မြန်မာသတင်း | MYANMAR TOP NEWS
336 subscribers
573 photos
37 links
📰 မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းမှ နောက်ဆုံးရသတင်းများ၊ သတင်းထူးများနှင့် အရေးကြီးသတင်းများကို အချိန်နှင့်တပြေးညီ တင်ဆက်ပေးနေပါသည်။

🌏 Latest news from Myanmar and around the world. Fast • Accurate • Trusted
Download Telegram
သားအမိ နှစ်‌ယောက် စကား ပြောခွင့်ရသွားပြီ

သားအမိ နှစ်‌ယောက် စကား ပြောခွင့်ရသွားပြီ
******
"ကျွန်တော့်အမေဟာ အသက် ၈၁ နှစ်ရှိပြီဖြစ်ပြီး မတရား ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။ စကားတခွန်းလောက် ပြောခွင့်ရရုံမျှနဲ့ ပုံမှန် မိသားစုဝင်ခွင့်၊ တွေ့ခွင့် ရရှိတာ မဟုတ်ပါဘူး" ဟု လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း၏ က မှတ်ချက် ချခဲ့သည်။
ကိုထိန်လင်းသည် ငါး နှစ် အတွင်း ပထမ ဆုံး အကြိမ် အဖြစ် အောက်တိုဘာ ၂၂ ရက် မြန်မာ စံတော်ချိန် မ ွန်းလွဲ ၂:၃၀ တွင် မိခင်ကြီး နှင့် မိနစ် နှစ်ဆယ်ကြာ စကား ပြောခွင့်ရခဲ့သည်။
သား အမိ နှစ်ယောက်၏ စိတ်ထဲတွင် မည်မျှ အထိ ဝမ်းသာ ကြည်နူးကြပေမည်နည်း၊ ဘယ်စကားက စ ပြီး ဘာတွေ ပြောမှန်း မသိ လောက်အောင်ပင် ဖြစ်ကြမည်ကို လူလို နားလည်သူ မည်သူ မဆို ခန့်မှန်းကြည့်၍ ရနိုင်ပေသည်။ ဝမ်းလည်း သာကြပေမည်သာ။
ထိုသို့ ဖြစ်လာအောင်လည်း ကိုထိန်လင်း နှင့် တကွ ပြည်ပ ရောက် မြန်မာ ပြည်သူများ တခဲနက် ဖိအားပေး တောင်းဆိုခဲ့မှု ကြောင့်ပင် မဟုတ်ပါလား။…
အမေရိကန်စစ်ဝန်ကြီးဌာနကမဖော်ပြသောအရှေ့အလယ်ပိုင်းရှိအမေရိကန်စစ်စခန်းများကိုအီရန်ကတိုက်ခိုက်ခဲ့ဖျက်ဆီးခဲ့သည့်ပုံများကိုမီဒီယာတစ်ခုကဖော်ပြ

အမေရိကန်စစ်ဝန်ကြီးဌာနကမဖော်ပြသောအရှေ့အလယ်ပိုင်းရှိအမေရိကန်စစ်စခန်းများကိုအီရန်ကတိုက်ခိုက်ခဲ့ဖျက်ဆီးခဲ့သည့်ပုံများကိုမီဒီယာတစ်ခုကဖော်ပြ
NOM

📰 မြန်မာသတင်း | MYANMAR TOP NEWS » @MMTOPNEWS
KIA နဲ့ ဆွေးနွေးတော့မလို ဝါဒဖြန့်အမြတ်ထုတ်နေတယ်လို့ဆို (ရုပ်/သံ)

KIA နဲ့ ဆွေးနွေးတော့မလို ဝါဒဖြန့်အမြတ်ထုတ်နေတယ်လို့ဆို (ရုပ်/သံ)

ဧရာဝတီ၊ အောက်တိုဘာ ၂၂၊ ၂၀၂၆

ကချင်လွတ်လပ်ရေးအဖွဲ့၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIO/KIA) နဲ့ အာဏာသိမ်းစစ်တပ်တို့ မကြာခင် ငြိမ်းချမ်းရေးဆွေးနွေးတော့မယ့်ပုံစံမျိုး စစ်တပ်နဲ့နီးစပ်တဲ့ မီဒီယာတွေနဲ့ နိုင်ငံရေးသမားတွေဘက်က ဆက်တိုက်ဆိုသလို ထုတ်ပြန်လာနေတာတွေ့ရပါတယ်။

