မကွေးလေတပ်မှာ ဒုံးကျည်အသစ်တွေတပ်ထားတဲ့ တိုက်လေယာဉ်တွေ အတက်အဆင်းများနေ
=====
မကွေး၊ ဒီဇင်ဘာ ၂၀၊ ၂၀၂၁။
မကွေးလေတပ်မှာ အဖြူရောင်ဒုံးကျည်အသစ်တွေ တပ်ထားတဲ့ တိုက်လေယာဉ်တွေ ဒီနေ့ နေ့လယ် ၁၁ နာရီနဲ့ ၁၂ နာရီကြားမှာ အတက်အဆင်းလုပ် ပျံသန်းနေတာဖြစ်ပြီး အဆင်းချည်းပဲ ၉ စင်းရှိတယ်လို့ MDA နဂါးတပ်ဖွဲ့က ဆရာနှင်းမောင်က ပြောပါတယ်။
"၁ လုံးထိုး ၂ စီး၊ တိုက်လေယာဉ် ၆ စီး လို့သိရှိရပါတယ် ကျန်တစီးကတော့ မကွေးမြို့ပေါ်မှာ ပျံဝဲနေတာပါ၊ သူ့တို့ မကွေးမြို့ပေါ်ကို ဘာလုပ်ဖို့ကြံစီနေတာလည်းဆိုတာတော့ မသိရသေးပါဘူး။ မြေပြင်မှာ ဒုံးကျည်ပစ်ပြီး ပြန်ဝင်လာတာလို့ ထင်ပါတယ်" လို့ ဆရာနှင်းမောင်က ပြောပါတယ်။
ပြန်ဝင်လာတဲ့ တချို့တိုက်လေယာဉ်တွေမှာ ဒုံးကျည် ပြန်ပါလာတာ မတွေ့ရလို့ မြေပြင်မှာ ပစ်ခဲ့ပြီး ပြန်လာတာဖြစ်နိုင်တယ်လို့ ပြောပါတယ်။

စစ်ရေးသတင်းများကိုအလျင်စလိုမတင်ခြင်းဖြင့်ပူးပေါင်းပါ၀င်ရန် KNU ဒူးပလာယာခရိုင်မှပန်ကြား
=====
တပ်မဟာ (၆) မှ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းယူခြင်းများကို ကြားသိရပါက online ပေါ်၌ အလျင်စလို မတင်ရန် မေတ္တာ ရပ်ခံထားပါသည်။
ပစ်ခတ်တိုက်မှုဖြစ်ပွားပြီးသည့်နောက်၌ဖြစ်စေ၊ စခန်းသိမ်းယူပြီးသည့်နောက်၌ဖြစ်စေ စစ်ရေးအစီအစဥ်အရ မှ ဆက်လက်လုပ်ဆောင်ရမည့်အရာများရှိနေသည့်အတွက်ကြောင့် စစ်ရေးလှုပ်ရှားမှုအကြောင်းအရာကို online ပေါ်၌ အလျင်စလိုတင်ပြီး ဖြန့်ဝေလိုက်ပါက ရန်သူကို သတင်းပေးပို့ရာသို့သက်ရောက်ပြီး စစ်မြေပြင်၌ ထိခိုက်မှုဖြစ်ပေါ်စေနိုင်ပါသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ဖြစ်လေ့ဖြစ်ထရှိသော စစ်ပြေးဒုက္ခသည်ပြည်သူများ၏ နေရာများ ကို မြေပုံညွှန်းနှင့်တကွ ဖော်ပြခြင်းများပြုလုပ်ပါက ဒုက္ခသည်များအား စစ်ကောင်စီတပ်မှ ပစ်မှတ်ထားနိုင်သည့်အတွက် လုံခြုံမှုမရှိစေတော့ကြောင်း အသိပေးထားပါသည်။
ပုံမှန်အားဖြင့် တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း လေယာဥ်ဖြင့်လာရောက်ဗုံးကြဲပစ်ခတ်ခြင်း နှင့် စစ်ကူတပ်ဖွဲ့များစေလွတ်ခြင်းများကို ပြုလုပ်လျက်ရှိပါသည်။
ထို့ကြောင့် တပ်မဟာ(၆)မှ တပ်ဖွဲ့တပ်သားများ စစ်မြေပြင်ကိစ္စရပ်များပြီးဆုံး၍ လုံခြုံစိတ်ချသော နေရာသို့ ပြန်လည်ရောက်ရှိသော အချိန်မှသာလျင် onlineပေါ်၌ သတင်းများကို ဖြန့်ဝေကြရန် မေတ္တာရပ်ခံပါသည်ဟုဖော်ပြထားပါသည်။

မန္တလေးက ကျောက်ဝိုင်းနှစ်နေရာကို အာဏာသိမ်းစစ်တပ် ဝင်ရောက်စီးနင်း ဖမ်းဆီး
========
မန္တလေး - ၂၀၂၁ ဒီဇင်ဘာ ၂၀ (မော်ကွန်း)
ဒီကနေ့ မွန်းတည့် ၁၂:၀၀ နာရီဝန်းကျင်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၄လမ်း၊ ၄၃လမ်းနဲ့ ၄၄ လမ်းကြားမှာရှိတဲ့ နာမည်ကြီးကျောက်မျက်ကုမ္ပဏီတစ်ခုကို အချုပ်ကားလေးစီး၊ စစ်ကောင်စီတပ်အင်အား ၅၀ ကျော်နဲ့ ဝင်ရောက်စီးနင်းခဲ့ကြောင်း မြို့ခံက ပြောပါတယ်။
အလားတူ ၁၅ လမ်း ၈၇လမ်းက ကျောက်အရောင်းအဝယ်ပြုလုပ်နေသူတွေကိုလည်း ဖမ်းဆီးသွားကြောင်း မြို့ခံတွေဆီက သိရပါတယ်။
"အချုပ်ကားလေးစီးလားငါးစီးလား အပြည့်တင်သွားတယ်လို့ပြောတယ်။ အိုးဘိုထောင်ခေါ်သွားပြီလို့လည်းပြောတယ်။ မိသားစုဝင်တွေကတော့ အိုးဘိုထောင်ဘက် လိုက်ဖို့လုပ်နေတယ်"လို့ ကျောက်သမားတစ်ဦးက ပြောပါတယ်။
၈၄လမ်း ကျောက်အရောင်းအဝယ်ပြုလုပ်တဲ့နေရာကို ဝီချက်ဝိုင်းလို့လည်း အသိများကြပြီး ကျောက်သမားတွေအဖမ်းမခံရအောင် ညှိနှိုင်းခဲ့တယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်ခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီဟာ မဟာအောင်မြေမြို့နယ် ၄၁လမ်းမူလကျောက်ဝိုင်းမှာ အရောင်းအဝယ်ပြုလုပ်ဖို့ ဖိအားပေးခဲ့ပေမယ့် မကြာခဏ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာကြောင့် ကျောက်သမားအများစု သွားရောက်အရောင်းအဝယ်ပြုလုပ်တာမျိုး နည်းပါးခဲ့ပါတယ်။

