MPX Premium Store
650 subscribers
32 photos
3 videos
10 links
MPX Store — Digital Services

Telegram Premium အမြန်ရ
⭐️ 1 Month (Login) | 💎 3, 6, 1 Year (User)
🌐 Other Digital: ChatGPT, Gemini & More
⚡️ Global Service - နိုင်ငံတကာမှ ဝယ်ယူနိုင်သည်
🏆 High-Quality & Best Value

🛒 ဝယ်ယူရန်: @HeinHtetKyaw

#MPXStore
Download Telegram
ကျားကြီးတစ်ကောင်ဟာ ခွေးရူးကိုတွေ့တာနဲ့ ချက်ချင်း ရှောင်ပုန်းလိုက်ပါတယ် ကျားငယ်က မေးပါတယ်။

❝အဖေက ခြင်္သေ့ကိုလည်း တိုက်ရဲတယ် ကျားသစ်ကိုလည်း နိုင်ရဲတယ် ဘာမှမဟုတ်တဲ့ ခွေးရူးကျတော့ ရှောင်ပုန်းတယ် သိက္ခာမကျဘူးလား အဖေ❞ တဲ့

ကျားကြီးက သူ့သားကို ပြန်မေးလိုက်ပါတယ်။

❝ခွေးရူးကိုနိုင်တော့ ဂုဏ်ယူစရာ ကောင်းသလား သား❞

ကျားငယ်ခေါင်းခါပါတယ်။

❝ခွေးရူးတစ်ချက် အကိုက်ခံရရင် ကော တန်သလား❞

ကျားငယ်က ခေါင်းခါပြန်တယ်

❝ဒါဆိုရင် ငါတို့ဘာလို့ ခွေးရူးကို ပြိုင်ကိုက်ရမှာလဲ၊ ခွေးရူးဆိုတာ စိတ်ဖောက်နေတဲ့အကောင် တွေ့ကရာ လျှောက်ကိုက် နေတဲ့အကောင်၊ အကောင်တိုင်းဟာ ငါ တို့ကို ယှဉ်ပြိုင်ဖို့ တန်တာမဟုတ်ပါဘူး အဲဒါ သား မြဲမြဲ မှတ်ထား၊ လူတွေလိုမလုပ်ပါနဲ့ လူတွေတော်တော်များ များက ခွေးရူးနဲ့ ပြိုင်တုကိုက်နေကြတာ❞ လို့ပြောပြလိုက်တယ်။

သင်ခန်းစာ။ ။ တစ်စုံတစ်ယောက်၏ စော်ကားမော်ကား အပြုမူ အပြောအဆိုတွေကြောင့် ဒေါသထွက် တုန့်ပြန် ချင်စိတ် ပြင်းပြနေသော သင့်အား ဒီ ပုံပြင်လေးက နှစ်သိမ့်နိုင်ပါစေ။
422
Forwarded from MPX Leave = Ban 🔥
ℹ️ Chat Info
Chat Title: MPX Premium Store
Chat ID: -1002396377583
Total Members: 765
Banned Users: 431
👑 Owner: Hein Htet Kyaw (100285683)

🤖 Bot Admin Status: Yes
Permissions:
Manage Chat
Delete Messages
Restrict Members
Promote Members
Invite Users
Manage Video Chats
Change Info
Post Messages
Edit Messages
အရင်က ရှယ်ပေး ရေးပေးခဲ့ဖူးတဲ့ Spam Report ဖြည်နည်းကတော့ အခုအချိန်မှာ ပြန်ဖြည်လို့မရဖြစ်နေတတ်တာကြောင့် Spam Report မမိအောင် ရှောင်နိုင်ဖို့ကိုပဲ ပြောရရင်တော့

🎙 Businesses account တွေအနေနဲ့ကတော့

✔️ — တခါရှယ်ရင် Group တွေအများကြီး ရာကျော် ရှယ်တာကို သတိထားပါ။

✔️ — Chat Folder သီးသန့်ခွဲထားပြီးတော့မှ အချိန်ပေးပြီးရှယ်ပါ။

✔️ — Chat Folder တခုမှာ အများဆုံး ၇၅ Group ပဲရှယ်ပါ။

✔️ — မသိတဲ့ စကားမပြောဖူးတဲ့ Contact and Bot တွေရှယ်မိရင် တဖက်လူက Block သွားတာမျိုးမှာ Report ကိုပါ တွဲလုပ်သွားရင်တော့၊ လုပ်ခံရတဲ့ အကြိမ်ရေပေါ်မူတည်ပြီးတော့ အကောင့်က Frozen ဖြစ်နိုင်ပါတယ်။

✔️ — Frozen အထိဖြစ်သွားနိုင်ပြီး Frozen ဖြစ်သွားရင်လည်း တခါ ပြန်ယူဖို့အတွက်က ခက်ပါတယ်။

✔️ — တခါရှယ်ရင် ၅၀ နဲ့ အလွန်ဆုံး ၇၅ Group လောက်က်ိုပဲရှယ်ပါ။

✔️ — Public Group တွေမှာ မကြာခဏ ရှယ်တာမျိုးကို လျော့ပါ။

✔️ — Admin ဖြစ်တဲ့ group တွေကို သီးသန့် Chat Folder တခုလုပ်ပြီးတင်ပါ။

✔️ — Premium ကုန်မယ့်ရက်ကို သတိထားပြီး မှတ်ထားပြီး သတိထားပြီးရှယ်ပါ။ Premium ရှိလို့ ရှယ်ရင် ကိစ္စမရှိနိုင်ဘူးဆိုပေမယ့် Premium မရှိတဲ့အချိန် ရှယ်မိတာကတော့ တော်တော်လေးကို ပြဿနာရှိပါတယ်။ ။

