မြန်မာသတင်း | MYANMAR TOP NEWS
346 subscribers
594 photos
37 links
📰 မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းမှ နောက်ဆုံးရသတင်းများ၊ သတင်းထူးများနှင့် အရေးကြီးသတင်းများကို အချိန်နှင့်တပြေးညီ တင်ဆက်ပေးနေပါသည်။

🌏 Latest news from Myanmar and around the world. Fast • Accurate • Trusted
Download Telegram
စစ်တွေမြို့ လူနေရပ်ကွက်အတွင်းသို့ အကြမ်းဖက် AA အဖွဲ့က လက်နက်ကြီးရဲ့ပစ်ခတ်သည့်အတွက် လူ ၅ ဦးခန့် သေဆုံး

စစ်တွေမြို့ လူနေရပ်ကွက်အတွင်းသို့ အကြမ်းဖက် AA အဖွဲ့က လက်နက်ကြီးရဲ့ပစ်ခတ်သည့်အတွက် လူ ၅ ဦးခန့် သေဆုံး

၂၃-၁၀-၂၀၂၆ ရက်နေ့ ယနေ့ နံနက် ၈ နာရီခန့်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့အတွင်းရှိ လူနေရပ်ကွက်အတွင်းကို အကြမ်းဖက် AA အဖွဲ့ လက်နက်ကြီးနှင့်ရမ်းသမ်းပစ်ခတ်သည့်အတွက် မင်းဘာကြီးလမ်း၊ ရွှေငါးစတိုးခွဆုံအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး  အဆိုပါ ပေါက်ကွဲမှုကြောင့် ပြည်သူ ၅ ဦးခန့် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူအချို့လည်း ရှိကြောင်းသိရ။

မသာပေါ်တာများတဲ့ အကြမ်းဖက် AA အစွန်းရောက် မိစ္ဆာကောင်တွေကတော့ ပြည်သူတွေကို ပစ်မှတ်ထားသတ်ဖြတ်နေပြီ..

📰 မြန်မာသတင်း | MYANMAR TOP NEWS » @MMTOPNEWS
ဟုမ္မလင်း၊ တောင်ဦးကျေးရွာရှိ စစ်တပ်နှင့် SNA စခန်းကြီးကို KIA ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိပြီး စစ်တပ်ဘက်မှ ၁၀ ဦးထက်မနည်းသေဆုံး၊ ဗန်းမော်၊ မိုးမိတ်နှင့် အင်းတော်ကြီးတို့တွင်လည်း တိုက်ပွဲများပြင်းထန်နေ

အောက်တိုဘာလ ၂၃ ရက်
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် တောင်ဦးကျေးရွာရှိ စစ်တပ်နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တို့၏ စခန်းကြီးကို KIA ပူးပေါင်းတပ်များက အောက်တိုဘာ ၂၂ ရက် ညပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး စစ်တပ်ဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရှေ့တန်း KIA သတင်းရင်းမြစ်ထံမှ သိရသည်။
KIA သတင်းရင်းမြစ်က တောင်ဦးကျေးရွာဘက်သို့ သွားသည့် လမ်းတစ်လျှောက်ရှိ စခန်းငယ်များကိုလည်း ယခုရက်ပိုင်းအတွင်း KIA ပူးပေါင်းတပ်များက ဆက်တိုက်သိမ်းပိုက်ခဲ့ပြီး ယမန်နေ့ အောက်တိုဘာလ ၂၂ ရက်နေ့ ညပိုင်းတွင် တောင်ဦးစစ်တပ်စခန်းကြိးကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။…
ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး ပြုလုပ်

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး ပြုလုပ်
အောက်တိုဘာလ ၂၃ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၁‌/၂၀၂၆) ကို အောက်တိုဘာ ၂၃ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။
အစည်းအဝေးမှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ ‌ဒု-ဥက္ကဋ္ဌ(‌၁)၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် ရဲ့ ဆွေးနွေးမှုနဲ့ စတင်ခဲ့ပါတယ်။
ဆက်လက်ပြီး အစည်းအဝေးအမှတ်စဉ် (၂၀/၂၀၂၆) မှာ ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ်များ နဲ့ ပတ်သက်တဲ့ ပြီးစီးမှုအခြေအနေများနဲ့ ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေတဲ့ လုပ်ငန်းစဉ်များကို ချပြရှင်းလင်းခဲ့ပါတယ်။
အဲဒီနောက် တက်ရောက်လာတဲ့ ဝန်ကြီးဌာနရဲ့ တာဝန်ရှိသူတွေက လုပ်ငန်းဆောင်ရွက်ချက်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။…
၂၃-၁၀-၂၀၂၆

