိုကြည်ပြီး ဘာသာပြန်မှန်ပါတယ်။
ကာတွန်းကနေ လူကို ကူးပြောင်းတဲ့နေရာမှာ စနိုးဝှိုက်လို ခွက်ခွက်လန်တာမျိုးတွေရှိသလို ဒီရုပ်ရှင်လိုပဲ မူရင်းအတိုင်း ကောင်းနေတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒါဟာ DreamWorks Animation ရဲ့ ပထမဆုံး Live Action ဖြစ်ပြီး ထုံးစံအတိုင်း ဒစ္စနေးကို ဖြတ်ရိုက်လိုက်သလိုပါပဲ။
မူလဒါရိုက်တာ Dean DeBlois ကပဲ ရိုက်ကူးထားတာပါ။ မင်းသားကြီး Gerard Butler က မူလကာတွန်းမှာ သရုပ်ဆောင်ခဲ့တဲ့အတိုင်း ဒီကားမှာလည်း စတိုးရစ်နေရာကနေ ပြန်ပါဝင်ထားပါတယ်။ The Black Phone မင်းသား Mason Thames ကတော့ ဟစ်ကပ် နေရာကို ပီပီပြင်ပြင် သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကျဉ်း
ဘာ့ခ်ဆိုတဲ့ ဗိုက်ကင်းရွာလေးဟာ နဂါးတွေနဲ့ စစ်ဖြစ်နေခဲ့တာ ကြာပါပြီ။ ဦးရာလူဆော်စတမ်း အပြန်အလှန်ချနေကြတာပါ။ ခေါင်းဆောင်ကြီး စတိုးရစ်က နဂါးတွေကို ကောင်းကောင်းတိုက်ခိုက်နိုင်သလောက် သူ့ရဲ့သား ဟစ်ကပ်ကိုတော့ တစ်ရွာလုံးက အထင်မကြီးကြပါဘူး။
ပန်းပဲဖိုမှာနေရင်း တီထွင်တာတွေပဲ လျှောက်လုပ်နေတတ်တဲ့ ငကြောက်လေးအဖြစ်မှတ်ထားကြတာပေါ့။ တစ်နေ့မှာတော့ ဟစ်ကပ်ဟာ နဂါးတွေထဲမှာ အကြမ်းဆုံးဖြစ်တဲ့ နိုက်ဖြူရီကို ပစ်ချလိုက်မိပါတယ်။
နောက်တော့မှ နိုက်ဖြူရီနဲ့ သူငယ်ချင်းတွေ ဖြစ်လာပြီး အတူတူ လေပေါ်ပျံကြတဲ့အထိ ရင်းနှီးလာကြပါတယ်။ နဂါးတွေနဲ့ ဗိုက်ကင်းတွေကြားမှာ နားလည်မှုယူဖို့ ကြိုးစားပေမဲ့ မအောင်မြင်ဘဲ တိုက်ပွဲကြီးဖြစ်လာတဲ့အခါ ဟစ်ကပ်နဲ့ သူငယ်ချင်းတွေ ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ကြည့်ရမှာပါ။

ဇာတ်ကားလင့်
https://t.me/c/2578237825/47

Channel Join ရန်လင့်
https://t.me/+9IMX0_YYHvRiNzY1

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
7❤‍🔥1🥰1🙏1
Wonder Park (2019)

ဒီကာတွန်းကားလေးကတော့ အံ့သြဖွယ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ ဝမ်းဒါးလန်းဆိုတဲ့

ပန်းခြံလေးအကြောင်း တင်ဆက်ထားတာပဲဖြစ်ပါတယ်

ဂျွန်ဘယ်လီဆိုတဲ့ကလေးမလေးက စိတ်ကူးပုံဖော်တဲ့နေရာမှာ

အရမ်းကို ဉာဏ်ကောင်းပြီး အိုင်ဒီယာအသစ်အဆန်းတွေထွက်တတ်ပါတယ်

သူ့အမေရယ် သူ့မျောက်ကလေး ပီးနပ်ရယ်နဲ့ ကစားကွင်းကြီးဖန်တီးတိုင်း တူတူဆော့နေကြပါပဲ

ကစားကွင်းပုံစံငယ်လေးတောင် အိမ်မှာဆောက်ထားတဲ့အထိ ခိုင်ခိုင်မာမာစွဲနစ်ဆော့ခဲ့တာပါ

ဒါပေမယ့်တစ်နေ့မှာတော့ သူ့မိခင်နေမကောင်းတဲ့အတွက် အဝေးမှာ ဆေးကုသမှုခံယူရပါတော့တယ်

အဲဒီအခါမှာပဲ သူ့အမေကိုဆုံးရှုံးရမှာကြောက်စိတ်နဲ့ ပန်းခြံကိုလည်းဂရုမစိုက်နိုင်

မဆော့နိုင်ဘဲ ပစ်ထားလိုက်မိပါတော့တယ်

စိတ်ကူးထဲကကစားကွင်းလေးဆိုပေမယ့် အမှတ်မထင် အဲဒီကစားကွင်းက အပြင်မှာရှိနေခဲ့မှန်း..

