မြန်မာသတင်း | MYANMAR TOP NEWS
401 subscribers
693 photos
37 links
📰 မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းမှ နောက်ဆုံးရသတင်းများ၊ သတင်းထူးများနှင့် အရေးကြီးသတင်းများကို အချိန်နှင့်တပြေးညီ တင်ဆက်ပေးနေပါသည်။

🌏 Latest news from Myanmar and around the world. Fast • Accurate • Trusted
Download Telegram
ကျားဖြန့်ဂိုဏ်းများက မြန်မာ့ဆက်သွယ်ရေးကွန်ရက်ကို ပြောင်းလဲအသုံးပြုလာခြင်း (သို့) စစ်အုပ်စု ပုံဖော်သည့် “စတားလင့်” ဇတ်ကြောင်းကို အဆုံးသတ်ရမည့်အချိန်

ကျားဖြန့်ဂိုဏ်းများက မြန်မာ့ဆက်သွယ်ရေးကွန်ရက်ကို ပြောင်းလဲအသုံးပြုလာခြင်း (သို့) စစ်အုပ်စု ပုံဖော်သည့် “စတားလင့်” ဇတ်ကြောင်းကို အဆုံးသတ်ရမည့်အချိန်
အောက်တိုဘာလ ၂၄ ရက်
“…သူတို့ (ကျားဖြန့်ဂိုဏ်း) တွေက မြန်မာစစ်အုပ်စုရဲ့ ဆက်သွယ်ရေးစနစ်တွေကို အသုံးပြုနေကြတာပါ ….."
============
မြန်မာနိုင်ငံရှိ အွန်လိုင်းလိမ်လည်စခန်း (ကျားဖြန့်စခန်း) များသည် ၎င်းတို့၏လုပ်ငန်းများအတွက် စတားလင့်အင်တာနက် (STARLINK) တစ်ခုတည်းအပေါ်သာ မှီခိုနေရပြီး၊ စတားလင့်အား ဖြတ်တောက်နိုင်ပါက အဆိုပါလိမ်လည်လုပ်ငန်းများ ရပ်တန့်သွားမည်ဟု ထင်မြင်နေလျှင် အဖြစ်မှန်နှင့် လွန်စွာဝေးကွာသွားပေလိမ့်မည်။
ရာဇဝတ်ဂိုဏ်းများသည် စတားလင့်အင်တာနက် ကို အလွဲသုံးစား အသုံးပြုနေကြသည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။ စုံစမ်းစစ်ဆေးမှုများက ထိုအချက်ကို အတည်ပြုထားပြီးဖြစ်သည်။…
GMMTVကတော့ တောင်းပန်သွားပြီ

GMMTVကတော့ တောင်းပန်သွားပြီ

မြန်မာ့ရိုးရာ အမွေအနှစ်သည် ခိုးယူလို့ရသည့်အရာမဟုတ်

ခိုးယူလျှင်လည်း တစ်မျိုးသားလုံးက သည်းခံမည်မဟုတ်။

📰 မြန်မာသတင်း | MYANMAR TOP NEWS » @MMTOPNEWS
တောင်ကြီးတန်ဆောင်တိုင်အတွက်ပြင်ဆင်နေသည့် မီးပုံပျံယမ်းမှတဆင့် မီးလောင်၊ ကလေးတစ်ဦးသေပြီး ၅ ဦးဒဏ်ရာရ

တောင်ကြီးတန်ဆောင်တိုင်အတွက်ပြင်ဆင်နေသည့် မီးပုံပျံယမ်းမှတဆင့် မီးလောင်၊ ကလေးတစ်ဦးသေပြီး ၅ ဦးဒဏ်ရာရ
အောက်တိုဘာလ ၂၄ ရက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် တန်ဆောင်တိုင်မီးပုံးပျံပွဲအတွက် ယမ်းခွေပြင်ဆင်ရာမှတဆင့် မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ရာ ကလေးတစ်ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများမှတဆင့် သိရသည်။
ယနေ့ အောက်တိုဘာ ၂၄ ရက်၊ ည ၇:၃၀ အချိန်ခန့်တွင် တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ မြရတနာလမ်း(ခြင်္သေ့၂ကောင် အတက်လမ်း)၊ အောင်မြေသာစည်ကျောင်းအနောက်ဖက်ရှိ ပုံရိပ်အဖွဲ့မီးပုံးပျံအဖွဲ့ ပြုလုပ်လျက်ရှိသော မီးပုံပျံယမ်း စပ်ရာမှတဆင့် ပေါက်ကွဲပြိး မီးလောင်းကျွမ်းခဲ့ရာ ကလေးတစ်ဦး သေဆုံးပြီး ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“လူတစ်ယောက် ခြေထောက်ထိတယ်။ နောက်တစ်ယောက်က ကျွမ်းတောင်ကျွမ်းသွားတယ်တဲ့ အုပ်ပြီးသယ်ထုတ်သွားတယ်” ဟု ကံသာရပ် နေထိုင်သူတစ်ဦးက ဆိုသည်။…
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