၂၃-၁၀-၂၀၂၆

💚💚💚💚💚💚💚💚💚💚

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ လေ့ကျင့်ရေးကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၂၇)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ။

💝💝💝💝💝💝💝💝💝💝

#PMS

ပြည်သူ့စစ်မှုထမ်းချန်နယ်လေးကို
Join ထားနိုင်ပါတယ်

📰 မြန်မာသတင်း | MYANMAR TOP NEWS » @MMTOPNEWS
မြဝတီမြို့မှာ ထိုင်းကုန်ပစ္စည်းတွေကို စစ်တပ် ပိုက်စိပ်တိုက်ဖမ်းဆီးနေ

မြဝတီမြို့မှာ ထိုင်းကုန်ပစ္စည်းတွေကို စစ်တပ် ပိုက်စိပ်တိုက်ဖမ်းဆီးနေ
အောက်တိုဘာလ ၂၃ ရက်
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှာ ထိုင်းကုန်ပစ္စည်းတွေကို စစ်တပ်က ပိုက်စိပ်တိုက် ဖမ်းဆီးနေတာကြောင့် ထိုင်းကုန်ပစ္စည်း သယ်ယူပို့ဆောင်ဖို့ ပိုမိုကျပ်တည်းလာတယ်လို့ ကုန်သည်အသိုင်းအဝိုင်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တရားမဝင်ကုန်စည်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကရင်ပြည်နယ် ဘားအံ ကော့ကရိတ် မြဝတီမြို့တွေမှာရှိတဲ့ ထိုင်းကုန်ပစ္စည်းတွေကို ဖမ်းဆီးမှုတွေဟာ ဒီနောက်ပိုင်းမှာ ခပ်စိပ်စိပ်ဖြစ်လာနေပြီး ပစ္စည်းတွေသိမ်းဆည်းတဲ့အပြင် လူတွေကိုပါ ပြန်ရွေးယူလို့မရတော့ဘဲ ဖမ်းဆီးထောင်ချနေပါတယ်။
နယ်စပ်ကုန်သွယ်ရေးမြို့ မြဝတီမှာ ဒီရက်ပိုင်းအတွင်း ထိုင်းကုန်ပစ္စည်းတွေ သိုလှောင်ထားရှိတဲ့ ဂိုဒေါင်ခြံဝန်းတွေထဲကို စစ်တပ်ဦးဆောင်တဲ့ အဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ရာ ကုန်သည်တစ်ဦးရဲ့ ထိုင်းကုန်ပစ္စည်းတွေ အများအပြား သိမ်းခံထိသွားခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။…
ပွဲတော်ရာသီ ရှမ်းတောင်တွင် ခါးပိုက်နှိုက်နှင့် သူခိုးများ အုပ်စုဖွဲ့ သောင်းကျန်းနေ