သူ့အရုပ်လေးတွေ အသက်ရှိနေခဲ့မှန်းကို သူသိသွားခဲ့ရပြီး ကစားကွင်းကြီးပျက်စီးတော့မယ့်ကိန်း

သူ့အရုပ်လေးတွေ သေရတော့မယ့်ကိန်း ဆိုက်နေတာကိုလည်း သူမြင်တွေ့လိုက်ရပါတော့မယ်

ဘာတွေဖြစ်နေမှန်းမသိဘဲ ဒီကစားကွင်းကြီးတစ်ခုလုံးကို

သူ့အနေနဲ့ ပြန်လည်ကယ်တင်ရပုံကို ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်

ကာတွန်းကားဆိုပေမယ့် အချိတ်အဆက်မိမိနဲ့ သူငယ်ချင်းသံယောဇဉ်တွေ

ယုံကြည်မှုတွေ ချစ်ခြင်းမေတ္တာတွေကိုပါ ထည့်ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်

ဇာတ်ကားလင့်
https://t.me/c/2186686827/485

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
2❤‍🔥1🥰1
Madagascar 1 (2005)

ဒီတစ်ခါတော့ 2005 ခုနှစ်က ထွက်ခဲ့တဲ့ Madagascar ဆိုတဲ့ အမေရိကန် ကာတွန်းကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်
Adventure comedy အမျိုးအစား ကာတွန်းကားလေးပါ
မာတီဆိုတဲ့ မြင်းကျားလေးရယ်အဲလက်စ်ဆိုတဲ့ ခြင်္သေ့ရယ် မယ်လ်မန်းဆိုတဲ့ သစ်ကုလားအုတ်ရယ် ဂလော်ရီရာဆိုတဲ့ ရေမြင်းမလေးရယ်
သူတို့ ၄ ကောင်က အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်ထားပါတယ်
သူတို့ လေးကောင်ဟာ နယူးယော့ခ်တိရစ္ဆာန်ရုံက တိရစ္ဆာန်လေးတွေပါ
တိရစ္ဆာန်ရုံထဲမှာပဲ သူတို့ ဘဝကို နှစ်မြှုပ်ထားရင်း သာယာပျော်ရွှင်နေကြတဲ့ အချစ်ဆုံး သူငယ်ချင်း ၄ ယောက်ပေါ့
တစ်နေ့မှာ တိရစ္ဆာန်ရုံက ပင်ဂွင်း ၄ ကောင်က အန္တာတိကတိုက်ကို ထွက်ပြေးဖို့ ကြိုးစားနေကြတာကို မြင်းကျားလေးမာတီ တွေ့လိုက်ရာကငါတို့လည်း အရိုင်းတောထဲမှာ တောရိုင်းသတ္တဝါတွေနဲ့ သွားနေရင် ပျော်စရာကောင်းမယ်လို့ သူအတွေးရသွားပါတော့တယ်
သူ့မွေးနေ့မှာ ကျန်တဲ့ သူငယ်ချင်း ၃ ယောက်က မွေးနေ့လုပ်ပေးပြီး လက်ဆောင်တွေ ပေးကြပေမဲ့ သူမပျော်တော့ပါဘူး
အကျိုးအကြောင်းမေးမှ သူရှင်းပြလိုက်တော့ အကုန် အံ့သြပြီး မဖြစ်နိုင်တဲ့အကြောင်း ပြောကြပါတယ်
မာတီကတော့ စိတ်ဓာတ်ကျပြီး သူတို့ အိပ်သွားတဲ့အချိန်မှာ တစ်ယောက်တည်း ထွက်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ် သူထွက်သွားတာကိုတရေးနိုး အပေါ့သွားတဲ့ မယ်လ်မန်းက သိသွားပြီး အဲလက်စ်နဲ့ ဂလော်ရီရာကို ပြောပြလိုက်ပါတယ် ဒီလိုနဲ့ သူတို့တွေ မာတီ့နောက်ကို လိုက်ရင်းလူတွေ မိသွားတဲ့အခါ တိရစ္ဆာန်ရုံပြောင်းခံရပါတော့တယ်
အဲမှာ သူတို့အချင်းချင်း သူ့ကြောင့် ငါ့ကြောင့် စကားများရန်ဖြစ်ရင်း လမ်းမှာ သင်္ဘောပေါ်က ပြုတ်ကျပြီး လူသူမရှိတဲ့ ကျွန်းတစ်ကျွန်းကို ရောက်သွားပါတော့တယ် အဲကျွန်းမှာ သူတို့ ဘာတွေနဲ့ ရင်ဆိုင်ရမှာလဲ
သူတို့သူငယ်ချင်း ၄ ယောက်ရော အရင်လို ချစ်ချစ်ခင်ခင်နဲ့ ရှိပါတော့မလား ကြုံလာတဲ့အခက်အခဲတွေကိုရောရင်ဆိုင်ဖြေရှင်းနိုင်ပါ့မလား
သူတို့အိမ်ဖြစ်တဲ့ နယူးယော့ခ်ကိုရော ပြန်နိုင်ပါ့မလားဆိုတာတော့ ဇာတ်လမ်းလေးကို ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါ
IMDB rating 6.9 ထိရထားတဲ့ ကာတွန်းလေးမို့ ကာတွန်းချစ်ပရိသတ်တွေ လက်မလွတ်သင့်တဲ့ဇာတ်ကားကောင်းလေးပါ
ပျော်ပျော်ရွှင်ရွှင်ဇာတ်ဝင်ခန်းလေးတွေနဲ့ အတူ ရယ်စရာဟာသလေးတွေရော နှောထားလို့ ကြည့်နေရင်း မပျင်းရမယ့် ဇာတ်ကားလေးပါလို့ ညွှန်းပေးပါရစေ