✔️ — Admin ဖြစ်ရင်တော့ Post Share လို့ရတယ်ဆိုပေမယ့် မရတတ်တာတွေလည်းရှိတတ်ပါတယ်။ အကောင်းဆုံးကတော့ Premium ရှိရင်တောင် လျော့တင်တာမျိုးကတော့ ပိုကောင်းပါတယ်။

🎙 ရက်မပေါ်တဲ့ Spam တွေက အရင်ကသာဖြည်ရင် ၂ ရက်လောက်ရပေမယ့် အခုတော့ ၄ ရက်နည်းပါးလောက်ထိုင်ဖြည်ပေးနေတာတောင် မပြည်သေးလို့ပါ။

Personal account တွေအနေနဲ့ကတော့ ရက်ပေါ်တဲ့ Spam မိရင်တော့ ပြန်ဖြည်လို့ရနိုင်ပေမယ့်။

✔️ — Group တွေမှာ လူထည့်ပေးတာတွေ လျော့တာမျိုး

✔️ — မသိတဲ့လူတွေ DM (Direct Message) မှာ စကားပြောတဲ့အခါမှာ Block // Report တွဲလုပ်ခံရတာမျိုးဖြစ်တတ်လို့ ရှောင်နိုင်တာမျိုး

✔️ — Public Group တွေမှာ စကားအရမ်းဝင်ပြောရင်း တယောက်ထဲ ပြောနေရင်းနဲ့ Spam သလိုဖြစ်ပြီး စာတွေ အများကြီးထိုင်ရိုက်တာမျိုးဖြစ်တတ်တာကလည်း အကောင့်မှာ Spam Report မိသွားတတ်ပါတယ်။

✔️ — Spamming လုပ်တာမျိုးကိုတော့ တော်တော်လျော့နိုင်ရင် အဆင်ပြေမှာပါ

✔️ — batch type ဖြစ်တဲ့ မန်ဘာတွေ အရမ်းအများကြီးကို တခါထဲထည့်ပေးတာမျိုး။ လင့်တွေ အများကြီးကို သူများတွေ DM မှာ ပို့တာမျိုး။ အလကားရတယ်ဆိုတဲ့ gw တွေကို တခါထဲရှယ်တာမျိုး လျော့နိုင်ရင် အဆင်ပြေမှာပါ။ ။

🛡 ဤ Content ခိုးကူးခြင်း၊ ဦးနှောက်ဖောက်စားခြင်း၊ ကိုယ်ရေးသလို ခိုးသွားခြင်းများ မပြုလုပ်ရ (ရှက်တတ်ပြီး အရှက်ရှိရင်ပြောပါတယ် 😂)

This Content © 2026 by Hein Htet Kyaw is licensed under CC BY-NC-ND 4.0 📜 📜 📜 📜
Please open Telegram to view this post
VIEW IN TELEGRAM
4321
Telegram ကိုက Server Error ကြောင့်ဖြစ်မယ်ထင်ပါရဲ့

စာတွေပို့ရင်လည်း နောက်ကျမှရောက်သလို Voice Chat ဝင်လို့မရတာ၊ လိုင်းနှေးသလိုဖြစ်တာ၊ ကိုယ်ပို့တဲ့စာတွေလည်း မရောက်သလိုဖြစ်တတ်ပါတယ်ဗျ

အကောင့်တွေကလည်း တခါတလေ Connecting and Updating မှာပဲ ဒယ်လစ်နေတတ်တာဆိုတော့ အခြေအနေခဏလောက်စောင့်ပြီးတော့မှ ပြန်သုံးကြည့်ကြပါဗျ
321
MPX Premium Store
အရင်က ရှယ်ပေး ရေးပေးခဲ့ဖူးတဲ့ Spam Report ဖြည်နည်းကတော့ အခုအချိန်မှာ ပြန်ဖြည်လို့မရဖြစ်နေတတ်တာကြောင့် Spam Report မမိအောင် ရှောင်နိုင်ဖို့ကိုပဲ ပြောရရင်တော့ 🎙 Businesses account တွေအနေနဲ့ကတော့ ✔️ — တခါရှယ်ရင် Group တွေအများကြီး ရာကျော် ရှယ်တာကို သတိထားပါ။…
ဒါကလည်း ပြန်ပြီးတော့ Stable ဖြစ်သွားပါပြီ။ သူတို့ဘက်က Server fault ကြောင့် ဖြစ်တာနေမှာ။ ။

Spam Report တွေဖြစ်ရင် အပေါ်မှာ ရေးခဲ့သလို ပြန်ဖြည်လို့ရပါပြီ။ စာတွေ ကူးမရရင်တော့ ဖြည်နည်းကို DM က လာတောင်းပါဗျ။ ။
🌐 OpenVPN Profile — 30D — 5,000 MMK
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from MPX Leave = Ban 🔥
📊 Bot Statistics

🔐 Ban Statistics:
• Total Bans: 3,607,394
• Unique Users: 1,433,613
• Active Chats: 5,999
• Bans Today: 4,198

