MPX Premium Store
650 subscribers
32 photos
3 videos
10 links
MPX Store — Digital Services

Telegram Premium အမြန်ရ
⭐️ 1 Month (Login) | 💎 3, 6, 1 Year (User)
🌐 Other Digital: ChatGPT, Gemini & More
⚡️ Global Service - နိုင်ငံတကာမှ ဝယ်ယူနိုင်သည်
🏆 High-Quality & Best Value

🛒 ဝယ်ယူရန်: @HeinHtetKyaw

#MPXStore
Download Telegram
အရာရာတိုင်းအတွက် အကောင်းဆုံး AI tool - ChatGPT 🤖

မှတ်စုမှတ်ဖို့ အကောင်းဆုံး AI tool - Notion AI 📝

ဗီဒီယိုအတွက် အကောင်းဆုံး AI tool - Syllaby 🎬

Avatar အတွက် အကောင်းဆုံး AI tool - Heygen 🧑‍🦱

Threads အတွက် အကောင်းဆုံး AI tool - Threadmaster 🧵

SEO အတွက် အကောင်းဆုံး AI tool - Ranked AI 📈

Text-to-image အတွက် အကောင်းဆုံး AI tool - MidJourney 🎨

CV ရေးဆွဲဖို့ အကောင်းဆုံး AI tool - Kickresume ✍️

Coding အတွက် အကောင်းဆုံး AI tool - Replit 💻

Vibe coding အတွက် အကောင်းဆုံး AI tool - Manus 🎶

Design အတွက် အကောင်းဆုံး AI tool - Canva

YouTube အတွက် အကောင်းဆုံး AI tool - CreatorUnlock 🎥

Webinar အတွက် အကောင်းဆုံး AI tool - Webinarkit 🖥

CRM အတွက် အကောင်းဆုံး AI tool - Go High Level 📈
3111
🎁 41000⭐️4100 gifts max // max 1 per user // [Out of Stock // Damn မမှီလိုက်ဘူး 😆]

🎁 10000⭐️10k gifts // max 2 per user

🎁 10000⭐️10k gifts // max 2 per user
Please open Telegram to view this post
VIEW IN TELEGRAM
5431
Motivation အရကတော့ ကိုယ့်ကိုယ်ကိုယ်သာ ပြိုင်ပါတယ်။

အခြားလူတွေ ဘာလုပ်လဲ ဘာဖြစ်နေလည်း စိတ်မဝင်စားပါဘူးဗျ။

မနေ့က ကိုယ်လည်း ဘာမှ မလုပ်ဘူး ဒီနေ့ကိုယ်လည်း ဘာမှ မလုပ်ဘူး အေးတာပဲ 😴
Please open Telegram to view this post
VIEW IN TELEGRAM
4
Name အပျောက်ထားချင်တဲ့လူတွေအတွက် ""

Premium Emoji အပျောက်ထားချင်တဲ့လူတွေအတွက် "0️⃣"
Please open Telegram to view this post
VIEW IN TELEGRAM
3
အကောင့်တော်တော်များများ Connecting ဖြစ်သလို Updating မှာကြာနေတတ်ပါတယ်ဗျ။

Channel ပျက်တာတွေ was blocked for violations of the Telegram Terms of Service based on user reports confirmed by our moderators.

စာတွေကလည်း ပြန်မရပါဘူးဗျ Channel မြင်နေရတာ Authorized Person (Admin / Owner) မလို့ မြင်ရတာပါဗျ။

အခြားလူကတော့ Channel Block ဖြစ်တယ် ဆိုတာပဲ မြင်ရမှာပါဗျ။
ဒီရက်ပိုင်းမှာ Russian ကကောင်တွေက အခုလို NFT တွေကို ဈေးပေါပေါနဲ့ လိုက်ပြီး Offer လုပ်နေတတ်ပါတယ်။ Accept ဆိုရင် NFT ပါသွားတတ်လို့ Reject ပဲလုပ်ကြပါဗျ
71
စိတ်ရှုပ်နေရင် ဘာလုပ်လဲတဲ့။