သုံးခွမြို့နယ်တွင် စစ်ကောင်စီကား ၂ စီး မိုင်းခွဲခံရ၊ စစ်သား ၂ ဦးသေဆုံးဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ပြော
==============
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် စစ်ကောင်စီကားနှစ်စီးကို ယနေ့ ဒီဇင်ဘာလ ၂၀ ရက် နံနက်ပိုင်းက ခရမ်းမြို့နယ်ဘက်သို့ မောင်းနှင်ထွက်ခွာလာသည့် ထိုစစ်ကောင်စီကား နှစ်စီးကို သုံးခွမြို့အထွက် လက်ပံကျိုးကျေးရွာ၊ ဖက်ကလေးရိုးတံတားအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“ဒီနေ့ မနက် ၈ နာရီ မိနစ် ၃၀ အချိန်လောက်မှာ ခရမ်းမြို့ကို သွားမယ့် စစ်ကောင်စီရဲ့ ရိက္ခာတင် ကားလို့ ယူဆရတဲ့ ကားနှစ်စီးကို ကျွန်တော်တို့ ကာကွယ်ရေးအဖွဲ့က အဝေးထိန်းမိုင်း ခြောက်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်တာပါ။ တစ်လုံးကတော့ မပေါက်သွားဘူး။ ငါးလုံးကို ဖောက်ခွဲနိုင်ခဲ့ပါတယ်။ စစ်သားနှစ်ဦးသေတယ်လို့ ကနဦး သိထားရတယ်” ဟု T.Y.F အဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရကာ အသေးစိတ်ကို ဆက်လက်စုံစမ်းနေကြောင်း ၎င်းက ဆိုသည်။
“မနက်က မိုင်းခွဲတိုက်ခိုက်ခံရတဲ့ နေရာမှာ စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ အစစ်အဆေးတွေ များနေတယ်။ အဲ့ဒီလမ်းပေါ်မှာ ကားတွေလည်း ရပ်ထားရတယ်။ သုံးခွမြို့ကိုလည်း အဝင်အထွက်ပိတ်လိုက်ပြီ” ဟု သုံးခွဒေသခံတစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီက ခရမ်းမြို့နယ် အဝင်၊ အထွက်များကို ဒီဇင်ဘာလ ၁၇ ရက်နေ့မှ စတင်ပိတ်ဆို့ထားပြီး မြို့နယ်အတွင်း စစ်ဆေးမှုများကို တင်းကျပ်စွာ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

ချင်းတောင်တန်းဌာနေပြည်သူ့စစ် အထူးကွန်မန်ဒိုသင်တန်းဆင်ပွဲပြုလုပ် နမခတိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်သဝဏ်လွှာပို့ ဆိုတဲ့သတင်းအမှား
========
ချင်းပြည်နယ်မှာ ချင်းတောင်တန်းဌာနေပြည်သူ့စစ် အထူးကွန်မန်ဒို သင်တန်းဆင်းပွဲကို နမခတိုင်းမှူး ဒုတိယ ဗိုလ်ချုပ်ကြီး သန်းလှိုင်မှ သဝဏ်လွှာပေးပို့လိုက်ကြောင်း CNO ကထုတ်ပြန်တယ်ဆိုတဲ့သတင်းအမှားဟာ Facebook စာမျက်နှာမှာပျံနှံ့နေပါတယ်။
အမှန်တယ်ကတော့ အဲဒီကွန်မန်ဒိုသင်တန်းဆင်းပွဲဟာ ဒီဇင်ဘာလ ၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ချင်းအမျိူးသားကာကွယ်ရေးတပ်ဖွဲ့(CNDF) ရဲ့သင်တန်းဆင်းပွဲဖြစ်ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပေးပို့တဲ့ သဝဏ်လွှာကို ပုံမှားရိုက်ရေးသားပြီး ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်သဝဏ်လွှာပေးပို့တဲ့ပုံစံနဲ့ ပြန်လည်ရေးသားဖော်ပြထားတာဖြစ်ပါတယ်။
သဝဏ်လွှာမှာ “ရဲဘော်တို့ရဲ့ စွန့်လွှတ်ပေးဆပ်မှုများသည် နောင်လာနောက်သား ငါတို့မျိုးဆက်သစ်များအတွက်ဖြစ်သည်။ ငါတို့ပြည်ထောင်စုနိုင်ငံတော်၏ အနာဂတ်အတွက်ဖြစ်သည်။ တိုင်းရင်းသားပြည်သူအားလုံး စစ်ကျွန်ဘဝမှ လွှတ်မြောက်ရေးအတွက် အဆုံးသတ်တိုက်ပွဲဝင်ရန် ရည်ရွယ်လျက် ဤစွန့်လွှတ်ပေးဆပ်မှုများကို အရင်းအနှီးပြုနေသည့် ရဲဘော်အားလုံးကို ဤနေရာမှ ဦးညွှတ်အလေးပြုလိုက်ပါတယ်” လို့ရေးသားဖော်ပြထားပါတယ်။
ဒါပေမယ့် ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်သဝဏ်လွှာပေးပို့တဲ့ပုံစံနဲ့ ပြန်လည်ရေးသားဖော်ပြထားမှုမှာတော့ “ရဲဘော်တို့ရဲ့ စွန့်လွှတ်ပေးဆပ်မှုများသည် နောင်လာနောက်သား ငါတို့မျိုးဆက်သစ်များအတွက်ဖြစ်သည်။ ငါတို့ပြည်ထောင်စုနိုင်ငံတော်၏ အနာဂတ်အတွက်ဖြစ်သည်။ တိုင်းရင်းသားပြည်သူအားလုံး NUG ၏ ဆူပူသောင်းကျန်းမှုမှ လွှတ်မြောက်ရေးအတွက် အဆုံးသတ်တိုက်ပွဲအတွက်ရည်ရွယ်လျက် ဤစွန့်လွှတ်ပေးဆပ်မှုများကို အရင်းအနှီးပြုနေသည့် ရဲဘော်အားလုံးကို ဤနေရာမှ ဦးညွှတ်အလေးပြုလိုက်ပါတယ်” လို့ ပုံတူမှား ရေးသားဖော်ပြထားတာဖြစ်ပါတယ်။
အခုလို ပုံစံတူ ရေးသားမှုကို စံပယ်ဖြူ အကောင့်ကနေ ဒီဇင်ဘာလ ၄ ရက်နေ့က ရေးသားဖော်ပြထားတာဖြစ်ပြီး Like & React ပြုလုပ်သူ 44 ယောက်ထိရှိတဲ့ သတင်းအမှား Post တစ်ခုသာဖြစ်ပါတယ်။