📦 Donations:
• No donations yet - be the first!
• Use /donate to support the bot

Database: Connected and operational
Please open Telegram to view this post
VIEW IN TELEGRAM
အရင်ဆုံး @spambot ကိုသွားပြီးတော့ Spam Type ကို အရင်ဆုံးကြည့်ရပါ့မယ်။ ။

Spam Types » limited until [Date] // [No Date] // abuse@telegram.com

ပုံမှန်အားဖြင့်ကတော့ 2 types ဖြစ်တဲ့ [Date] .. [No Date] မှာတော့ Button ပေါ်တာရယ် မပေါ်တာရယ်ဆိုပြီးတော့ ပြန်ကွဲပြန်ပါတယ်။ ။ အခုရေးထားတဲ့နည်းလမ်းကတော့ Button ပေါ်တဲ့လူတွေအတွက် ပြန်ဖြည်တဲ့နည်းပါပဲဗျ။

@spambot » /start » This is a mistake » Yes » No! Never did that! » Verify you are human. (တခါတလေမှာတော့ VPN ဖွင့်မှ Check လုပ်လို့ရပါတယ်) » Done

Great! ...
ဆိုတဲ့စာပေါ်လာရင်တော့ အောက်ကစာကိုပိုပေးလိုက်ပါ။

Hello, sorry for my telegram account, I'm asking for forgiveness, I don't know it was illegal to send a spam message hopefully you can forgive me and release my account thanks before hand!

သူတိုကဘက်က Thank You! လိုပိုပြီး ၆ နာရီလောက်စောင့်ရင် Bot ထဲမှာ ပြန် Start လုပ်ကြည့်ပြီး Good news, ..  လိုပေါ်လာရင်တော့ပြန်ပြီး စာပိုလိုရပါပြီ။ မရသေးရင် ခဏခဏပြန်ပြီးပိုပါလို။
———
အပေါ်ကစာကို မဖတတ်လို့ မလုပ်တတ်ရင်တော့ တစ်ကောင့်ကို ၃ သောင်းနဲ့ဖြည်ပေးပါတယ်။ အပေါ်ကစာကို သေချာဖတ်ပြီးလုပ်ရင်တော့ ပြန်ရပါတယ်ဗျ။

တော်တော်များများကတော့ အပေါ်ကနည်းအတိုင်းပဲ တစ်ကောင့် ၃၀၀၀ နဲ့ Service ပေးတဲ့လူတွေရှိပါတယ် :"3
UQCfDOQbCWexGw81tKsOUsmh0Hej9OZOd-1vk3q6pRhzBebI
Channel photo updated
heinhtetkyaw.ton
🌐 မျိုးဆက်သစ် Blockchain နည်းပညာ TON အကြောင်းနှင့် Wallet ဖွင့်နည်း အပြည့်အစုံ 🌐

TON (The Open Network) ဆိုတာ Telegram အဖွဲ့ကနေ စတင်ဖန်တီးခဲ့တဲ့ အလွန်မြန်ဆန်ပြီး လုံခြုံတဲ့ Blockchain စနစ်တစ်ခု ဖြစ်ပါတယ်။ အခြား Crypto တွေနဲ့မတူဘဲ မိမိတို့ နေ့စဉ်အသုံးပြုနေတဲ့ Telegram App နဲ့ တိုက်ရိုက်ချိတ်ဆက်အသုံးပြုနိုင်တဲ့အတွက် သုံးစွဲရတာ အလွန်အဆင်ပြေ လွယ်ကူပါတယ်။ ဒါ့အပြင် ငွေလွှဲပြောင်းမှုတွေကို တစ်စက္ကန့်အတွင်း သန်းနဲ့ချီ လုပ်ဆောင်နိုင်ပြီး ငွေလွှဲခ (Fee) ကလည်း အလွန်သက်သာတဲ့အတွက် လက်ရှိမှာ လူကြိုက်အများဆုံး ကွန်ရက်တစ်ခု ဖြစ်လာပါတယ်။

🏷 TON Wallet ကို ဘယ်လို ဖန်တီးမလဲ?

TON ကို အသုံးပြုဖို့အတွက် ယုံကြည်စိတ်ချရတဲ့ Tonkeeper ဆိုတဲ့ Wallet ကို အသုံးပြုပြီး အကောင့်ဖွင့်နည်းကို ရှင်းပြပေးပါမယ်။

၁။ ပထမဦးဆုံး မိမိဖုန်းရဲ့ App Store သို့မဟုတ် Play Store မှာ Tonkeeper လို့ ရိုက်ရှာပြီး App ကို ဒေါင်းလုဒ်ဆွဲပါ။

၂။ App ကို ဖွင့်ပြီးတာနဲ့ Create new wallet (Wallet အသစ်ပြုလုပ်မည်) ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ပါ။

၃။ ဒီအဆင့်က အရေးကြီးဆုံးပါ။ စနစ်ကနေ သင့်အတွက် လျှို့ဝှက်စာလုံး ၂၄ လုံး (Recovery Phrase) ကို ချပြပေးပါလိမ့်မယ်။ အဲဒီစာလုံးတွေကို ဖုန်းထဲမှာ ပြထားတဲ့ အစီအစဉ်အတိုင်း စာရွက်တစ်ရွက်ပေါ်မှာ မှန်ကန်အောင် သေချာချရေးထားပါ။