ဒီလိုမျိုး KIO/KIA နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတော့မလို သတင်းတွေ ထုတ်ပြန်နေတာဟာ ရည်ရွယ်ချက်ရှိရှိ အသုံးချပြီး နိုင်ငံရေး အမြတ်ထုတ်နေတာဖြစ်တယ်လို့ ဒီအခြေအနေကို သိရှိတဲ့ ကချင်နိုင်ငံရေး သုတေသီတဦးက သုံးသပ်ပါတယ်။

📰 မြန်မာသတင်း | MYANMAR TOP NEWS » @MMTOPNEWS
စစ်တပ်အတွက် နည်းပညာထောက်တိုင် ဖြစ်နေတဲ့ နောင်ရိုးကုမ္ပဏီ

စစ်တပ်အတွက် နည်းပညာထောက်တိုင် ဖြစ်နေတဲ့ နောင်ရိုးကုမ္ပဏီ

ဧရာဝတီ၊ အောက်တိုဘာ ၂၃၊ ၂၀၂၆

စစ်ရုံးချုပ်၊ သမ္မတအိမ်တော်၊ လွှတ်တော်နဲ့ အစိုးရဌာနတွေကနေ Safe City စောင့်ကြည့်ရေးစနစ်တွေအထိ နည်းပညာဝန်ဆောင်မှုပေးနေတဲ့ နောင်ရိုးကုမ္ပဏီဟာ အာဏာသိမ်းအစိုးရနဲ့ စစ်တပ်အတွက် အရေးပါတဲ့ နည်းပညာကုမ္ပဏီတခု ဖြစ်နေပါတယ်။

ကုမ္ပဏီရဲ့ အကြီးပိုင်းရာထူးတာဝန်ယူထားသူတွေဟာလည်း အာဏာသိမ်းစစ်တပ်က အရာရှိဟောင်းတွေဖြစ်သလို စစ်အာဏာရှင် ဦးသန်းရွှေ၊ ဦးသိန်းစိန်လက်ထက်နဲ့ အရပ်သားအစိုးရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လက်ထက်တွေအထိ အစိုးရဌာနဆိုင်ရာ နည်းပညာစီမံကိန်းတွေကို လုပ်ကိုင်ခွင့်ရခဲ့တာကို တွေ့ရပါတယ်။

စစ်တပ်ကို စောင့်ကြည့်ထောက်လှမ်းရေးပစ္စည်းတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ကူညီပေးခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမေရိကန်အစိုးရရဲ့ဒဏ်ခတ်ပိတ်ဆို့မှု Entity List ထဲ ထည့်သွင်းခံထားရတဲ့ နောင်ရိုးကုမ္ပဏီဟာ နိုင်ငံတကာကန့်သတ်ချက်တွေကြားကနေပဲ လက်ရှိအချိန်အထိ အာဏာသိမ်းစစ်တပ်ရဲ့ နည်းပညာလိုအပ်ချက်တွေကို ဆက်လက်ဖြည့်ဆည်းနေဆဲဖြစ်ပါတယ်။

📰 မြန်မာသတင်း | MYANMAR TOP NEWS » @MMTOPNEWS
အကြမ်းဖက် ရာပြည့် နေပြည်တော်စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဖြစ်လာပြီးနောက် လစဉ် စစ်မှုထမ်းခေါ်ယူရေး အင်အားပြည့်ဆောင်ရွက်ရန်နှင့် စစ်မှုထမ်းစနစ်ကို လူထုအကောင်းမြင်ရေး ဆောင်ရွက်ရန် ညွှန်ကြား

အကြမ်းဖက် ရာပြည့် နေပြည်တော်စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဖြစ်လာပြီးနောက် လစဉ် စစ်မှုထမ်းခေါ်ယူရေး အင်အားပြည့်ဆောင်ရွက်ရန်နှင့် စစ်မှုထမ်းစနစ်ကို လူထုအကောင်းမြင်ရေး ဆောင်ရွက်ရန် ညွှန်ကြား
အောက်တိုဘာလ ၂၃ ရက်
အကြမ်းဖက် မင်းအောင်လှိုင်က ကာကွယ်ရေးဝန်ကြီးအဖြစ် ဒုဗိုလ်ချုပ်ကြီး ရာပြည့်ကိုအစားထိုးခန့်အပ်လိုက်ပြီးနောက် နေပြည်တော်စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌဖြစ်လာသော ရာပြည့်က လစဉ်စစ်မှုထမ်းခေါ်ယူရာတါင် အင်ပြည့်အားပြည့် ခေါ်ယူရန် ပိုမိုတင်းကျင်သော ညွှန်ကြားချက်များ ထုတ်ပြန်လာကြောင်း ခရိုင်စစ်မှုထမ်းဆင့်ခေါ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။…
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K)(AM) တို တွေ့ဆုံဆွေးနွေး