ပွဲတော်ရာသီ ရှမ်းတောင်တွင် ခါးပိုက်နှိုက်နှင့် သူခိုးများ အုပ်စုဖွဲ့ သောင်းကျန်းနေ
အောက်တိုဘာလ ၂၃ ရက်
ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် တန်ဆောင်တိုင် ပွဲတော်ရာသီနှင့် ရိုးရာပွဲတော်များ စတင်နေချိန်၌ ဒေသအနှံ့မှ စျေးများနှင့် ပွဲခင်းများအတွင်း ခါးပိုက်နှိုက်နှင့် သူခိုးများ အုပ်စုဖွဲ့ သောင်းကျန်းနေကြောင်း သိရသည်။
ထို့ကြောင့် စျေးလာသုံးသူ ပြည်သူများနှင့် စျေးသည်များ ပိုင်ဆိုင်မှုများ မပျောက်ပျက်စေရန် အထူးသတိပြုကြရန် ဒေသခံများက သတိပေး ပြောဆိုလိုက်သည်။
တောင်ကြီး၊ ဟိုပုံး၊ ညောင်ရွှေ၊ ရွှေညောင်၊ အောင်ပန်း၊ ကလော၊ ရပ်စောက်၊ ပင်းတယမြို့များအပြင် ဒေသတွင်း ပွဲခင်းများနှင့် နာမည်ကြီး ငါးရက်တစ်စျေးများဖြစ်သည့် ခေါင်းတိုင်၊ နန်းပန်၊ တောင်နီ၊ ပင်ဖြစ်၊ ဟဲဟိုး၊ ပွေးလှ၊ နောင်ကား၊ နားဘောင် စသည့် ရွာစျေးများတွင် ခါးပိုက်နှိုက်ခံရသည့် ဖြစ်စဉ်များ မကြာခဏ ပေါ်ပေါက်နေခြင်းဖြစ်သည်။
“ရှမ်းတောင်မှာ ရိုးရာပွဲတွေ စပြီဆိုတာနဲ့ ဘယ်ကနေ ရောက်လာမှန်း မသိတဲ့ ခါးပိုက်နှိုက် သူခိုးကြမ်းပိုးတွေ ပေါ်လာတတ်တာ။…
၂၃-၁၀-၂၀၂၆

၂၃-၁၀-၂၀၂၆

💚💚💚💚💚💚💚💚💚💚

ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ လေ့ကျင့်ရေးကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၂၇)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခဲ့ရာ အခမ်းအနားကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဂုဏ်ပြုတက်ရောက်ခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်။

💝💝💝💝💝💝💝💝💝💝

#PMS

ပြည်သူ့စစ်မှုထမ်းချန်နယ်လေးကို
Join ထားနိုင်ပါတယ်

📰 မြန်မာသတင်း | MYANMAR TOP NEWS » @MMTOPNEWS
AA က မိုက်လေ ဘင်္ဂလီ က ကြိုက်လေပဲ

AA က မိုက်လေ ဘင်္ဂလီ က ကြိုက်လေပဲ

လူ့အဖွဲ့အစည်းတစ်ခု ၊ လူမျိုးတစ်မျိုး
ပြိုလဲ ပျက်စီးဖို့ အကြောင်းဖန် လာရင်
ဘယ်လိုပဲ သတိပေးခဲ့ပါစေ မရဘူးဆို
တာ ရခိုင် က သက်သေပါပဲ။

ရခိုင်ပြည်နယ် ဟာ အခုခါမှာ ကပ်ပေါင်း
မျိုးစုံ ခံစားနေရသလို ရခိုင်လူထု ဟာ
လည်း ရခိုင် ပြည်နယ်ကို ပစ်ပြီး ပြည်မနဲ့
ပြည်ပ ထွက်ပြေးနေကြတာ သန်းနဲ့ချီ
ရှိနေပါတယ်။

ထွက်ပြေးလို့ မရဘဲ ကျန်ခဲ့တဲ့ သူတွေ
ကို လည်း AA က လှောင်ပိတ်ထားတယ်၊
ချောင်ပိတ် ရိုက်နေသလို ဖြစ်နေတာမို့
ရခိုင်လူမျိုးတွေ ဟာ နေ့စဥ် ငရဲခန်းကို
​အရှင်လက်လက် ဖြတ်သန်း
နေကြရတယ်။

AA ဖန်တီးထားတဲ့ စစ်ကြောင့် အဖက်
ဖက်ကနေ ဝိုင်းဝန်းပိတ်ဆို့ခံထားရလို့
လည်း အစားအသောက်ပြတ်လပ်မှု
ကစလို့ ရောဂါဘယ ထူပြောမှု အထိ
ခါးဆီးပြီး ခံနေကြရတယ်။

ဒါက လက်ရှိ  ရခိုင် မှာ ပြည်သူတွေ
ရင်ဆိုင်နေရတဲ့ အခြေအနေပါ။

ဒီထက် ပို ဆိုးတာက AA ရဲ့ အနိုင်ကျင့်
မှုနဲ့အတူ စစ်ဒဏ်ကို မခံနိုင်ဘဲ ထွက်ပြေး
သွားကြတဲ့ မြို့ ၊ ရွာ တွေကို ဘင်္ဂလီတွေ
ဝင်ရောက် အခြေချနေထိုင်လာကြတာမို့
ကာလကြာရင် ရခိုင် ပြည်နယ် မှာ ရခိုင်
လူမျိုးတွေ မရှိတော့ဘဲ ဘင်္ဂလီတွေ ရှိ
လာတော့မယ့် သဘောတွေ့လာတယ်။…
စစ်တွေမြို့လယ်ခေါင်တွင် ဗုံးကျရောက်ပေါက်ကွဲပြီး ပြည်သူများ ထိခိုက်သေဆုံးမှုများပြား၊ လူနာတင် ယာဉ်များဖြင့် ဝရုန်းသုန်းကားဖြစ်