ခရစ္စမတ်ပွဲတော်ကို အွန်လိုင်းအစီအစဉ်ဖြင့်သာ ဟားခါးမြို့တွင် ကျင်းပသွားမည်ဟုသိရ
=======
ယခုနှစ် ၂၀၂၁၊ ဒီဇင်ဘာလ ၂၅ ရက်နေ့၊ ခရစ္စမတ်ပွဲတော်ကို ဟားခါးမြို့တွင် ခါတိုင်းနှစ်ကဲ့သို့ ခမ်းနားစွာ မကျင်းပတော့ဘဲ ကပ်ဆိုးဒဏ်နှင့် နိုင်ငံရေးအခြေအနေကြောင့် အသင်းတော်အများစုအနေဖြင့်အွန်လိုင်းအစီအစဉ်ဖြင့်သာ ကျင်းပမည်ဖြစ်ကြောင်း ဟားခါးမြို့မှ သင်းအုပ်ဆရာတော် တစ်ဦးထံ သိရသည်။
“ဒီနှစ်ကျတော့လေ ထန်တလန်မီးလောင်တာနဲ့ ဖလမ်းမီးလောင်တာနဲ့ ဒုက္ခမျိုးစုံပေါ့နော်၊ နောက်ပြီးတော့ ကပ်ဘေးရောဂါကြောင့် ဆုံးပါးသွားတဲ့သူတွေ ပြီးရင် တော်လှန်ရေးကြောင့် ကျဆုံးသွားတဲ့ကျွန်တော်တို့ ညီအကို မောင်နှအားလုံးကို အောက်မေ့သတိရဖွယ်အနေဖြင့်ပေါ့နော် ဒီနှစ်တော့ ဟားခါးမှာလည်း အသင်းတော်အနေနဲ့သော်လည်းကောင်း၊ ရပ်ကွက်အနေနဲ့သော်လည်းကောင်း၊ မိသားစုအနေနဲ့သော်လည်းကောင်း ခရစ္စမတ်ကို လုံးဝမလုပ်သင့်ဘူးဆိုတဲ့အရာလေးနဲ့ ဟားခါးခရစ်ယန် ဂိုဏ်းပေါင်းစုံမိတ်သဟာရ အဖွဲ့ကနေပြီးတော့ ဆုံးဖြတ်ထားတာရှိဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၅ ရက်နေ့က ခရစ္စမတ်ရက်နေ့ အားလျော်စွာ အွန်လိုင်းအစဉ်စီနဲ့ဘဲ လုပ်သွားမှာပါ။” ဟု ဟားခါးမြို့မှ သင်းအုပ်ဆရာတော် တစ်ဦးမှ ပြောသည်။
“တော်တော်လေးကို ရင်နာတဲ့ဘဝ၊ ကျွန်တော်တို့ ၂၀၁၈၊ ၂၀၁၉ တုန်းကဆိုရင်တော့ ကျွန်တော်တို့လည်း လူငယ်တွေဆိုတော့ ညကျရင် ကယ်ရိုသွားတာတို့၊ ပြီးတော့ အဲ့လို ခရစ္စမတ်ပွဲ ကျင်းပတာတို့ ဆိုရင် တော်တော်လေးကို ပျော်တာပေါ့၊ သူငယ်ချင်းတွေနဲ့လည်း ပြန်ဆုံကြတယ်၊ အခြားမြို့တွေမှာ တက္ကသိုလ်တက်ကြတဲ့ သူတွေလည်း ကိုယ့်ရပ်ကိုယ့်ဒေသဖြစ်တဲ့ ဟားခါးကို လာကြပြီးတော့ စုံစုံလင်လင်နဲ့ ကျွန်တော်တို့တွေ အမြဲပါဝင်နေကျဖြစ်ပေမယ့်လည်း အခုတော့ ကပ်ဆိုးကာလလည်းဖြစ်တယ်၊ နိုင်ငံရေးအခြေနေကြောင့်လည်း ဖြစ်တော့ မကျင်းပရတော့ဘူးလို့ သူတို့ ကြေညာထားတာဆိုတော့ တော်တော်လေးကို ဝမ်းနည်းပါတယ်။” ဟု ဟားခါးမြို့ ဒေသခံလူငယ်တစ်ဦးမှ ပြောသည်။
ခရစ်ယာန်ဘာသာဝင် အများဆုံးနေထိုင်ရာဖြစ်သည့် ချင်းပြည်နယ်တွင် ခရစ်စမတ်ကာလဖြစ်သည့် ဒီဇင်ဘာလတွင် အိမ်တိုင်ရာရောက် Carol လှည့် သီချင်းဆိုချင်းများနှင့် ခရစ်တော်မွေးဖွားလာမည့်သတင်းကောင်းပေးခြင်းများပြုလုပ်လျက်ရှိခဲ့ကြသော်လည်း ယခုနှစ်တွင် အွန်လိုင်းဖြင့်သာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

စစ်အာဏာသိမ်းခေါင်းဆောင် မှော်ဘီမြို့ အမျိုးသမီး ဗိုလ်သင်တန်းဆင်းပွဲတက်ရောက်ဦးမည်
========
ဒီဇင်ဘာ ၂၀ ရက်
ရန်ကုန်တိုင်း၊ မှော်ဘီမြို့ရှိ အမျိုးသမီးဗိုလ်သင်တန်းကျောင်းတွင်ပြုလုပ်မည့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဥ်(၈) ဗိုလ်သင်တန်းဆင်းပွဲကို တက်ရောက်ဦးမည်ဖြစ်ကြောင်း မှော်ဘီမြို့စစ်တပ်အသိုင်းအဝိုင်းထံကသိရသည်။ ယခုအပတ်တွင်းပြုလုပ်မည်ဖြစ်ပြီး မှော်ဘီမြို့ကိုလည်း လုံခြုံရေးအင်အားအများအပြားတိုးမြှင့်ထားကြောင်း သိရသည်။
" မှော်ဘီ အမျိုးသမီးဗိုလ်သင်တန်းကျောင်းမှာ ဗိုလ်သင် တန်းဆင်းပွဲရှိတယ်။ ဒီအပတ်ထဲမှာဘဲလုပ်မှာ။ တပ်ချုပ်လာတက်မှာ။ဒါပြီးမှပြန်မယ်ထင်တယ်။'' ဟု မှော်ဘီစစ် တပ်အသိုင်းအဝိုင်းက ဧရာဝတီတိုင်းမ်ကိုပြောသည်။
မှော်ဘီနှင့်မင်္ဂလာဒုံ မြို့တို့သည် စစ်တပ်မြို့များဖြစ်ပြီး လုံခြုံရေးအတွက် ရန်ကုန်မြို့ကို နယ်မြေခံတပ်ရင်းများအပါအဝင် လုံခြုံရေးတပ်ရင်းအများအပြားဖြင့် စည်း ၃ စည်းချ၍ စောင့်ကြပ်နေကြောင်း သိရသည်။
ယနေ့ (ဒီဇင်ဘာ ၂၀)ရက် မနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်ရှိ စစ်ဆေးတက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဥ် (၂၂) သင်တန်းဆင်းပွဲသို့ တက်ရောက်ခဲ့ပြီး ရန်ကုန်မြို့တွင်းမှာပင်ရှိနေသေးကာ မှော်ဘီမြို့အမျိုးသမီးဗိုလ်သင်တန်းဆင်းပွဲကို ဆက်လက် တက်ရောက်မည်ဖြစ်ကြောင်းသိရသည်။

