မြန်မာသတင်း | MYANMAR TOP NEWS
371 subscribers
622 photos
37 links
📰 မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းမှ နောက်ဆုံးရသတင်းများ၊ သတင်းထူးများနှင့် အရေးကြီးသတင်းများကို အချိန်နှင့်တပြေးညီ တင်ဆက်ပေးနေပါသည်။

🌏 Latest news from Myanmar and around the world. Fast • Accurate • Trusted
Download Telegram
ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၌ ကျင်းပသည့် (၁၆)ကြိမ်မြောက် တရုတ် - အာဆီယံရှေ့နေချုပ်များ ညီလာခံသို့ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၌ ကျင်းပသည့် (၁၆)ကြိမ်မြောက် တရုတ် - အာဆီယံရှေ့နေချုပ်များ ညီလာခံသို့ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

အောက်တိုဘာ ၂၃၊ ၂၀၂၆

ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၊ Jerudong မြို့၌ (၁၆)ကြိမ်မြောက် တရုတ်-အာဆီယံ ရှေ့နေချုပ်များ ညီလာခံနှင့် ဆက်စပ်ပထမအကြိမ် အာဆီယံရှေ့နေချုပ်များ အစည်းအဝေးကို အောက်တိုဘာ ၂၁ ရက်မှ ၂၂ ရက်အထိ ကျင်းပရာ အဆိုပါအစည်းအဝေးနှင့် ညီလာခံသို့ ဘရူနိုင်းဒါရုဆလမ်နိုင်ငံ ရှေ့နေချုပ် H.E.

Datin Seri Paduka Dayang Hajah Nor Hashimah ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး (၁၆)ကြိမ်မြောက် တရုတ်- အာဆီယံ ရှေ့နေချုပ်များညီလာခံသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှေ့နေချုပ် H.E.

Mr.…
လာမည့်​နိုဝင်ဘာ အာဆီယံထိပ်သီးအစည်းအဝေး မတိုင်မီ အမေရိကန်-မြန်မာ ဆွေးနွေးပွဲများကို ထိုင်းနိုင်ငံ ထောက်ခံ

လာမည့်​နိုဝင်ဘာ အာဆီယံထိပ်သီးအစည်းအဝေး မတိုင်မီ အမေရိကန်-မြန်မာ ဆွေးနွေးပွဲများကို ထိုင်းနိုင်ငံ ထောက်ခံ

▶ ​ထိုင်းနိုင်ငံသည် အမေရိကန်နှင့် မြန်မာစစ်အစိုးရတို့အကြား သွေးသစ်လောင်းဆွေးနွေးမှုများနှင့် ထိတွေ့ဆက်ဆံမှုများကို ထောက်ခံကြောင်း တရားဝင် ထုတ်ဖော်ပြောကြားခဲ့သည်။

▶​အဆိုပါ ထောက်ခံမှုသည် မြန်မာနိုင်ငံ သီးခြားခွဲထွက်ကျန်ရစ်မှုကို ကာကွယ်ရန်နှင့် ငြိမ်းချမ်းစွာ ဖြေရှင်းရေးကို တွန်းအားပေးရန်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ရှင်းလင်းပြောကြားခဲ့သည်။

▶ ​လာမည့် နိုဝင်ဘာလ အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ ချဉ်းကပ်ဆောင်ရွက်မှုပုံစံသည် "အနှစ်သာရရှိစွာနှင့် နက်နက်ရှိုင်းရှိုင်း" ဆွေးနွေးရမည့် ခေါင်းစဉ်တစ်ခု ဖြစ်လာလိမ့်မည်ဟု ထိုင်းနိုင်ငံက မျှော်လင့်ထားသည်။…
အာဏာသိမ်း စစ်တပ်အပေါ် သဘောထား ပျော့ပျောင်းလာကြောင်း ဗြိတိန် အစိုးရကို Burma Campaign UK ဝေဖန်

