မြန်မာသတင်း | MYANMAR TOP NEWS
302 subscribers
464 photos
37 links
📰 မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းမှ နောက်ဆုံးရသတင်းများ၊ သတင်းထူးများနှင့် အရေးကြီးသတင်းများကို အချိန်နှင့်တပြေးညီ တင်ဆက်ပေးနေပါသည်။

🌏 Latest news from Myanmar and around the world. Fast • Accurate • Trusted
Download Telegram
ဒီလို နေ့ရက်တွေမှာ အေးအေးဆေးဆေး ထီရွေးလို့အကောင်းဆုံး အချိန်ပါရှင့်

ဒီလို နေ့ရက်တွေမှာ အေးအေးဆေးဆေး ထီရွေးလို့အကောင်းဆုံး အချိန်ပါရှင့်

၁၀ စောင်တွဲ 12000ks..

📱 09685565846 👈

📱@ShweSaeThu14 👈

📱@Thazin14 👈

📰 မြန်မာသတင်း | MYANMAR TOP NEWS » @MMTOPNEWS
သဘာဝတရားရိပ်သာဆရာတော်ကို ချေးငွေ၊ လိုင်စင်မဲ့ကားနဲ့ ကော်မရှင်ခပေး အလှူခံခိုင်းမှုတွေကြောင့် တိုင်ကြားထားသူတွေရှိ

သဘာဝတရားရိပ်သာဆရာတော်ကို ချေးငွေ၊ လိုင်စင်မဲ့ကားနဲ့ ကော်မရှင်ခပေး အလှူခံခိုင်းမှုတွေကြောင့် တိုင်ကြားထားသူတွေရှိ
အောက်တိုဘာလ ၁၇ ရက်
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ သဘာဝတရားရိပ်သာဆရာတော် ဦးဥတ္တမသာရကို ချေးငွေကိစ္စ၊ လိုင်စင်မဲ့ကား ဝယ်ရောင်းမှုနဲ့ ကော်မရှင်ခပေးပြီး အလှူခံခိုင်းမှုတို့နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာဌာနတွေထံ တိုင်ကြားထားသူတွေရှိတယ်လို့ ဆရာတော်နဲ့ ဒကာတွေထံက သိရပါတယ်။
စမ်းချောင်းမြို့နယ်၊ လင်းလွန်းမြောက်ရပ်ကွက်၊ ဇလွန်လမ်းမှာရှိတဲ့ မိသားစုအမွေဆိုင်နေအိမ်ကို ရောင်းချရာက ရရှိတဲ့ငွေတွေထဲကနေ သီလရှင်ဆရာကြီးတစ်ဦးထံမှ သဘာဝတရားရိပ်သာဆရာတော်က ကျပ်သိန်း ၁,၂၅၀ ချေးယူထားတယ်လို့ ဆရာတော်နဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“သိရသလောက် သီလရှင်ဆရာကြီးဆီက ချေးထားတဲ့ ငွေသိန်းတစ်ထောင်ကျော်ကို ကာယကံရှင်ဘက်က ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ဆရာတော်ကို ပြန်ပေးဖို့ ပြောထားတယ်။ အဲဒီနေ့မှာ ပြန်မပေးရင် တရားဥပဒေလမ်းကြောင်းအရ သွားမယ်လို့ ပြောတယ်” လို့ သူက ဆိုပါတယ်။…
AA သူပုန်ရဲ့ အနိုင်ကျင့်မှုကို သည်းမခံနိုင်တော့တဲ့ တောင်ပိုင်းသားရခိုင်များ

AA သူပုန်ရဲ့ အနိုင်ကျင့်မှုကို သည်းမခံနိုင်တော့တဲ့ တောင်ပိုင်းသားရခိုင်များ

ရခိုင်လို့ပြောရရင် တောင်ပိုင်းရခိုင်နဲ့ မြောက်ပိုင်းရခိုင်ဆိုပြီး ၂ မျိုးတွေ့ရတယ်။

ဘာတွေကွာခြားသလဲဆိုတော့..