အောက်တိုဘာ ၂၄ရက်

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့် ဒုတိယဥက္ကဋ္ဌ စောသက်နိုင်ဦးတို့သည် အောက်တိုဘာ ၂၄ ရက်တွင် ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးမော်ရယ်၊ ဒုတိယဥက္ကဋ္ဌ ဦးစိုးရယ်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးတာဝန်ရှိသူများအား ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်၌ လက်ခံတွေ့ဆုံ၍ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ထို့နောက် လွှတ်တော်အစည်းအဝေးခန်းမ၌ လွှတ်တော်အစည်းအဝေးများ ကျင်းပဆောင်ရွက်မှုအခြေအနေများနှင့် လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို အပြန်အလှန်ဆွေးနွေးဖလှယ်ခဲ့ကြပြီး အစည်းအဝေးခန်းမကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ယင်းနောက် ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးမော်ရယ်က ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

📰 မြန်မာသတင်း | MYANMAR TOP NEWS » @MMTOPNEWS
တောင်ကြီးတွင် မီးပုံးပျံယမ်း ပေါက်ကွဲမီးလောင်မှုဖြစ်ပြီး Grade-6 ကျောင်းသားတစ်ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရ

တောင်ကြီးတွင် မီးပုံးပျံယမ်း ပေါက်ကွဲမီးလောင်မှုဖြစ်ပြီး Grade-6 ကျောင်းသားတစ်ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ နယ်မြေ (၁)၊ မြရတနာလမ်းရှိ နေအိမ်တစ်လုံးတွင် အောက်တိုဘာ ၂၄ ရက် ညပိုင်းက ညမီးကြီးမီးပုံးပျံအတွက် ယမ်းစွပ်နေစဉ် ရုတ်တရက်ပေါက်ကွဲပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်များ၊ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် မီးပုံးပျံယမ်းပြုလုပ်ရာသို့ လာရောက်ကြည့်ရှုနေသည့် အသက် ၁၄ နှစ်အရွယ် Grade-6 ကျောင်းသားတစ်ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့် အသေးစိတ်အခြေအနေများကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

📰 မြန်မာသတင်း | MYANMAR TOP NEWS » @MMTOPNEWS
(၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ စတုတ္ထရက် ယှဉ်ပြိုင်နေမှုများကို ဒုတိယသမ္မတ ဦးညိုစော တက်ရောက်ကြည့်ရှုအားပေး

(၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ စတုတ္ထရက် ယှဉ်ပြိုင်နေမှုများကို ဒုတိယသမ္မတ ဦးညိုစော တက်ရောက်ကြည့်ရှုအားပေး

📰 မြန်မာသတင်း | MYANMAR TOP NEWS » @MMTOPNEWS
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ဦးသေဆုံး

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ဦးသေဆုံး
အောက်တိုဘာလ ၂၄ ရက်
မြန်မာနိုင်ငံတစ်ဝန်း အောက်တိုဘာလ ၂၄ ရက်နေ့ ရရှိထားသော အချက် အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅၀ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက်များအရ သိရှိရသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

📰 မြန်မာသတင်း | MYANMAR TOP NEWS » @MMTOPNEWS
❤1
မင်္ဂလာနံနက်ခင်းလေးပါ

မင်္ဂလာနံနက်ခင်းလေးပါ
🙏🙏🙏

မြန်မာပြည်သူပြည်သားအားလုံး
ကျန်းမာကြပါစေ ချမ်းသာကြပါစေ
ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှကင်းဝေးနိုင်ကြပါစေ

ကမ္ဘာသူ ကမ္ဘာသားအားလုံး
ကျန်းမာကြပါစေ ချမ်းသာကြပါစေ
ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှကင်းဝေးနိုင်ကြပါစေ