စိတ်ရှုပ်နေရင် ဘုန်းကြီးကျောင်းသွားပါတယ်။

ဖိနပ်တွေ တဖက်စီကို ဟိုပြောင်းဒီပြောင်းလုပ်ပြီး စိတ်ပိုရှုပ်နေကြတဲ့လူအုပ်ကိုကြည့်ပြီး။

ဪ ငါ့ထက် စိတ်ရှုပ်နေကြတဲ့လူတွေ ရှိပါလားလို့ ဖြည့်တွေးရတာပေါ့ 😔
Please open Telegram to view this post
VIEW IN TELEGRAM
4111
❝ပရေသံ ဟိတ မိစ္ဆေယျံ❞

ငါသည် သူတစ်ပါးတို့၏အကျိုးစီးပွားကို လိုလားနှစ်သက် ဆောင်ရွက် ပေးနိုင်ရပါလို၏။

❝ဟိတံ မေ ဣစ္ဆတံ ပရော❞

သူတစ်ပါးတို့ကလည်း ငါ၏အကျိုးစီးပွားကို လိုလားနှစ်သက် ဆောင်ရွက် ပေးနိုင်ကြပါစေ။

❝နာညဿ ဒုက္ခမိစ္ဆေယျံ❞

ငါသည် သူတစ်ပါးတို့ ဆင်းရဲဒုက္ခရောက်နေကြသည်ကို မလိုလားမနှစ်သက်ပါ။

❝မာ မေ ဒုက္ခံ ဣစ္ဆတံ ပရော❞

သူတစ်ပါးတို့ကလည်း ငါ ဆင်းရဲဒုက္ခရောက်မည်ကို မလိုလား မနှစ်သက်ကြပါစေနဲ့။

❝န ဟိံသေယျံ ပရံ ပါဏံ❞

ငါသည် တစ်ပါးသောသတ္တဝါကို မညှင်းဆဲ မနှိပ်စက်ပါရစေနဲ့။

❝မာ မေ ဝိဟေသတံ ပရော❞

သူတစ်ပါးတို့ကလည်း ငါ့ကို မညှင်းဆဲ မနှိပ်စက် ကြပါစေနဲ့။

❝န ဘဝေ အဟံ ဝေရီ❞

ငါသည် သူတစ်ပါးတို့၏ရန်သူ ဘယ်တော့များမှ မဖြစ်ပါရစေနဲ့။

❝မာ ဝေရိ ဟောတု မေ ပရော❞

သူတစ်ပါးတို့သည်လည်း ငါ၏ရန်သူတို့ ဘယ်တော့များမှ မဖြစ်ကြပါစေနဲ့။
61
ကျားကြီးတစ်ကောင်ဟာ ခွေးရူးကိုတွေ့တာနဲ့ ချက်ချင်း ရှောင်ပုန်းလိုက်ပါတယ် ကျားငယ်က မေးပါတယ်။

❝အဖေက ခြင်္သေ့ကိုလည်း တိုက်ရဲတယ် ကျားသစ်ကိုလည်း နိုင်ရဲတယ် ဘာမှမဟုတ်တဲ့ ခွေးရူးကျတော့ ရှောင်ပုန်းတယ် သိက္ခာမကျဘူးလား အဖေ❞ တဲ့