တောင်ပိုင်းရခိုင်က ယဉ်ကျေးတယ်၊ ပညာတတ်တယ်၊ ချမ်းသာတယ်၊ လူရည်သန့်ပြီး အသားဖြူတယ်၊ ဆင်ခြင်တုံတရားရှိတယ်။

မြောက်ပိုင်းရခိုင်ကတော့ အရက်သမားများတယ်၊ ပညာမတတ်ဘူး၊ ရမ်းကားတတ်တယ်၊ အကျင့်ယုတ်တယ်၊ လူတကာနဲ့ ပတ်ပြီး ရန်ဖြစ်တတ်တယ်။

ဒါမျိုးတွေကွာခြားတယ်။

အကြမ်းဖက် AA သူပုန်ပေါ်လာကာမှ တောင်ပိုင်းရခိုင်တွေလည်း ဘဝပျက်ကုန်ပြီး ချွတ်ခြုံကျရတော့တယ်။

တောင်ပိုင်း ရခိုင်ဒေသတွေလည်း မအေးချမ်းကြတော့ဘူး။

အဆိုးဆုံးက တောင်ပိုင်းရခိုင်တွေကို စစ်တပ်သတင်းပေးဆိုပြီး ဖမ်းဆီး သတ်ဖြတ်လေ့ရှိပါတယ်။

အကြမ်းဖက် AA မြောက်ပိုင်းသားရခိုင်တွေက တောင်ပိုင်းရခိုင်တွေကို အနိုင်ကျင့်တယ်၊ နေအိမ်တွေကနေ ပစ္စည်းတွေ ခိုးယူပြီး မြောက်ပိုင်းကို ပို့တယ်။

ဖိနှိပ်ချုပ်ခြယ်ကြတယ်။

ဒါတောင် အသားအရောင်ကွဲတာပဲရှိတဲ့ ရခိုင်လူမျိုးအချင်းချင်းနော်။…
ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး  (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး

ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး  (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး

📰 မြန်မာသတင်း | MYANMAR TOP NEWS » @MMTOPNEWS
TikTok တွင် hashtag ကြည့်ရှုမှုအကြိမ်ရေ (၄၂၁)ဘီလျံကျော်ဖြင့် အမျိုးသားအဆိုတော်များကြား ထိပ်ဆုံး နေရာကို ရယူထားသည့် ဂျောင်ကွတ်

TikTok တွင် hashtag ကြည့်ရှုမှုအကြိမ်ရေ (၄၂၁)ဘီလျံကျော်ဖြင့် အမျိုးသားအဆိုတော်များကြား ထိပ်ဆုံး နေရာကို ရယူထားသည့် ဂျောင်ကွတ်

📰 မြန်မာသတင်း | MYANMAR TOP NEWS » @MMTOPNEWS
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးသေဆုံး

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးသေဆုံး
အောက်တိုဘာလ ၁၈ ရက်
မြန်မာနိုင်ငံတစ်ဝန်း အောက်တိုဘာလ ၁၈ ရက်နေ့ ရရှိထားသော အချက် အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၇ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက်များအရ သိရှိရသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

📰 မြန်မာသတင်း | MYANMAR TOP NEWS » @MMTOPNEWS
ထိုင်းနိုင်ငံတွင် ကြို/ပို့ယာဥ်တိမ်းမှောက်မှုကြောင့် မြန် မာအလုပ်သမား(၅၈)ဦးဒဏ်ရာရ အလုပ်သမားသံမှူးက တွေ့ဆုံအားပေးကူညီ

ထိုင်းနိုင်ငံတွင် ကြို/ပို့ယာဥ်တိမ်းမှောက်မှုကြောင့် မြန် မာအလုပ်သမား(၅၈)ဦးဒဏ်ရာရ အလုပ်သမားသံမှူးက တွေ့ဆုံအားပေးကူညီ

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၌ စက်ရုံတစ်ရုံ၏ကြို/ပို့ယာဥ်တိမ်းမှောက်မှုကြောင့် မြန်မာအလုပ်သမား(၅၈)ဦးထိ ခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ဘွန်ထောင်ဆေးရုံသို့ ပို့ ဆောင်ကုသပေးခဲ့ရကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးထံမှ သိရသည်။