၃၁ ဘုံအတွင်း၌ ရှိကြကုန်သော
ဝေနေယျသတ္တဝါအားလုံး ကျန်းမာကြပါစေ
ချမ်းသာကြပါစေ ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှ ကင်းဝေးနိုင်ကြပါစေ

စကြာဝဠာအနန္တ၌ရှိကြကုန်သော လူ နတ် ဗြဟ္မာ
သတ္တဝါအားလုံး ကျန်းမာကြပါစေချမ်းသာကြပါစေ
ဘေးရန်ကြောင့်ကြဆင်းရဲခြင်းမှ ကင်းဝေးနိုင်ကြပါစေ

မှိုင်းဝေ

သတင်းတွေဖတ်ရန် 👉🏿 နှိပ်ပါ

📰 မြန်မာသတင်း | MYANMAR TOP NEWS » @MMTOPNEWS
၂၀၂၅ ခုနှစ် ဇွန်လက ဧရာဝတီမှာ ရေးထားတဲ့ ဒေါ်အောင်ဆန်းစုကြည် အကြောင်း သူ့အတွေးသူ့အမြင်ကို ပြန်လည် ဖော်ပြလိုက်ပါတယ်။

၂၀၂၅ ခုနှစ် ဇွန်လက ဧရာဝတီမှာ ရေးထားတဲ့ ဒေါ်အောင်ဆန်းစုကြည် အကြောင်း သူ့အတွေးသူ့အမြင်ကို ပြန်လည် ဖော်ပြလိုက်ပါတယ်။

Website တွင် ဖတ်ရန်

📰 မြန်မာသတင်း | MYANMAR TOP NEWS » @MMTOPNEWS
ကျွန်တော် ပြောချင်သည့် ကင် အဲရစ်အကြောင်း

ကျွန်တော် ပြောချင်သည့် ကင် အဲရစ်အကြောင်း
**
၆ နှစ်နီးပါးအတွင်း ပထမဆုံးအကြိမ် စကားပြောခွင့်ရရှိချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူထံသို့ ပထမဦးဆုံး ပြောကြားခဲ့သည့် စကားမှာ ၎င်း၏ ကျန်းမာရေး အခြေအနေကို မေးမြန်းသည့် စကား ဖြစ်သည်။ ကင် ကလည်း မိသားစုဝင်အားလုံးက သတိရ ကြောင်းနှင့် ချစ်ခြင်းမေတ္တာများ ပေးပို့ကြောင်း ပြန်လည် ပြောကြားခဲ့သည်ဟု ထပ်မံ သိရှိရသည်။
အဆိုပါ ဖုန်းခေါ်ဆိုမှုသည် ဗြိတိန်နိုင်ငံခြားရေးရုံး၏ ပြီးခဲ့သည့် အပတ်အတွင်း အကြောင်းကြား ညှိနှိုင်းပေးခဲ့ပြီး လန်ဒန်ရှိ မြန်မာသံရုံးထံ ၎င်းအား လိုက်ပါ ပို့ဆောင်‌ ပေးခဲ့ရာ မှ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်ဟု ကိုထိန်လင်းက Radio Free Asia (RFA) နှင့် အင်တာဗျူး တွင် ပြောပြခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ညာဘက်လက်ကို ထိခိုက်နေသည့် အကြောရောင်ရောဂါ ခံစားနေရသော်လည်း ၎င်း၏ ကိုယ်ပိုင်ဆရာဝန်နှင့် ပြသခွင့် မရရှိဘဲ စစ်ကောင်စီ၏ ဆရာဝန်များကသာ ၆ လတစ်ကြိမ် လာရောက် စစ်ဆေးပေးနေကြောင်း သိရှိရသည်။
ပြင်ပကမ္ဘာက သတင်းတွေကို သိရှိခွင့် ရသလား ဆိုသည့် အမေးကို ကိုထိန်လင်းက
"ရမယ်လို့ ကျွန်တော်မထင်ပါဘူး။…
တောင်ငူမြို့နယ် အမြန်လမ်းတွင် ကုန်တင်ကားနှင့် Cantet ကားတိုက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး သေဆုံး

တောင်ငူမြို့နယ် အမြန်လမ်းတွင် ကုန်တင်ကားနှင့် Cantet ကားတိုက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး သေဆုံး