အာဏာသိမ်း စစ်တပ်အပေါ် သဘောထား ပျော့ပျောင်းလာကြောင်း ဗြိတိန် အစိုးရကို Burma Campaign UK ဝေဖန်
အောက်တိုဘာလ ၂၄ ရက်
အာဏာသိမ်း မြန်မာစစ်တပ်နဲ့ ပတ်သက်လို့ ဗြိတိန် အစိုးရက သဘောထား စတင်ပျော့
ပျောင်းလာနေကြောင်း လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားမှု အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Burma Campaign UKကဝေဖန်ပြောကြား
လိုက်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သံရုံးကိုယ်
စားလှယ်ကို လက်ခံတွေ့ဆုံခဲ့တာနဲ့ ပတ်သက်လို့ ဗြိတိန် ဝန်ကြီးချုပ် အန်ဒီဘန်ဟမ်း ဦး
ဆောင်တဲ့ အစိုးရကို Burma Campaign UK
ကအခုလိုဝေဖန်ခဲ့တာဖြစ်ပါတယ်။ စစ်တပ်ရဲ့ မြန်မာ ကိုယ်စားလှယ် အဖွဲ့ကို ဗြိတိန် အစိုးရ ဝန်ကြီးနှစ်ဦးကလန်ဒန်မှာလက်ခံတွေ့ဆုံခဲ့တဲ့နောက်ဘန်ဟမ်းဟာမြန်မာ့အရေးနဲ့ ပတ်သက်ရင် မူဝါဒ သဘောထားပိုင်း သိသိသာသာ ပြောင်းလဲလာနေပြီလို့ Burma Campaign UKက စွပ်စွဲခဲ့ပါတယ်။
လန်ဒန်မှာအခြေစိုက်တဲ့ Burma Campaign UKက အခုဆိုရင် ဗြိတိန်ဟာ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးကို ပုံမှန် အခြေအနေဆီ ပြန်
လည်ဦးတည်ဖို့တိုးတိုးတိတ်တိတ်လှုပ်ရှားနေကြောင်းပြောပါတယ်။…
မင်းအောင်လှိုင်၏ ချောင်ထိုးခြင်းခံနေရသည့် ဒုတပ်ချုပ်ဟောင်း စိုးဝင်း ပြည်ထောင်စု အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ ရာထူး တာဝန်ထမ်းဆောင်နေသော်လည်း ရုံးပုံမှန်မတက်တော့ဘဲ ဘာသာရေးအလုပ်များသာ ဦးစားပေး လုပ်တော့ဟုဆို

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ချောင်ထိုးခြင်းခံနေရသည်ဟုဆိုသည့် ဒုတပ်ချုပ်ဟောင်း စိုးဝင်းသည် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသော်လည်း ကောင်စီရုံးသို့ ပုံမှန်တက်ရောက်ခြင်းမရှိတော့ဘဲ တရားထိုင်ခြင်း၊ ဥပုသ်စောင့်ခြင်းနှင့် ရဟန်းဝတ်ခြင်းများအပါအဝင် ဘာသာရေးဆိုင်ရာကိစ္စများကိုသာ ဦးစားပေးလုပ်ဆောင်နေသည်ဟု နေပြည်တော်ရှိ စစ်ဘက်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
မင်းအောင်လှိုင် သမ္မတရာထူးကို တာဝန်ယူပြီးနောက် ဧပြီလ ၁၀ ရက်တွင် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို ဖွဲ့စည်းခဲ့ပြီး ဒုတပ်ချုပ်ဟောင်း စိုးဝင်းကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့သည်။…
အမေရိကန်နဲ့ မြန်မာစစ်အုပ်စုကြား ထိတွေ့ဆက်ဆံမှုကို ထိုင်း ကြိုဆို

အမေရိကန်နဲ့ မြန်မာစစ်အုပ်စုကြား ထိတွေ့ဆက်ဆံမှုကို ထိုင်း ကြိုဆို
အောက်တိုဘာလ ၂၄ ရက်
အမေရိကန်နဲ့ မြန်မာစစ်အုပ်စုကြား ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်လာတာကို ထိုင်းနိုင်ငံက ကြိုဆိုပြီး နိုဝင်ဘာလအတွင်း မနီလာမြို့မှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာ့အရေးကို ဆွေးနွေးကြဖို့ မျှော်လင့်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်က ပြောကြားလိုက်ပါတယ်။
၂၀၂၁ ခုနှစ်၊ အာဏာသိမ်းမှုနောက်ပိုင်း အမေရိကန်အစိုးရက ပစ်ပယ်ထားခဲ့တဲ့ မြန်မာစစ်အုပ်စုနဲ့ လွန်ခဲ့တဲ့ နှစ်ပတ်က တိုကျိုမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဒါဟာ တစ်လအတွင်း ဒုတိယအကြိမ်မြောက် တွေ့ဆုံတာလည်း ဖြစ်ပါတယ်။
ထိုင်းနိုင်ငံက မြန်မာနိုင်ငံကို သီးခြားခွဲထွက်သွားတာမျိုး ဒါမှမဟုတ် အင်အားကြီးနိုင်ငံတွေကြား နယ်ရုပ်ဖြစ်သွားတာမျိုး မမြင်ချင်တာကြောင့် အမေရိကန်နဲ့ ထိတွေ့ဆက်ဆံမှုကို ကြိုဆိုတာဖြစ်ကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ်လည်းဖြစ်သူ ဆီဟာဆတ်က ပြောပါတယ်။…
မြန်မာစစ်တပ်ခန့်အပ်တဲ့ယာယီသံရုံးတာဝန်