ဖြစ်စဥ်တွင် ထိခိုက်ဒဏ်ရာရခဲ့သည့် မြန်မာအလုပ်သ မားများသည် ဆေးရုံဆင်းခွင့်ရခဲ့သဖြင့် အလုပ်သမားများနေထိုင်သည့်အဆောင်များသို့  အလုပ်သမားသံမှူးကသွားရောက်တွေ့ဆုံကြည့်ရှုပြီးအားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် အလုပ်သမားသံမှူးက မြန်မာအလုပ်သမားများ လုပ်ကိုင်သည့် စက်ရုံသို့သွားရောက်၍ စက်ရုံတာဝန်ရှိသူများနှင့်တွေ့ဆုံကာ ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အလုပ် သမားများ ရသင့်ရထိုက်သည့်အခွင့်အရေးများနှင့် နစ် နာကြေးများ အပြည့်အဝရရှိစေရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

📰 မြန်မာသတင်း | MYANMAR TOP NEWS » @MMTOPNEWS
ဂန္ထဝင် ရသ ကာတွန်းများ

ဂန္ထဝင် ရသ ကာတွန်းများ

ဧရာဝတီ၊ အောက်တိုဘာ ၁၈၊ ၂၀၂၆

ကာတွန်းဆရာကြီး အလင်္ကာ ကျော်စွာ ဦးဘဂျမ်း ၏ ဂန္ထဝင် လက်ရာတခုကို ဖော်ပြလိုက်ပါသည်။

📰 မြန်မာသတင်း | MYANMAR TOP NEWS » @MMTOPNEWS
အနုပညာသတင်းများကို စိတ်ဝင်တစားစောင့်မျှော်ဖတ်ရှုသူတို့အတွက် NP News ရဲ့ အပတ်စဉ်အနုပညာ ကဏ္ဍကနေ “(၄၉)ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနား အောင်မြင်စွာပြီးစီး၊ မင်္ဂလာပွဲ(၅)ပွဲကျင်းပမယ့် ရုပ်ရှင်သရုပ်ဆောင်စည်သူဝင်းနဲ့ဝင့်ယမုံနိုင်တို့စုံတွဲ၊ Miss Global 2026 4th Runner up ဆုရရှိခဲ့တဲ့ အလှမယ် ကျော် ကျော်အိန္ဒြာ” အစရှိတဲ့ အနုပညာဆက်စပ်သတင်းတွေကို ဒီတစ်ပတ်အတွက် ဖော်ပြပေးသွားပါမယ်။

မြိုင်မှာသတ်ဖြတ်ခံရသူတွေအတွက် တရားမျှတမှုရဖို့ မိသားစုဝင်တွေလိုလား

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ သုံးနှစ်ကျော်ကြာ ပျောက်ဆုံးနေတဲ့ ဒေသခံ ၁၂ ဦးရဲ့ ရုပ်ကြွင်းတွေလို့ ယူဆရတဲ့ အရိုးစုတွေကို ပြန်လည်တွေ့ရှိခဲ့ပြီးနောက် ကျန်ရစ်တဲ့မိသားစုဝင်တွေက ဒီဖြစ်ရပ်အတွက် တာဝန်ရှိသူတွေကို စုံစမ်းဖော်ထုတ် အရေးယူပေးဖို့နဲ့ တရားမျှတမှုရရှိဖို့ မျှော်လင့်နေကြပါတယ်။ ဒီဒေသခံ ၁၂ ဦးဟာ ၂၀၂၃ ခုနှစ် ဇွန်လ ၉ ရက်နေ့က စစ်တပ်စစ်ကြောင်းတစ်ခုရဲ့ ဖမ်းဆီးခေါ်ဆောင်တာကို ခံခဲ့ရပြီးနောက် ပျောက်ဆုံးနေခဲ့တ

📰 မြန်မာသတင်း | MYANMAR TOP NEWS » @MMTOPNEWS
ပျောက်ဆုံးနေတဲ့ မြိုင်ဒေသခံ ၁၂ ဦးအကြောင်းနဲ့ အောက်တိုဘာ ၁၉ RFA အထူးအစီအစဥ်

