MT News _ Myanmar Transparency
23K subscribers
41.2K photos
2.1K videos
12.4K links
MT News _ Myanmar Transparency
Download Telegram
အာရှဖလား ဖိုင်နယ်ပွဲစဉ်နဲ့ စနေည ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

၁၀.၂.၂၀၂၄
Written by MMAK

ကာတာ Vs ဂျော်ဒန်

ဂျော်ဒန်အသင်းမှာ ဥရောပထွက်ကစားတဲ့ ကစားသမားဆိုလို့ ပြင်သစ်ကလပ် မောင့်ပယ်လီယာအသင်းရဲ့ တိုက်စစ်မှူး မူဆာ တဲမာရီ တစ်ယောက်သာ ရှိပေမဲ့ အုပ်စုအတွင်းမှာ တောင်ကိုရီးယားလို အသင်းကို သရေကန်နိုင်ခဲ့သလို ဆီးမီးဖိုင်နယ် ပွဲစဉ်မှာလည်း နှစ်ဂိုးပြတ် ထပ်အနိုင်ယူခဲ့ပြီး ဖိုင်နယ်တက်ခဲ့တာ ဖြစ်ပါတယ်။ ကာတာအသင်းကလည်း အိမ်ရှင်အသင်းဖြစ်သလို အာရှအင်အားကြီး အီရန်အသင်းကို အနိုင်ယူခဲ့ပြီး ဖိုင်နယ် တက်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ကာတာအသင်းက ပြားခြောက်ဆယ်အရှုံးပေးထားသလို ဂိုးပေါင်းကြေး နှစ်လုံး နှစ်ဆယ်အရှုံးပါ။ ဂျော်ဒန်အသင်းရဲ့ ခံစစ်ကနေ တန်ပြန်တိုက်စစ် ကူးပြောင်းတဲ့ နေရာမှာ တော်တော်ကောင်းတာတွေ့ရပါတယ်။ ဖိုင်နယ်ပွဲဖြစ်လို့ ဂိုးအောက်ကြိုက်နေတာဖြစ်ပေမဲ့ ရေနံသူဋ္ဌေးတွေရဲ့ ကာတာနိုင်ငံမှာ ကာတာအသင်းဖလားရဖို့ အဖက်ဖက်က ကြိုးစားလာမှာ ဖြစ်သလို ပွဲချိန်အတွင်းမှာတင် အိမ်ရှင်ကာတာအသင်း အနိုင်ရသွားမယ်လို့ ယူဆတာကြောင့် အိမ်ရှင်ကာတာ အသင်းကို ရွေးချယ်ပေးချင်ပါတယ်။

မန်စီးတီး Vs အဲဗာတန်

မန်စီးတီးအသင်း ပြီးခဲ့တဲ့နှစ်မှာ ချန်ပီယံလိဂ် အပါအဝင် ဖလားစုံသိမ်းခဲ့တဲ့နှစ်လို့ ပြောလို့ရပါတယ်။ ဒီနှစ်မှာ မန်စီးတီးရဲ့ အဓိက ပစ်မှတ်က ပရီးမီးယားလိဂ်ဖလားကို လေးကြိမ်ဆက် ရဖို့ အဓိကထားနေတဲ့ ပုံစံမျိုးတွေ့ရပါတယ်။ ဘော်ဒီကြေးနဲ့ ဂိုးပေါင်းကြေး ပေါက်ကြေးအရ ဂိုးပေါင်းအောက်ကို စကြိုက်တာပါ။ ကြားရက် ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ဒိန်းမတ်ကလပ် ကိုဗင်ဟေဂင်အသင်းနဲ့ ကန်ရမှာဖြစ်လို့ နောက်တစ်ဆင့်ကို သေချာပေါက်တက်မှာပါ။ အမှတ်ပေးဖလားကို အာရုံစိုက်ထားတဲ့ မန်စီးတီးအသင်း အိမ်ကွင်းပွဲမှာ လူစုံထုတ်ပြီး ကစားလာမှာ ဖြစ်လို့ မန်စီးတီးအသင်း ဘော်ဒီကို ရွေးချယ်ချင်ပါတယ်။ နှစ်လုံးသရေ ပေးထားတဲ့ မန်စီးတီးအသင်း အနိမ့်ဆုံး နှစ်ဂိုးပြတ်ကနေ စကြည့်....