မြန်မာစစ်တပ်ခန့်အပ်တဲ့ယာယီသံရုံးတာဝန်
ခံဝင်းဇေယျာထွန်းနဲ့အဖွဲ့ ၊အာဆီယံသံတမန်​တွေ နဲ့ ဗြိတိန်ဝန်ကြီး ၂ ဦးက​တွေ့ဆုံခဲ့တဲ့ မှတ်တမ်းဓါတ်ပုံ​တွေ။ဓါတ်ပုံ-စစ်​​ကောင်စီ

📰 မြန်မာသတင်း | MYANMAR TOP NEWS » @MMTOPNEWS
ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး မြန်မာသံရုံးမိသားစုများနှင့် ပညာတော်သင်များအား တွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး မြန်မာသံရုံးမိသားစုများနှင့် ပညာတော်သင်များအား တွေ့ဆုံ

မင့်စ်၊ အောက်တိုဘာ ၂၄

ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးသည် ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမိသားစုများနှင့် ပညာတော်သင်သင်တန်းသားများကို တွေ့ဆုံကာ နိုင်ငံတော်အကျိုးအတွက် ကြိုးပမ်းဆောင်ရွက်ရန်၊ ပညာရပ်များကို စနစ်တကျသင်ယူပြီး နိုင်ငံဖွံ့ဖြိုးရေးအတွက် ပြန်လည်အသုံးချရန်နှင့် ဘယ်လာရုစ်နိုင်ငံ၏ ဥပဒေ၊ စည်းကမ်းများကို လိုက်နာရန် မှာကြားခဲ့ပြီး စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

📰 မြန်မာသတင်း | MYANMAR TOP NEWS » @MMTOPNEWS
၂ ရက်ကျော်ကြာ မြန်မာပလာဇာအနီးမှပျောက်သွားသည့် မနှင်းလဲ့လဲ့ပိုင် ပြန်‌ပေါ်လာ၊

၂ ရက်ကျော်ကြာ မြန်မာပလာဇာအနီးမှပျောက်သွားသည့် မနှင်းလဲ့လဲ့ပိုင် ပြန်‌ပေါ်လာ၊
▪️ပြန်ပေးဆွဲခြင်း၊ ယောကျ်ားနောက်လိုက်ခြင်းမဟုတ်ဟုရှင်းလင်း
အောက်တိုဘာလ ၂၄ ရက်
ရန်ကုန်မြို့၊ မြန်မာပလာဇာအနီးရှိ EV Charging Station တွင် မော်တော်ယာဉ် အားသွင်းရန် သွားရောက်စဉ်က ပျောက်ဆုံးသွားခဲ့သူ YP Education ပိုင်ရှင် မနှင်းလဲ့လဲ့ပိုင် (ခေါ် Yuki) မှာ ယနေ့ အောက်တိုဘာ ၂၄ ရက်တွင် ကျန်းမာစွာဖြင့် မိသားစုထံသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် အသိပေးသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၁ ရက် ညနေ ၆ နာရီခွဲဝန်းကျင်က Sedona ဟိုတယ်ရှေ့ရှိ EV Power Station သို့ မော်တော်ယာဉ်ဖြင့် ထွက်ခွာသွားစဉ် လူငယ် ၃ ဦးက ကားပေါ်သို့ တင်ဆောင်ခေါ်ဆောင်သွားခဲ့ခြင်းကြောင့် သတင်းအစအန ပျောက်ဆုံးနေခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ၂ ရက်ကျော်ကြာ ပျောက်ဆုံးနေခဲ့ပြီးနောက် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အိမ်သို့ ကျန်းမာစွာ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း မနှင်းလဲ့လဲ့ပိုင်က ယနေ့နံနက်ပိုင်းတွင် ကိုယ်တိုင် အတည်ပြု ထုတ်ပြန်လာခဲ့ခြင်း ဖြစ်သည်။…
(ချင်းပြည်နယ် မင်းတပ်မြို့ကို စစ်တပ်က လေကြောင်း တိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - Ĥkl Mindat)