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K)(AM) တို တွေ့ဆုံဆွေးနွေး

အောက်တိုဘာ ၂၂၊ ၂၀၂၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များဖော်ဆောင်ရာတွင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန်အထူးလိုအပ်သည်ဟုယုံကြည်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့်တည်ငြိမ်အေးချမ်းရေးတို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကြိုတင်ကန့်သတ်ချက်များမထားသည့် ဆွေးနွေးပွဲများပြုလုပ်နိုင်ရေး ကြေညာချက်အမှတ် ၁/၂၀၂၆ ဖြင့် ၂၁-၄-၂၀၂၆ တွင် ကမ်းလှမ်းဖိတ်ခေါ်ခဲ့ပါသည်။…
The Key Project တွင် အလှူငွေတွေ ဝိုင်းခိုးမှုကြောင့် ပြဿနာတွေဖြစ်နေချိန် ဇော်ဝေစိုးက အလှူငွေတွေများများထည့်ပေးပါဟု မျက်နှာပြောင်တိုက်ပြီး ထပ်မံအလှူခံနေပြန်...

The Key Project တွင် အလှူငွေတွေ ဝိုင်းခိုးမှုကြောင့် ပြဿနာတွေဖြစ်နေချိန် ဇော်ဝေစိုးက အလှူငွေတွေများများထည့်ပေးပါဟု မျက်နှာပြောင်တိုက်ပြီး ထပ်မံအလှူခံနေပြန်...

ဒီကောင်တွေမှာ ရလိုစိတ် တစ်ခုပဲရှိတော့တယ်..

ကျန်တာ ခေါင်းထဲဘာမှမရှိတော့ဘူး..

📰 မြန်မာသတင်း | MYANMAR TOP NEWS » @MMTOPNEWS
တပ်ပျက်ပြီး နေ့စဥ်ထွက်ပြေးမှုတွေများနေတဲ့ အကြမ်းဖက် NUG လက်အောက်ခံ PDF တွေက ပြည်သူတွေကို လက်နက်နဲ့ခြိမ်းခြောက်ကာ အတင်းအဓမ္မလူသစ်စုပေါ်တာဆွဲ အနိုင်ကျင့်နေသည့်အတွက် ပြည်သူများဒုက္ခရောက်နေကြ။

တပ်ပျက်ပြီး နေ့စဥ်ထွက်ပြေးမှုတွေများနေတဲ့ အကြမ်းဖက် NUG လက်အောက်ခံ PDF တွေက ပြည်သူတွေကို လက်နက်နဲ့ခြိမ်းခြောက်ကာ အတင်းအဓမ္မလူသစ်စုပေါ်တာဆွဲ အနိုင်ကျင့်နေသည့်အတွက် ပြည်သူများဒုက္ခရောက်နေကြ။

တိုက်ပွဲဖြစ်လို့ စစ်ရှောင်တယ်။

စစ်ရှောင်တဲ့ပြည်သူတွေကို ကလေးလူကြီးမချန် PDF တွေက ပေါ်တာဆွဲတယ်။

ဘယ်လောက်ယုတ်ညံ့လိုက်သလဲ။

ပြောတော့ ပြည်သူအတွက်တဲ့။

ပြီးရင် ပြည်သူကို ဒုက္ခပေးတာလည်း ဒီကောင်တွေကိုယ်တိုင်ပဲ။

ပြည်သူတွေအနေနဲ့လည်း ဒီလောက်ဆို သဘောပေါက်သင့်ပြီလို့ထင်ပါတယ်။

📰 မြန်မာသတင်း | MYANMAR TOP NEWS » @MMTOPNEWS
The Central Condo နှင့်ပတ်သက် ၍ အခန်းဝယ်ယူထားသည့်သူများ စုပေါင်းပြီး နိုင်ငံတော်သမ္မတထံစာတင်ထား

The Central Condo နှင့်ပတ်သက် ၍ အခန်းဝယ်ယူထားသည့်သူများ စုပေါင်းပြီး နိုင်ငံတော်သမ္မတထံစာတင်ထား