ဇာတ်ကားလင့်
https://t.me/c/2186686827/87

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
4
Madagascar: Escape 2 Africa (2008)

ဒီတစ်ခါတော့ ပရိတ်သတ်တွေအတွက် ၂၀၀၈ ခုနှစ်ကထွက်ရှိခဲ့တဲ့

Animation ကားကောင်းလေးတစ်ကားတင်ပေးလိုက်ပါတယ်။

Madagascar လို့ပြောလိုက်တာနဲ့ တလွဲတွေလုပ် ဟာသတွေဖြစ်နေတတ်တဲ့ ခြင်္သေ့ကြီး Alex နဲ့ သူ့သူငယ်ချင်းတွေဖြစ်ကြတဲ့

မြင်းကျား Marty သစ်ကုလားအုတ် Melman နဲ့ ရေမြင်းမကြီး Gloria တို့ကိုပြေးမြင်မိကြဦးမှာပါ

Alex နဲ့သူ့သူငယ်ချင်းတွေဟာ

သူတို့ရဲ့အိမ်ဖြစ်တဲ့ New York’s Central Park Zoo ကိုပြန်ဖို့ကြိုးစားနေကြတုန်းပါ

ဒါပေမဲ့ New York ကိုပြန်ရောက်ဖို့ Africa က နေခက်ခက်ခဲခဲ ကြိုးစားခဲ့ပုံလေးကို
ချစ်စရာဟာသဆန်ဆန်ဖြင့် တိရစ္ဆာန်လေးတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်

ဇာတ်ကားလင့်
https://t.me/c/2186686827/88

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/IimKBC7CDnRlNzY9
1🥰1
Mr.Robot (2025)
****

K-Robot Industry ကိုယ်စားလှယ်တစ်ယောက်ဖြစ်တဲ့ ဂန်ဟျော့ဟာ စက်ရုပ်တွေကို တီထွင်ဖန်တီးရင်းနဲ့
အချိန်ကုန်ကာ ကိုယ့်မိသားစုအတွက် အချိန်‌မပေးနိုင်ခဲ့သူပါ။  ဂန်ဟျော့ရဲ့ သမီးဖြစ်သူ ဂန်နာနာဟာလည်း
တစ်နှစ်မှ တစ်ခါလောက် အိမ်ပြန်လာတဲ့ အမေနဲ့ အမြဲ မအားမလပ်ဖြစ်နေတဲ့ အဖေတို့ကြောင့် အိမ်ကြီးထဲမှာ
စက်ရုပ်တွေနဲ့ အထီးကျန်စွာ ဖြတ်သန်းနေရသူပေါ့။
တစ်နေ့ ဂန်ဟျော့က စက်ရုပ်အသစ်မိတ်ဆက်ပွဲကျင်းပရာ သူဖန်တီးထားတဲ့ စက်ရုပ် မက်စ်က Error တက်ပြီး
သူ့ကို လိုက်လံ တိုက်ခိုက်ရာက‌နေ အဲဒီပွဲမှာတင် သေဆုံးသွားပါတော့တယ်။ သို့ပေမဲ့ မက်စ် Error တက်သွားတာက
သမာရိုးကျ‌မဟုတ်ဘဲ ဂန်ဟျော့ရဲ့ နေရာကို လက်ဝါးကြီးအုပ်ချင်နေတဲ့ ညီဖြစ်သူ ဂန်မင်းကြောင့်ဆိုတာပါပဲ..
သို့ပေမဲ့ ဂန်နာနာကလည်း အတားအဆီးသဖွယ်ဖြစ်နေတာကြောင့် နာနာကိုပါ ရှင်းပစ်ဖို့ ကြံစည်လာတဲ့အချိန်…
တစ်ဖက်မှာလည်း ဂန်ဟျော့က စက်ရုပ် မက်စ်ခန္ဓာကိုယ်နဲ့ ပြန်လည်နိုးထလာခဲ့ပြီး နာနာကို ကာကွယ်ပေးဖို့လုပ်သလို
Error စက်ရုပ်တွေကို လိုက်နှိမ်နင်း‌နေတဲ့ စက်ရုပ်ထိန်းချုပ်ရေးဌာနကလည်း ရှိနေခဲ့ရာ…
ဂန်ဂျော့တစ်ယောက် စက်ရုပ်အနေနဲ့ ဂန်မင်းလက်ထဲကနေ သူ့သမီးလေးကို ကာကွယ်ပေးနိုင်သွားမှာလား..
သူကိုယ်တိုင်ရော စက်ရုပ်ထိန်းချုပ်ရေးဌာနလက်ထဲကရော လွတ်မြောက်နိုင်ပါ့မလား..
ချစ်စရာဇာတ်ကောင်လေးတွေနဲ့အတူ ပုံဖော်ထားတဲ့ ဒီဇာတ်လမ်းကောင်းလေးထဲမှာ ကြည့်ရှုလိုက်ပါဦးနော်။