(ချင်းပြည်နယ် မင်းတပ်မြို့ကို စစ်တပ်က လေကြောင်း တိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - Ĥkl Mindat)

📰 မြန်မာသတင်း | MYANMAR TOP NEWS » @MMTOPNEWS
မြန်မာနိုင်ငံတွင် စစ်အာဏာရှင်ကို ၅ နှစ်ကျော်ကြာ ဆန့်ကျင်နေသော မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်း ကမ္ဘာလုံးဆိုင်ရာ တောင်သူလယ်သမားလှုပ်ရှားမှု La Via Campesina က ကြေညာ

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်ကို ၅ နှစ်ကျော်ကြာ ဆန့်ကျင်နေသော မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်း ကမ္ဘာလုံးဆိုင်ရာ တောင်သူလယ်သမားလှုပ်ရှားမှု La Via Campesina က ကြေညာ
အောက်တိုဘာလ ၂၄ ရက်
မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကို ၅ နှစ်ကျော်ကြာ ဆန့်ကျင်တော်လှန်နေကြသည့် တောင်သူလယ်သမားများ၊ အလုပ်သမားများနှင့် မြန်မာပြည်သူများနှင့်အတူ အခိုင်အမာ ရပ်တည်နေကြောင်း ကမ္ဘာလုံးဆိုင်ရာ တောင်သူလယ်သမားလှုပ်ရှားမှု La Via Campesina က ယနေ့ တရားဝင် ထုတ်ပြန်ကြေညာသည်။
La Via Campesina က မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့သည့် ၂၀၂၁ ခုနှစ်မှစတင်၍ နိုင်ငံတစ်ဝန်း ပေါ်ပေါက်လာသည့် တော်လှန်ရေးနှင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခုခံနေသည့် ပြည်သူများ၏ ရပ်တည်ချက်ကို ထောက်ခံကြောင်း ဖော်ပြထားသည်။…
မြန်မာထင်ရှားသူများပါ ဝိုင်းဝန်းကန့်ကွက်ပြီးနောက် မြန်မာဝတ်စုံကို ဆင်တူရိုးမှား အသုံးပြုခဲ့သည့်အပေါ် GMMTV တောင်းပန်

မြန်မာထင်ရှားသူများပါ ဝိုင်းဝန်းကန့်ကွက်ပြီးနောက် မြန်မာဝတ်စုံကို ဆင်တူရိုးမှား အသုံးပြုခဲ့သည့်အပေါ် GMMTV တောင်းပန်

📰 မြန်မာသတင်း | MYANMAR TOP NEWS » @MMTOPNEWS
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များ ကိုထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနားကို ယနေ့အောက်တိုဘာလ ၂၄ ရက်နံနက်ပိုင်းတွင်  တြိဂံဒေသတိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုနယ်မြေ မိုင်းယောင်းမြိ့်ရှိ နယ်မြေခံတပ်ရင်းများ၌ကျင်းပပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးတာဝန်ရှိသူများ၊ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲဝင်များနှင့် ဒေသခံတိုင်းရင်းပြည်သူများကအောင်သပြေပန်းများဖြင့် သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြတဲ့ မြင်ကွင်းပုံရိပ်များ...…
■ အမေရိကန်-မြန်မာ ထိတွေ့ဆက်ဆံမှုကို ထိုင်းနိုင်ငံက ကြိုဆိုကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောကြား

■ အမေရိကန်-မြန်မာ ထိတွေ့ဆက်ဆံမှုကို ထိုင်းနိုင်ငံက ကြိုဆိုကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောကြား
အမေရိကန်နှင့် မြန်မာကြား ထိတွေ့ဆက်ဆံမှုကို ထိုင်းနိုင်ငံက ကြိုဆိုကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟဆက် ဖူအန်ကက်ကောက အောက်တိုဘာ ၂၃ ရက်တွင် ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။
ထို့ပြင် ၂၀၂၁ ခုနှစ်ကတည်းက အာဆီယံထိပ်သီးအစည်းအ‌ဝေးများမှ တားမြစ်ခံခဲ့ရသည့် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး မည်ကဲ့သို့ဆက်လက်လုပ်ဆောင်ရမည်ဆိုသည့်အချက်နှင့်ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်တွင် နိုဝင်ဘာလအတွင်း ကျင်းပမည့် အာဆီယံအစည်းအ‌ဝေးတွင် ဆွေးနွေးသွားမည်ဟုလည်း ၎င်းက ဆိုသည်။
လွန်ခဲ့သည့်သီတင်းနှစ်ပတ်က အမေရိကန်နှင့် မြန်မာအစိုးရတို့ကြား ဂျပန်နိုင်ငံ တိုကျိုမြို့တော်တွင် ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ယင်းသည် တစ်လအတွင်း ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုဖြစ်ခဲ့သည်။
■ Read more >>>>>

📰 မြန်မာသတင်း | MYANMAR TOP NEWS » @MMTOPNEWS
ဒေသမျိုးနှင့် ပြည်ပမျိုးကောင်းများ ပေါင်းစပ်စိုက်ပျိုး၍ မြန်မာ့ထောပတ်သီး ပြည်ပဈေးကွက်ထိုးဖောက်မည်

ဒေသမျိုးနှင့် ပြည်ပမျိုးကောင်းများ ပေါင်းစပ်စိုက်ပျိုး၍ မြန်မာ့ထောပတ်သီး ပြည်ပဈေးကွက်ထိုးဖောက်မည်
NOM၊အောက်တိုဘာ ၂၄၊၂၀၂၆
မြန်မာနိုင်ငံထွက် ထောပတ်သီးများ အရည်အသွေးမြင့်မားလာစေရေးနှင့် ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရေးအတွက် ဒေသမျိုးများနှင့် ပြည်ပမှ မျိုးကောင်းမျိုးသန့်များကို ပေါင်းစပ်စိုက်ပျိုးသွားမည်ဖြစ်ကြောင်းအောက်တိုဘာ ၂၄ရက်နံနက်ကဗဟန်းမြို့နယ်‌၊ မြေပဒေသာကျွန်း(ပုလဲကျွန်း)တွင်ကျင်းပသည့် မြန်မာ့ထောပတ်သီးနှင့် သစ်သီးဝလံပွဲတော် ၂၀၂၆ အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက ပြောသည်။
ယခင်က ထောပတ်သီးကို အစေ့မှစိုက်ပျိုးပါက အသီးသီးရန် ၇ နှစ်မှ ၁၂ နှစ်ခန့်အထိ ကြာမြင့်ခဲ့သော်လည်း ယခုအခါ ကိုင်းဆက်စိုက်ပျိုးရေးနည်းပညာများကြောင့် အနည်းဆုံး ၃ နှစ်ခန့်အတွင်း စီးပွားဖြစ် စတင်ဆွတ်ခူးနိုင်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲ‌ကိုအောက်တိုဘာ ၂၆ ရက်အထိ‌ပြသရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။

📰 မြန်မာသတင်း | MYANMAR TOP NEWS » @MMTOPNEWS
(၂၀၂၆-၂၇) ပညာသင်နှစ်တွင် မြန်မာကျောင်းသား (၅၀၀) နီးပါး အိန္ဒိယ၌ ကျောင်းဝင်ခွင့်ရရှိပြီး လာမည့်နှစ်များတွင် ကျောင်းသားဦးရေ ပိုမိုတိုးမြှင့်လက်ခံသွားမည်ဟု သံအမတ်ကြီးဆို

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ချက်ချင်းလွတ်မြောက်ရေး ဖိအားပေးတောင်းဆိုကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ မေတ္တာရပ်ခံ တိုက်တွန်း

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ချက်ချင်းလွတ်မြောက်ရေး ဖိအားပေးတောင်းဆိုကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ မေတ္တာရပ်ခံ တိုက်တွန်း
အောက်တိုဘာ ၂၄ ရက်
ပြည်တွင်းပြည်ပရှိ ပြည်သူလူထုတရပ်လုံး နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ချက်ချင်းလွတ်မြောက်ရေး ဖိအားပေးတောင်းဆိုကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ မေတ္တာရပ်ခံ တိုက်တွန်းတယ်လို့ ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။…
ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များကို စားသောက်ဖွယ်ရာများ ချီးမြှင့်

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များကို စားသောက်ဖွယ်ရာများ ချီးမြှင့်

အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းက အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး အောင်ကျော်သက်ဟာ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်တွေကို ခိုလမ်မြို့ရှိ တိုင်းစစ်ဌာနချုပ် ခရေရိပ်သာမှာ တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံစဉ် တပ်ဖွဲ့ဝင်တွေရဲ့ တင်ပြချက်တွေကို လိုအပ်သလို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဆန်၊ ဆီ၊ ဆား၊ အစားအသောက်နဲ့ ဂုဏ်ပြုချီးမြှင့်ငွေတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

📰 မြန်မာသတင်း | MYANMAR TOP NEWS » @MMTOPNEWS
မြန်မာ့ထောပတ်သီးနှင့် သစ်သီးဝလံပွဲတော် ၂၀၂၆ ပြည်တွင်းထောပတ်သီးစားသုံးမှုအသိတိုးစေရန်နှင့် ဈေးကွက်အတွင်းရောင်းအား တက်စေရန် ရည်ရွယ်ကျင်းပခြင်းဟုဆို

မြန်မာ့ထောပတ်သီးနှင့် သစ်သီးဝလံပွဲတော် ၂၀၂၆ ပြည်တွင်းထောပတ်သီးစားသုံးမှုအသိတိုးစေရန်နှင့် ဈေးကွက်အတွင်းရောင်းအား တက်စေရန် ရည်ရွယ်ကျင်းပခြင်းဟုဆို

📰 မြန်မာသတင်း | MYANMAR TOP NEWS » @MMTOPNEWS
ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာနှင့် ဂုဏ်ပြုငွေ ပေးအပ်

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာနှင့် ဂုဏ်ပြုငွေ ပေးအပ်

အောက်တိုဘာ ၂၄ရက်

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး အောင်ကျော်သက်သည် အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းတွင် ခိုလမ်မြို့ရှိ တိုင်းစစ်ဌာနချုပ် ခရေရိပ်သာ၌ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံကာ တင်ပြချက်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဆန်၊ ဆီ၊ ဆား၊ စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

📰 မြန်မာသတင်း | MYANMAR TOP NEWS » @MMTOPNEWS
ပြည်သူတွေဆီက ခွက်ခေါက်လို့ရတဲ့ငွေတွေကို ကိုယ်ကျိုးအတွက်သုံးစွဲပြီး ပျော်ပါးနေကြတဲ့ အပျံမတို့သူခိုးမိသားစုတစ်သိုက်...

ပြည်သူတွေဆီက ခွက်ခေါက်လို့ရတဲ့ငွေတွေကို ကိုယ်ကျိုးအတွက်သုံးစွဲပြီး ပျော်ပါးနေကြတဲ့ အပျံမတို့သူခိုးမိသားစုတစ်သိုက်...

2D ကော်စားမျိုးရိုးဆိုတော့ ဘဝမှာမပိုင်ဆိုင်ခဲ့ဖူး မမြင်ဖူးခဲ့တွေ ငွေကြေးကို မြင်ရကိုင်ရတဲ့အချိန်မှာ အကုန်ခိုးတော့တာပဲ...

မျိုးနဲ့ရိုးနဲ့ ခိုးတယ်ဆိုတာ ဒါမျိုးပြောတာ..

📰 မြန်မာသတင်း | MYANMAR TOP NEWS » @MMTOPNEWS
ဖာပွန်ဗျူဟာနှင့် ကမမောင်း-ကတိုင်တိလမ်းပေါ်ရှိ စစ်တပ်ယာယီစခန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ အပါအဝင် စစ်သား ၄ ဦး သေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး

ဖာပွန်ဗျူဟာနှင့် ကမမောင်း-ကတိုင်တိလမ်းပေါ်ရှိ စစ်တပ်ယာယီစခန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ အပါအဝင် စစ်သား ၄ ဦး သေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး
အောက်တိုဘာ ၂၃ ရက်
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်ဗျူဟာကုန်းနှင့် ကမမောင်း-ကတိုင်တိလမ်းပေါ်ရှိ စစ်တပ်၏ ယာယီစခန်းတို့ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အရာရှိအပါအဝင် စစ်သား ၄ ဦး သေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ကြောင်း KNU-စစ်ရေးသတင်းရင်းမြစ်ထံမှ သိရှိရသည်။
အောက်တိုဘာ ၂၀ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ လက်ကျန် ဖာပွန်ဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဒရုန်းပူးပေါင်းတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။…