NOM အောက်တိုဘာ ၂၃၊ ၂၀၂၆

The Central Condo နှင့်ပတ်သက် ၍ အခန်းဝယ်ယူထားသည့်သူများစု ပေါင်းပြီး နိုင်ငံတော်သမ္မတထံ ယခု လအတွင်းစာ တင်ထားသည်ဟုအခန်းဝယ်ယူထားသည့် နစ်နာသူများက ယမန်နေ့ (အောက်တိုဘာ ၂၂ ရက်) ညနေ ၃ နာရီတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းနှင့် ကန်ဘဲ့လမ်းထောင့်ရှိ The Central အိမ်ရာစီမံကိန်းတွင်လည်း ၂၀၁၉ ခုနှစ်ကတည်းက အခန်းတန်ဖိုး၏ ၇၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ ငွေပေးချေထားသည့် ဝယ်ယူသူများအား စာချုပ်ပါ သတ်မှတ်ချက်အရ ၂၀၂၀ ခုနှစ်စက်တင်ဘာတွင် အခန်းအပ်နှံရမည်ဖြစ်သော်လည်း The Central ဘက်မှ လက်ရှိအချိန်အထိ အခန်းအပ်နှံမှုမရှိသည့်အတွက် အခန်းဝယ်ယူထားသူများနှင့် The Central Condo မှ ကုမ္ပဏီဝန်ထမ်းများ ပြသာနာဖြစ်ပွားနေကြောင်းသိရသည်။

“The Central အခန်းဝယ်ယူထားတဲ့ သူတွေကတော့ တစ်ထောင်ကျော် လောက်တော့ရှိမှာပါ။…
အမေရိကန်က မက္ကဆီကို မူးယစ်ဂိုဏ်းများနှင့် ယူကရိန်းတို့၏ ဆက်နွှယ်မှုကို စုံစမ်းစစ်ဆေးနေ

အမေရိကန်က မက္ကဆီကို မူးယစ်ဂိုဏ်းများနှင့် ယူကရိန်းတို့၏ ဆက်နွှယ်မှုကို စုံစမ်းစစ်ဆေးနေ

မက္ကဆီကို မူးယစ်ဂိုဏ်းများ၏ တရားမဝင် လှုပ်ရှားမှုများကို အမေရိကန် တရားဥပဒေစိုးမိုးရေးအဖွဲ့များက စုံစမ်းစစ်ဆေးစဉ် ဇလင်စကီး၏ အစိုးရအဖွဲ့ကိုယ်စားလှယ်များနှင့် မူးယစ်ဂိုဏ်းတို့ ပူးပေါင်းဆောင်ရွက်နေသည့် သတင်းအချက်အလက်များကို အမေရိကန်ကရရှိသွားသည်။

ဒရုန်းများကို တပ်ဆင်ခြင်းနှင့် တိုက်ပွဲများတွင် အသုံးပြုခြင်းဆိုင်ရာ သင်တန်းများ တက်ရောက်ရန်အတွက် ရာဇဝတ်ဂိုဏ်းများသည် ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို ယူကရိန်းသို့ စေလွှတ်နေသည်မှာ ကြာပြီဖြစ်ကြောင်း အမေရိကန်ဘက်မှ စုံစမ်းတွေ့ရှိခဲ့သည်။

ယူကရိန်းစစ်တပ်၏ လေ့ကျင့်ရေးအစီအစဉ်များတွင် ထိုသို့သော သင်တန်းတက်ရောက်ခဲ့သည့် လူပေါင်း ၈၀ ဦးထက်မနည်းကို စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။…
စစ်တွေမြို့ လူနေရပ်ကွက်အတွင်းသို့ အကြမ်းဖက် AA အဖွဲ့က လက်နက်ကြီးရဲ့ပစ်ခတ်သည့်အတွက် လူ ၅ ဦးခန့် သေဆုံး

စစ်တွေမြို့ လူနေရပ်ကွက်အတွင်းသို့ အကြမ်းဖက် AA အဖွဲ့က လက်နက်ကြီးရဲ့ပစ်ခတ်သည့်အတွက် လူ ၅ ဦးခန့် သေဆုံး

၂၃-၁၀-၂၀၂၆ ရက်နေ့ ယနေ့ နံနက် ၈ နာရီခန့်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့အတွင်းရှိ လူနေရပ်ကွက်အတွင်းကို အကြမ်းဖက် AA အဖွဲ့ လက်နက်ကြီးနှင့်ရမ်းသမ်းပစ်ခတ်သည့်အတွက် မင်းဘာကြီးလမ်း၊ ရွှေငါးစတိုးခွဆုံအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး  အဆိုပါ ပေါက်ကွဲမှုကြောင့် ပြည်သူ ၅ ဦးခန့် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူအချို့လည်း ရှိကြောင်းသိရ။

မသာပေါ်တာများတဲ့ အကြမ်းဖက် AA အစွန်းရောက် မိစ္ဆာကောင်တွေကတော့ ပြည်သူတွေကို ပစ်မှတ်ထားသတ်ဖြတ်နေပြီ..