စစ်တွေမြို့လယ်ခေါင်တွင် ဗုံးကျရောက်ပေါက်ကွဲပြီး ပြည်သူများ ထိခိုက်သေဆုံးမှုများပြား၊ လူနာတင် ယာဉ်များဖြင့် ဝရုန်းသုန်းကားဖြစ်
အောက်တိုဘာလ ၂၃ ရက်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့လယ်ခေါင်တွင် ယနေ့ အောက်တိုဘာ ၂၃ ရက် နံနက် ၇ နာရီ ၅၀ မိနစ်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပြည်သူများ ထိခိုက်သေဆုံးမှုများပြားကာ လူနာတင်ယာဉ်များဖြင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်နေရကြောင်း ဒေသပြည်သူများထံမှ သိရသည်။
ယနေ့ နံနက်ပိုင်း ပေါက်ကွဲမှုသည် စစ်တွေမြို့လယ်ပိုင်း မင်းဘာကြီးလမ်း၊ ရွှေငါးစတိုးဆိုင်ခွဆုံအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လေယာဉ်မှ ဗုံးကြဲချခြင်း သို့မဟုတ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။
စစ်တွေမြို့ခံတစ်ဦးဖြစ်သော ကိုကိုနိုင်က “စစ်တွေမြို့လည်မှာ ဒီမနက် လေယာဉ်ဗုံး သို့မဟုတ် လက်နက်ကြီး ကျပါတယ်။ လူအသေအပျောက်များပါတယ်။ ယူဆတာကတော့ လေကြောင်းကနေ ဗုံးချသွားတယ်လို့ ယူဆရတယ်” ဟု ပြောသည်။…
■ မြဝတီမြို့ တွင် ​ပျောက်ဆုံး​နေ​သောဆိုင်ကယ်တက္ကစီ ​မောင်းသူ လူငယ်​အား ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိ

■ မြဝတီမြို့ တွင် ​ပျောက်ဆုံး​နေ​သောဆိုင်ကယ်တက္ကစီ ​မောင်းသူ လူငယ်​အား ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိ
မြဝတီမြို့တွင်​အောက်တိုဘာ ၂၁ ရက်​နေ့ ည​နေက ဆိုင်ကယ်တက္ကစီ​မောင်းရင်း ပျောက်ဆုံး​နေ​သော အသက်၂၄နှစ်အရွယ်ရှိ လူငယ်​လေးတစ်ဦးအား ​ယ​နေ့ ​အောက်တိုဘာလ ၂၂ ရက်​နေ့ လူသူပြတ်လပ်သည့်​နေရာ ၌ ဒဏ်ရာများဖြင့် သေဆုံးလျှက်ရှိ​သော ရုပ်အ​လောင်းကိုသာ ​တွေ့ရှိရ​ကြောင်းသိရသည်။
အဆိုပါ အသက်၂၄နှစ်အရွယ်ရှိ ​မောင်ဖြိုး သည် မြဝတီမြို့ အာရှလမ်းကြီး​ဘေး ချစ်တီထမင်းဆိုင်​ရှေ့၌ဂိတ်ထိုး​နေစဉ် ​အောက်တိုဘာ ၂၁ ရက်​နေ့ ည​နေ ၆နာရီခန့် က ခရီးသည်နှစ်ဦး ​ခေါ်​ဆောင် မှု​ကြောင့် ကယ်ရီလိုက်သွား​ကြောင်း၊ယ​နေ့ ​အောက်တိုဘာ ၂၂ရက်​နေ့ နံနက်၁ဝနာရီထိ ပြန်လည်​ရောက်ရှိလာခြင်းမရှိ၍ လူ​ပျောက်တိုင်ထား​ကြောင်းသိရသည်။
■ Read more >>>>>