ဇာတ်ကားလင့်
https://t.me/c/2855747185/2

Channel Join ရန်လင့်
https://t.me/+8r7HhAjKEww3NGZl

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
❤‍🔥33🥰2
Tamako Love Story [2014]

Movie လေးက အရမ်းရိုးရှင်းပြီး သဘောကျစရာကောင်းပါတယ် Japan  နိုင်ငံက  စျေးတစ်ခုဖြစ်ပုံရပါတယ်  ထိုစျေးကလူ တွေရဲ့စည်းလုံးပုံတစ်ဦးနဲ့တစ်ဦး ခင်မင်ပုံးလေးတွေကသ
ဘောကျစရာပါ ထားပါဒါက ဇာတ်လမ်းမဟုတ်သေးပါဘူး

ဇတ်လမ်းကတော့နမ်မည်အတိုင်းပါပဲ တမကိုဆိုတဲ့အမျိူးသမီးလေးတစ်ယောက်နဲ့မော်ချီဇူးဆိုတဲ့ကောင်လေး
တစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးပါသူတို့နှစ်ယောက်ဟာငယ်ငယ်
လေးထဲကအတူတူကြီးပြင်းလာပေမယ့်မိဘတွေရဲ့သွေးကွဲမှု့ကြောင့်တစ်
ဖတ်စီမှာဆန့်ကျင်ဘက်နေခဲ့ရပါတယ်

ဒီလိုနဲ့ကြီးပြင်းလာတဲ့အခါမှာတော့ ….မော်ချီဇူးက တိုကျိူက ကျောင်းတစ်ခုမှာပညာသွားသင်ဖို့ ဖြစ်လာပါတယ် ဒီအချိန်မှာမော်ချီဇူးက
တမကိုကိုချစ်နေတဲ့အကြောင်းဖွင့်ပြောလိုက်တဲ့အခါ ….
ဘာတွေဖြစ်လာမယ်ဆိုတာ ဆက်လက်ရှု့စားကြပါ

ဇာတ်ကားလင့်
https://t.me/c/2785243681/2

Channel Join ရန်လင့်
https://t.me/+QzEQSbiDw8VhM2Nl

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
2🥰2❤‍🔥1
This media is not supported in your browser
VIEW IN TELEGRAM
🔤🔤🔤🔤🔤 🔤🔤🔤🔤

🎉တောင်ပေါ်သားရှမ်းကိုးမီး၊ဘူကြီး
🎉Club 388 ၊ Shan world
🎉Bat man ၊ Live 22
တနေရာထဲ ဆော့ကစားချင်ရင်
ကျွန်မတို Lucky Star Online Game Service ဆီသို ဖိတ်ခေါ်ပါတယ်ရှင်

📌မန်ဘာအဖွဲဝင်ပေါင်းထောင်ကျော်
ဆော့ကစားနေသော ဂိမ်းဆိုဒ် ဖြစ်တဲ့အတွက်ကြောင့် ငွေထုတ်မပေးခြင်း ၊ဂိမ်းအကောင့်ပိတ်ခြင်းတို လုံးဝ မရှိပါရှင်။📌

📌ဝိုင်းပြောင်းမလား….ဒိုင်ရှာမလား
စိတ်ကြိုက်ဆော့ကစားနိုင်ပြီး
📌

➡️မန်ဘာကြေး 50 % ဘောနပ်
နေ့စဉ်ငွေသွင်းတိုင်း 10% ဘောနပ် ပေးထားလို့
👈

အပျော်ပဲကစားမလား အနိုင်ပိုင်းကစားမလား လက်ကြီးလက်သေးအားလုံးကို Lucky Star မှာလာကစားဖို့ဖိတ်ခေါ်ပါရစေရှင့်

🔽🔽ဆော့ကစားမယ်ဆိုရင်🔽🔽

📱 Viber / : 09404619565
               09420829575

📱Viber link >>>
https://msng.link/o?959404619565=vi

https://msng.link/o?959420829575=vi

📱Telegram link >>>
https://t.me/luckystar63

ကိုအခုပဲ ဆက်သွယ်မေးမြန်းလိုက်ပါရှင့်။
Please open Telegram to view this post
VIEW IN TELEGRAM
1
Ruben Brandt, Collector (2018)

Crime/Thriller
IMDb : 7.2/10
RottenTomatoes : 82%
Channel Myanmar : 7.2/10


သင်ဟာ now you see me တို့လို့ money heist တို့လို အဖွဲ့လိုက်လှုပ်ရှားတဲ့ မှုခင်းကားမျိုးကိုသဘောကျတယ်ဆိုရင်တော့ ဒီကားဟာ တကယ့်ကိုကြည့်သင့်တဲ့ကားပါပဲ ဒါ့အပြင် inceptionလိုမျိုး vibeလည်းခံစားရမှာပါ

ဇာတ်လမ်းရဲ့ animationပုံစံကနည်းနည်းတော့ ဆန်းတယ်ဗျ ဇာတ်လမ်းထဲက လူတွေဟာ မျက်နှာနှစ်ခုတွေ ပါးစပ်ငါးခုတွေ မျက်လုံးသုံးလုံးငါးလုံး two-dimensional တွေ စတဲ့ ပီကာဆိုရဲ့ပန်းချီကားတွေထဲကလိုခပ်ဆန်းဆန်းမြင်ရမှာပါ