သတင်းအပြည့်အစုံဖတ်ရှုရန်

https://www.mtnewstoday.com/?p=52493

#အာရှဖလား #ကာတာ #ဂျော်ဒန်
#mtsports #MTEntertainment
ဘင်္ဂလားဒေ့ရှ်ပိုင်နက်အတွင်းသို့ လက်နက်များနှင့်အတူ တရားမဝင် ဝင်ရောက်သော ဘင်္ဂါလီ ၂၃ ဦးကို ဖမ်းဆီးခဲ့ဟု ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ ပြော

၁၀. ၂. ၂၀၂၄
Written by Nay Aung

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့သည် ၎င်းတို့ ပိုင်နက်အတွင်းသို့ လက်နက်များဖြင့် တရားမဝင် ဝင်ရောက်လာခဲ့သော မြန်မာနိုင်ငံဘက်ခြမ်းမှ လူ၂၃ ဦးကို ဖမ်းဆီးကာ Ukhiya မြို့ရဲစခန်းသို့ လွှဲပြေင်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါရဲစခန်းသည် လက်နက်များနှင့်အတူ ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲသို့ မြန်မာနိုင်ငံဘက်ခြမ်းမှ တရားမဝင် ဝင်ရောက်လာသူ ၂၃ ဦးကို စစ်ဆေးကာ စွဲချက်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ် ကောဘဇားဒေသ ရဲတပ်ဖွဲ့အကြီးအကဲဖြစ်သူ ရဲချုပ် Mahafuzul Islam က မြန်မာနိုင်ငံဘက်ခြမ်းမှလူများ ဘင်္ဂလားဒေ့ရှ်ဘက်သို့ လက်နက်များနှင့်အတူ တရားမဝင် ဝင်ရောက်လာခြင်းကို အတည်ပြု....

သတင်းအပြည့်အစုံဖတ်ရှုရန်

https://www.mtnewstoday.com/?p=52503

#Myanmar #Bangladesh #mtnews #ပွင့်လင်းမြန်မာ #myanmar_transparency_news
ဟောင်ကောင်၌ ချစ်ကြည်ရေးပွဲတွင် မက်ဆီပါဝင်မကစားခဲ့မှုကို တောင်းပန်သည့်အနေဖြင့် ပွဲစီစဉ်သူက လက်မှတ်ခ ထက်ဝက်ပြန်ပေးမည်

၁၀.၂.၂၀၂၄
Translated by Htwe Ko Tun

ဟောင်ကောင်မြို့သို့ အာဂျင်တီးနားဘောလုံးအကျော် အမော် မက်ဆီ ပါဝင်ကစားနေသော အင်တာမိုင်ယာမီ အသင်းလာရောက်၍ ဟောင်ကောင်အောစတားအသင်း XI နှင့် ဖေဖော်ဝါရီ ၄ ရက်က ချစ်ကြည်ရေးပွဲ ကစားခဲ့ရာတွင် မက်ဆီကစားပုံကို မြင်ရလို၍ မက်ဆီ၏ အသဲစွဲပရိသတ်က ထိုနေ့တွင် အားကစားကွင်းအတွင်း မျှော်လင့်တကြီး လာရောက်စောင့်မျှော်ကြည့်ရှုခဲ့ကြသည်။ သို့သော် ထိုနေ့ကပွဲတွင် မက်ဆီပါဝင်မကစားဘဲ ကွင်းဘေးထိုင်ခုံတွင်သာ တစ်ချိန်လုံးထိုင်နေခဲ့သည်တွင် ပရိသတ်မှာ အထူးပင်မကျေမနပ်ဖြစ်ကြကာ ပွဲအပြီး၌ လှောင်ပြောင်အော်ဟစ်ပြီး လက်မှတ်ခများပြန်ပေးဟု ပင် ကြွေးကြော်အော်ဟစ်ခဲ့ကြသည်။