၄။ ပြီးရင် Continue ကို နှိပ်လိုက်ပါ။ သင် တကယ် မှတ်ထားခြင်း ရှိမရှိ သေချာစေဖို့ စနစ်ကနေ စာလုံးတချို့ကို ပြန်ရွေးခိုင်းပါလိမ့်မယ် (ဥပမာ - နံပါတ် ၅ နေရာက စာလုံးကို ရိုက်ထည့်ပါ စသဖြင့်)။ မိမိမှတ်ထားတဲ့အတိုင်း မှန်ကန်အောင် ရိုက်ထည့်ပေးလိုက်ပါ။

၅။ နောက်ဆုံးအနေနဲ့ App ထဲကို ဝင်တိုင်း သုံးဖို့အတွက် ဂဏန်း ၆ လုံးပါတဲ့ Passcode လျှို့ဝှက်နံပါတ်တစ်ခု သတ်မှတ်ပေးရပါမယ်။ (ဖုန်းမှာ Fingerprint ဒါမှမဟုတ် Face ID ပါရင် တစ်ခါတည်း တွဲဖွင့်ထားလို့ ရပါတယ်)။ ဒါဆိုရင် သင့်ရဲ့ကိုယ်ပိုင် TON Wallet အကောင့်ဖွင့်တာ အောင်မြင်သွားပါပြီ။

🔒 Wallet Backup ကို ဘယ်လို လုံခြုံအောင် သိမ်းဆည်းမလဲ?

သင့်ရဲ့ Crypto ပိုင်ဆိုင်မှုတွေ လုံခြုံဖို့ဆိုတာ စောစောက မှတ်သားခဲ့တဲ့ လျှို့ဝှက်စာလုံး ၂၄ လုံးပေါ်မှာပဲ ၁၀၀ ရာခိုင်နှုန်း မူတည်နေပါတယ်။ ဖုန်းပျောက်သွားတာပဲဖြစ်ဖြစ်၊ App ဖျက်မိသွားတာပဲဖြစ်ဖြစ် အဲဒီစာလုံးတွေရှိမှသာ မိမိအကောင့်ကို ပြန်ယူလို့ရမှာပါ။ ဒါကြောင့် အောက်ပါအချက်တွေကို အထူးဂရုစိုက် လိုက်နာဖို့ လိုအပ်ပါတယ်။

📌 လုံးဝ (လုံးဝ) အွန်လိုင်းမှာ မသိမ်းပါနဲ့ - Screenshot ရိုက်တာ၊ ဖုန်း Note ထဲမှာ မှတ်တာ၊ မိမိဖုန်းနံပါတ်ကို Message ပြန်ပို့ထားတာ၊ Google Drive ပေါ်တင်ထားတာမျိုးတွေ လုံးဝမလုပ်ပါနဲ့။ အင်တာနက်နဲ့ ချိတ်ဆက်ထားတဲ့ နေရာတိုင်းဟာ ဟက်ကာတွေ အလွယ်တကူ ခိုးယူနိုင်လို့ပါ။

📌 စာရွက်ပေါ်မှာပဲ ရေးမှတ်ပါ - စာရွက်ပေါ်မှာ ဘောပင်နဲ့ ထင်ရှားအောင်ရေးပြီး ဘယ်သူမှ မမြင်နိုင်တဲ့ လုံခြုံတဲ့ နေရာမှာ သိမ်းဆည်းထားပါ။ ရေစိုတာ၊ ပျောက်ရှတာတွေ မဖြစ်အောင် စာရွက် ၂ ရွက်လောက် ခွဲရေးပြီး သော့ခတ်ထားလို့ရတဲ့ နေရာနှစ်ခုမှာ ခွဲသိမ်းထားရင် ပိုကောင်းပါတယ်။

📌 ဘယ်သူ့ကိုမှ မပေးပါနဲ့ - ဒီစာလုံး ၂၄ လုံးကို ဘယ်သူလာတောင်းတောင်း လုံးဝ မပေးပါနဲ့။ အကူအညီပေးတဲ့ Admin တွေကလည်း ဘယ်တော့မှ တောင်းမှာ မဟုတ်ပါဘူး။ သူများသိသွားရင် သင့်ပိုက်ဆံတွေ အကုန်ပါသွားပါလိမ့်မယ်။

TON Blockchain သည် အနာဂတ်တွင် ဒစ်ဂျစ်တယ်ငွေပေးချေမှုနှင့် Web3 နည်းပညာများကို ပိုမိုကျယ်ပြန့်စွာ အသုံးပြုလာနိုင်ရန် တွန်းအားပေးနေသော စနစ်တစ်ခုဖြစ်ရာ မိမိ၏ ကိုယ်ပိုင် Wallet ကို စနစ်တကျ ဖွင့်လှစ်ပြီး လုံခြုံစွာ သိမ်းဆည်းထားခြင်းသည် ဒစ်ဂျစ်တယ်ခေတ်၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများအတွက် ခြေလှမ်းကောင်းတစ်ခုပင် ဖြစ်ပါသည်။
Please open Telegram to view this post
VIEW IN TELEGRAM
11
❗️ Don't Make Drama 🚫

Telegram Premium ဝယ်ယူတဲ့အခါ မလိုအပ်တဲ့ အခက်အခဲတွေ မဖြစ်ရအောင် အောက်ပါအချက်လေးတွေကို နားလည်ပေးထားဖို့ မေတ္တာရပ်ခံချင်ပါတယ်။