📰 မြန်မာသတင်း | MYANMAR TOP NEWS » @MMTOPNEWS
ဟုမ္မလင်း၊ တောင်ဦးကျေးရွာရှိ စစ်တပ်နှင့် SNA စခန်းကြီးကို KIA ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိပြီး စစ်တပ်ဘက်မှ ၁၀ ဦးထက်မနည်းသေဆုံး၊ ဗန်းမော်၊ မိုးမိတ်နှင့် အင်းတော်ကြီးတို့တွင်လည်း တိုက်ပွဲများပြင်းထန်နေ

ဟုမ္မလင်း၊ တောင်ဦးကျေးရွာရှိ စစ်တပ်နှင့် SNA စခန်းကြီးကို KIA ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိပြီး စစ်တပ်ဘက်မှ ၁၀ ဦးထက်မနည်းသေဆုံး၊ ဗန်းမော်၊ မိုးမိတ်နှင့် အင်းတော်ကြီးတို့တွင်လည်း တိုက်ပွဲများပြင်းထန်နေ
အောက်တိုဘာလ ၂၃ ရက်
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် တောင်ဦးကျေးရွာရှိ စစ်တပ်နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တို့၏ စခန်းကြီးကို KIA ပူးပေါင်းတပ်များက အောက်တိုဘာ ၂၂ ရက် ညပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး စစ်တပ်ဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရှေ့တန်း KIA သတင်းရင်းမြစ်ထံမှ သိရသည်။
KIA သတင်းရင်းမြစ်က တောင်ဦးကျေးရွာဘက်သို့ သွားသည့် လမ်းတစ်လျှောက်ရှိ စခန်းငယ်များကိုလည်း ယခုရက်ပိုင်းအတွင်း KIA ပူးပေါင်းတပ်များက ဆက်တိုက်သိမ်းပိုက်ခဲ့ပြီး ယမန်နေ့ အောက်တိုဘာလ ၂၂ ရက်နေ့ ညပိုင်းတွင် တောင်ဦးစစ်တပ်စခန်းကြိးကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။…
ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး ပြုလုပ်

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး ပြုလုပ်
အောက်တိုဘာလ ၂၃ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၁‌/၂၀၂၆) ကို အောက်တိုဘာ ၂၃ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။
အစည်းအဝေးမှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ ‌ဒု-ဥက္ကဋ္ဌ(‌၁)၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် ရဲ့ ဆွေးနွေးမှုနဲ့ စတင်ခဲ့ပါတယ်။
ဆက်လက်ပြီး အစည်းအဝေးအမှတ်စဉ် (၂၀/၂၀၂၆) မှာ ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ်များ နဲ့ ပတ်သက်တဲ့ ပြီးစီးမှုအခြေအနေများနဲ့ ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေတဲ့ လုပ်ငန်းစဉ်များကို ချပြရှင်းလင်းခဲ့ပါတယ်။
အဲဒီနောက် တက်ရောက်လာတဲ့ ဝန်ကြီးဌာနရဲ့ တာဝန်ရှိသူတွေက လုပ်ငန်းဆောင်ရွက်ချက်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။…
၂၃-၁၀-၂၀၂၆

၂၃-၁၀-၂၀၂၆

💚💚💚💚💚💚💚💚💚💚

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ လေ့ကျင့်ရေးကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၂၇)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ။

💝💝💝💝💝💝💝💝💝💝

#PMS

ပြည်သူ့စစ်မှုထမ်းချန်နယ်လေးကို
Join ထားနိုင်ပါတယ်

📰 မြန်မာသတင်း | MYANMAR TOP NEWS » @MMTOPNEWS
မြဝတီမြို့မှာ ထိုင်းကုန်ပစ္စည်းတွေကို စစ်တပ် ပိုက်စိပ်တိုက်ဖမ်းဆီးနေ