ဘာလို့ဆို ဇာတ်လမ်းရဲ့ ဒါရိုက်တာဟာဘယ်အပိုင်းမှာပဲရပ်လိုက်ရပ်လိုက် ပန်းချီကားတစ်ချပ်ကြည့်ရသလို့ အရသာမျိုး တစ်ခုခုကြည့်စရာရှိနေစေချင်လို့ပါတဲ့ ပန်းချီကားမကြည့်တတ်တဲ့သူတောင် ငေးကြည့်နေရမယ့်ဇာတ်ကားမျိုးပါပဲ

ဒါ့အပြင် စုံထောက်စတိုင်တွေ actionတွေလည်း ခပ်မိုက်မိုက်အကွက်တွေနဲ့ ပါဝင်ပြီးဇာတ်လမ်းကို စိတ်ပညာလေးနဲ့ရောကာ တစ်ကားလုံးမငြီးငွေ့အောင်ဆွဲဆောင်သွားနိုင်တာက အသက်ပါပဲ Plotကတော့ ပန်းချီကား ၁၃ချပ်ကိုခိုးတဲ့အကြောင်းပါ

ဇာတ်ကားလင့်
https://t.me/c/2785243681/3

Channel Join ရန်လင့်
https://t.me/+QzEQSbiDw8VhM2Nl

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
3❤‍🔥1🥰1
Wolfwalkers [2020]

Family/Fantasy
IMDb : 8/10
RottenTomatoes : 99%
Film Affinity : 7.6/10

လူသားနဲ့ ဝံပုလွေကြားမှာတဲ့ တင်းမာတဲ့ ဆက်ဆံရေးတွေ ၊ မိန်းကလေးငယ်ငယ်လေး နှစ်ယောက်ရဲ့ခိုင်မာတဲ့ သံယောဇဉ် အကြောင်းလေး နဲ့ မိဘနဲ့ သားသမီး ကြားမှာရှိတဲ့ ချစ်ခြင်း မေတ္တာတို့ကို တစ်ခန်းနဲ့ တစ်ခန်း မရိုးသွားအောင် ရိုက်ပြထားတဲ့ကားလေးပဲ ဖြစ်ပါတယ်။

အေဒီ နှောင်းပိုင်းကာလမှာ လူသားတွေကဝံပုလွေကို အရမ်း မုန်းတီးနေကြပါတယ်။ မိန်းကလေးဆိုရင် အိမ်မှူ ကိစ္စပဲ လုပ်ရမယ်ဆိုတဲ့ ခေတ်ကြီးမှာ ရောဘင်လို့ ခေါ်တဲ့ ကလေးမလေးကသူ့အဖေနဲ့ အတူ ဝံပုလွေေတွေကို လိုက်သတ်ချင်တယ်။

အဲ့ဒါနဲ့ တစ်နေ့မှာ အဖေ့နောက် ခိုးလိုက်ရင်းတောထဲမှာ သူနဲ့အသက်သိပ်မကွာတဲ့ မေ့ဆိုတဲ့ ဝံပုလွေစောင့်ရှောက်သူနဲ့ ခင်သွားတယ်။ တစ်တိုင်းပြည်လုံးက ဝံပုလွေတွေကို မုန်းတီးနေတာကြောင့် အန္တရာယ်ကင်းအောင်ထွက်သွားဖို့မေ့ကပြောပါတယ်

အဲ့ဒီနောက် ရောဘင် လေးဟာ မမျှော်လင့်ဘဲသိလိုက်ရတာက မေ့ရဲ့အမေဟာပြန်မလာတော့ဘဲ ထူးဆန်းစွာနဲ့ပျောက်ဆုံးသွားပါတယ်…မနေနိုင်လွန်းတဲ့ ရောဘင်ဟာ မေ့ရဲ့ အမေကို ပြန်ရှာပေးဖို့ ကတိပေးလိုက်တယ်။ 

ဇာတ်ကားလင့်
https://t.me/c/2785243681/4

Channel Join ရန်လင့်
https://t.me/+QzEQSbiDw8VhM2Nl

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
❤‍🔥21🥰1
The Legend of Muay Thai: 9 Satra (2018)

Action,Adventure
IMDB : 7.3/10
Channel Myanmar : 7.3/10
Prime Video : 7.3/10

"မွေထိုင်းဒဏ္ဍာရီ:လက်နက်ကိုးပါး”
မွေထိုင်းတိုက်ကွက်တွေ မြင်တွေ့ရဦးမယ့် ထိုင်းanimation ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါဦးမယ်။

ဇာတ်လမ်းအကျဥ်းကိုပြောပြရရင်
ရာမသန်နာခွန်တိုင်းပြည်ကြီးကို ဒေဝယက္ခဦးဆောင်တဲ့ ယက္ခမျိုးနွယ်ကသိမ်းပိုက်လိုက်ပြီးနောက်မှာ ဇာတ်အိမ်တည်ထားပါတယ်။