အောက်တိုဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ရှိ အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၅၂ မိုင် ၇ ဖာလုံနှင့် ၈ ဖာလုံကြားတွင် အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းက ကုန်တင်ကားနှင့် Cantet ကားတို့ တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် သေဆုံးသူ၏ ရုပ်အလောင်းကို အမြန်လမ်းမကြီး အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊ ကေတုမတီမြို့သစ် လူမှုကယ်ဆယ်ရေးအဖွဲ့၊ ဂရုဏာရင်ခွင်နှင့် ကရုဏာနှလုံးသား လူမှုကူညီရေးအသင်းတို့က ဝိုင်းဝန်းကူညီ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

📰 မြန်မာသတင်း | MYANMAR TOP NEWS » @MMTOPNEWS
ဒုတိယသမ္မတ ဦးညိုစော ၂၀၂၇ ခုနှစ်၊ (၇၉)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီ ပထမအကြိမ် ညှိနှိင်းအစည်းအဝေးသို တက်ရောက်အမှာစကားပြောကြား

ဒုတိယသမ္မတ ဦးညိုစော ၂၀၂၇ ခုနှစ်၊ (၇၉)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီ ပထမအကြိမ် ညှိနှိင်းအစည်းအဝေးသို တက်ရောက်အမှာစကားပြောကြား

အောက်တိုဘာ ၂၃

📰 မြန်မာသတင်း | MYANMAR TOP NEWS » @MMTOPNEWS
စစ်တွေမြို့အနီး တိုက်ပွဲနှင့် ငပြီကျွန်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ အရာရှိကြီးများနှင့်စစ်သားအများအပြား သေဆုံးသည့်အပြင် စစ်သင်္ဘောများ မီးလောင်ပျက်စီး၍ စစ်တွေမြို့လယ်ခေါင်ကို စစ်လေယာဉ်ဖြင့် ဗုံးကျဲလက်တုံ့ပြန်ဟု AA ပြောခွင့်ရ ခိုင်သုခ အတည်ပြု

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ငပြီကျွန်းတစ်ဝိုက် ကမ်းတက်ရန် ကြိုးပမ်းသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ အရာရှိကြီးများအပါအဝင် စစ်သား အများအပြား သေဆုံးခဲ့သည့်အပြင် စစ်သင်္ဘောများလည်း ထိခိုက်မီးလောင်ပျက်စီးခဲ့သောကြောင့် စစ်တွေမြို့လယ်ရှိ လူနေထူထပ်သည့် ရပ်ကွက်များကို စစ်ကောင်စီက Y-12 လေယာဉ်ဖြင့် ဗုံးကြဲခြင်းဖြင့် လက်တုံ့ပြန်တိုက်ခိုက်လာကြောင်း အာရက္ခတပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောဆိုသည်။…
စစ်တပ်ထောက်ခံသူ စိုးသန်းနိုင် လက်နက်ကိုင်ဆောင်မှုနှင့် စစ်တပ်က ထောင်ဒဏ် ၁၀ နှစ် ချမှတ်

စစ်တပ်ထောက်ခံသူ စိုးသန်းနိုင် လက်နက်ကိုင်ဆောင်မှုနှင့် စစ်တပ်က ထောင်ဒဏ် ၁၀ နှစ် ချမှတ်
အောက်တိုဘာလ ၂၄ ရက်
စစ်တပ်ထောက်ခံသူအဖြစ် လှုပ်ရှားခဲ့ပြီး နောက်ပိုင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ဌာနဆိုင်ရာများကိုပါ ဝေဖန်ပုတ်ခတ်မှုများ ပြုလုပ်ခဲ့သည့် PPSA (Peace People Student Army) ခေါင်းဆောင် ဆိုသူ စိုးသန်းနိုင်ကို ဘီးလင်းမြို့နယ်တရားရုံးက ထောင်ဒဏ် ၁၀ နှစ် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
လက်နက်ကိုင် ရမ်းကားမှုနှင့် အကြမ်းဖက် ပုဒ်မ တပ်ပြီး ထောင်ဒဏ် ၁၀ နှစ်ချလိုက်ကြောင်း သိရသည်။
ထို့အပြင် ၎င်းသည် ၂၀၂၂ ခုနှစ် ဧပြီလ ၁၈ ရက် (မြန်မာနှစ်ဆန်း ၁ ရက်နေ့) က တနင်္သာရီတိုင်း မလွှဲတောင်ဒေသရှိ ၎င်း၏သပြေခြံ၌ သေနတ်ဖြင့် ၈ ချက် ပစ်ခတ်ခံခဲ့ရဖူးပြီး ကျည်ကာအင်္ကျီကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ဖူးသူလည်း ဖြစ်သည်။
ပလီပလာ စိုးသန်းနိုင်သည် ၁၉၈၅ ခုနှစ်တွင် ဖျာပုံတပ်ရင်း၌ တပ်သားအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ၁၉၈၆ ခုနှစ်တွင် ခွင့်မဲ့ပြန်သဖြင့် စစ်ပြေးမှုဖြင့် ထောင်ဒဏ် ၁ နှစ် ကျခံခဲ့ရသူ ဖြစ်သည်။…
ဂန္ထဝင် ရသ ကာတွန်းများ