ကျားကြီးက သူ့သားကို ပြန်မေးလိုက်ပါတယ်။

❝ခွေးရူးကိုနိုင်တော့ ဂုဏ်ယူစရာ ကောင်းသလား သား❞

ကျားငယ်ခေါင်းခါပါတယ်။

❝ခွေးရူးတစ်ချက် အကိုက်ခံရရင် ကော တန်သလား❞

ကျားငယ်က ခေါင်းခါပြန်တယ်

❝ဒါဆိုရင် ငါတို့ဘာလို့ ခွေးရူးကို ပြိုင်ကိုက်ရမှာလဲ၊ ခွေးရူးဆိုတာ စိတ်ဖောက်နေတဲ့အကောင် တွေ့ကရာ လျှောက်ကိုက် နေတဲ့အကောင်၊ အကောင်တိုင်းဟာ ငါ တို့ကို ယှဉ်ပြိုင်ဖို့ တန်တာမဟုတ်ပါဘူး အဲဒါ သား မြဲမြဲ မှတ်ထား၊ လူတွေလိုမလုပ်ပါနဲ့ လူတွေတော်တော်များ များက ခွေးရူးနဲ့ ပြိုင်တုကိုက်နေကြတာ❞ လို့ပြောပြလိုက်တယ်။

သင်ခန်းစာ။ ။ တစ်စုံတစ်ယောက်၏ စော်ကားမော်ကား အပြုမူ အပြောအဆိုတွေကြောင့် ဒေါသထွက် တုန့်ပြန် ချင်စိတ် ပြင်းပြနေသော သင့်အား ဒီ ပုံပြင်လေးက နှစ်သိမ့်နိုင်ပါစေ။
422
Forwarded from MPX Leave = Ban 🔥
ℹ️ Chat Info
Chat Title: MPX Premium Store
Chat ID: -1002396377583
Total Members: 765
Banned Users: 431
👑 Owner: Hein Htet Kyaw (100285683)

🤖 Bot Admin Status: Yes
Permissions:
Manage Chat
Delete Messages
Restrict Members
Promote Members
Invite Users
Manage Video Chats
Change Info
Post Messages
Edit Messages
အရင်က ရှယ်ပေး ရေးပေးခဲ့ဖူးတဲ့ Spam Report ဖြည်နည်းကတော့ အခုအချိန်မှာ ပြန်ဖြည်လို့မရဖြစ်နေတတ်တာကြောင့် Spam Report မမိအောင် ရှောင်နိုင်ဖို့ကိုပဲ ပြောရရင်တော့

🎙 Businesses account တွေအနေနဲ့ကတော့

✔️ — တခါရှယ်ရင် Group တွေအများကြီး ရာကျော် ရှယ်တာကို သတိထားပါ။

✔️ — Chat Folder သီးသန့်ခွဲထားပြီးတော့မှ အချိန်ပေးပြီးရှယ်ပါ။

✔️ — Chat Folder တခုမှာ အများဆုံး ၇၅ Group ပဲရှယ်ပါ။

✔️ — မသိတဲ့ စကားမပြောဖူးတဲ့ Contact and Bot တွေရှယ်မိရင် တဖက်လူက Block သွားတာမျိုးမှာ Report ကိုပါ တွဲလုပ်သွားရင်တော့၊ လုပ်ခံရတဲ့ အကြိမ်ရေပေါ်မူတည်ပြီးတော့ အကောင့်က Frozen ဖြစ်နိုင်ပါတယ်။

✔️ — Frozen အထိဖြစ်သွားနိုင်ပြီး Frozen ဖြစ်သွားရင်လည်း တခါ ပြန်ယူဖို့အတွက်က ခက်ပါတယ်။

✔️ — တခါရှယ်ရင် ၅၀ နဲ့ အလွန်ဆုံး ၇၅ Group လောက်က်ိုပဲရှယ်ပါ။

✔️ — Public Group တွေမှာ မကြာခဏ ရှယ်တာမျိုးကို လျော့ပါ။

✔️ — Admin ဖြစ်တဲ့ group တွေကို သီးသန့် Chat Folder တခုလုပ်ပြီးတင်ပါ။

✔️ — Premium ကုန်မယ့်ရက်ကို သတိထားပြီး မှတ်ထားပြီး သတိထားပြီးရှယ်ပါ။ Premium ရှိလို့ ရှယ်ရင် ကိစ္စမရှိနိုင်ဘူးဆိုပေမယ့် Premium မရှိတဲ့အချိန် ရှယ်မိတာကတော့ တော်တော်လေးကို ပြဿနာရှိပါတယ်။ ။