📰 မြန်မာသတင်း | MYANMAR TOP NEWS » @MMTOPNEWS
လှိုင်သာယာမှာ ထမင်းစားရင်း ဟင်းခွက်မှောက်ရာက စကားများပြီး ညီဖြစ်သူက အစ်ကိုကို ဓားနဲ့ထိုး

လှိုင်သာယာမှာ ထမင်းစားရင်း ဟင်းခွက်မှောက်ရာက စကားများပြီး ညီဖြစ်သူက အစ်ကိုကို ဓားနဲ့ထိုး
‌အောက်တိုဘာလ ၂၃ ရက်
ရန်ကုန်မြို့၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အလယ်ကျေးရွာမှာ အောက်တိုဘာ ၂၂ ရက် ည ၇ နာရီခွဲခန့်က မိသားစုထမင်းဝိုင်းမှာ ဟင်းခွက်မှောက်ရာကနေ ညီအစ်ကိုနှစ်ဦး စကားများခဲ့ပြီး ညီဖြစ်သူက အစ်ကိုကို ဓားနဲ့ထိုးသတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အိမ်မှာမွေးထားတဲ့ ကြောင်က သီးစုံပဲကုလားဟင်းခွက်ကို တိုက်မိပြီး မှောက်သွားရာကနေ ညီအစ်ကိုနှစ်ဦး စကားများခဲ့ကြတာလို့ ရပ်ကွက်နေသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ထမင်းစားနေရင်း အိမ်မှာမွေးထားတဲ့ကြောင်က သီးစုံကုလားဟင်းကို တိုက်သွားတာ။ မှောက်သွားတဲ့အချိန် ညီအစ်ကိုနှစ်ယောက် စကားများပြီး အစ်ကိုက သူ့ညီကို ထိုးတယ်။ အဲဒီလိုထိုးတာကို မကျေနပ်လို့ ပန်းကန်စင်က စတီးဓားယူပြီး သူ့အစ်ကိုကို ထိုးတာ သုံးချက်လောက်ရှိမယ်။ ဆေးရုံကို အချိန်မီပို့ပေမဲ့ သေသွားတယ်” လို့ သူက ပြောပါတယ်။…
စစ်တွေမြို့ထဲကို အကြမ်းဖက် AA အဖွဲ့ကလက်နက်ကြီးနဲ့ ပစ်လို့ ပြည်သူတွေသေတာကို တပ်ကပဲ Y12 နဲ့ ဗုံးကြဲတယ်ဖြစ်ရသေးတယ်..

စစ်တွေမြို့ထဲကို အကြမ်းဖက် AA အဖွဲ့ကလက်နက်ကြီးနဲ့ ပစ်လို့ ပြည်သူတွေသေတာကို တပ်ကပဲ Y12 နဲ့ ဗုံးကြဲတယ်ဖြစ်ရသေးတယ်..

ဖာကျတာလည်း ယုတ္တိရှိအောင်ကျမှပေါ့..

လေယာဉ်နဲ့ ဗုံးကြဲရင် စိစိညက်ညက်တောင်ကျေတယ်..

ပြည်သူကိုသတ်ပြီး ဗြောင်လိမ် ဗြောင်စားနဲ့ ဖာကျချက်

📰 မြန်မာသတင်း | MYANMAR TOP NEWS » @MMTOPNEWS
စစ်တွေမြို့ပေါ် ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ဒေသခံများကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး သွားရောက်တွေ့ဆုံအားပေး

စစ်တွေမြို့ပေါ် ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ဒေသခံများကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး သွားရောက်တွေ့ဆုံအားပေး

စစ်တွေ၊ အောက်တိုဘာ ၂၄

အောက်တိုဘာ ၂၃ ရက်က စစ်တွေမြို့ပေါ်တွင် ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသည့် ဒေသခံပြည်သူများကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့သည်။

ထို့ပြင် ထိခိုက်ဒဏ်ရာရရှိသူများအား ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်း လျှပ်စစ်ဝန်ကြီး ဦးဇာနည်အောင် ထောင်က ပြန်လည် လွတ်မြောက်၊