စစ်ဘေးရှောင်လူထုကို စောင့်ရှောက် ကူညီပေးနေဟု DKBA ဗိုလ်မှူးဆန်းအောင် ပြော
=========
“ကျနော်တွေ့တာကတော့ လူတွေ ပြေးရလွှားရတာတော့ အသည်းအသန်ပဲ။ တနေရာနဲ့ တနေရာ ပြောင်းရွှေ့ပြေးနေတာပေါ့။ ကျနော်တို့ ပါဝင်ကူညီတာက လူသားချင်းစာနာပြီးတော့ လူ့အခွင့်အရေး ရှုထောင့်ကနေပြီးတော့ ကူညီတာတော့ရှိတာပေါ့။ သူတို့စားနပ်ရိက္ခာတွေ၊ ပြန်ယူစရာတို့ ၊ တကယ်လို့ ကျနော်တို့ သူတို့နားမှာမနေရင် သူတို့ ယူလို့မှ မရတာ။ ”
လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ စစ်ရေးနဲ့ပတ်သက်ပြီးတော့ လတ်တလော ပါဝင်တိုက်ခိုက်တာ မရှိသေးဘူးလို့လည်း ပြောပါတယ်။
“ကျနော်တို့ စစ်ရေးချုပ် အမိန့်မပေးတော့ တိုက်လို့ခိုက်လို့မရဘူးလေ။ စစ်သားဆိုတော့ ဆင့်ကဲဆင့်ကဲ အုပ်ချုပ်မှုရှိတယ်လေ။ ဗိုလ်ချုပ်က အမိန့်ပေးရင်တော့ တမျိုးပေါ့။ ဒီချိန်မှာ ဗိုလ်ချုပ်က ငြိမ်းချမ်းရေးလား၊ အန်စီအေလား ကျနော်တို့လည်း နားမလည်ဘူးလေ။ အဲဒီဟာ နိုင်ငံရေးဝေါဟာရတွေဆိုတော့ ကျနော်တို့လည်း နားမလည်ဘူးလေ”လို့DKBA ဗိုလ်မှူးဆန်းအောင် ပြောပါတယ်။
ကိုယ့်လူထုတွေ မထိခိုက်၊ မနစ်နာအောင် သူတို့နားမှာပဲ နေပေး၊ ဝိုင်းရံပေးနေပြီး အရပ်သားတွေ ပြေးရလွှားရတဲ့ အချိန်ကာလမှာ သူတို့နားမှာ သူတို့နဲ့အတူရှိနေကာ ပစ္စည်းယူပေးနေတယ်လို့လည်း ပြောပါတယ်။ ပြီးခဲ့တဲ့ရက်က ထိုင်းနိုင်ငံဘက်ကနေ ပြန်လည်ဝင်ရောက်လာတဲ့ စစ်ဘေးရှောင်တချို့ကိုလည်း DKBA က ကူညီစောင့်ရှောက်ပေးထားတာ ရှိပါတယ်။
ထိုင်းနိုင်ငံဘက် ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ခွန်မွန်းခွန်းကတော့ လက်ရှိ ထိုင်းနိုင်ငံဘက်ခြမ်း မယ်ဟန်အော်ကျေးရွာမှာ လူပေါင်း ၁၇၀၀ ကျော်ကို ရှိနေပြီး သူတို့အတွက် သောက်သုံးရေနဲ့ အစားသောက်အပြင် ခြင်ကာကွယ်နိုင်တဲ့ ဆေးတွေ အရေးပေါ်လိုအပ်နေတယ်လို့ ပြောပါတယ်။
“အခု လိုအပ်နေတာကတော့ သောက်ရေ၊ ထမင်းထုပ်တွေ နောက် အမှိုက်အိတ်တွေ၊ ခြင်ကာကွယ်ဆေးနဲ့ ကလေး အသုံးအဆောင်ပစ္စည်တွေ လိုအပ်နေပါတယ်။”
ဒါ့အပြင် ကူညီပေးမယ့်အဖွဲ့တွေကို အဲဒီ စစ်ဘေးရှောင်စခန်းအထိ ပေးမဝင်ဘဲ သိပ်မဝေးတဲ့ နေရာတခုမှာ ဂိတ်တွေထားပြီး ပစ္စည်းတွေကို လက်ခံပေးပြီး ပြန်ဖြန့်ဝေပေးနေတယ်လို့ ဆိုပါတယ်။ ကရင်အမျိုးသမီးအစည်းအရုံးကလည်း လက်ရှိမှာတော့ အဝတ်အထည်နဲ့ အစားအသောက်တွေ အရေးပေါ် လိုအပ်နေတယ်လို့ ပြောပါတယ်။
“စစ်ဘေးရှောင်တွေအတွက်က ကလေးတွေအတွက် အဝတ်အထည်၊ အနွေးထည်နဲ့ ကလေးအစား အသောက်အပြင် တခြားလူကြီးတွေအတွက် စားသောက်လို့ရတဲ့ ရိက္ခာခြောက်တွေလည်း လိုအပ်နေတယ်။ ဆန်ကတော့ ကူညီနေသူရှိတဲ့သိပ်ပြီး မလိုအပ်ပေမဲ့ တခြား အစားအသောက် ရိက္ခာတွေ လိုအပ်တယ်။”

ကွတ်ခိုင်မြို့နယ် တိုက်ပွဲဖြစ်ပွား ကျောင်းများပြန်ပိတ်
=========
သျှမ်းသံတော်ဆင့်၊ ဒီဇင်ဘာ ၂၀
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ဒီဇင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်နေ့တို့တွင် တိုက်ပွဲ ပြင်းထန်လာမှုကြောင့် ယနေ့ (ဒီဇင်ဘာ ၂၀)ရက်တွင် စာသင်ကျောင်းများကို ပြန်ပိတ်လိုက်ကြောင်း စုံစမ်းသိရှိရသည်။
“ဒီနေ့တော့ ကျောင်းတွေ အကုန်ပြန်ပိတ်လိုက်ပြီ။ တိုက်ပွဲကြောင့် ပိတ်လိုက်တာ။ ဒီနေ့မှ စပိတ်တာ။ မနေ့က တိုက်ပွဲဖြစ်တော့ စိုးရိမ်လို့ပြန်ပိတ်တာ” ဟု ကွတ်ခိုင်မြို့ မှ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။
ကျောင်းဖွင့်ချိန်တွင်လည်း Non CDM ဆရာမများက ကျောင်းသားများနှင့်အတူ ကြားဝင်ပြီး လိုက်ပြန်သွားလေ့ ရှိကြောင်းသိရသည်။
“တချို့ ဆရာမတွေဆိုရင် ကျောင်းဆင်းရင် ကျောင်းသားတွေနဲ့အတူ ကြားထဲကနေ အိမ်ပြန်ကြတာ။ ပြီးတော့ သူတို့တွေလည်း စာသင်ရတာ စိတ်မဖြောင့်ဘူးတဲ့။ လန့်ပြီးစာသင်နေကြရတာတဲ့” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။
ယနေ့ မွန်းလွဲ ၂ နာရီအချိန်တွင်လည်း တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထို့အပြင် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၈ ရက်နေ့ ည ၇ နာရီဝန်းကျင်က လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုကြောင့် တိုးဂိတ် ဝန်ထမ်း (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရေဦးမြို့နယ်အတွင်းရှိ PDF စခန်းတစ်ခုကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်
=======
ရေဦး - ဒီဇင်ဘာ ၂၀၊ ၂၀၂၁။
စစ်ကိုင်းတိုင်း ရေဦးမြို့နယ်ရှိ PDF စခန်းတစ်ခုကို စစ်ကောင်စီတပ်များက ယနေ့မွန်းလွှဲ ၁ နာရီခန့်က ရဟတ်ယာဉ်ဖြင့်လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နမခ) မှ ရဟတ်ယာဉ်လေးစီးဖြင့် နာရီဝက်ခန့်ကြာ လာရောက်ပစ်ခတ်ခဲခြင်းဖြစ်သည်ဟု ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။
"နေရာပေါက်သွားလို့ ဖြစ်မယ်။ နမခ ကနေလာပစ်တာ။ ခုထိတော့ တစ်စီးက ဝဲနေတုန်းဘဲ။ နှစ်စီးကတော့ ရေဦးမြို့နားက ပန်းကုန်းရွာနားကို ဆင်းတယ်။ တစ်စီးက ပြန်သွားတာ ဖြစ်မယ်။" ဟုသူကပြောသည်။
အထိအခိုက် အကျအရှုံး မည်မျှရှိသည်ကို The 74 Media ကဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်းအတွင်းရှိ လူဦးရေ ၁၁၂၂၉၀ ဦးခန့်ေနထိုင်သည့် ရေဦးမြို့နယ်တွင် ဒီဇင်ဘာ ၁၃ ရက်နေ့ကလည်း ရေဦးမြို့မ ရဲစခန်း ဗုံးခွဲတိုက်ခိုက်ခံခဲ့ရသည်။
Video credit : တန့်ဆည်စွန်ရဲ