✔️ — Admin ဖြစ်ရင်တော့ Post Share လို့ရတယ်ဆိုပေမယ့် မရတတ်တာတွေလည်းရှိတတ်ပါတယ်။ အကောင်းဆုံးကတော့ Premium ရှိရင်တောင် လျော့တင်တာမျိုးကတော့ ပိုကောင်းပါတယ်။

🎙 ရက်မပေါ်တဲ့ Spam တွေက အရင်ကသာဖြည်ရင် ၂ ရက်လောက်ရပေမယ့် အခုတော့ ၄ ရက်နည်းပါးလောက်ထိုင်ဖြည်ပေးနေတာတောင် မပြည်သေးလို့ပါ။

Personal account တွေအနေနဲ့ကတော့ ရက်ပေါ်တဲ့ Spam မိရင်တော့ ပြန်ဖြည်လို့ရနိုင်ပေမယ့်။

✔️ — Group တွေမှာ လူထည့်ပေးတာတွေ လျော့တာမျိုး

✔️ — မသိတဲ့လူတွေ DM (Direct Message) မှာ စကားပြောတဲ့အခါမှာ Block // Report တွဲလုပ်ခံရတာမျိုးဖြစ်တတ်လို့ ရှောင်နိုင်တာမျိုး

✔️ — Public Group တွေမှာ စကားအရမ်းဝင်ပြောရင်း တယောက်ထဲ ပြောနေရင်းနဲ့ Spam သလိုဖြစ်ပြီး စာတွေ အများကြီးထိုင်ရိုက်တာမျိုးဖြစ်တတ်တာကလည်း အကောင့်မှာ Spam Report မိသွားတတ်ပါတယ်။

✔️ — Spamming လုပ်တာမျိုးကိုတော့ တော်တော်လျော့နိုင်ရင် အဆင်ပြေမှာပါ

✔️ — batch type ဖြစ်တဲ့ မန်ဘာတွေ အရမ်းအများကြီးကို တခါထဲထည့်ပေးတာမျိုး။ လင့်တွေ အများကြီးကို သူများတွေ DM မှာ ပို့တာမျိုး။ အလကားရတယ်ဆိုတဲ့ gw တွေကို တခါထဲရှယ်တာမျိုး လျော့နိုင်ရင် အဆင်ပြေမှာပါ။ ။

🛡 ဤ Content ခိုးကူးခြင်း၊ ဦးနှောက်ဖောက်စားခြင်း၊ ကိုယ်ရေးသလို ခိုးသွားခြင်းများ မပြုလုပ်ရ (ရှက်တတ်ပြီး အရှက်ရှိရင်ပြောပါတယ် 😂)

This Content © 2026 by Hein Htet Kyaw is licensed under CC BY-NC-ND 4.0 📜 📜 📜 📜
Please open Telegram to view this post
VIEW IN TELEGRAM
4321
Telegram ကိုက Server Error ကြောင့်ဖြစ်မယ်ထင်ပါရဲ့

စာတွေပို့ရင်လည်း နောက်ကျမှရောက်သလို Voice Chat ဝင်လို့မရတာ၊ လိုင်းနှေးသလိုဖြစ်တာ၊ ကိုယ်ပို့တဲ့စာတွေလည်း မရောက်သလိုဖြစ်တတ်ပါတယ်ဗျ