အဆိုပါချစ်ကြည်ရေးပွဲသို့ ပရိသတ် ၃၈,၀၀၀ ကျော်လာရောက်အားပေးခဲ့ကြရာတွင် လက်မှတ်တစ်စောင်လျှင် ဟောင်ကောင်ဒေါ်လာ ၄,၈၈၀ (ဘတ်ငွေ ၂၂,၄၀၀) အထိလက်မှတ်ခများကမြင့်တက်ခဲ့ရသည်။ သို့သော် မက်ဆီ က ဝင်ရောက်မကစားခဲ့၍ စိတ်ပျက်မကျေမနပ်ဖြစ်ခဲ့ရသော ပရိသတ်အား တောင်းပန်သည့်အနေဖြင့် ထိုချစ်ကြည်ရေးပွဲကို စီစဉ်ခဲ့သော Tatler Asia မီဒီယာအုပ်စုအား ပရိသတ်အား လျော်ကြေးပြန်လည်ပေးသွားရန် ဖိအား .....

ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=52487

#hongkong #messi
#MTEntertainment
ဇရပ်ကြီးတိုက်ပွဲအတွင်း တော်ဝင်ဒေါင်းစစ်ကြောင်းမှ PDF လေးယောက်သေ

၁၀. ၂. ၂၀၂၄
Written by Nay Moe

ဇရပ်ကြီးတိုက်ပွဲဟာ ခလရ ၇၃ အပါအဝင် နယ်မြေခံတပ်တွေကို KNLA နဲ့ PDF တွေက တိုက်တာဖြစ်ပြီး လက်ရှိအချိန်အထိ တိုက်ပွဲဖြစ်နေသလို တိုက်ပွဲကြား ပြည်သူ ၈ ယောက်ထက်မနည်း သေဆုံးထားသလို နှစ်ဖက်အကျအဆုံးလည်း များပြားနေတဲ့အပြင် ပြည်သူ ၁၀၀၀၀ ကျော်ကလည်း တောင်ငူကို စစ်ရှောင်နေရတာပါ။ လက်ရှိမှာလည်း တိုက်ပွဲတွေကြားမှာ စွန့်ပစ်ခဲ့ရတဲ့ နေအိမ်ဆိုင်ခန်းတွေ ဖောက်ထွင်းခံရမှုတွေရှိနေ....

သတင်းအပြည့်အစုံဖတ်ရှုရန်

https://www.mtnewstoday.com/?p=52507

#ဇရပ်ကြီး #PDF #KNLA #မြို့သိမ်းတိုက်ပွဲ #mtnews #ပွင့်လင်းမြန်မာ #myanmar_transparency_news
This media is not supported in your browser
VIEW IN TELEGRAM
လူကြီးတွေက ကိုယ်နဲ့နေရရင် အမြဲတမ်း ပြုံးပျော်နေရတာပဲဆိုတဲ့ မေလသံစဉ်

၁၀.၂.၂၀၂၄
ရိုက်ကူး/တည်းဖြတ် - သန္တာ ၊ အနိုင်

"အသက်က ငယ်ပေမယ့် ရွယ်တူတွေနဲ့ဆို သိပ်ပြီး မပေါင်းတတ်ဘူး။ မဟုတ်ဘူး ဒီထက်ငယ်တာလေးတွေ မယုံဘူး။ လူကြီးတွေ အဲဒီလို ကိုယ်နဲ့ဆိုရင် ပြုံးနေတာပဲ။မေလ ရိုက်နေတဲ့ ဇာတ်လမ်းတွဲဆိုရင် အမေချို (ခ) ချိုပြုံးပေါ့နော်။ မေချိုဆိုရင်လည်း အမြဲတမ်း နောက်နေတာ။ ဇာတ်လမ်းထဲမှာဆိုရင် တစ်ယောက်နဲ့တစ်ယောက် သိပ်ပြီးတော့ အဲ့ဒီလိုပေါ့။ တစ်ယောက်နဲ့တစ်ယောက် မတည့်ဘူးပေါ့နော်။ အဖွားဆီကနေ အမွေလိုချင်တဲ့ ပုံစံမျိုး ရိုက်ရတာပေါ့။ ဇာတ်လမ်းထဲမှာ အဲ့ဒီလိုဆိုပေမယ့် အပြင်မှာဆို ရယ်တော့တာပဲ။ သူ့ကိုလည်း ချစ်တယ်ပေါ့" မေလသံစဉ်