⭐️ 1 Month Package ဝယ်ယူသူများအတွက်

ကျွန်တော်ဘက်က လုပ်ငန်းစဉ်တွေ မပြီးသေးခင် ဝယ်သူဘက်ကနေ Session Terminate အရင်လုပ်ချလိုက်တာမျိုး မလုပ်ဖို့ အထူးမေတ္တာရပ်ခံပါတယ်။
ကျွန်တော်တို့ လုပ်ဆောင်ပေးရတဲ့ အဆင့်တွေက

💬 အကောင့်ထဲဝင်မယ်
💬 Premium ဝယ်ပေးမယ်
💬 Payment ပြန်ပိတ်မယ်
💬 Payment Clear ပြီးတာနဲ့ ကိုယ့်ဘက်ကနေ သေချာ Log out ထွက်ပေးပါတယ်

ဒီအဆင့်တွေလုပ်နေတုန်း ဝယ်သူဘက်က Session Terminate လာလုပ်လိုက်ရင် ပြဿနာဖြစ်နိုင်လို့ပါ။

⏲️ ကြာချိန်က ဖုန်းနဲ့ အင်တာနက်လိုင်းပေါ် မူတည်ပြီး ပုံမှန် ၃ မိနစ်ကနေ ၅ မိနစ်ပဲ ကြာပါတယ်။ ကြန့်ကြာမှု အနည်းငယ်ရှိခဲ့ရင်တောင် ၅ မိနစ်ကနေ ၁၀ မိနစ်အတွင်း အားလုံး သေသေချာချာ ပြီးစီးပါတယ်။ ဒါကြောင့် ကိုယ့်ဘက်ကနေ လုံခြုံစွာ Log out မလုပ်ပေးမချင်း ခဏလေး စောင့်ပေးပါ။

🎁 3 Months, 6 Months နဲ့ 1 Year Package ဝယ်ယူသူများအတွက်

ဒီ Package တွေကတော့ အကောင့်ထဲ ဝင်စရာမလိုဘဲ မိမိရဲ့ Telegram Username ပေးရုံနဲ့ အလွယ်တကူ ဝယ်ယူလို့ရပါတယ်။

ဒါပေမယ့် အရေးကြီးတာက ဒီ Package တွေကို TON 💎 အသုံးပြုပြီး ဝယ်ပေးရတာ ဖြစ်ပါတယ်။

⏲️ ဒါကြောင့် လက်ရှိမှာ TON 💎 လက်ကျန် ရှိ၊ မရှိ အပေါ်မူတည်ပြီး အချိန်အနည်းငယ် စောင့်ပေးရနိုင်ပါတယ်။ ကိုယ့်ဘက်မှာ TON အဆင်သင့် မရှိနေတဲ့ အချိန်ဆိုရင် TON 💎 အရင်သွားဝယ်ရတဲ့အတွက် ဝယ်ယူတဲ့အချိန်လေး နည်းနည်းပိုစောင့်ပေးဖို့ လိုအပ်ပါမယ်။

❤️ ဘယ် Package ကိုပဲဝယ်ဝယ် အကုန်လုံးကို သေသေချာချာနဲ့ လုံခြုံအောင် လုပ်ဆောင်ပေးနေတာမို့ ယုံကြည်စိတ်ချစွာနဲ့ အေးအေးဆေးဆေး စောင့်ဆိုင်းပေးကြဖို့ အသိပေးအပ်ပါတယ်။
Please open Telegram to view this post
VIEW IN TELEGRAM
⚠️ Telegram Account များ မကြာခဏ ပျက်ခြင်းနှင့် Frozen ဖြစ်ခြင်းမှ ကာကွယ်ရန် အကြံပြုချက်များ ⚠️

လတ်တလောတွင် Telegram Account များ မကြာခဏ Banned ခံရခြင်း သို့မဟုတ် Frozen ဖြစ်သွားခြင်းများကို အသုံးပြုသူများ အနေဖြင့် အများဆုံး ကြုံတွေ့နေရပါသည်။ မိမိ၏ အရေးကြီးသော Account နှင့် Data များ မဆုံးရှုံးစေရန်အတွက် အောက်ပါ ဆောင်ရန်၊ ရှောင်ရန် အချက်များကို အထူးဂရုပြု လိုက်နာရန် အကြံပြုအပ်ပါသည်။

🛡 လိုက်နာ ဆောင်ရွက်သင့်သော အချက်များ (Do's) 🛡

တရားဝင် (Official) Application ကိုသာ အသုံးပြုပါ။
Telegram ကို App Store သို့မဟုတ် Play Store မှ တိုက်ရိုက် ဒေါင်းလုဒ်ဆွဲထားသော Official App ကိုသာ အသုံးပြုပါ။

Two-Step Verification (2FA) ဖွင့်ထားပါ။
Account လုံခြုံရေးအတွက် Settings အတွင်းရှိ Privacy and Security တွင် 2FA Password ကို မဖြစ်မနေ ထည့်သွင်းထားပါ။

ကိုယ်ပိုင် ဖုန်းနံပါတ် အစစ်ဖြင့်သာ အသုံးပြုပါ။
Virtual Number များ၊ အခမဲ့ ရရှိသော နံပါတ်များသည် လုံခြုံမှု အားနည်းပြီး အလွယ်တကူ ပျက်နိုင်သောကြောင့် ကိုယ်ပိုင် ဖုန်းကတ် အစစ်ကိုသာ အသုံးပြုပါ။

