MBS CHANNEL
534 subscribers
50 photos
5 links
ဝတ္ထုတို၊ဝတ္ထုရှည်များ
Download Telegram
“နှစ်ခါတည်းပါတော်၊ ထန်းသုံးပင်စုမှာတစ်ခါ၊ တောထဲမှာတစ်ခါ၊ ဖိုးဌေးတောင်ပါသေး”
ပါကညောကြီး ခန္ဓာကိုယ်ပါ ကျုံ့ဝင်သွားတယ်။ ဖိုးဌေးဆို ရှက်လွန်းလို့ လုံချည်ပါ ကောက်ခြုံပစ်လိုက်တော့တာ။ နောက်တော့မှ ပါကညော ကြီး ကိုယ်ရှိန်ပြန်သတ်ပြီး
“ကဲ အတိတ်တွေပြောနေလို့ အကျိုးမရှိဘူး”
“ပစ္စုပ္ပန်မှာရော ကောင်းဖို့ရှိလို့လား”
“မရှိ..အဲ..ရှိ”
သူ့စကားမဆုံးဘူး။ တဲထဲထိုင်နေတဲ့ မလက်တို ဝင်ထောက်လိုက်တာမို့ ဘာဆက်ပြောရမှန်းမသိဘူး။ နောက်မှသတိရပြီး
“နေစမ်းပါဦး လက်တိုရာ၊ ဒီမှာ အရေးကြီးတာလေး ဆွေးနွေးပါရစေဦး”
မလက်တိုက ပါကညောကို ဖမ်းထားတဲ့ကြက်တစ်ကောင် ထောင်ပြတယ်။ ပါကညောက လည်လှီးလိုက်ဆိုတဲ့ပုံစံ လုပ်ပြတယ်။ သိပ်မကြာဘူး။ အွတ်ခနဲမြည်သံ ပေါ်လာတော့တာပါပဲ။ ပါကညောက ပြန်စပြီး

“ကဲ ငပိန်၊ မင်းမှာ ပစ္စည်းဆန်းတစ်ခုရှိတယ်ဆို၊ ငါ့ကိုပြစမ်းပါ”
ငပိန်က သူ့အောက်ကိုသူ ငုံ့ကြည့်တယ်။ ပါကညောကပဲ သူ့လက် ကိုဆွဲပြီး
“အဲဒါပြောတာ မဟုတ်ပါဘူးကွာ၊ ဟိုလေ မင်း မင်းခိုးလာတာ ဘာ”
သူ့စကားကြားတာနဲ့ ဒိုးကျသူကြီး ဦးစံကြီးကလဲ ပျာပျာသလဲနဲ့

“ဟေ့ကောင်ငပိန်၊ ငါ ငါအရင်ညှိတာနော်၊ ငါအရင်ညှိတာ”
ဆိုပြီး ဝင်ပြောတယ်။ ဒါကို လူရည်လည်တဲ့ ပါကညောက
“အရင်ပြောတာတွေ နောက်ပြောတာတွေ အရေးမကြီးပါဘူး၊ အရေးကြီးတာက ရင်းနှီးတဲ့ဆက်ဆံရေးပဲ ကြည့်စမ်း၊ ခေါ်တာကိုက ငပိန် တဲ့၊ ငါဆို ဒီလိုမခေါ်ဘူး၊ လေးစားသမှုနဲ့ မောင်ပိန်ပေါ့၊ ဟုတ်ဖူးလား မောင်ပိန်ရာ”
ပါကညောစကားလဲကြားရော ဦးစံကြီးက အားကျမခံပဲ
“သူကသာ မောင်ပိန်ခေါ်တာ၊ ကျုပ်ကတော့ အရပ်ထဲဆို ကိုပိန် ခေါ်တာဗျ၊ နော့် ကိုပိန်”
အဲ့ဒီအသံလဲကြားရော ပါကညောကြီးက ငပိန်ကို ထဖက်လိုက်ပြီး
“ခင်ဗျားတို့ကသာ ကိုပိန် ကိုပိန်ခေါ်တာ၊ ကျုပ်က ချစ်စနိုးနဲ့ သား လေးမောင်ပိန်တောင် ခေါ်မိတယ်”
ပါကညောစကားကြောင့် စံကြီး မျက်မှောင်ကျုံ့သွားတယ်။ ပြီးမှ ပါကညောကိုကြည့်ပြီး