အကောင့်တွေကလည်း တခါတလေ Connecting and Updating မှာပဲ ဒယ်လစ်နေတတ်တာဆိုတော့ အခြေအနေခဏလောက်စောင့်ပြီးတော့မှ ပြန်သုံးကြည့်ကြပါဗျ
321
MPX Premium Store
အရင်က ရှယ်ပေး ရေးပေးခဲ့ဖူးတဲ့ Spam Report ဖြည်နည်းကတော့ အခုအချိန်မှာ ပြန်ဖြည်လို့မရဖြစ်နေတတ်တာကြောင့် Spam Report မမိအောင် ရှောင်နိုင်ဖို့ကိုပဲ ပြောရရင်တော့ 🎙 Businesses account တွေအနေနဲ့ကတော့ ✔️ — တခါရှယ်ရင် Group တွေအများကြီး ရာကျော် ရှယ်တာကို သတိထားပါ။…
ဒါကလည်း ပြန်ပြီးတော့ Stable ဖြစ်သွားပါပြီ။ သူတို့ဘက်က Server fault ကြောင့် ဖြစ်တာနေမှာ။ ။

Spam Report တွေဖြစ်ရင် အပေါ်မှာ ရေးခဲ့သလို ပြန်ဖြည်လို့ရပါပြီ။ စာတွေ ကူးမရရင်တော့ ဖြည်နည်းကို DM က လာတောင်းပါဗျ။ ။
🌐 OpenVPN Profile — 30D — 5,000 MMK
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from MPX Leave = Ban 🔥
📊 Bot Statistics

🔐 Ban Statistics:
• Total Bans: 3,607,394
• Unique Users: 1,433,613
• Active Chats: 5,999
• Bans Today: 4,198

📦 Donations:
• No donations yet - be the first!
• Use /donate to support the bot

Database: Connected and operational
Please open Telegram to view this post
VIEW IN TELEGRAM
အရင်ဆုံး @spambot ကိုသွားပြီးတော့ Spam Type ကို အရင်ဆုံးကြည့်ရပါ့မယ်။ ။

Spam Types » limited until [Date] // [No Date] // abuse@telegram.com

ပုံမှန်အားဖြင့်ကတော့ 2 types ဖြစ်တဲ့ [Date] .. [No Date] မှာတော့ Button ပေါ်တာရယ် မပေါ်တာရယ်ဆိုပြီးတော့ ပြန်ကွဲပြန်ပါတယ်။ ။ အခုရေးထားတဲ့နည်းလမ်းကတော့ Button ပေါ်တဲ့လူတွေအတွက် ပြန်ဖြည်တဲ့နည်းပါပဲဗျ။

@spambot » /start » This is a mistake » Yes » No! Never did that! » Verify you are human. (တခါတလေမှာတော့ VPN ဖွင့်မှ Check လုပ်လို့ရပါတယ်) » Done

Great! ...
ဆိုတဲ့စာပေါ်လာရင်တော့ အောက်ကစာကိုပိုပေးလိုက်ပါ။

Hello, sorry for my telegram account, I'm asking for forgiveness, I don't know it was illegal to send a spam message hopefully you can forgive me and release my account thanks before hand!

သူတိုကဘက်က Thank You! လိုပိုပြီး ၆ နာရီလောက်စောင့်ရင် Bot ထဲမှာ ပြန် Start လုပ်ကြည့်ပြီး Good news, ..  လိုပေါ်လာရင်တော့ပြန်ပြီး စာပိုလိုရပါပြီ။ မရသေးရင် ခဏခဏပြန်ပြီးပိုပါလို။
———
အပေါ်ကစာကို မဖတတ်လို့ မလုပ်တတ်ရင်တော့ တစ်ကောင့်ကို ၃ သောင်းနဲ့ဖြည်ပေးပါတယ်။ အပေါ်ကစာကို သေချာဖတ်ပြီးလုပ်ရင်တော့ ပြန်ရပါတယ်ဗျ။

တော်တော်များများကတော့ အပေါ်ကနည်းအတိုင်းပဲ တစ်ကောင့် ၃၀၀၀ နဲ့ Service ပေးတဲ့လူတွေရှိပါတယ် :"3
UQCfDOQbCWexGw81tKsOUsmh0Hej9OZOd-1vk3q6pRhzBebI
Channel photo updated
heinhtetkyaw.ton
🌐 မျိုးဆက်သစ် Blockchain နည်းပညာ TON အကြောင်းနှင့် Wallet ဖွင့်နည်း အပြည့်အစုံ 🌐