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ သုံးနှစ်ကျော်ကြာ ပျောက်ဆုံးနေတဲ့ ဒေသခံ ၁၂ ဦးရဲ့ ရုပ်ကြွင်းတွေလို့ ယူဆရတဲ့ အရိုးစုတွေကို ပြန်လည်တွေ့ရှိခဲ့အပြီး ပြစ်မှုကျူးလွန်သူတွေကို အရေးယူပေးဖို့နဲ့ ကျန်ရစ်သူ မိသားစုတွေ တောင်းဆိုကြတဲ့အကြောင်း သတင်းပေးပို့ချက်နဲ့ ထူးခြားတဲ့သတင်းတွေကို တင်ပြ ထားပါတယ်။ RFA ရေဒီယိုနဲ့ရုပ်သံ အထူး အစီအစဉ်ကို RFA Burmese YouTube နဲ့ Facebook စာမျက်နှာတွေက တဆင့် တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောက

📰 မြန်မာသတင်း | MYANMAR TOP NEWS » @MMTOPNEWS
"ခေါင်းဆောင်တစ်ယောက်အနေနဲ့ကျွန်မဘယ်လောက်အောင်မြင်သလဲဆိုတာကျွန်မ မပါဘဲ ရှေ့ဆက်နိုင်အောင် ကျွန်မ ဘယ်လောက် လုပ်ပေးနိုင်ခဲ့သလဲ ဆိုတာက ဆုံးဖြတ်ပါလိမ့်မယ်..."

"ခေါင်းဆောင်တစ်ယောက်အနေနဲ့ကျွန်မဘယ်လောက်အောင်မြင်သလဲဆိုတာကျွန်မ မပါဘဲ ရှေ့ဆက်နိုင်အောင် ကျွန်မ ဘယ်လောက် လုပ်ပေးနိုင်ခဲ့သလဲ ဆိုတာက ဆုံးဖြတ်ပါလိမ့်မယ်..."
" တနေ့မှာ ကျွန်မကို လုံး၀ မလိုတော့အောင် ကျွန်မ လုပ်ပေးနိုင်ခဲ့လိမ့်မယ်,
ကျွန်မပါတီရော ကျွန်မနိုင်ငံရော ကျွန်မ
ကို မလိုတော့ဘဲ ရှေ့ဆက်သွားနိုင်ကြလိမ့်မယ်လို့ ကျွန်မမျှော်လင့်ပါတယ် "
" လူတွေက ကျွန်မအုတ်ဂူမှာ ဘာရေးထားခဲ့ချင်သလဲလို့ မေးလာတိုင်း ကျွန်မ အမြဲပြောဖြစ်တာကတော့..."
" သူမသည် လုပ်စရာ တာဝန်များကို ဆောင်ရွက်ခဲ့သည် " ဆိုတာပါပဲ...
ဒေါ်အောင်ဆန်းစုကြည်
နေ့စဉ် 11:11 AM အချိန်တိုင်း
အမေစု၏ ဆိုဆုံးမစကားများကို
အဖွဲ့သားများမှ တင်ပေးနေပါသည်။

📰 မြန်မာသတင်း | MYANMAR TOP NEWS » @MMTOPNEWS
သာပေါင်းနှင့် သဲဖြူဘက် တိုက်ပွဲပြင်းထန်နေပြီး ရွေးတုအစိုးရစစ်တပ်မှ ဒုတပ်ရင်းမှူး သေဆုံး၊ အခြေအနေဆိုးရွား၍ ဒုတိုင်းမှူး ကိုယ်တိုင် ဆင်းကွပ်ကဲနေရ