“ဒီမှာ ပါကညော”
“ဘာလဲ စံကြီး”
ဟိုကလဲ ခပ်မာမာပဲ ပြန်ထူးတယ်။ ဦးစံကြီးက ငပိန်နဲ့ပါကညောကို လက်ညှိုးထိုးပြီး
“မင်း ငပိန်တို့အမေနဲ့ရော ကင်းရဲ့လား”
စံကြီးစကားကြောင့် ပါကညော ပျာပျာသလဲ ဖြစ်သွားတယ်။ ပြီးတော့ ဖက်ထားတဲ့ ငပိန်ရဲ့ပခုံးကို တွန်းခွာပြီး
“ကင်းပါတယ်ကွ၊ ငါက ငပိန်ကို ချစ်လို့ခေါ်တာ၊ နော် ပိန်တိမ့် ပိန်..နော်”
“မင်းသာ ချစ်စနိုးနဲ့ ပိန်တိမ့်ပိန်ခေါ်တာ၊ ငါဆို ရွာထဲမှာ ပိန်ထိမ့် တိမ့်ပိန်ပဲ”
“မင်းသာ ပိန်တိမ့်တိမ့်ပိန်၊ ငါဆို ပိန်တိမ့် ပိန့်တိမ်ပိန်ပိန်”
“တိမ့်ပိန်တိမ်ပိန့်၊ တိမ့်ပိန်တိမ်ပိန့်”
“ပိန်တိမ်၊ ပိန်တိမ်၊ ပိန်တိမ်တိမ့်တိန်၊ ပိန်တိမ့်ပိန်”
သူကြီးနှစ်ယောက် ငပိန့်နာမည်ခေါ်ရင်း ပါးစပ်ဆိုင်းအပြိုင်တီးသလိုကို ဖြစ်နေတယ်။
“တော်ကြပါတော့”
ကြာတော့ ငပိန်ပါ သူ့နာမည်သူ စောက်မြင်ကတ်ပြီး ထအော်ယူရတယ်။ နှစ်ယောက်လုံးငြိမ်သွားမှ ငပိန်က

“ဒီပစ္စည်းကို ခင်ဗျားတို့နှစ်ယောက်လုံး လိုချင်ကြတယ်မဟုတ်လား၊ ဒီတော့ ဈေးပြိုင်စနစ်နဲ့ ပေးမယ်ဗျာ၊ ကဲ ..ဘယ့်နှယ်လဲ”
နှစ်ယောက်သား လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ်။ နောက်မှ သတိ အနည်းငယ်ပိုရှိတဲ့ ဒိုးကျသူကြီးဦးစံကြီးက
“ဈေးပြိုင်ဆိုလဲ ဈေးပြိုင်ပေါ့ကွာ၊ ဒါပေမယ့် ဘယ်လောက် ဘယ်လိုပေးရမယ်ဆိုတာ ပစ္စည်းလေးတော့ ကြည့်ပါရစေဦး၊ တကယ်ထိုက်တန်ရင် ထိုက်တန်သလောက် ပေးမှာပါကွာ”
သူ့စကားကို ပါကညောကပါ ရောယောင်ပြီး
“အေး ဟုတ်တယ်၊ ပိန်တိမ့်ပိန် အဲလေ ငပိန်ရ၊ ပစ္စည်းလေးကြည့် ပြီးမှ ကြိုက်ဈေးလေးခေါ်လို့ရမှာပေါ့”
ငပိန် ခေါင်းကို ခပ်ဖြည်းဖြည်းညိတ်တယ်။ ပြီးတော့ ထန်းရည်တစ်ခွက် မော့သောက်လိုက်သေးတယ်။ ပြီးမှ

“ကောင်းပြီလေ လိုက်ခဲ့ကြ”
ဆိုပြီး မလက်တိုထန်းတဲနောက်က သူခိုးရာပါတွေဖွက်ထားတဲ့ တဲကို ခေါ်သွားတယ်။ တဲအဝင်ဝရောက်တော့မှ
“ဒီမှာ ခင်ဗျားတို့အားလုံးကို တစ်ခုတော့ မှာထားမယ်”
အားလုံးက ငပိန်ကိုကြည့်တယ်။
“ကျုပ်ပစ္စည်းတွေကို တစ်ခုမှ အလကားမယူရဘူးနော်၊ ကျုပ် ပင် ပင်ပန်းပန်းရှာထားတာတွေ”
အောင်မာ။ သူခိုးက သူများပစ္စည်းကျ အလကားရသလိုခိုးပြီး သူ့ ခိုးရာပါပစ္စည်းကျတော့ အလကားမရဘူးတဲ့။ ဒီလိုအချိန်မဟုတ်လား။ အားလုံးက ခေါင်းညိတ်လက်ခံရတယ်။ သူတို့မြင်ချင်တာ ရှိနေနှင့်ကိုး။