ဂန္ထဝင် ရသ ကာတွန်းများ

ဧရာဝတီ၊ အောက်တိုဘာ ၂၄၊ ၂၀၂၆

ကာတွန်း ဟန်လေး ၏ ဂန္ထဝင် လက်ရာတခုကို ပြန်လည် ဖော်ပြလိုက်ပါသည်။

Caption - မနိုင်ဝန် ထမ်းသူ

📰 မြန်မာသတင်း | MYANMAR TOP NEWS » @MMTOPNEWS
အကြမ်းဖက်သမား PDF တွေကြောင့် ပျက်စီးသွားတဲ့ အညာမြေက စိတ်ဓာတ်များ...

အကြမ်းဖက်သမား PDF တွေကြောင့် ပျက်စီးသွားတဲ့ အညာမြေက စိတ်ဓာတ်များ...

ယခင်ကဒါမျိုးတွေရှိခဲ့ဖူးသလား ၊ ကြားခဲ့ဖူးသလား

ယခုတော့ အကြမ်းဖက် PDF တွေပေါ်လာမှ ဒါမျိုးတွေဖြစ်လာတာ...

ဆက်ပြီးတော့ ဒီလိုအကြမ်းဖက်သမားတွေကို အားပေးအားမြှောက်ပြုနေဦးမယ်ဆိုတော့ ဒီထက်ပျက်စီးဖို့ပဲရှိတော့တယ်...

📰 မြန်မာသတင်း | MYANMAR TOP NEWS » @MMTOPNEWS
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူးဘီယို (Marco Rubio) ထံ လိပ်မူထားသည့် လျှို့ဝှက်အဆင့်မှ လျှော့ချလိုက်သော အစီရင်ခံစာတစ်စောင်အရ အီရန်နိုင်ငံသည် အမေရိကန်တာဝန်ရှိသူများကို ပစ်မှတ်ထားတိုက်ခိုက်ရန် ကြိုးပမ်းအားထုတ်မှုများကို သိသိသာသာ တိုးမြှင့်လုပ်ဆောင်လာကြောင်း အမေရိကန်ထောက်လှမ်းရေးအဖွဲ့က အတည်ပြုခဲ့သည်။

ထိုအစီရင်ခံစာတွင် အီရန်၏အမေရိကန်တာဝန်ရှိသူများကို တိုက်ခိုက်ရန် ကြိုးပမ်းမှုအချို့သည် အရှေ့အလယ်ပိုင်းဒေသနှင့် အခြားဒေသများ၌ "အဆင့်မြင့်အခြေအနေ" သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဖော်ပြထားသည်။

📰 မြန်မာသတင်း | MYANMAR TOP NEWS » @MMTOPNEWS
စစ်ကိုင်းတွင် တော်လှန်ရေးတပ်က အရှင်မိထားစဉ် ထွက်ပြေးခုခံသောကြောင့် ပစ်ခတ်ရင်း သေဆုံးသွားသော ဗိုလ်မှူးကြီး ဇော်မျိုးတင့်မှာ အမှတ် ၇၂ သံချပ်ကာတပ်ရင်း၏ ဒုတိယစစ်ဆင်ရေးကွပ်ကဲမှူးဖြစ်ပြီး စစ်တက္ကသိုလ် အပတ်စဉ် ၃၉ ကျောင်းဆင်းဖြစ်