"ဒီလိုအဘွားတွေနဲ့မှ ပေါင်းဖြစ်တာ။ ဘယ်တော့မှ ၁၆ နှစ် မကျော်ဘူး။ အဲလို အဲလို။ စိတ်မဆိုးတတ်ကြပါဘူး" ဂွမ်းပုံကြီး

#ဂွမ်းပုံကြီး
#မေလသံစဉ်
#ရေတွေဘာတွေစို
#MaLaThanzin
#MyanmarCele
#MTEntertainment
မြန်မာ့အရေးအတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့ ဇန်နဝါရီ ၁၂ ရက်တွင် တွေ့ဆုံဆွေးနွေးမည်

၁၀. ၂. ၂၀၂၄
Written by Nay Aung

ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် မြန်မာ့နိုင်ငံရေးအငြင်း ပွားမှုများကိုဖြေရှင်းနိုင်ရန်အတွက် အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် အမေရိကန်နိုင်ငံသို့ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ သွားရောက်မည်ဖြစ်ရာ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်နှင့်တွေ့ဆုံကာ မြန်မာ့အရေးကို ဆွေးနွေးရန် စီစဉ်ထား....

သတင်းအပြည့်အစုံဖတ်ရှုရန်

https://www.mtnewstoday.com/?p=52510

#Myanmar #thailand #US #mtnews #ထိုင်း #ပွင့်လင်းမြန်မာ #myanmar_transparency_news
ပြည်သူ့စစ်မှုထမ်းဥပဒေ ယနေ့မှစ အာဏာတည်ဟု SAC ဥက္ကဋ္ဌက လက်မှတ်ရေးထိုး ကြေညာ

MT News
၁၀. ၂. ၂၀၂၄


သတင်းအပြည့်အစုံဖတ်ရှုရန်

https://www.mtnewstoday.com/?p=52513

#sac #စစ်မှုထမ်း #ပွင့်လင်းမြန်မာ #တိုက်ပွဲ #mtnews #myanmar_transparency_news
MT News _ Myanmar Transparency
ပြည်သူ့စစ်မှုထမ်းဥပဒေ ယနေ့မှစ အာဏာတည်ဟု SAC ဥက္ကဋ္ဌက လက်မှတ်ရေးထိုး ကြေညာ MT News ၁၀. ၂. ၂၀၂၄ သတင်းအပြည့်အစုံဖတ်ရှုရန် https://www.mtnewstoday.com/?p=52513 #sac #စစ်မှုထမ်း #ပွင့်လင်းမြန်မာ #တိုက်ပွဲ #mtnews #myanmar_transparency_news
ပြည်သူ့စစ်မှုထမ်းဥပဒေ ယနေ့မှစ အာဏာတည်ဟု SAC ဥက္ကဋ္ဌက လက်မှတ်ရေးထိုး ကြေညာ

MT News
၁၀. ၂. ၂၀၂၄

ပြည်သူ့စစ်မှုထမ်းဥပဒေမှာ စစ်မှုထမ်းရမဲ့အသက်အရွယ်ကို "စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ ဆိုသည်မှာ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း ဆိုသည်။" လို့ သတ်မှတ်ထားပါတယ်။

ဒါ့အပြင် စစ်မှုထမ်းဖို့ ဆင့်ခေါ်ချိန်မှာ အနည်းဆုံးက ၂၄ လ တာဝန်ထမ်းရမှာဖြစ်ပြီး အများဆုံးကတော့ နိုင်ငံတော်အရေးပေါ်ကာလမှာ ငါးနှစ်တာဝန်ထမ်းရမဲ့အပြင် စစ်မှုထမ်းဖို့ ဆင့်ခေါ်ချိန် စစ်မှုမထမ်းလိုလို့ ရှောင်လွှဲပျက်ကွက်ရင် အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ်ကနေ ၅ နှစ်အထိ ကျခံ....