လေးကေ့ကော်ဒေသအား လေကြောင်းပျံသန်းမှုကင်းမဲ့ဇုံအဖြစ် သတ်မှတ်ပေးရန် ကုလသမဂ္ဂထံ KNU(ဗဟို) တောင်းဆို
=======
ဒီဇင်ဘာ ၂၀ ရက်
စစ်ကောင်စီက ဆိုးဝါးပြင်းထန်သောလူသတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်ပေါ်စေမည့် လေကြောင်းတိုက်ခိုက်မှုများ အချိန်အရွေး ပြုလုပ်လာနိုင်သည့်အတွက် လေးကေ့ကော်ဒေသအား ကမ္ဘာ့ကုလသမဂ္ဂမှ အရေးပေါ်အစည်းအဝေးပြုလုပ်ကာ လေကြောင်းပျံသန်းမှုကင်းမဲ့ဇုံအဖြစ် သတ်မှတ်ပေးရန် KNU(ဗဟို) က တောင်းဆိုလိုက်သည်။
အဆိုပါ တောင်းဆိုချက်အပြင် စစ်ကောင်စီအနေ့ဖြင့် ကျဆင်းနေသည့် ဂုဏ်သိက္ခာကို ပြန်လည်ထိန်းသိမ်းသည့် အနေဖြင့် ၎င်းတို့၏ တပ်ဖွဲ့ဝင်များအား တိုက်ပွဲ ဖြစ်ပွားနေသည့် လေးကေ့ကော်ဒေသမှ ပြန်လည်ဆုတ်ခွာကြရန် နှင့် တပ်ဗိုလ်၊တပ်မှူးများကလည်း ပြည်သူနှင့်အတူ ပူးပေါင်းပါဝင်ပေးရန်တောင်းဆိုထားသည်။
ထိုင်းအစိုးရအနေဖြင့်လည်း တိုက်ပွဲများကြောင့် ခိုလှုံလာသူများအား နိုင်ငံတကာအဖွဲ့အစည်းများနှင့် တွေ့ဆုံခွင့် နှင့် လိုအပ်သည့် အကူအညီများ ပေးရန် တောင်းဆိုထားသည်။

ထိုင်းရှိစစ်ရှောင်အချို့ ဖုန်းအားသွင်းမရသဖြင့် သတင်းအချက်လက်နှင့်ဆက်သွယ်ရေးများ ပြတ်တောက်
========
မြဝတီ၊ ဒီဇင်ဘာ ၂၀၊ ၂၀၂၁။
ထိုင်းနိုင်ငံဘက်သို့နယ်စပ်ဖြတ်ကျော် စစ်ဘေးရှောင်အများစု နေထိုင်ရာနေရာအချို့တွင် ဖုန်းအားသွင်းရန် နေရာမလုံလောက်မှုများကြုံတွေ့နေရပြီး သတင်းအချက်လက်များစုံစမ်းရန်နှင့် ဆက်သွယ်ချိန်ဆက်မှုများပြတ်တောက်မှုများကြုံတွေ့နေရကြောင်း စစ်ရှောင်နေသူများထံကသိရသည်။
"ဖုန်းတွေအားသွင်းမရတော့ ဖုန်းအားမရှိဘဲ သတင်းတွေကို ဘာမှမသိရဘူး။ တယောက်နဲ့တယောက်လည်း အဆက်သွယ်လုပ်ဖို့အရမ်းအခက်ခဲဖြစ်နေတယ်။ ကျန်တာကတော့ ကျန်းမာရေးကိစ္စတွေမှာဆရာဝန်တွေလာကြတယ်။ ဝမ်းပျက်ဝမ်းလျောတွေ ကြည့်ပေးတယ်။ မနိုင်တဲ့သူတွေကို ဆေးရုံကြီးကို ပို့ပေးတယ်။" ဟု စစ်ရှောင်ဒေသခံတဦးကပြောသည်။
အဆိုပါနေရာတွင် စစ်ရှောင်ဦးရေ ၃,၀၀၀ ခန်ံ့ ရှိပြီး ဖုန်းရှိသူမှာ ၂,၅၀၀ ခန့်ရှိနေပြီး အားသွင်းရန်နေရာမှာ အနည်းငယ်သာရှိနေခြင်းဖြစ်ကြောင်း စစ်ရှောင်များကဆိုသည်။
"အားမသွင်းခိုင်းဘူလို့်တော့မပြောဘူး ရှိတဲ့ပလက်ပေါက်လေးတွေကို ပလက်ထိုးလိုက်တယ် တပေါက်ရရင် အဲဲဒါကိုလုသွင်းနေကြတယ်။ တပေါက်ထဲကို နောက် ထပ်တွဲတယ်။ နောက်ထပ်ထပ်တွဲတော့ ပထမဟာကမခံနိုင်တော့ဘူး ပေါက်ထွက်တယ်ပေါ့။ နောက်ထပ်လည်း သွားလုပ်တယ် သူတို့ဖြတ်လိုက်တယ်။ အားသွင်းမှန်းသိလို့ရှိရင် မီးခလုတ်ထားထားပြီးတော့ နောက်တခုတွေကို အားသွင်းလို့မရအောင် မီးကြိုးကိုဖြတ်လိုက်တယ် အားသွင်းမရဘူးလို့တော့မကြေညာဘူး။ " ဟု စစ်ရှောင်တဦးကပြောသည်။