အောက်တိုဘာ ၂၄ ရက်
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့တွင် တော်လှန်ရေးတပ်ဖွဲ့များက အရှင်ဖမ်းဆီးရမိခဲ့ပြီးနောက် လက်နက်လုယူကာ ထွက်ပြေးရန် ကြိုးပမ်းခဲ့သဖြင့် ပစ်ခတ်ဖမ်းဆီးရာ အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးခဲ့သည့် ဗိုလ်မှူးကြီး ဇော်မျိုးတင့်သည် စစ်ကိုင်းမြို့နယ် အုန်းတောအခြေစိုက် အမှတ် ၇၂ သံချပ်ကာတပ်၏ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူးဖြစ်ကြောင်း သိရသည်။
ဗိုလ်မှူးကြီး ဇော်မျိုးတင့်ကို အောက်တိုဘာ ၁၈ ရက် ညနေ ၄ နာရီဝန်းကျင်တွင် စစ်ကိုင်းမြို့၊ ကံတလူတိုးဂိတ်အနီး၌ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်များက အရှင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။…
ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက ဖြေလျှော့ပေးတာလို့ မမြင်ဖို့ AAPP သတိပေး

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက ဖြေလျှော့ပေးတာလို့ မမြင်ဖို့ AAPP သတိပေး
အောက်တိုဘာလ ၂၄ ရက်
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး နိုင်ငံတကာအနေနဲ့ စစ်အုပ်စုက ဖြေလျှော့ပေးနေပြီဆိုတဲ့ သုံးသပ်မှုတွေ မလုပ်ဖို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က သံလွင်တိုင်းမ်ကို ပြောပါတယ်။
အာဏာသိမ်းချိန်ကစပြီး ဒီကနေ့အထိ ၅ နှစ်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် လူသားချင်းစာနာထောက်ထားမှုကို အလေးပေးသယောင်နဲ့ စစ်အစိုးရက ခပ်စိပ်စိပ် ဖော်ပြလာနေတာပါ။
စစ်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းသူအဖြစ် သုံးနှုန်းပြီး သားဖြစ်သူ ကိုထိန်လင်းနဲ့ အောက်တိုဘာ ၂၂ ရက်မှာ လန်ဒန်မြို့ရှိ မြန်မာသံရုံးကနေတဆင့် မိနစ် ၂၀ ကြာ ဖုန်းပြောခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။…
ခန္တီးမြို့အနီး ရစ်ခ်တာစကေး ၄.၆ အဆင့်ရှိ ငလျင်လှုပ်ခတ်

ခန္တီးမြို့အနီး ရစ်ခ်တာစကေး ၄.၆ အဆင့်ရှိ ငလျင်လှုပ်ခတ်
အောက်တိုဘာ ၂၄ ရက်
စစ်ကိုင်းဒေသ ၊ ခန္တီးမြို့အနီးမှာ ဒီကနေ့ အောက်တိုဘာ ၂၄ ရက်၊ မြန်မာစံတော်ချိန် နံနက် ၁၂ နာရီ ၆ မိနစ်ခန့်က ရစ်ခ်တာစကေး ၄.၆ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါတယ်။
အဲဒီမြေငလျင်ဟာ ခန္တီးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ပြီး မြေအောက်အနက် ၁၁၆ ဒသမ ၇ ကီလိုမီတာခန့်မှာ ဗဟိုပြုခဲ့တယ်လို့ လူမှုရေးရာ၊အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မြေငလျင်အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ လျော့နည်းစေဖို့အတွက် ပြည်သူတွေအနေနဲ့ မြေငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်နဲ့ သတိပြုရမယ့်အချက်တွေကို လိုက်နာကြဖို့ ဝန်ကြီးဌာနက အသိပေးထားပါတယ်။

📰 မြန်မာသတင်း | MYANMAR TOP NEWS » @MMTOPNEWS
(ယခုရက်ပိုင်း သတင်းစာတွေမှာပါရှိတဲ့ စိုက်ပျိုးရေးသုံးပိုးသတ်ဆေးတွေနဲ့ပတ်သက်လို့

(ယခုရက်ပိုင်း သတင်းစာတွေမှာပါရှိတဲ့ စိုက်ပျိုးရေးသုံးပိုးသတ်ဆေးတွေနဲ့ပတ်သက်လို့
ဆေးနာမည်ပြောင်း၊ဖြန့်ဖြူးသူပြောင်းနေတဲ့ ကြေညာစာတွေ ဖြစ်ပါတယ်။)

📰 မြန်မာသတင်း | MYANMAR TOP NEWS » @MMTOPNEWS