TON (The Open Network) ဆိုတာ Telegram အဖွဲ့ကနေ စတင်ဖန်တီးခဲ့တဲ့ အလွန်မြန်ဆန်ပြီး လုံခြုံတဲ့ Blockchain စနစ်တစ်ခု ဖြစ်ပါတယ်။ အခြား Crypto တွေနဲ့မတူဘဲ မိမိတို့ နေ့စဉ်အသုံးပြုနေတဲ့ Telegram App နဲ့ တိုက်ရိုက်ချိတ်ဆက်အသုံးပြုနိုင်တဲ့အတွက် သုံးစွဲရတာ အလွန်အဆင်ပြေ လွယ်ကူပါတယ်။ ဒါ့အပြင် ငွေလွှဲပြောင်းမှုတွေကို တစ်စက္ကန့်အတွင်း သန်းနဲ့ချီ လုပ်ဆောင်နိုင်ပြီး ငွေလွှဲခ (Fee) ကလည်း အလွန်သက်သာတဲ့အတွက် လက်ရှိမှာ လူကြိုက်အများဆုံး ကွန်ရက်တစ်ခု ဖြစ်လာပါတယ်။

🏷 TON Wallet ကို ဘယ်လို ဖန်တီးမလဲ?

TON ကို အသုံးပြုဖို့အတွက် ယုံကြည်စိတ်ချရတဲ့ Tonkeeper ဆိုတဲ့ Wallet ကို အသုံးပြုပြီး အကောင့်ဖွင့်နည်းကို ရှင်းပြပေးပါမယ်။

၁။ ပထမဦးဆုံး မိမိဖုန်းရဲ့ App Store သို့မဟုတ် Play Store မှာ Tonkeeper လို့ ရိုက်ရှာပြီး App ကို ဒေါင်းလုဒ်ဆွဲပါ။

၂။ App ကို ဖွင့်ပြီးတာနဲ့ Create new wallet (Wallet အသစ်ပြုလုပ်မည်) ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ပါ။

၃။ ဒီအဆင့်က အရေးကြီးဆုံးပါ။ စနစ်ကနေ သင့်အတွက် လျှို့ဝှက်စာလုံး ၂၄ လုံး (Recovery Phrase) ကို ချပြပေးပါလိမ့်မယ်။ အဲဒီစာလုံးတွေကို ဖုန်းထဲမှာ ပြထားတဲ့ အစီအစဉ်အတိုင်း စာရွက်တစ်ရွက်ပေါ်မှာ မှန်ကန်အောင် သေချာချရေးထားပါ။

၄။ ပြီးရင် Continue ကို နှိပ်လိုက်ပါ။ သင် တကယ် မှတ်ထားခြင်း ရှိမရှိ သေချာစေဖို့ စနစ်ကနေ စာလုံးတချို့ကို ပြန်ရွေးခိုင်းပါလိမ့်မယ် (ဥပမာ - နံပါတ် ၅ နေရာက စာလုံးကို ရိုက်ထည့်ပါ စသဖြင့်)။ မိမိမှတ်ထားတဲ့အတိုင်း မှန်ကန်အောင် ရိုက်ထည့်ပေးလိုက်ပါ။

၅။ နောက်ဆုံးအနေနဲ့ App ထဲကို ဝင်တိုင်း သုံးဖို့အတွက် ဂဏန်း ၆ လုံးပါတဲ့ Passcode လျှို့ဝှက်နံပါတ်တစ်ခု သတ်မှတ်ပေးရပါမယ်။ (ဖုန်းမှာ Fingerprint ဒါမှမဟုတ် Face ID ပါရင် တစ်ခါတည်း တွဲဖွင့်ထားလို့ ရပါတယ်)။ ဒါဆိုရင် သင့်ရဲ့ကိုယ်ပိုင် TON Wallet အကောင့်ဖွင့်တာ အောင်မြင်သွားပါပြီ။

🔒 Wallet Backup ကို ဘယ်လို လုံခြုံအောင် သိမ်းဆည်းမလဲ?