သတင်းအပြည့်အစုံဖတ်ရှုရန်

https://www.mtnewstoday.com/?p=52513

#sac #စစ်မှုထမ်း #ပွင့်လင်းမြန်မာ #တိုက်ပွဲ #mtnews #myanmar_transparency_news
ကောလင်းမြို့သိမ်းထားသည့် KIA နှင့် PDF များအား တိုက်ခိုက်ချေမှုန်း၍ ကောလင်းမြို့ကို နိုင်ငံတော်က ပြန်လည်ထိန်းချုပ်

KIA နှင့် PDF များ ဆုတ်ခွာချိန် မိုင်းထောင်သွား၍ မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေ

MT News
၁၀. ၂. ၂၀၂၄

ကောလင်းမြို့ကို တိုက်ခိုက်သိမ်းပိုက်ထားသည့် KIA နှင့် NUG ဩဇာခံ PDF များအား တိုက်ခိုက်ချေမှုန်း၍ ကောလင်းမြို့ကို နိုင်ငံတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပြီး လက်ရှိတွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ယခုသတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်တွင် KIA နှင့် PDF များက အင်အားအလုံးအရင်းဖြင့်ဝင်ရောက်၍ မြို့လုံခြုံရေး ထုတ်နှုတ်အဖွဲ့နှင့် မြို့နယ်အဆင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းတို့အား တိုက်ခိုက်ခဲ့ပြီး မြို့နှင့် အနီးပတ်ဝန်းကျင်တွင် ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ လူနေအိမ်များနှင့် အစိုးရ၏ အုပ်ချုပ်မှုယန္တရားများရပ်တန့်စေရန် ဌာနဆိုင်ရာအဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်း၊ နေရပ်စွန့်ခွာသူ ဒေသခံများ၏နေအိမ်များသို့ ဖောက်ထွင်းဝင်ရောက်၍ ပစ္စည်းများယူဆောင်ခြင်း၊ ဖျက်ဆီးခြင်း စသည့် အကြမ်းဖက် အဖျက်အမှောင့်လုပ်ငန်းများကို လုပ်ဆောင်ခဲ့....

သတင်းအပြည့်အစုံဖတ်ရှုရန်

https://www.mtnewstoday.com/?p=52534

#ကောလင်း #KIA #PDF #NUG #ပွင့်လင်းမြန်မာ #mtnews #myanmar_transparency_news
EV နဲ့ Hijet တိုက်မိပြီး Hijet တုံးလုံးလဲကာ ယာဥ်ပေါ်ပါ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရ

၁၀. ၂ .၂၀၂၄
Written by Hey Mar

ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမပေါ် အင်းလျားရိပ်သာလမ်းရှေ့မှာ ဒီနေ့ ဖေဖော်ဝါရီ ၁၀ ရက် ည ၇ နာရီဝန်းကျင်ခန့်က EV ကားတစ်စီးနဲ့ Hijet တစ်စီး ယာဥ်တိုက်မှုဖြစ်ပွားပြီး Hijet ယာဥ် တိမ်းမှောက်ပျက်စီးကာ ယာဥ်ပေါ်ပါ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြေပြင်ကူညီမှု သွားရောက်ခဲ့တဲ့ ရွှေရုပ်လွှာ ပရဟိတ အသင်းထံက သိရပါတယ်။

ယာဥ်တိုက်မိတဲ့ ဖြစ်စဥ်ကို အသေးစိတ်ကို သေချာမသိရှိရသေးပေမယ့် EV ယာဥ်က ထိခိုက်ပျက်စီးမှု အနည်းသာရှိခဲ့ပြီး နှစ်ဖက်တိုက်မိတဲ့ အရှိန်နဲ့ Hijet ယာဥ် တုံးလုံးလဲကာ ဆီတိုင်ကီပါ ပွင့်ထွက်ပျက်စီးလို့ လမ်းပေါ် ဓာတ်ဆီတွေ ဖိတ်စင်ခဲ့တာကြောင့် ....

သတင်းအပြည့်အစုံဖတ်ရှုရန်

https://www.mtnewstoday.com/?p=52560

#ကားတိုက် #ကမ္ဘာအေး #HIJET #ev #mtnews #ပွင့်လင်းမြန်မာ #myanmar_transparency_news