မန္တလေးတိုင်း လျှပ်စစ်ဝန်ကြီး ဦးဇာနည်အောင် ထောင်က ပြန်လည် လွတ်မြောက်၊
အောက်တိုဘာလ ၂၃ ရက်
အာဏာသိမ်း စစ်အုပ်စုက ဥပဒေမဲ့ ဖမ်းဆီးထောင်ချထားတဲ့ မန္တလေးတိုင်း လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးဇာနည်အောင်ကို ဒီကနေ့ အောက်တိုဘာ ၂၃ရက်မှာ ထောင်က ပြန်လွှတ်ပေးလိုက်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
“ဦးဇာနည်အောင် လွတ်ပြီ။ Confirm (အတည်ပြု)” လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
လွတ်ရက်စေ့လို့ လွတ်လာတာလား၊ စစ်အုပ်စုက လျော့ပေါ့ပြီး ပြန်လွှတ်ပေးသလားဆိုတာကိုတော့ MFP အနေနဲ့ မသိရသေးပါဘူး။
စစ်အုပ်စုဟာ အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီ ကတည်းက ဝန်ကြီး ဦးဇာနည်အောင် အပါအဝင် မန္တလေးတိုင်း အစိုးရအဖွဲ့ဝင်တွေ၊ တိုင်းလွှတ်တော် ဥက္ကဌ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် - NLD ပါတီ မန္တလေးတိုင်း တာဝန်ရှိသူတွကို ဖမ်းဆီးကာ အမှုဆင် ထောင်ချထားတာ ဖြစ်ပါတယ်။
ဦးဇာနည်အောင်ကို စစ်အုပ်စုက အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ)၊ သဘာဝဘေး/စီမံ အက်ဥပဒေ ပုဒ်မ ၂၅/၃၀(က)၊ အဂတိ ပုဒ်မ ၅၅ တို့နဲ့ အမှုဆင် ထောင်ချထားတာ ဖြစ်ပါတယ်။…
၂၃-၁၀-၂၀၂၆

၂၃-၁၀-၂၀၂၆

⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️

တြိဂံဒေသတိုင်းစစ်ဌာနချုပ်ရှိ လေ့ကျင့်ရေးကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၂၇)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခဲ့ပြီး အခမ်းအနားကို တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရင်း/ဖွဲ့မှူးများ ဂုဏ်ပြုတက်ရောက်ခဲ့။

❤️❤️❤️❤️❤️❤️❤️❤️❤️❤️

#PMS

ပြည်သူ့စစ်မှုထမ်းချန်နယ်လေးကို
Join ထားနိုင်ပါတယ်

📰 မြန်မာသတင်း | MYANMAR TOP NEWS » @MMTOPNEWS
တိဘက်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွင် ငလျင်လှုပ်ခတ်မှုကြောင့် အနည်းဆုံး ၁၆ ဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိဟု နိုင်ငံပိုင်မီဒီယာများ ဖော်ပြ

တိဘက်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွင် ငလျင်လှုပ်ခတ်မှုကြောင့် အနည်းဆုံး ၁၆ ဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိဟု နိုင်ငံပိုင်မီဒီယာများ ဖော်ပြ

၂၃.၁၀.၂၀၂၆
Translated by Htwe Ko Tun

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အနောက်တောင်ပိုင်း၊ တိဘက်ဒေသတွင် ပြင်းအား ၇ မဂ္ဂနှီကျူ့ရှိသည့် အင်အားပြင်း ငလျင်တစ်ခု အောက်တိုဘာလ ၂၂ ရက်ညက လှုပ်ခတ်ခဲ့ရာ အနည်းဆုံး ၁၆ ဦး သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာများက ဖော်ပြခဲ့ကြသည်။

ဒဏ်ရာရရှိသူများအနက် ၁၁ ဦးမှာ အခြေအနေ စိုးရိမ်ရကြောင်း ဒေသတွင်း မီဒီယာရုံးက ပြောကြားသည်။