အကောင့်အသစ်များကို ဖြည်းဖြည်းချင်း အသုံးပြုပါ။
အကောင့်ဖွင့်ဖွင့်ချင်း Group သို့မဟုတ် Channel အများအပြားသို့ တစ်ပြိုင်နက်တည်း ဝင်ရောက်ခြင်းမျိုးကို ရှောင်ကြဉ်ပြီး ပုံမှန်အတိုင်းသာ စတင် အသုံးပြုပါ။

Spam ထိထားခြင်း ရှိ၊ မရှိ စစ်ဆေးပါ။
မိမိ အကောင့် ကန့်သတ်ခံထားရမှု ရှိ၊ မရှိကို Telegram ၏ တရားဝင် @SpamBot တွင် သွားရောက် စစ်ဆေးနိုင်ပါသည်။

❗️ လုံးဝ ရှောင်ကြဉ်သင့်သော အချက်များ (Don'ts) ❗️

Unofficial သို့မဟုတ် Modded App များ အသုံးပြုခြင်း။
ပြင်ပမှ ပြုပြင်ထားသော Telegram App များ ကို အသုံးပြုပါက လုံခြုံရေးအရ စည်းမျဥ်းချိုးဖောက်မှုအဖြစ် သတ်မှတ်ခံရပြီး Account ချက်ချင်း Banned ဖြစ်နိုင်ပါသည်။

ခွင့်ပြုချက်မပါဘဲ Group/Channel များသို့ Add ခြင်း။
အမည်မသိသူများ သို့မဟုတ် မိမိ၏ Contact တွင် မရှိသူများကို Group သို့မဟုတ် Channel များသို့ အတင်းအဓမ္မ Add ခြင်း မပြုလုပ်ပါနှင့်။ Report အကြိမ်ကြိမ် အလုပ်ခံရပါက အကောင့် ချက်ချင်း ပျက်နိုင်ပါသည်။

စာများ၊ Link များကို လူအများကြီးထံ ပေးပို့ခြင်း (Spamming)။
ကြော်ငြာစာများ၊ Link များကို မိမိ Contact တွင် မရှိသူများထံ အများအပြား ပေးပို့ခြင်းသည် Spam အဖြစ် သတ်မှတ်ခံရပြီး Account ကို အလွယ်တကူ Frozen ဖြစ်စေပါသည်။

IP Address မကြာခဏ ပြောင်းလဲခြင်း။
VPN ကျော်၍ နိုင်ငံပေါင်းစုံမှ IP Address များဖြင့် မိမိ၏ အကောင့်ကို မကြာခဏ Login/Logout ပြုလုပ်ခြင်းကို ရှောင်ကြဉ်ပါ။ Telegram ၏ လုံခြုံရေး စနစ်မှ သံသယဖြစ်ဖွယ် အဖြစ် သတ်မှတ်ပြီး အကောင့်ကို ပိတ်သိမ်းနိုင်ပါသည်။

📌 အထက်ပါ အချက်များကို စနစ်တကျ လိုက်နာခြင်းဖြင့် သင့်၏ Telegram Account ကို လုံခြုံစွာဖြင့် ရေရှည် အသုံးပြုနိုင်မည် ဖြစ်ပါသည်။
Please open Telegram to view this post
VIEW IN TELEGRAM
⭐️ Telegram သုံးရတာ ပိုပြီး စမတ်ကျသွားစေဖို့ Premium တင်လိုက်ရအောင်!

နေ့စဉ် အလုပ်ကိစ္စတွေအတွက်ဖြစ်စေ၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ဖို့အတွက်ဖြစ်စေ Telegram ကို အမြဲသုံးနေရပြီလား? သာမန်သုံးနေတာထက် ပိုပြီး မြန်ဆန်၊ လွတ်လပ်၊ ပြီးတော့ ပိုမိုက်တဲ့ အတွေ့အကြုံတွေကို ခံစားချင်တယ်ဆိုရင်တော့ Telegram Premium က သင့်အတွက် အကောင်းဆုံး ရွေးချယ်မှုပါပဲ။

Premium တင်လိုက်တာနဲ့ ဘာတွေ ထူးခြားသွားမလဲဆိုတာကို တစ်ချက် ကြည့်လိုက်ရအောင် -

ဒေါင်းလုဒ်အမြန်နှုန်း အမြင့်ဆုံး (Faster Download Speed):
ဖိုင်တွေ ဒေါင်းလုဒ်ဆွဲတဲ့အခါ လိုင်းဆွဲအားရှိသလောက် အကန့်အသတ်မရှိ အမြင့်ဆုံး မြန်နှုန်းနဲ့ ဒေါင်းလုဒ်ဆွဲနိုင်မှာမို့ အချိန်ကုန် သက်သာစေပါတယ်။

📁 4GB အထိ ဖိုင်အရွယ်အစား ပို့နိုင်ခြင်း (4GB Uploads):
သာမန်အကောင့်တွေမှာ 2GB ထိပဲ ကန့်သတ်ထားပေမယ့် Premium မှာတော့ ရုပ်ရှင်၊ ဗီဒီယိုနဲ့ လုပ်ငန်းသုံး ဖိုင်ကြီးတွေကို 4GB အထိ စိတ်ကြိုက် လွတ်လွတ်လပ်လပ် ပို့နိုင်ပါပြီ။