"ခုခံကာကွယ်ပိုင်ခွင့်ကလွဲလို့ ကျနော်တို့မှာ ရွေးစရာမရှိဘူး"
ပဒိုစောတောနီး (တာဝန်ခံ)
နိုင်ငံခြားရေးဌာန KNU-ကရင်အမျိုးသားအစည်းအရုံး
========
ဒီဇင်ဘာ-၂၀၊၂၀၂၁

မန္တလေး ကန်တော်ကြီးမီးပွိုင့်တွင် ဒေသခံများကို ဖမ်းဆီး ငွေညှစ်နေသော စကစများ ဗုံးပစ်တိုက်ခိုက်ခံရ
========
MFP ၊ ဒီဇင်ဘာ - ၂၀
ယနေ့ ညနေ(၃)နာရီကျော်အချိန်က မန္တလေး ကန်တော်ကြီး မီးပွိုင့်တွင် စစ်ကောင်စီ လက်နက်ကိုင် ရဲနှင့် ယာဉ်ထိန်းများ အပါအဝင် စည်ပင်၊ က.ည.န၊ မီးသတ်စသည့်များ ပူးပေါင်း၍ လမ်းသွားလမ်းလာများကို ဖမ်းဆီးစစ်ဆေး၍ ငွေညှစ်နေချိန်တွင် မီးပွိုင့်ကင်းတဲ့အနီး လက်လုပ်ဗုံး ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု သတင်းရင်းမြစ်များက MFP သို့ ပြောသည်။
အသက်(၂၀)ဝန်းကျင်အရွယ် လူငယ်တစ်ဦး လက်တွင် ထိခိုက်ဒဏ်ရာရသည်ဟု ကနဦး သတင်းကြားရသော်လည်း အသေးစိတ် အခြေအနေများ မသိရသေးဟု ဒေသခံများက ဆိုသည်။ MFP အနေဖြင့်လည်း အသေးစိတ် အခြေအနေများ မသိရသေးပါ။

မန္တလေးတိုင်း ပလိပ်မြို့ စည်ပင်ရုံးနှင့် ပလိပ်ရဲစခန်း တိုက်ခိုက်ခံရ၊ ရဲနှစ်ဦးသေ နှစ်ဦးဒဏ်ရာရ-ရဲစခန်းထဲမှ ရမ်းသမ်းပစ်၍ ပြည်သူတစ်ဦးကျည်ထိမှန်သေဆုံး
========
ပလိပ်မြို့ စည်ပင်သာယာ ရေးရုံးအနီး ဗုံးတစ်လုံးဖောက်ခွဲသတိပေးခြင်း၊ ပလိပ်ရဲစခန်းအတွင်းသို့ ဗုံးပစ်တိုက်ခိုက်ခြင်းတို့ကို ယမန်နေ့(ဒီဇင်ဘာ ၁၉)ည ၇ နာရီခန့်တွင် ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဒီဇင်ဘာ ၁၀ရက် အသံတိတ်သပိတ်တွင်ပါဝင်သည့် ပလိပ်စျေးသူ၊ စျေးသားများအား ခြိမ်းခြောက်စာများပေးပို့လာခြင်းကြောင့် စည်ပင်ရုံးအနီး သတိပေးဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု LPDF (Santgaging)က ဆိုသည်။
HQ မြို့ပြပျောက်ကြားတပ်ဖွဲ့နှင့်ပူးပေါင်းပြီး ဗုံးပစ်တိုက်ခိုက်ခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ရဲစခန်းထဲမှ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးကျည်ထိမှန်သေဆုံးခဲ့ခြင်းအပေါ် ကျန်ရစ်သူမိသားစုနှင့်ထပ်တူ စိတ်ထိခိုက်ဝမ်းနည်းရကြောင်း LPDF(Santgaging)က ထုတ်ပြန်ထားသည်။

ဂန့်ဂေါခရိုင်အတွင်း စစ်အုပ်စုက သင်္ကန်းတွေ အမြောက်အမြား ဝယ်ယူသွားပြီး အယောင်ဆောင်ဖျက်ဆီးမှုတွေ လုပ်ဆောင်လာနိုင်
=========
မကွေးတိုင်း ယောဒေသ ဂန့်ဂေါခရိုင်အတွင်းမှာရှိတဲ့ သင်္ကန်းအရောင်းဆိုင်တွေမှာ စစ်အုပ်စုက သင်္ကန်းအစုံရေ ၂၀၀ခန့်ကို ဝယ်ယူသွားသည်ဟု သတင်းတွေရရှိခဲ့ပြီးနောက် ဘာသာရေးပဋိပက္ခတွေနဲ့ ရဟန်းအယောင်ဆောင် အကြမ်းဖက်မှုတွေ လုပ်ဆောင်လာနိုင်တာမို့ သတိပြုကြဖို့ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့ ဒီဇင်ဘာလ ၂၀ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ယောဒေသအတွင်းမှာရှိတဲ့ သာသနိကအဆောက်အဦးတွေမှာ တပ်စွဲနေထိုင်နေကြတာအပြင် နိုင်ငံအတွင်း အကြမ်းဖက်မှုမျိုးစုံကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေတာ ဘာသာရေးအကြောင်းပြပြီး ဘာသာရေး ပြသနာတွေ ဖြစ်ပေါ်လာအောင် လှုံ့ဆော်တာတွေကို ယခင်က လုပ်ဆောင်ခဲ့ဖူးတာမို့ သတိပြုကြဖို့ လိုတယ်လို့ သိရပါတယ်။
စစ်အုပ်စုဟာ သင်္ကန်းဝတ်လျက် အကြမ်းဖက်မှုတွေကို လုပ်ဆောင်လာနိုင်တာကြောင့် ဂန့်ဂေါခရိုင်အတွင်းမှာရှိတဲ့ သံဃာတော်တွေအနေနဲ့လည်း မလိုအပ်ဘဲ ခရီးသွားလာခြင်းတွေ ရှောင်ကျဉ်ပေးဖို့ YDFက လျှောက်ထားခဲ့ပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ မသင်္ကာတဲ့ ကားတွေကို တားစီးစစ်ဆေးရာမှာ ခရီးသွား ရဟန်းသံဃာတော်တွေကို စစ်ရေးရတာတွေရှိလာပါက အဂါရဝတရားနဲ့ စစ်ဆေးခြင်းလို့ မမြင်စေလိုဘဲ ပြည်သူတွေရဲ့ အသက်အန္တရာယ်လုံခြုံရေးအတွက် လိုအပ်တဲ့ စစ်ဆေးမှုလို့ နားလည်ပြီး ပူးပေါင်းပါဝင်ပေးကြဖို့ကိုပါ YDFက သံဃာတော်တွေကို ထည့်သွင်းလျှောက်ထားခဲ့ပါတယ်။