မြဝတီမြို့မှာ ထိုင်းကုန်ပစ္စည်းတွေကို စစ်တပ် ပိုက်စိပ်တိုက်ဖမ်းဆီးနေ
အောက်တိုဘာလ ၂၃ ရက်
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှာ ထိုင်းကုန်ပစ္စည်းတွေကို စစ်တပ်က ပိုက်စိပ်တိုက် ဖမ်းဆီးနေတာကြောင့် ထိုင်းကုန်ပစ္စည်း သယ်ယူပို့ဆောင်ဖို့ ပိုမိုကျပ်တည်းလာတယ်လို့ ကုန်သည်အသိုင်းအဝိုင်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တရားမဝင်ကုန်စည်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကရင်ပြည်နယ် ဘားအံ ကော့ကရိတ် မြဝတီမြို့တွေမှာရှိတဲ့ ထိုင်းကုန်ပစ္စည်းတွေကို ဖမ်းဆီးမှုတွေဟာ ဒီနောက်ပိုင်းမှာ ခပ်စိပ်စိပ်ဖြစ်လာနေပြီး ပစ္စည်းတွေသိမ်းဆည်းတဲ့အပြင် လူတွေကိုပါ ပြန်ရွေးယူလို့မရတော့ဘဲ ဖမ်းဆီးထောင်ချနေပါတယ်။
နယ်စပ်ကုန်သွယ်ရေးမြို့ မြဝတီမှာ ဒီရက်ပိုင်းအတွင်း ထိုင်းကုန်ပစ္စည်းတွေ သိုလှောင်ထားရှိတဲ့ ဂိုဒေါင်ခြံဝန်းတွေထဲကို စစ်တပ်ဦးဆောင်တဲ့ အဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ရာ ကုန်သည်တစ်ဦးရဲ့ ထိုင်းကုန်ပစ္စည်းတွေ အများအပြား သိမ်းခံထိသွားခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။…
ပွဲတော်ရာသီ ရှမ်းတောင်တွင် ခါးပိုက်နှိုက်နှင့် သူခိုးများ အုပ်စုဖွဲ့ သောင်းကျန်းနေ

ပွဲတော်ရာသီ ရှမ်းတောင်တွင် ခါးပိုက်နှိုက်နှင့် သူခိုးများ အုပ်စုဖွဲ့ သောင်းကျန်းနေ
အောက်တိုဘာလ ၂၃ ရက်
ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် တန်ဆောင်တိုင် ပွဲတော်ရာသီနှင့် ရိုးရာပွဲတော်များ စတင်နေချိန်၌ ဒေသအနှံ့မှ စျေးများနှင့် ပွဲခင်းများအတွင်း ခါးပိုက်နှိုက်နှင့် သူခိုးများ အုပ်စုဖွဲ့ သောင်းကျန်းနေကြောင်း သိရသည်။
ထို့ကြောင့် စျေးလာသုံးသူ ပြည်သူများနှင့် စျေးသည်များ ပိုင်ဆိုင်မှုများ မပျောက်ပျက်စေရန် အထူးသတိပြုကြရန် ဒေသခံများက သတိပေး ပြောဆိုလိုက်သည်။
တောင်ကြီး၊ ဟိုပုံး၊ ညောင်ရွှေ၊ ရွှေညောင်၊ အောင်ပန်း၊ ကလော၊ ရပ်စောက်၊ ပင်းတယမြို့များအပြင် ဒေသတွင်း ပွဲခင်းများနှင့် နာမည်ကြီး ငါးရက်တစ်စျေးများဖြစ်သည့် ခေါင်းတိုင်၊ နန်းပန်၊ တောင်နီ၊ ပင်ဖြစ်၊ ဟဲဟိုး၊ ပွေးလှ၊ နောင်ကား၊ နားဘောင် စသည့် ရွာစျေးများတွင် ခါးပိုက်နှိုက်ခံရသည့် ဖြစ်စဉ်များ မကြာခဏ ပေါ်ပေါက်နေခြင်းဖြစ်သည်။
“ရှမ်းတောင်မှာ ရိုးရာပွဲတွေ စပြီဆိုတာနဲ့ ဘယ်ကနေ ရောက်လာမှန်း မသိတဲ့ ခါးပိုက်နှိုက် သူခိုးကြမ်းပိုးတွေ ပေါ်လာတတ်တာ။…
၂၃-၁၀-၂၀၂၆

၂၃-၁၀-၂၀၂၆

💚💚💚💚💚💚💚💚💚💚

ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ လေ့ကျင့်ရေးကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၂၇)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခဲ့ရာ အခမ်းအနားကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဂုဏ်ပြုတက်ရောက်ခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်။