သာပေါင်းနှင့် သဲဖြူဘက် တိုက်ပွဲပြင်းထန်နေပြီး ရွေးတုအစိုးရစစ်တပ်မှ ဒုတပ်ရင်းမှူး သေဆုံး၊ အခြေအနေဆိုးရွား၍ ဒုတိုင်းမှူး ကိုယ်တိုင် ဆင်းကွပ်ကဲနေရ
‎
‎အောက်တိုဘာလ ၁၈ ရက်
‎
‎ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်ရှိ ကြက်သွန်ကွင်း - သဲဖြူ - မကျီးဇင် လမ်းပေါ်ရှိ သာပေါင်းလေး၊ ကင်ပွန်းချဥ်၊ သဲဖြူ စသည့် ဒေသများတွင် အာရက္ခတပ်တော် (AA) ၊ PDF ပူးပေါင်းတပ်များ နှင့် ရွေးတုအစိုးရ စစ်တပ်တပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား‌နေကြောင်း မြေပြင်သတင်း များအရ သိရသည်။
‎
‎ပြီးခဲ့သည့် အောက်တိုဘာ ၁၅ရက်နေ့မှ ယမန်နေ့ အောက်တိုဘာ ၁၇ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး သဲဖြူတွင် တိုက်ပွဲ အခြေအနေပိုမိုပြင်းထန်ကာ စစ်တပ်ဘက်မှ ဒုတပ်ရင်းမှူးတစ်ဦး သေဆုံးသွား ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
‎
‎"သေတာက ခမရ ၃၅၄က ဒုတပ်ရင်းမှူး လှို့ဝှက်နာမည် ဗိုလ်မှူး လင်းယုန် လို့ သိရပါတယ်" ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။…
စစ်မှုထမ်းသင်တန်းတက်နေတဲ့ လူငယ်တွေ မိသားစုထံ မကြာခဏငွေတောင်းနေလို့ မိသားစုဝင်တွေ အခက်တွေ့

စစ်မှုထမ်းသင်တန်းတက်နေတဲ့ လူငယ်တွေ မိသားစုထံ မကြာခဏငွေတောင်းနေလို့ မိသားစုဝင်တွေ အခက်တွေ့
အောက်တိုဘာလ ၁၈ ရက်
စစ်မှုထမ်းသင်တန်းတက်နေရတဲ့ လူငယ်တွေဟာ မိသားစုထံ မကြာခဏငွေတောင်းနေကြလို့ မိသားစုဝင်တွေ အခက်အခဲရှိနေကြောင်း စုံစမ်းသိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းသင်တန်းကာလအတွင်းမှာ သင်တန်းသားတွေရဲ့ဖုန်းကိုသိမ်းယူပြီး ဖုန်းသုံးခွင့် ကန့်သတ်ထားပေမဲ့ သင်တန်းသားတွေဟာ သင်တန်းဆရာတွေရဲ့ ဖုန်းတွေကတဆင့် ဆက်သွယ်ကာ ငွေကြေးတောင်းခံနေပြီး ၎င်းတို့ရဲ့ မိသားစုဝင်တွေဟာ အခက်အခဲတွေကြားကနေ ထောက်ပံ့နေရကြောင်း မိသားစုဝင်အချို့က ပြောပါတယ်။
"ဖုန်းဘေဖို့ပေးရတယ်။ မုန့်ဝယ်စားဖို့အတွက်နဲ့လိုတာဝယ်ဖို့ တစ်ပတ်တစ်ခါ ငါးသောင်းလွှဲပေးရတယ်။ လွှဲတဲ့အခါ သူတို့ဆရာအတွက် တစ်သောင်းပိုလွှဲပေးရတယ်။ ဒါမှသူ့လက်ထဲရောက်တာ"လို့ စစ်မှုထမ်းမိသားစုဝင်တစ်ဦးက ပြောပါတယ်။…
ကျွန်းဦးနှင့် မအူပင်ကျေးရွာရှိ အိမ်ထောင်စု ၅၁၅ စုအား စားအုန်းဆီများ ရောင်းချပေး

ကျွန်းဦးနှင့် မအူပင်ကျေးရွာရှိ အိမ်ထောင်စု ၅၁၅ စုအား စားအုန်းဆီများ ရောင်းချပေး

အောက်တိုဘာ ၁၈

၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် ပျဉ်းမနားမြို့နယ်ရှိ ရွှေပြည်စိုး ဆီပွဲရုံမှ ကျွန်းဦးအုပ်စု၊ ကျွန်းဦးကျေးရွာနှင့် မအူပင်ကျေးရွာတို့သို့ လာရောက်၍ အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၉,၀၀၀ နှုန်းဖြင့် ရောင်းချပေးခဲ့သည်။