သီပေါမြို့က ပရဟိတအဖွဲ့ဝင် ၄ ဦး ၅၀၀ကျပ်တန်ထမင်းရောင်းချမှုနှင့် ဖမ်းဆီးခံရ
==========
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့တွင် ဒီဇင်ဘာလ ၁၈ ရက်က နှလုံးသားပရဟိတအဖွဲ့ဝင် လေးဦးကို ၅၀၀ကျပ်တန် ထမင်းရောင်းချမှုနှင့်စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ၎င်းတို့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ကိုနေဇော်ထွန်း၊ ၎င်း၏ဖခင်နှင့် အခြားအဖွဲ့ဝင် နှစ်ဦးကို ထိုသို့ရောင်းချမှုနှင့် ပတ်သက်၍ ဆွေးနွေးစရာရှိသည်ဟုဆိုကာ လာရောက်ဖမ်းဆီးခေါ်ဆောင် သွားခြင်းဖြစ်သည်။
"လာခေါ်တုန်းကတော့ သီပေါရဲစခန်းက လာခေါ်တာ။ ၅၀၀တန်ထမင်း ရောင်းတာနဲ့ ပတ်သက်ပြီး ဆွေးနွေးစရာရှိတယ်ဆိုပြီး ခေါ်သွားတယ်။ နောက်တစ်ရက် မနက်ထိ အိမ်ပြန်မရောက်လို့ ရဲစခန်းလိုက်သွားတော့ စရဖ( စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့) က စစ်ဆေးစရာရှိလို့ဆိုပြီး ခေါ်သွားပြီလို့ပြောတယ် " ဟု ၎င်းကပြောသည်။
၎င်းတို့အား လားရှိုးထောင်တွင် ဖမ်းဆီးချုပ်နှောင်ထားသည်ဟု သတင်းရရှိသော်လည်း အဆက်အသွယ် သေချာမရသေးသဖြင့် နှိပ်စက်ညှဥ်းပန်းခံရမည်ကို မိသားစု၀င်များကစိုးရိမ်နေကြကြောင်း သိရသည်။

စစ်ကောင်စီတပ်အနီး မိုင်းနင်းမိပြီး ခြေထောက်ဖြတ်လိုက်ရသော အမျိုးသမီး ဆေးကုသရန် အခက်အခဲဖြစ်နေ
=====
ဖယ်ခုံ - ဒီဇင်ဘာ ၂၀ ၊ ၂၀၂၁။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့အခြေစိုက် ခြေမြန်တပ်ရင်း ခ.မ.ရ (၃၃၆) အနီး ဒီဇင်ဘာလ နှစ်ရက်နေ့က ပြောင်းဖူးခူးနေစဉ် မိုင်းနင်းမိသောကြောင့် ခြေတစ်ဖက်ဖြတ်တောက်ခဲ့ရသော အမျိုးသမီးသည် ဆေးကုသရန်အတွက် အခက်အခဲဖြစ်နေကြောင်းသိရသည်။ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် နှစ်ကြိမ်ခွဲစိတ်ကုသမှုခံယူခဲ့သော်လည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လွှဲပြောင်းပြီး ထပ်မံခွဲစိတ်ရမည်ဖြစ်သောကြောင့် အခက်အခဲဖြစ်နေသည်ဟု ကာယကံရှင် အမျိုးသမီးက The 74 Media ကိုပြောသည်။
“ဖယ်ခုံမြို့ထဲက တောင်ယာမှာဖြစ်တာ။ အခုက ရန်ကုန်မှာ ဆေးကုသနေတာ။ ပစ္စည်းမစုံတော့ ရန်ကုန် လွဲလိုက်ရတယ်လေ။ ရန်ကုန်လွဲလိုက်ရတော့ အနောက်စအိုက ကွဲသွားတော့ အဲ့တာကို ပြန်ခွဲစိတ်ရမယ်။ သူ့လမ်းကြောင်းအတိုင်း ခွဲရမှာပေါ့။ ကျွန်မတို့က နေ့စားငှားတော့ နေ့စားသွားတယ်။ ငွေမရှိဘူးပေါ့ ကျွန်မတို့မှာ” ဟုပြောသည်။
ဘယ်ခြေတစ်ဖက်ဖြတ်တောက်ခဲ့ရသည့် အမျိုးသမီးမှာ အသက် ၄၁ နှစ်အရွယ် သားတစ်ဦး၏မိခင်ဖြစ်ပြီး ဖယ်ခုံမြို့ နမ်ဟူးရပ်ကွက်တွင် နေထိုင်သူဖြစ်သည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့ကလည်း ဖယ်ခုံမြို့နယ်မှ စစ်ရှောင်အမျိုးသားတစ်ဦးသည် နေရပ်တွင် ရိက္ခာပြန်ယူသည့်အချိန် မိုင်းနင်းမိသဖြင့် ခြေတစ်ဖက်ပြတ်တောက်သွားခဲ့သည်။
ဖယ်ခုံမြို့နယ်တွင် တိုက်ပွဲအခြေအနေအပြင် မိုင်းနင်းမိမည်ကို စိုးရိမ်နေသောကြောင့် ဒေသခံများသည် ၎င်းတို့၏ ပြောင်းခင်းနှင့် စပါးခင်းများ သွားရောက်ရိတ်သိမ်းရန် အခက်အခဲဖြစ်နေကြောင်းသိရသည်။

မန္တလေးတွင် အွန်လိုင်းဖြင့် ကျောက်အရောင်းအဝယ်လုပ်နေသူ ၂၀၀ နီးပါးကို စစ်တပ်နှင့်ရဲက ဝင်ဖမ်းပြီး အိုးဘိုးထောင်သို့ ဖမ်းဆီး ခေါ်ဆောင် (ရုပ်/သံ)
======
ရန်ကုန်၊ ဒီဇင်ဘာ ၂၀
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ (၈၄) လမ်း နှင့် (၄၃) လမ်း အနီးတွင် အွန်လိုင်း Wechat ဖြင့် ကျောက်စိမ်းအရောင်းအဝယ်ပြုလုပ်သော တရုတ်နိုင်ငံသားများ၊ မြန်မာနိုင်ငံသားများ အပါအဝင် လူဦးရေ ၂၀၀ ခန့်ကို အချုပ်ကားများဖြင့် အိုးဘိုးထောင်သို့ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်းသိရှိရသည်။
"အချုပ်ကား၅စီးနဲ့ဒီမနက်လာဖမ်းသွားတာ။ အဲဒီနေရာက အွန်လိုင်းကနေပြီး ကျောက်စိမ်းအရောင်းအဝယ်လုပ်တဲ့နေရာပေါ့။ ၂၀၀ လောက်ရှိမယ်။ တရုတ်တွေရော မြန်မာတွေရော။ အဲဒီနေရာကနေ တရုတ်ပြည်ကို onlineကနေ liveလွှင့်ပြီး ကျောက်စိမ်း တိုက်ရိုက် ရောင်းနေကြတာ။ အဲဒီမှာ ရောင်းဝယ်သူတွေက ပွဲစားတွေပေါ့။ တရုတ်ပြည်က ကုန်သည်တွေကို အဲဒီကနေ ရောင်းပေးတာပါ။ အိုးဘိုထောင်ကို ခေါ်သွားတယ်လို့ကြားတယ်" ဟု မန္တလေးဒေသခံ ကျောက်ပွဲစားတစ်ဦးက ပြောသည်။
ဆိုင်ကယ်များကိုပါ သိမ်းဆည်းသွားပြီး တစ်စီးလျှင် ငွေကျပ် ၅ သိန်း၊ လူတစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းဖြင့် ဒဏ်ရိုက်မည်ဆိုသော သတင်းများ ထွက်ပေါ်လျက်ရှိကြောင်း၊ လက်တွေ့တွင်မူ ရွေးယူ၍ မရသေးကြောင်း သိရှိရသည်။
"ဖမ်းတာကတော့ ဖမ်းထားတုန်းပဲ။ အဲဒီနေရာက တရားမဝင်ကျောက်စိမ်းအရောင်းအဝယ် လုပ်တဲ့နေရာလိုဖြစ်တာပေါ့။ တရားဝင်နေရာတော့မဟုတ်ဘူး။ ကျောက်ဝိုင်းအပြင်မှာ အရောင်းအဝယ်လုပ်တာ။ စစ်တပ်က ဖမ်းတာကတော့ တရားမဝင် ကျောက်အရောင်းအဝယ် ခေါင်းစဉ်နဲ့ ငွေညှစ်ချင်လို့ထင်တယ်။ တရုတ်တွေကတော့ ငွေပေးပြီး ပြန်လွတ်မှာပဲ။ မြန်မာပွဲစားတွေပဲ သနားတာ။ အလုပ်ကလည်းမဖြစ်ဆိုတော့ " ဟု မန္တလေး ကျောက်စိမ်းပွဲစား တစ်ဦးက ပြောသည်။
မန္တလေးတွင် တရားဝင်ကျောက်ဝိုင်းဖွင့်လှစ်ထားသော်လည်း မကြာခဏ ဗုံးကွဲခြင်းနှင့် အရောင်းအဝယ် နည်းပါးခြင်းတို့ကြောင့် ကျောက်ဝိုင်းတွင် အလုပ်မဖြစ်ဟု သိရှိရသည်။