🎙 အသံဖိုင်မှ စာသားသို့ ပြောင်းပေးခြင်း (Voice-to-Text):
အစည်းအဝေးလုပ်နေချိန် (သို့) ဆူညံတဲ့နေရာရောက်နေလို့ အသံဖိုင် (Voice Message) တွေကို နားထောင်ဖို့ အဆင်မပြေတဲ့အခါ စာသားအဖြစ် အလိုအလျောက် ပြောင်းဖတ်လို့ ရပါတယ်။

🚫 ကြော်ငြာလုံးဝမပါ (Ad-Free Experience):
Public Channel အကြီးကြီးတွေမှာ ဝင်ဖတ်တဲ့အခါ မျက်စိနောက်စရာကောင်းတဲ့ စပွန်ဆာ ကြော်ငြာတွေ လုံးဝ (လုံးဝ) ကင်းဝေးသွားပါမယ်။ သန့်ရှင်းရှင်းလင်းတဲ့ UI ကို အပြည့်အဝ ခံစားရမှာပါ။

⭐️ Premium တံဆိပ်နဲ့ အလန်းစား Profile (Premium Badge & Animated Pictures):
သင့်နာမည်ဘေးမှာ Premium ကြယ်ပွင့်လေးပါလာမှာဖြစ်လို့ သူများထက် ပိုပြီး Smart ကျနေမှာပါ။ ဒါ့အပြင် Chat List မှာပါ လှုပ်ရှားနေတဲ့ Video Profile လေးတွေ တင်လို့ရပါသေးတယ်။

🙂 သီးသန့် Sticker တွေနဲ့ Reactions အသစ်များ:
သာမန်အကောင့်တွေမှာ မရနိုင်တဲ့ မျက်နှာပြင်အပြည့် (Full-screen) အလန်းစား Sticker တွေ၊ ထူးခြားတဲ့ Reaction တွေနဲ့ Chatting ထိုင်ရတာ ပိုပျော်စရာကောင်းလာပါလိမ့်မယ်။

📈 အရာရာတိုင်းအတွက် (၂) ဆ (Double Limits):
Channel ပေါင်း (၁၀၀၀) အထိ Join နိုင်မယ်၊ Chat Folder (၂၀) အထိ ခွဲနိုင်မယ်၊ Pin လုပ်ထားတဲ့ Chat တွေကို (၁၀) ခုအထိ ထားနိုင်မယ်။ အရာရာတိုင်းကို သာမန်အကောင့်ထက် (၂) ဆ ပိုပြီး အသုံးပြုနိုင်ပါတယ်။

---

🛡 ဘယ်သူတွေ အသုံးပြုသင့်လဲ?
Telegram ကို လုပ်ငန်းကိစ္စတွေအတွက် Professional ကျကျ သုံးချင်သူတွေ၊ ဖိုင်ကြီးတွေ အမြဲ အပေးအယူလုပ်နေရသူတွေနဲ့ ပိုပြီး ပရီမီယမ်ကျတဲ့ အတွေ့အကြုံကို လိုချင်သူတိုင်းအတွက် တကယ်ကို တန်တဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုပါ။

သင့်ရဲ့ Telegram အကောင့်ကို Premium အဆင့်မြှင့်ပြီး ပိုမို စမတ်ကျတဲ့ ဒစ်ဂျစ်တယ်လူနေမှုဘဝကို အခုပဲ စတင်လိုက်ပါ။ 💎

🛡 Premium ဝယ်ယူရန် ဆက်သွယ်နိုင်ပါပြီ ❤️

✅️ Telegram Chat ➡️ @HeinHtetKyaw
📞 Phone Number ➡️ 09695811161
Please open Telegram to view this post
VIEW IN TELEGRAM
1
📢 Scheduled Maintenance Notice – @MPXLeaveBanBot

Dear Users,

@MPXLeaveBanBot will be temporarily offline for approximately 1 hour shortly for essential system upgrades. This maintenance will improve the bot's speed, stability, and long-term reliability.

During this window, we will:
• Take a complete Database Backup to ensure 100% data safety
• Migrate and optimize our Docker infrastructure
• Perform a full Database Restore and run system verification

The bot will automatically come back online once the process is complete. We apologize for the brief interruption and sincerely thank you for your patience and continued trust.

@MPXLeaveBanBot Operations Team
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from MPX Leave = Ban 🔥
📊 Bot Statistics

"While I don't actively urge everyone to use this bot, these numbers stand as a testament to my dedication and hard work."

🌐 Core Impact
• Total Bans: 3,898,909
• Unique Users: 1,571,409
• Tracked Chats: 6,252

⚡️ Current Activity
• Bans Today: 6,307
• Active Ban Chats: 1,412
• Connected Chats: 4

📦 Support the Bot
• No donations yet - be the first!
• Use /donate to support the project.

⚙️ System Status
• Database: Connected and operational
Please open Telegram to view this post
VIEW IN TELEGRAM
❗️ Notice of Intermittent Service Interruptions – @MPXLeaveBanBot

Dear Users,

We would like to sincerely apologize for the recent instability and frequent downtimes you may have experienced with
@MPXLeaveBanBot.

Because our current Cloud VPS subscription is expiring soon, our team is undergoing a major infrastructure migration. We are moving the bot's hosting from the Cloud VPS to a Local Raspberry Pi server.

During this transition, we are actively adjusting and optimizing our Docker configurations to ensure smooth deployment and long-term stability. Because of these backend operations, the bot may temporarily go offline or experience brief service interruptions.