ဒေဝယက္ခဟာ တန်ခိုးခွန်အားအလွန်အင်မတန်ကြီးတဲ့အတွက် သာမန်လူသားတွေအနေနဲ့ မလွန်ဆန်နိုင်တာမလို့ ရာမသန်နာခွန်တပ်တော်ဟာ စစ်ရှုံးခဲ့ပြီး ပြည်သူပြည်သားများလည်း ဒုက္ခအတိရောက်ခဲ့ရပါတယ်။

ဒီအခြေအနေမျိုးမှာ ‌ဒေဝယက္ခကိုတော်လှန်နိုင်မယ့် ဟောကိန်းတစ်ခုလည်းမွေးဖွားလာခဲ့ပါတယ်။

ဒါကတော့ နက္ခတ်ကောင်းတို့စုစည်းချိန်မှာ မွေးဖွားမယ့်ကလေးဟာ  မွေထိုင်းပညာနဲ့ လက်နက်တော်ကိုးပါးကိုအသုံးပြုပြီး ဒေဝယက္ခကိုကျရှုံးအောင် တော်လှန်မယ်ဆိုတာပါပဲ။

ဒီဟောကိန်းအမှန်တကယ်မဖြစ်လာဖို့အတွက် ဒေဝယက္ခဟာ မွေထိုင်းကျောင်းတော်တိုင်းကိုဖျက်ဆီးပြီး၊ နက္ခတ်ကောင်းတို့ စုစည်းချိန်မှာ မွေးတဲ့ကလေးတိုင်းကို ‌ဖမ်းဆီးကာထောင်သွင်း အကျဥ်းချထားပါတယ်။

ပြီးတော့ မှော်ဝင်လက်နက်တော်ကိုလည်းရှာဖွေကာ ဖျက်ဆီးဖို့ကြံပါတော့တယ်။

သို့ပေမဲ့ ရာမသန်နာခွန်ပြည့်ရဲ့ တော်ဝင်စစ်သူကြီးပန်ဟာ မှော်ဝင်လက်နက်တော်နဲ့ ကလေးငယ်တစ်ယောက်ကို ခေjါ်ဆောင်ကာ အဝေးတစ်နေရာကိုတိမ်းရှောင်သွားခဲ့ပါတယ်။

ဒါကတော့ ဒဏ္ဍာရီလေးရဲ့ နိဒါန်းပဲဖြစ်ပါတယ်။ ဒီလိုနဲ့နှစ်ပေါင်းများစွာအကြာမှာ ဒေဝယက္ခကို စိန်ခေါ်မယ့် မွေထိုင်းပညာရှင်လေးက ဘယ်သူများဖြစ်မလဲ

လက်နက်တော်ကိုးပါးကိုအသုံးချပြီး ဘယ်လိုအနိုင်ယူ တော်လှန်သွားမလဲဆိုတာတော့ ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ။

ဇာတ်ကားလင့်
https://t.me/c/2785243681/5

Channel Join ရန်လင့်
https://t.me/+QzEQSbiDw8VhM2Nl

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
7❤‍🔥2🥰1
This media is not supported in your browser
VIEW IN TELEGRAM
🔤🔤🔤🔤🔤 🔤🔤🔤🔤

🎉တောင်ပေါ်သားရှမ်းကိုးမီး၊ဘူကြီး
🎉Club 388 ၊ Shan world
🎉Bat man ၊ Live 22
တနေရာထဲ ဆော့ကစားချင်ရင်
ကျွန်မတို Lucky Star Online Game Service ဆီသို ဖိတ်ခေါ်ပါတယ်ရှင်

📌မန်ဘာအဖွဲဝင်ပေါင်းထောင်ကျော်
ဆော့ကစားနေသော ဂိမ်းဆိုဒ် ဖြစ်တဲ့အတွက်ကြောင့် ငွေထုတ်မပေးခြင်း ၊ဂိမ်းအကောင့်ပိတ်ခြင်းတို လုံးဝ မရှိပါရှင်။📌

📌ဝိုင်းပြောင်းမလား….ဒိုင်ရှာမလား
စိတ်ကြိုက်ဆော့ကစားနိုင်ပြီး
📌

➡️မန်ဘာကြေး 50 % ဘောနပ်
နေ့စဉ်ငွေသွင်းတိုင်း 10% ဘောနပ် ပေးထားလို့
👈

အပျော်ပဲကစားမလား အနိုင်ပိုင်းကစားမလား လက်ကြီးလက်သေးအားလုံးကို Lucky Star မှာလာကစားဖို့ဖိတ်ခေါ်ပါရစေရှင့်

🔽🔽ဆော့ကစားမယ်ဆိုရင်🔽🔽

📱 Viber / : 09404619565
               09420829575

📱Viber link >>>
https://msng.link/o?959404619565=vi

https://msng.link/o?959420829575=vi

📱Telegram link >>>
https://t.me/luckystar63

ကိုအခုပဲ ဆက်သွယ်မေးမြန်းလိုက်ပါရှင့်။
Please open Telegram to view this post
VIEW IN TELEGRAM
1
Rumble ( 2022 )

ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ကာတွန်းကားလေးကတော့“Rumble”ပဲဖြစ်ပါတယ် rumbleရဲ့ဇာတ်လမ်းအကျဉ်းကတော့နပန်းသတ်စူပါစတားချန်ပီယံတစ်ယောက်ဖြစ်တဲ့ တန်တက်ကူလာကပိုပြီးထင်ပေါ်ကျော်ကြားချင်တဲ့အတွက် သူရဲ့မွေးရပ်မြေကိုစွန့်ပစ်ခဲ့တယ်မြို့ရဲ့ကြယ်ပွင့်မရှိဘဲပရိတ်သတ်ကို ဆွဲဆောင်ဖို့မဖြစ်နိုင်တာကြောင့် မြို့တော်ဝန်က ယခင်ကကျော်ကြားခဲ့တဲ့ နပန်းနည်းပြတစ်ယောက်နာမည်ပေးထားတဲ့မြို့အားကစားရုံကိုဖျက်ပစ်ဖို့ ကြေငြာခဲ့ပါတယ် အဲ့ဒီအချိန်မှာ ယခင်နည်းပြဟောင်းရဲ့သမီးဖြစ်သူဝန်နီက အားကစားရုံ၊ သူတို့ရဲ့မြို့တော်နဲ့ အားကစားရုံမှာရှိနေတဲ့သူမအဖေရဲ့အမွေအနှစ်တွေကို ကယ်တင်ဖို့ စတီဗင်ဆိုတဲ့ အကကိုကြိုက်နှစ်သက်တဲ့မွန်းစတားတစ်ကောင်ရဲ့အကူအညီကိုရယူကာ ဘယ်လိုကကွက်ဆန်းတွေသုံးပြီးနပန်းသတ်ခိုင်းမလဲ ဒီအားကစားရုံကိုရော မြို့တော်ဝန်လက်ထဲကသူမပြန်ရမှာလား အကနဲ့နပန်းသတ်ချင်တဲ့စတိဗ့်တစ်ကောင်ရောဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်သွားရမလဲဆိုတာကိုစိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ်ဒီကာတွန်းက Monster on the Hill ကိုအခြေခံရိုက်ကူးထားပါတယ်

ဇာတ်ကားလင့်
https://t.me/c/2785243681/6

Channel Join ရန်လင့်
https://t.me/+QzEQSbiDw8VhM2Nl

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
2❤‍🔥1🥰1
Even Mice Belong in Heaven [2021]

Family/Adventure
IMDb : 6.7/10
RottenTomatoes : 100%

ထူးထူးခြားခြားအနေနဲ့ ဒီကားလေးကို ရုပ်သေရုပ်ဆက်ရိုက်ချက်(stop motion technique)နဲ့ ရိုက်ကူးထားတဲ့အတွက် ကြည့်ရတာဆန်းနေပါလိမ့်မယ်။

ဒီကားလေးမှာ ရဲစွမ်းသတ္တိရှိရမယ် ရှိတယ်လို့ အထင်​ရောက်​နေတဲ့ ကြွက်ကလေးတစ်ကောင်နဲ့ ဘုမသိဘမသိ ​ကောင်းကင်ဘုံကို ရောက်သွားရရှာတဲ့ မြေခွေးတစ်ကောင်ရဲ့ ဇာတ်လမ်းကို အခြေတည်ထားပါတယ်။

ကြွက်မလေးဟာ ရဲစွမ်းသတ္တိရှိတယ်လို့ ပြချင်တာနဲ့ပဲ မြေခွေးရဲ့ အမွှေးသွားဆွဲနှုတ်ရာကနေ ၂ ကောင်လုံး ကားတိုက်ခံရပြီး ​ကောင်းကင်ဘုံ ရောက်သွားကြတယ်။

ကောင်းကင်ဘုံ​ရောက်​ရောက်ချင်း ​ရေချိုးရမယ်ဆို​တော့ ဘယ်လောက်ပဲ ရဲစွမ်းသတ္တိရှိတယ်ပြောပြော ရေအသေကြောက်ကြတဲ့ ၂ ကောင်လုံးဟာ ​ကောင်းကင်ဘုံမှာ ပေါက်ကရတွေစဖြစ်ပါတော့တယ်။

မရောက်ဖူးတဲ့နေရာကလည်းဖြစ် ကြောက်ကလည်းကြောက်၊ မတည့်ကလည်းမတည့်နဲ့ ၂ ကောင်ပေါင်းလောင်းကျော်ပြီး သံယောဇဉ်တွေဖြစ်လာ၊ အခက်အခဲတွေ အတူတူဖြတ်ကျော်ပြီး နောက်ဘဝဆိုတာကို ဘယ်လိုတွေ အတူတူကူးဖြတ်ကြမလဲဆိုတာကို ကြည့်ရှုကြပါဦးလို့…။

ဇာတ်ကားလင့်
https://t.me/c/2785243681/7

Channel Join ရန်လင့်
https://t.me/+QzEQSbiDw8VhM2Nl

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
3❤‍🔥1🥰1
Early Man ( 2018 )
°°°°°°°°°°°°°
အခုတစ်ခါတော့ ၂၀၁၈ ခုနှစ်ထွက်ထားတဲ့ Early Man ဆိုတဲ့ ကျောက်ခေတ်ကာလကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ Animation ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ။

ဒီကားလေးကို ဒါရိုက်တာ Nick Park က ရိုက်ကူးခဲ့တာဖြစ်ပြီး Aardman Animation က နေထုတ်လုပ်ဖြန့်ချီထားတာဖြစ်ပါတယ်