DSA အပတ်စဉ် ၆၂ ဆင်းအရာရှိငယ်တဦး ဗိုလ်သင် တန်းဆင်းပြီး ၁ နှစ်အကြာ MNDAA နှင့် မုံးကိုးတိုက်ပွဲအတွင်းသေဆုံး
======
ဒီဇင်ဘာ ၂၀ ရက်
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက သင်တန်း ဆင်းလာသည့် အပတ်စဉ် ၆၂ အရာရှိငယ် ၁ ဦးမှာဒီဇင်ဘာတတိယပတ် အတွင်းကဖြစ်ပွားခဲ့သည့် MNDAA မုံးကိုးဒေသတိုက်ပွဲအတွင်း သေဆုံးသွားကြောင်း ၄င်းနှင့်နီးစပ်သည့်အသိုင်းအဝိုင်းထံက သိရသည်။
(ရာထူး ၂ ပွင့်) ဗိုလ် ပြည့်စုံနိုင် ဖြစ်ပြီး ယမန်နှစ်ကမှ သင်တန်းဆင်း လာသူဖြစ်ကာ ဗိုလ်သင်တန်းဆင်း ၁ နှစ်ပြည့်မြောက်ပြီး ဒုတိယ-ဗိုလ် (၁ ပွင့်) အဆင့်မှ ဗိုလ် (၂ ပွင့်) အဆင့်တိုးမြှင့်ရရှိထားသည်မှာ ရက်ပိုင်းသာရှိသေးကြောင်း သိရသည်။
''အဲ့ဒီကောင်လေးက မနှစ်ကမှ ဗိုလ်သင်တန်းဆင်းတာ။ သူတို့အပတ်စဉ်က Mask တပ်ပြီး သင်တန်းဆင်းရတဲ့ အပတ်စဉ်မလို့ Mask Intake လို့ခေါ်ကြတာ။ ဒီ ဇင်ဘာလ ၄ ရက်နေ့ကမှ တနှစ်ပြည့်လို့ ၂ ပွင့်ရတာ။ အခု ကျသွားပြီ။ တရုတ်နယ်စပ် ကိုးကန့်တိုက်ပွဲမှာ ကျတာ''ဟု သေဆုံးသူအရာရှိငယ်နှင့်နီးစပ်သူ တဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါအရာရှိငယ်သည် ပြီးခဲ့သည့်နှစ်သင်တန်း ဆင်းပြီးချိန်ကပင် ၄င်း၏နေရပ်သို့မပြန်ရသေးဘဲ မိဘများနှင့်မတွေ့ရသေးခင်မှာပင် တိုက်ပွဲအတွင်းသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
''သူ့ဇာတိက မွန်ပြည်နယ်ဘက်ကလို့တော့ သိရတယ်။ သူတို့သင်တန်းဆင်းတဲ့အချိန်က တနိုင်ငံလုံးမှာ ကိုဗစ်တွေဖြစ်နေတော့ မိဘတွေမတက်ရဘူး။ နောက်ပြီး နေရပ်ပြန်ဖို့ကလည်း မြို့တိုင်းမှာက ကွာရန်တင်းတွေ ဝင်နေရတော့ ခွင့်ပေးမဲ့ရက်နဲ့ ကွာရန်တင်းထားတဲ့ရက်နဲ့ခရီးသွားတဲ့ရက်က မလောက်တော့ မပြန်ရဘူး။ နောက်ပိုင်း စစ်အာ ဏာသိမ်းတာတွေနဲ့ဆိုတော့ သင်တန်းဆင်းထဲက ရှေ့ညတန်းရောက်နေတာ။ သေတာသွားတဲ့အထိ သူ့မိဘတွေနဲ့တောင် မတွေ့လိုက်ရဘူး။ အသက်ကလည်း ၂၁ နှစ်လောက်ဘဲရှိဦးမယ်။ ''ဟု ၄င်းကဆိုသည်။
အပတ်စဉ် ၆၂ တွင် သင်တန်းဆင်းအင်အား ၅၀၀ ဝန်းကျင်ရှိသည်ဟု သိရပြီး ယခုနှစ် ဒီဇင်ဘာလ ၄ ရက်တွင် ပြစ်မှုရှိသူမှအပ တာဝန်ထမ်းဆောင်ဆဲ အရာရှိငယ်အားလုံး စစ်ရာထူးခန့်ချုပ်ရုံးက ဒု-ဗိုလ်အဆင့်မှ ဗိုလ်အဆင့်သို့တိုးမြှင့်ပေးလိုက်ကြောင်း သိရသည်။
ယခု ဒီဇင်ဘာလ ၇ ရက်နေ့ကပင် DSA အပတ်စဉ် ၆၃ သင်တန်းဆင်းပွဲပြုလုပ်ပြီးနောက် သင်တန်းဆင်းဗိုလ်လောင်းအင်အား၏ ထက်ဝက်ကျော် ၂၅၀ ခန့်အား လက်ရှိ စစ်ရေးပြင်းထန်နေသည့်ဒေသအသီးသီးသို့ ဒု- ဗိုလ်အဆင့်ဖြင့် တာဝန်ပေးစေလွှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။