💝💝💝💝💝💝💝💝💝💝

#PMS

ပြည်သူ့စစ်မှုထမ်းချန်နယ်လေးကို
Join ထားနိုင်ပါတယ်

📰 မြန်မာသတင်း | MYANMAR TOP NEWS » @MMTOPNEWS
AA က မိုက်လေ ဘင်္ဂလီ က ကြိုက်လေပဲ

AA က မိုက်လေ ဘင်္ဂလီ က ကြိုက်လေပဲ

လူ့အဖွဲ့အစည်းတစ်ခု ၊ လူမျိုးတစ်မျိုး
ပြိုလဲ ပျက်စီးဖို့ အကြောင်းဖန် လာရင်
ဘယ်လိုပဲ သတိပေးခဲ့ပါစေ မရဘူးဆို
တာ ရခိုင် က သက်သေပါပဲ။

ရခိုင်ပြည်နယ် ဟာ အခုခါမှာ ကပ်ပေါင်း
မျိုးစုံ ခံစားနေရသလို ရခိုင်လူထု ဟာ
လည်း ရခိုင် ပြည်နယ်ကို ပစ်ပြီး ပြည်မနဲ့
ပြည်ပ ထွက်ပြေးနေကြတာ သန်းနဲ့ချီ
ရှိနေပါတယ်။

ထွက်ပြေးလို့ မရဘဲ ကျန်ခဲ့တဲ့ သူတွေ
ကို လည်း AA က လှောင်ပိတ်ထားတယ်၊
ချောင်ပိတ် ရိုက်နေသလို ဖြစ်နေတာမို့
ရခိုင်လူမျိုးတွေ ဟာ နေ့စဥ် ငရဲခန်းကို
​အရှင်လက်လက် ဖြတ်သန်း
နေကြရတယ်။

AA ဖန်တီးထားတဲ့ စစ်ကြောင့် အဖက်
ဖက်ကနေ ဝိုင်းဝန်းပိတ်ဆို့ခံထားရလို့
လည်း အစားအသောက်ပြတ်လပ်မှု
ကစလို့ ရောဂါဘယ ထူပြောမှု အထိ
ခါးဆီးပြီး ခံနေကြရတယ်။

ဒါက လက်ရှိ  ရခိုင် မှာ ပြည်သူတွေ
ရင်ဆိုင်နေရတဲ့ အခြေအနေပါ။

ဒီထက် ပို ဆိုးတာက AA ရဲ့ အနိုင်ကျင့်
မှုနဲ့အတူ စစ်ဒဏ်ကို မခံနိုင်ဘဲ ထွက်ပြေး
သွားကြတဲ့ မြို့ ၊ ရွာ တွေကို ဘင်္ဂလီတွေ
ဝင်ရောက် အခြေချနေထိုင်လာကြတာမို့
ကာလကြာရင် ရခိုင် ပြည်နယ် မှာ ရခိုင်
လူမျိုးတွေ မရှိတော့ဘဲ ဘင်္ဂလီတွေ ရှိ
လာတော့မယ့် သဘောတွေ့လာတယ်။…
စစ်တွေမြို့လယ်ခေါင်တွင် ဗုံးကျရောက်ပေါက်ကွဲပြီး ပြည်သူများ ထိခိုက်သေဆုံးမှုများပြား၊ လူနာတင် ယာဉ်များဖြင့် ဝရုန်းသုန်းကားဖြစ်

စစ်တွေမြို့လယ်ခေါင်တွင် ဗုံးကျရောက်ပေါက်ကွဲပြီး ပြည်သူများ ထိခိုက်သေဆုံးမှုများပြား၊ လူနာတင် ယာဉ်များဖြင့် ဝရုန်းသုန်းကားဖြစ်
အောက်တိုဘာလ ၂၃ ရက်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့လယ်ခေါင်တွင် ယနေ့ အောက်တိုဘာ ၂၃ ရက် နံနက် ၇ နာရီ ၅၀ မိနစ်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပြည်သူများ ထိခိုက်သေဆုံးမှုများပြားကာ လူနာတင်ယာဉ်များဖြင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်နေရကြောင်း ဒေသပြည်သူများထံမှ သိရသည်။
ယနေ့ နံနက်ပိုင်း ပေါက်ကွဲမှုသည် စစ်တွေမြို့လယ်ပိုင်း မင်းဘာကြီးလမ်း၊ ရွှေငါးစတိုးဆိုင်ခွဆုံအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လေယာဉ်မှ ဗုံးကြဲချခြင်း သို့မဟုတ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။
စစ်တွေမြို့ခံတစ်ဦးဖြစ်သော ကိုကိုနိုင်က “စစ်တွေမြို့လည်မှာ ဒီမနက် လေယာဉ်ဗုံး သို့မဟုတ် လက်နက်ကြီး ကျပါတယ်။ လူအသေအပျောက်များပါတယ်။ ယူဆတာကတော့ လေကြောင်းကနေ ဗုံးချသွားတယ်လို့ ယူဆရတယ်” ဟု ပြောသည်။…
■ မြဝတီမြို့ တွင် ​ပျောက်ဆုံး​နေ​သောဆိုင်ကယ်တက္ကစီ ​မောင်းသူ လူငယ်​အား ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိ

■ မြဝတီမြို့ တွင် ​ပျောက်ဆုံး​နေ​သောဆိုင်ကယ်တက္ကစီ ​မောင်းသူ လူငယ်​အား ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိ
မြဝတီမြို့တွင်​အောက်တိုဘာ ၂၁ ရက်​နေ့ ည​နေက ဆိုင်ကယ်တက္ကစီ​မောင်းရင်း ပျောက်ဆုံး​နေ​သော အသက်၂၄နှစ်အရွယ်ရှိ လူငယ်​လေးတစ်ဦးအား ​ယ​နေ့ ​အောက်တိုဘာလ ၂၂ ရက်​နေ့ လူသူပြတ်လပ်သည့်​နေရာ ၌ ဒဏ်ရာများဖြင့် သေဆုံးလျှက်ရှိ​သော ရုပ်အ​လောင်းကိုသာ ​တွေ့ရှိရ​ကြောင်းသိရသည်။
အဆိုပါ အသက်၂၄နှစ်အရွယ်ရှိ ​မောင်ဖြိုး သည် မြဝတီမြို့ အာရှလမ်းကြီး​ဘေး ချစ်တီထမင်းဆိုင်​ရှေ့၌ဂိတ်ထိုး​နေစဉ် ​အောက်တိုဘာ ၂၁ ရက်​နေ့ ည​နေ ၆နာရီခန့် က ခရီးသည်နှစ်ဦး ​ခေါ်​ဆောင် မှု​ကြောင့် ကယ်ရီလိုက်သွား​ကြောင်း၊ယ​နေ့ ​အောက်တိုဘာ ၂၂ရက်​နေ့ နံနက်၁ဝနာရီထိ ပြန်လည်​ရောက်ရှိလာခြင်းမရှိ၍ လူ​ပျောက်တိုင်ထား​ကြောင်းသိရသည်။
■ Read more >>>>>

📰 မြန်မာသတင်း | MYANMAR TOP NEWS » @MMTOPNEWS
လှိုင်သာယာမှာ ထမင်းစားရင်း ဟင်းခွက်မှောက်ရာက စကားများပြီး ညီဖြစ်သူက အစ်ကိုကို ဓားနဲ့ထိုး

လှိုင်သာယာမှာ ထမင်းစားရင်း ဟင်းခွက်မှောက်ရာက စကားများပြီး ညီဖြစ်သူက အစ်ကိုကို ဓားနဲ့ထိုး
‌အောက်တိုဘာလ ၂၃ ရက်
ရန်ကုန်မြို့၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အလယ်ကျေးရွာမှာ အောက်တိုဘာ ၂၂ ရက် ည ၇ နာရီခွဲခန့်က မိသားစုထမင်းဝိုင်းမှာ ဟင်းခွက်မှောက်ရာကနေ ညီအစ်ကိုနှစ်ဦး စကားများခဲ့ပြီး ညီဖြစ်သူက အစ်ကိုကို ဓားနဲ့ထိုးသတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အိမ်မှာမွေးထားတဲ့ ကြောင်က သီးစုံပဲကုလားဟင်းခွက်ကို တိုက်မိပြီး မှောက်သွားရာကနေ ညီအစ်ကိုနှစ်ဦး စကားများခဲ့ကြတာလို့ ရပ်ကွက်နေသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ထမင်းစားနေရင်း အိမ်မှာမွေးထားတဲ့ကြောင်က သီးစုံကုလားဟင်းကို တိုက်သွားတာ။ မှောက်သွားတဲ့အချိန် ညီအစ်ကိုနှစ်ယောက် စကားများပြီး အစ်ကိုက သူ့ညီကို ထိုးတယ်။ အဲဒီလိုထိုးတာကို မကျေနပ်လို့ ပန်းကန်စင်က စတီးဓားယူပြီး သူ့အစ်ကိုကို ထိုးတာ သုံးချက်လောက်ရှိမယ်။ ဆေးရုံကို အချိန်မီပို့ပေမဲ့ သေသွားတယ်” လို့ သူက ပြောပါတယ်။…