သင့်ရဲ့ Crypto ပိုင်ဆိုင်မှုတွေ လုံခြုံဖို့ဆိုတာ စောစောက မှတ်သားခဲ့တဲ့ လျှို့ဝှက်စာလုံး ၂၄ လုံးပေါ်မှာပဲ ၁၀၀ ရာခိုင်နှုန်း မူတည်နေပါတယ်။ ဖုန်းပျောက်သွားတာပဲဖြစ်ဖြစ်၊ App ဖျက်မိသွားတာပဲဖြစ်ဖြစ် အဲဒီစာလုံးတွေရှိမှသာ မိမိအကောင့်ကို ပြန်ယူလို့ရမှာပါ။ ဒါကြောင့် အောက်ပါအချက်တွေကို အထူးဂရုစိုက် လိုက်နာဖို့ လိုအပ်ပါတယ်။

📌 လုံးဝ (လုံးဝ) အွန်လိုင်းမှာ မသိမ်းပါနဲ့ - Screenshot ရိုက်တာ၊ ဖုန်း Note ထဲမှာ မှတ်တာ၊ မိမိဖုန်းနံပါတ်ကို Message ပြန်ပို့ထားတာ၊ Google Drive ပေါ်တင်ထားတာမျိုးတွေ လုံးဝမလုပ်ပါနဲ့။ အင်တာနက်နဲ့ ချိတ်ဆက်ထားတဲ့ နေရာတိုင်းဟာ ဟက်ကာတွေ အလွယ်တကူ ခိုးယူနိုင်လို့ပါ။

📌 စာရွက်ပေါ်မှာပဲ ရေးမှတ်ပါ - စာရွက်ပေါ်မှာ ဘောပင်နဲ့ ထင်ရှားအောင်ရေးပြီး ဘယ်သူမှ မမြင်နိုင်တဲ့ လုံခြုံတဲ့ နေရာမှာ သိမ်းဆည်းထားပါ။ ရေစိုတာ၊ ပျောက်ရှတာတွေ မဖြစ်အောင် စာရွက် ၂ ရွက်လောက် ခွဲရေးပြီး သော့ခတ်ထားလို့ရတဲ့ နေရာနှစ်ခုမှာ ခွဲသိမ်းထားရင် ပိုကောင်းပါတယ်။

📌 ဘယ်သူ့ကိုမှ မပေးပါနဲ့ - ဒီစာလုံး ၂၄ လုံးကို ဘယ်သူလာတောင်းတောင်း လုံးဝ မပေးပါနဲ့။ အကူအညီပေးတဲ့ Admin တွေကလည်း ဘယ်တော့မှ တောင်းမှာ မဟုတ်ပါဘူး။ သူများသိသွားရင် သင့်ပိုက်ဆံတွေ အကုန်ပါသွားပါလိမ့်မယ်။

TON Blockchain သည် အနာဂတ်တွင် ဒစ်ဂျစ်တယ်ငွေပေးချေမှုနှင့် Web3 နည်းပညာများကို ပိုမိုကျယ်ပြန့်စွာ အသုံးပြုလာနိုင်ရန် တွန်းအားပေးနေသော စနစ်တစ်ခုဖြစ်ရာ မိမိ၏ ကိုယ်ပိုင် Wallet ကို စနစ်တကျ ဖွင့်လှစ်ပြီး လုံခြုံစွာ သိမ်းဆည်းထားခြင်းသည် ဒစ်ဂျစ်တယ်ခေတ်၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများအတွက် ခြေလှမ်းကောင်းတစ်ခုပင် ဖြစ်ပါသည်။
Please open Telegram to view this post
VIEW IN TELEGRAM
11