ဤငလျင်သည် ဟိမဝန္တာတောင်တန်းဒေသရှိ ဝေးလံခေါင်သီသော တိဘက်ဒေသတွင် လွန်ခဲ့သည့် ငါးနှစ်အတွင်း အပြင်းထန်ဆုံး လှုပ်ခတ်ခဲ့သည့် ငလျင်ဖြစ်သလို ၂၀၂၄ ခုနှစ် ဇန်နဝါရီလနောက်ပိုင်း တရုတ်နိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် အပြင်းထန်ဆုံး ငလျင်လည်း ဖြစ်ကြောင်း CCTV ရုပ်သံလိုင်းက ပြောကြားခဲ့သည်။…
❤2
ချင်းပြည်နယ်၊ ဟားခါးကက်သလစ်သာသနာ၊ နှဟရိန်မြို့ရှိ ဆောက်လုပ်ဆဲ စိန့်မိုက်ကယ်ကက်သလစ် ဘုရားကျောင်းသစ်တွင် စိန့်ထရေဇားအသင်းဂိုဏ်း သီလရှင်လောင်း ၆ ပါး၏ သင်္ကန်းခံယူခြင်းနှင့် ပထမယာယီ ကတိသစ္စာခံယူခြင်း မစ္ဆားတရားတော်မြတ်ကို အောက်တိုဘာလ ၂၁ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်းသိရ

မြန်မာနိုင်ငံမှာ လူသားတစ်ယောက်ရဲ့ ယုံကြည်မှုအတိုင်းလွတ်လပ်စွာကိုးကွယ်ခွင့်ရှိသလို ဘာသာတရားတိုင်းလေးစားတန်ဖိုးထားပါတယ်…

📰 မြန်မာသတင်း | MYANMAR TOP NEWS » @MMTOPNEWS
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများအား သွားရောက်ကြည့်ရှုအားပေး

မွန်အပါအဝင် တောင်ပိုင်းက ပြည်သူတွေ လူသားမလုံခြုံမှု အခြေအနေတွေနဲ့ ရင်ဆိုင်နေရ

မွန်အပါအဝင် တောင်ပိုင်းက ပြည်သူတွေ လူသားမလုံခြုံမှု အခြေအနေတွေနဲ့ ရင်ဆိုင်နေရ
အောက်တိုဘာလ ၂၃ ရက်
မြန်မာပြည်တောင်ပိုင်းဒေသက ပြည်သူတွေဟာ လူတစ်ဦးချင်းစီရဲ့ လူမှုစီးပွားနဲ့ အသက်ရှင်ရပ်တည်ရေးအတွက် လူသားမလုံခြုံမှု အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အောက်တိုဘာ ၂၀ ရက်က ထုတ်ပြန်တဲ့ ရာမညအင်စတီကျု လူထုအခြေပြု နိုင်ငံရေးသုတေသနဌာန RICE ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အခုနှစ် ပထမ ၆ လတာအတွင်း မြန်မာပြည်တောင်ပို င်း‌ဒေသတချို့မှာ လူသားလုံခြုံရေးဆိုင်ရာ သုတေသနတစ်ရပ်ကို RICE အဖွဲ့က ပြုလုပ်ခဲ့ပြီး ရရှိလာတဲ့ အချက်အလက်တွေအပေါ် မူတည်ကာ အန္တရာယ်ကြားက ပြည်သူ့ဘဝ - မွန်ပြည်နယ်နှင့် မြန်မာနိုင်ငံတောင်ပိုင်းရှိ လူသားလုံခြုံရေးစိန်ခေါ်မှုများ အစီရင်ခံစာကို ထုတ်ပြန်ခဲ့တာပါ။
အစီရင်ခံစာမှာ မြန်မာပြည်တောင်ပိုင်းဒေသဖြစ်တဲ့ မွန်ပြည်နယ်က ၁၀ မြို့နယ် အပါအဝင် နယ်နမိတ်ဆက်စပ်နေတဲ့ ကရင်ပြည်နယ်က ဘားအံ၊ ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးမ ြို့နယ်အပြင် တနင်္သာရီတိုင်းရှိ ရေဖြူမြို့နယ်က အခြေအနေတွေကို မှတ်တမ်းတင် ပြုစုထားတာ ဖြစ်ပါတယ်။…
ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးမိသားစုများနှင့် သင်တန်းသားများအားတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးမိသားစုများနှင့် သင်တန်းသားများအားတွေ့ဆုံ

အောက်တိုဘာ ၂၃၊ ၂၀၂၆

ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့၌ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးသည် ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးမိသားစုများနှင့် သင်တန်းသားများအား ယနေ့နံနက်ပိုင်းတွင် မြန်မာသံရုံး၌ တွေ့ဆုံသည်။…