✅️ What to expect: Occasional downtime over the next few days while we finalize the server migration.
✅️ Our commitment: We are working diligently to complete this process as quickly as possible to restore full stability and provide you with a better, more efficient moderation experience.

We deeply appreciate your patience, understanding, and continued support during this upgrade.

@MPXLeaveBanBot Operations Team
Please open Telegram to view this post
VIEW IN TELEGRAM
MPX Premium Store
❗️ Notice of Intermittent Service Interruptions – @MPXLeaveBanBot Dear Users, We would like to sincerely apologize for the recent instability and frequent downtimes you may have experienced with @MPXLeaveBanBot. Because our current Cloud VPS subscription…
⚠️ Post-Migration Update – @MPXLeaveBanBot

Dear Users,

We are pleased to inform you that the core migration of @MPXLeaveBanBot to our Local Raspberry Pi server has been successfully completed.

However, as we are still in the optimization phase, we are continuously monitoring and fine-tuning the system to adapt to this new environment. During this stabilization period, you may still experience brief, occasional server downtimes.

Current Status: The bot is fully functional, but short intermittent interruptions may occur while we iron out the final technical details.
Next Steps: Our team is actively working to resolve these remaining hiccups to ensure absolute long-term stability.

We sincerely apologize for any lingering inconvenience and deeply appreciate your continued patience as we finalize this upgrade.

@MPXLeaveBanBot Operations Team
Please open Telegram to view this post
VIEW IN TELEGRAM
🚀 Telegram Profile ကို ပိုမိုထူးခြားလှပစေမည့် Adaptive Emoji Background များ

Telegram တွင် မိမိ၏ Profile ကို အခြားသူများနှင့်မတူဘဲ ဆွဲဆောင်မှုရှိအောင် အလှဆင်ချင်ပါသလား? ဒါဆိုရင်တော့ Profile ၏ အနောက်ခံတွင် Adaptive Emoji များ အသုံးပြုပြီး စိတ်ကြိုက်ဖန်တီးနိုင်မည့် လုပ်ဆောင်ချက်နှင့် မိတ်ဆက်ပေးပါရစေ။

Adaptive Emoji ဆိုတာ ဘာလဲ?
Adaptive Emoji များသည် ပုံမှန် အရောင်သေ Emoji များကဲ့သို့မဟုတ်ဘဲ၊ မိမိအသုံးပြုနေသည့် Chat Theme၊ Text Color သို့မဟုတ် Profile ၏ Accent Color အပေါ် မူတည်ပြီး အရောင်ကို အလိုအလျောက် ညှိယူပြောင်းလဲပေးနိုင်သော စမတ်ကျသည့် Custom Emoji များ ဖြစ်ပါသည်။

🎨 Profile Background တွင် ဘယ်လိုအလှဆင်လို့ရလဲ?

✅️ ကိုယ်ပိုင်ဟန်ကို ဖော်ကျူးနိုင်ခြင်း: Telegram Premium User များအနေဖြင့် Profile ၏ Accent Color များကို စိတ်ကြိုက်ရွေးချယ်နိုင်သည့်အပြင်၊ ၎င်းအရောင်နှင့် လိုက်ဖက်မည့် Adaptive Emoji များကို Background Pattern အဖြစ်ပါ ထည့်သွင်းအသုံးပြုနိုင်ပါသည်။
✅️ အရောင်အသွေး လိုက်ဖက်ညီမှု: Adaptive ဖြစ်သောကြောင့် မိမိရွေးချယ်ထားသော နောက်ခံအရောင် (Background Color) နှင့် အကောင်းဆုံး ပေါင်းစပ်သွားပြီး အမြင်မရိုင်းဘဲ သပ်ရပ်လှပသော Profile တစ်ခုကို ရရှိစေပါသည်။
✅️ Profile Photo အဖြစ် ဖန်တီးနိုင်ခြင်း: Premium မရှိပါကလည်း Profile Photo Maker ကို အသုံးပြု၍ မိမိနှစ်သက်ရာ Emoji ကို ဆွဲဆောင်မှုရှိသော Gradient နောက်ခံအရောင်များနှင့် တွဲဖက်ကာ Profile Photo အဖြစ် အလွယ်တကူ အသုံးပြုနိုင်ပါသေးသည်။

⚙️ ဘယ်လို ပြောင်းလဲရမလဲ?

1. Telegram ၏ Settings သို့ သွားပါ။
2. မိမိ၏ Profile ပေါ်သို့နှိပ်၍ Edit သို့မဟုတ် Appearance (Color နေရာ) သို့ ဝင်ပါ။
3. မိမိကြိုက်နှစ်သက်ရာ Profile Color ကို ရွေးချယ်ပြီး Adaptive Emoji ကို Background Pattern အဖြစ် သတ်မှတ်လိုက်ပါ။ (Profile ပုံအဖြစ် သတ်မှတ်လိုပါက Set Profile Photo > Set Emoji ကို ရွေးချယ်ပါ။) Telegram ၏ ဆန်းသစ်သော လုပ်ဆောင်ချက်များဖြင့် သင့် Profile ကို ပိုမိုဆွဲဆောင်မှုရှိအောင် ယခုပဲ ပြင်ဆင်လိုက်ပါ။

#MPX #MPXStore #Telegram #AdaptiveEmoji #TelegramPremium #TelegramTips #ProfileCustomization #TechUpdate
Please open Telegram to view this post
VIEW IN TELEGRAM