အဆိုပါအစီအစဉ်ဖြင့် ကျွန်းဦးကျေးရွာရှိ အိမ်ထောင်စု ၂၉၅ စုနှင့် မအူပင်ကျေးရွာရှိ အိမ်ထောင်စု ၂၂၀ စု၊ စုစုပေါင်း အိမ်ထောင်စု ၅၁၅ စုအား စားအုန်းဆီများ ရောင်းချပေးခဲ့ကြောင်း သိရသည်။

📰 မြန်မာသတင်း | MYANMAR TOP NEWS » @MMTOPNEWS
အိန္ဒိယ - မြန်မာ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ကစားရန် မြန်မာ့တပ်မတော် ဘောလုံးအဖွဲ့ထွက်ခွာ

အိန္ဒိယ - မြန်မာ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ကစားရန် မြန်မာ့တပ်မတော် ဘောလုံးအဖွဲ့ထွက်ခွာ

နေပြည်တော် အောက်တိုဘာ ၁၉

အိန္ဒိယနိုင်ငံတွင် ကျင်းပပြုလုပ်မည့် အိန္ဒိယ-မြန်မာတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ကစားရန်အတွက် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်သိန်းနိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးဘောလုံးအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ ထွက်ခွာကြရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးပြည့်စုံလင်း၊နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။…
ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အစည်းအဝေးပြုလုပ်

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အစည်းအဝေးပြုလုပ်
အောက်တိုဘာလ ၁၉ ရက်
ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ရဲ့ (၁၄/၂၀၂၆) အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ (၁၆) ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အစည်းအဝေးမှာ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အတွင်းရေးမှူးက (၁၃/၂၀၂၆) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက် ဆောင်ရွက်ပြီးစီးမှုများနဲ့ ရှေ့လုပ်ငန်းစဉ် ဆောင်ရွက်ပြီးစီး မှုများကို တင်ပြခဲ့ပါတယ်။
အဲဒီနောက် သယံဇာတစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများ က တင်ပြခဲ့ကြပါတယ်။
တင်ပြချက်များနဲ့ ပတ်သက်ပြီး တက်ရောက်လာတဲ့ ဥက္ကဋ္ဌ နဲ့ အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြသလို အစည်းအဝေး ဆုံးဖြတ်ချက်များနဲ့ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြပြီးနောက် မှတ်တမ်းဓာတ်ပုံရယူကာ အစည်းအဝေးကို ရပ်နားခဲ့ပါတယ်။…
လှိုင်မြို့နယ်တွင် စစ်မှုထမ်းရန် အကြောင်းပြကာ မော်တော်ယာဉ်များဖြင့် လိုက်လံဖမ်းဆီးငွေညှစ်မှုများနှင့် လူမှောင်ခိုပြုလုပ်နေသည်ဟု ဒေသခံများပြောဆို

လှိုင်မြို့နယ်တွင် စစ်မှုထမ်းရန် အကြောင်းပြကာ မော်တော်ယာဉ်များဖြင့် လိုက်လံဖမ်းဆီးငွေညှစ်မှုများနှင့် လူမှောင်ခိုပြုလုပ်နေသည်ဟု ဒေသခံများပြောဆို
အောက်တိုဘာလ ၁၈ ရက်
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်အတွင်း၌ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် အချို့က စစ်မှုထမ်းရန်အတွက်ဟုဆိုကာ ဟွန်ဒါဖစ် (Honda Fit) မော်တော်ယာဉ်များနှင့် နာရေးကားများကို အသုံးပြု၍ လူငယ်များကို လိုက်လံဖမ်းဆီးခြင်း၊ ငွေကြေးညှစ်ယူခြင်းနှင့် လူမှောင်ခိုကဲ့သို့ ရောင်းစားနေမှုများ ရှိနေကြောင်း ဒေသခံပြည်သူများထံမှ Hlaing Info သို့ ပြောပြလာပါသည်။
လက်ရှိတွင် လှိုင်မြို့နယ်အတွင်း လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို အကြောင်းပြပြီး သတ်မှတ်လုပ်ထုံးလုပ်နည်းပြင်ပ လုပ်ရပ်များ ကျူးလွန်နေကြသည်ဟု ဆိုသည်။…
ရုရှားသို့ တရားမဝင်လမ်းကြောင်းဖြင့် အလုပ်သမားပို့သည့် အေဂျင်စီများကို အစိုးရနှင့်ပေါင်း၍ အရေးယူမည်