ဒီကားလေးက ကျောက်ခေတ်ကာလကနေကြေးခေတ်ပြောင်းတဲ့ကာလမှာ
ကျောက်ခေတ်မှာ အေးဆေးနေခြင်တဲ့ ကျောက်ခေတ်လူသားလေး Dug က
သူ့အိမ်ကို အနှောက်အယှက်ပေး ဖျက်ဆီးမယ့် လူဆိုးကြီး Nooth ရဲ့ရန်ကနေကာကွယ်တာကို ရိုက်ကူးပြထားတာဖြစ်ပါတယ်

ဇာတ်ကားလေးကတော်တော် ကောင်းပြီး ဒီကားထဲမှာပါတဲ့ သီချင်းလေးတွေကလဲ တော်တော် ကောင်းပါတယ် ။

ဇာတ်ကားလင့်
https://t.me/c/2785243681/8

Channel Join ရန်လင့်
https://t.me/+QzEQSbiDw8VhM2Nl

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
2
This media is not supported in your browser
VIEW IN TELEGRAM
🔤🔤🔤🔤🔤 🔤🔤🔤🔤

🎉တောင်ပေါ်သားရှမ်းကိုးမီး၊ဘူကြီး
🎉Club 388 ၊ Shan world
🎉Bat man ၊ Live 22
တနေရာထဲ ဆော့ကစားချင်ရင်
ကျွန်မတို Lucky Star Online Game Service ဆီသို ဖိတ်ခေါ်ပါတယ်ရှင်

📌မန်ဘာအဖွဲဝင်ပေါင်းထောင်ကျော်
ဆော့ကစားနေသော ဂိမ်းဆိုဒ် ဖြစ်တဲ့အတွက်ကြောင့် ငွေထုတ်မပေးခြင်း ၊ဂိမ်းအကောင့်ပိတ်ခြင်းတို လုံးဝ မရှိပါရှင်။📌

📌ဝိုင်းပြောင်းမလား….ဒိုင်ရှာမလား
စိတ်ကြိုက်ဆော့ကစားနိုင်ပြီး
📌

➡️မန်ဘာကြေး 50 % ဘောနပ်
နေ့စဉ်ငွေသွင်းတိုင်း 10% ဘောနပ် ပေးထားလို့
👈

အပျော်ပဲကစားမလား အနိုင်ပိုင်းကစားမလား လက်ကြီးလက်သေးအားလုံးကို Lucky Star မှာလာကစားဖို့ဖိတ်ခေါ်ပါရစေရှင့်

🔽🔽ဆော့ကစားမယ်ဆိုရင်🔽🔽

📱 Viber / : 09404619565
               09420829575

📱Viber link >>>
https://msng.link/o?959404619565=vi

https://msng.link/o?959420829575=vi

📱Telegram link >>>
https://t.me/luckystar63

ကိုအခုပဲ ဆက်သွယ်မေးမြန်းလိုက်ပါရှင့်။
Please open Telegram to view this post
VIEW IN TELEGRAM
Only Yesterday (1991) ကတော့ Studio Ghibli က ထုတ်လုပ်တဲ့ ဂျပန် Animated, Drama လေးပဲဖြစ်ပါတယ်။

ပုံမှန် Animation ရုပ်ရှင်တွေက ကွဲလွဲနေတဲ့အချက်ကတော့ အရွယ်ရောက်ပြီးသူ အမျိုးသမီးတွေအတွက် ရည်ရွယ်ထားတဲ့ သရုပ်မှန် Drama လေးတစ်ပုဒ်ဖြစ်နေတာပါပဲ။

Box Office မှာလည်း အံ့သြစရာကောင်းလောက်အောင် အောင်မြင်ခဲ့ပြီးတော့ အရွယ်ရောက်ပြီးသူအမျိုးသား အမျိုးသမီးတွေက တခဲနက် အားပေးခဲ့ကြတဲ့အတွက် ဂျပန်နိုင်ငံမှာ ဝင်ငွေအများဆုံး ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။

IMDB Rating က 7.7 ရရှိထားပြီး Rotten Tomato 100% ထိရရှိထားပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ၁၉၈၂ ခုနှစ်မှာ အသက် ၂၇ နှစ် အရွယ် အိမ်ထောင်မရှိသေးတဲ့ Taeko Okajima က တိုကျိုမြို့မှာ တစ်သက်လုံး အခြေချနေထိုင်ခဲ့ပြီးတော့ အားလပ်ရက်မှာ ကျေးလက်ဒေသကို သွားပြီး လယ်အလုပ်သွားလုပ်ပါတယ်။

သွားတဲ့လမ်းတလျှောက်မှာ သူ့ရဲ့၁၀နှစ်အရွယ်က အကြောင်းတွေကိုပြန်တွေးမိရင်း အတိတ်နဲ့ပစ္စုပ္ပန်ကို တွဲပြီးတော့ ဂျပန်အမျိုးသမီးတွေရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ဖော်ပြထားပါတယ်။ ကြည့်ရတာ တန်မယ့်ကားဖြစ်မယ်ဆိုတာ သေချာပါတယ်။

ဇာတ်ကားလင့်
https://t.me/c/2785243681/9

Channel Join ရန်လင့်
https://t.me/+QzEQSbiDw8VhM2Nl

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
5🥰2❤‍🔥1