ရုရှားသို့ တရားမဝင်လမ်းကြောင်းဖြင့် အလုပ်သမားပို့သည့် အေဂျင်စီများကို အစိုးရနှင့်ပေါင်း၍ အရေးယူမည်
စိမ့်စမ်း‌ရေ (NP News) - အောက်တိုဘာလ ၁၈

📰 မြန်မာသတင်း | MYANMAR TOP NEWS » @MMTOPNEWS
ခေါင်လန်ဖူး၊ အမတ်ပေါ်ဒေသ၊ ရှိန်းဇွတ်ဒမ်းအနီးရှိ KIA စခန်းတစ်ခုအား ပြည်သူ့စစ်အဖွဲများက ဝင်ရောက်စီးနင်းသိမ်းပိုက်နိုင်ခဲ့ပြီး အလောင်း လက်နက်များ ရရှိခဲ့။

ခေါင်လန်ဖူး၊ အမတ်ပေါ်ဒေသ၊ ရှိန်းဇွတ်ဒမ်းအနီးရှိ KIA စခန်းတစ်ခုအား ပြည်သူ့စစ်အဖွဲများက ဝင်ရောက်စီးနင်းသိမ်းပိုက်နိုင်ခဲ့ပြီး အလောင်း လက်နက်များ ရရှိခဲ့။
-
အကြမ်းဖက် KIA အများအပြား ဒဏ်ရာများဖြင့် ထွက်ပြေးသွား။

📰 မြန်မာသတင်း | MYANMAR TOP NEWS » @MMTOPNEWS
ရန်ကုန်၊ ရန်ကင်း ၁၄ ရပ်ကွက် ဆွမ်းလောင်းဓမ္မာရုံကို ကားပါကင်လုပ်ရန် ဖျက်ဆီးမည့်ကိစ္စ မဘသများနှင့် ရွေးတုအစိုးရကြား အခြေအနေတင်းမာ

ရန်ကုန်၊ ရန်ကင်း ၁၄ ရပ်ကွက် ဆွမ်းလောင်းဓမ္မာရုံကို ကားပါကင်လုပ်ရန် ဖျက်ဆီးမည့်ကိစ္စ မဘသများနှင့် ရွေးတုအစိုးရကြား အခြေအနေတင်းမာ
အောက်တိုဘာလ ၁၈ ရက်
ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ အမှတ် (၁၄) ရပ်ကွက်ရှိ ရပ်ကွက်လုံးဆိုင်ရာ ဆွမ်းလောင်းဓမ္မာရုံအား ကားပါကင်နေရာအဖြစ် အသုံးပြုရန်အတွက် ဖျက်ဆီးဖယ်ရှားမည်ဆိုသည့် သတင်းများ ထွက်ပေါ်လာပြီးနောက် ယနေ့ အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းမှစတင်ကာ မဘသအဖွဲ့ဝင် သံဃာများနှင့် အမျိုးသားရေး လှုပ်ရှားသူများ လာရောက်စုဝေး ကန့်ကွက်နေကြသဖြင့် ရွေးတုအစိုးရ လက်အောက်ခံ အာဏာပိုင်များနှင့် အခြေအနေ တင်းမာလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဓမ္မာရုံအား ရွေးတုအစိုးရ၏ ရန်ကင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့က 'အခရာ' လက်ဖက်ရည်ဆိုင်၏ ကားပါကင်နေရာအဖြစ် အသုံးပြုရန်အတွက် ဖယ်ရှားရှင်းလင်းမည်ဆိုသည့် သတင်းပျံ့နှံ့လာခြင်းကြောင့် ဖြစ်ကြောင်း ရန်ကင်းမြို့နယ်တွင်နေထိုင်သူ ဒေသခံတစ်ဦးထံမှ သိရသည်။
"ဖျက်ပေးဖို့ ပြောထားတာကြာပြီ။…