ပလ္လင်လေ။ မြို့စားမင်းရဲ့ ခေတ်သစ်ပလ္လင်။
“အေး အေးပါကွာ၊ ကတိပေးပါတယ်၊ ငါ့ပုဆိုးမြင်ရင်တောင် ငါ ပြန်မယူပါဘူးကွာ”
“မြန်မြန်လေး ကြည့်ရအောင်ကွာ”
ငပိန် တံခါးကို ဖြည်းဖြည်းပဲ တွန်းဖွင့်လိုက်တယ်။ အထဲမှာလဲ မှောင်မည်းနေတာ။
“ချွင်”
“ဟာ ဦးဘသန်း အဲဒီဖက်ကို မလျှောက်နဲ့၊ ဖိုးဌေး တွေ့ကရာ လျှောက်မကိုင်နဲ့ဗျာ”
“အေးပါကွာ၊ ငါ့အိမ်က မြေအိုးလေးတွေ့လို့ပါ”
“ဟေ့လူ ပြန်မယူရဘူး ပြောထားတာနော်၊ လာ ဒီလမ်းအတိုင်းလျှောက် သတိထားလျှောက်”
သူ့ဂိုထောင်က ဝင်္ကပါလိုပဲ။ အကုန်လုံးကို ရှုပ်ယှက်ခတ်နေတာ။
တောင်းစုတ်ပလုံးစုတ်ကနေ သရက်ထည်ထိရှိတယ်။ ပါလာတဲ့သူ အားလုံးက သူတို့အိမ်က ပျောက်သွားတဲ့ပစ္စည်းတွေ လာပြန်ကြည့်နေရသလို ပဲ။ ပါကညောဆို သူ့လုံချည်နှစ်ကွင်း ဒီမှာပြန်တွေ့တယ်။
👍1
“ကဲ ဒီမှာပဲ ရောက်ပြီ”
“အဲ”
ငပိန်ညွှန်ပြရာကြည့်လိုက်တော့ သိပ်ကြီးကြီးမားမား မရှိလှတဲ့ ဂျပ်ထူပုံးကြီးပဲ။ အဲ့ဒါကြီးကိုကြည့်ပြီး အားလုံးက အံ့အားသင့်သွားတယ်။ “ဟင် မင်းပြောတော့ ပလ္လင်ဆို၊ ဒါက ပလ္လင်မှမဟုတ်တာ”
ပါကညောအမေးကို ငပိန်က မခို့တရို့ပြုံးပြီး
“ကြည့်လိုက်လေ”
ဆိုပြီး ဂျပ်ထူပြားတွေ ခွာချလိုက်မှ..
“ဟာ”
“ဒါကြီး ဘာကြီးလဲ”
သူတို့မြင်နေရတာက သူတို့ထင်သလိုမဟုတ်ဘူး။ ကနုတ်တွေ ပန်းခက်တွေလဲ မပါဘူး။ ေြွကထည်တွေနဲ့ ပြုလုပ်ထားတဲ့ ပြောင်လက်နေတဲ့ ခုံတစ်လုံး။ ဘာမှလဲ ထူးထူးခြားခြားရယ်မဟုတ်ဘူး။ ေြွကထည်အဖြူနဲ့ လုပ် ထားတာမို့ ဝင်းပြောင်ချောမွေ့နေတာတစ်ခုပဲ။

ဒီကြားထဲ ခုံလေးက လက် တင်မပါ၊ ဘာမပါနဲ့ ခုံကနိမ့်နေသေး။ ဒါကြောင့်ပဲ ဦးစံကြီးက
“ဟင် မင်းဟာ ပလ္လင်လဲမဟုတ်၊ ကနုတ်လဲမပါဘဲနဲ့ ဘာထိုင်ခုံကြီးလဲ”
ဦးစံကြီးအမေးကို ငပိန်က ခပ်တည်တည်ပဲ။ ခုံနောက်မှီမှာ ရေး ထားတဲ့စာကိုပြပြီး
“စာတတ်တယ်ဆို ဖတ်ကြည့်လေ”
သူညွှန်ပြရာကို အားလုံးငုံ့ကြည့်တယ်။
တုတ်ချောင်းတွေ အဝိုင်းတွေနဲ့ ဘာဘာသာနဲ့ ရေးထားမှန်းမသိတဲ့ စာတချို့။ အဲ့ဒီအောက်မှာ မြန်မာလို ပီပီသသရေးထားတာက
“ဗိုလ်ထိုင်”
အဲ့ဒီစာလုံးကိုမြင်တော့ အားလုံး အံ့အားသင့်သွားတယ်။
“ဟင် ဗိုလ်ထိုင်တဲ့၊ ဘာလဲ ဘာအဓိပ္ပာယ်လဲ”
“အင်းလေ၊ ဗိုလ်ထိုင်ဆိုတာ ဘာပြောချင်တာလဲ”
သူတို့စကားကို ငပိန်က ခပ်ဖွဖွပြုံးပြီး
“စစ်သူကြီးမဟာဗန္ဓုလ ပန်းဝါတိုက်ပွဲ တိုက်ခဲ့တုန်းက ဘယ်မှာထိုင်ပြီး အမိန့်ပေးခဲ့တယ်ထင်သလဲ”
သူ့အမေးကြောင့် တစ်ယောက်မျက်နှာ တစ်ယောက်ပြန်ကြည့်ကြ တယ်။ အားလုံး ဇဝေဇဝါပဲ။ ဒါကို ငပိန်က ဆက်ပြီး

“အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ယိုးဒယားကို တက်သိမ်းတော့ ဘယ်နေရာမှာထိုင်ပြီး စီမံခန့်ခွဲခဲ့တယ် ထင်သလဲ”
အားလုံးခေါင်းခါပြီး ငပိန်ကိုပဲ ကြောင်ကြည့်နေကြတယ်။
“ဗိုလ်ဖြစ်မှ ထိုင်လို့ရတာမို့ ဗိုလ်ထိုင်လို့ ခေါ်တာပေါ့ဗျ၊ ဒါတင်မကဘူး၊ ရောမတို့ ဒေါမတို့ခေတ်ကတည်းက ဗိုလ်ဖြစ်သူတွေပဲ ထိုင်ခဲ့ရတဲ့ ဗိုလ်ထိုင်အစစ်ဗျ၊ အစစ်၊ ဒါတွေ ခင်ဗျားတို့သိမှာမဟုတ်ဘူး”
သူ့စကားကို ရွာခေါင်းဘသန်းက သူ့ခေါင်းသူကုတ်ပြီး
“ရောမတော့မသိဘူး၊ သခေါမ(သွားခေါမ)တော့သိတယ်၊ သစ်ပင် လှမှာရှိတယ်၊ သူ့နာမည် မတင်သိန်းတဲ့”
ရွာခေါင်းဘသန်းစကားကြားတော့ ငပိန်တင်းသွားတယ်။
“ခင်ဗျားတို့သောက်မျိုးတွေအကြောင်း လာမပြောနဲ့ဗျာ”

သူ့စကားတွေကို ဦးစံကြီးက မနေနိုင်ဘူး။
“နေပါဦးကွ၊ ဗိုလ်ဖြစ်မှထိုင်ရတယ်ဆိုတော့ ဒီခုံက ဘာထူးခြားလို့ လဲ”
ငပိန်ပြုံးသွားတယ်။
“ဟောမှာကြည့်”
ဆိုပြီး ခုံရဲ့နောက်မှီကို အုပ်ထားတဲ့အဖုံးကို ဖွင့်ပြလိုက်တယ်။ အား လုံးက ငုံ့ကြည့်ပြီး
“ဟင် ဒါက ရေကန်လေးပါလား”
“ဟော ခုံအနောက်မှာ ရေတွေနဲ့”
ခုံအနောက်မှာ ရေကန်ငယ်လေးပါတော့ အားလုံးအံ့အားသင့်ကုန် တယ်။ ငပိန်က ဆရာကြီးအထာနဲ့
“ကွမ်းစားတတ်တယ်မဟုတ်လား၊ ကွမ်းရွက်တွေ ကွမ်းသီးတွေ ဒီရေ ထဲစိမ်ထား၊ အကြာကြီးစားလို့ရအောင် စီမံထားတာ”
အားလုံးကြောင်နေကြတယ်။ ဒါကို ငပိန်က
“ဒါတင်ဘယ်ကမလဲဗျ၊ ဟောမှာကြည့်”
ဆိုပြီး ထိုင်ခုံနေရာကို မçဖယ်လိုက်တော့
“ဟင် ဒါကြီးကလဲ ခွက်ကြီး”
“ဟင် ဖင်နေရာမှာ ခွက်ကြီးဟ၊ နောက်ပြီး ဒီမှာလဲ ရေတွေနဲ့ဟ”
ဆိုပြီး အားလုံးတအံ့တဩ ဖြစ်ကုန်ကြပြန်တယ်။ ဓားဖိုးဌေးက အဲ့ဒီခွက်ကြီး လက်ညှိုးထိုးပြီး

“ဒါ ဒါကရော ဘာသဘောလဲ”
ငပိန်က ဖိုးထေဌးကို ငတုံးတစ်ယောက် မြင်ရသလို ခပ်ထေ့ထေ့ ကြည့်ပြီး
“စစ်တိုက်ရင် ပူတယ်လေဗျာ၊ ဟော့ဒီမှာကြည့်”
ငပိန်က ခုနက ခုံအခင်းကို ဖြုတ်ထုတ်လိုက်တယ်။ ပြီးတော့ အဲဒီ အောက်က အဝိုင်းတစ်ခုပါ ထပ်ဖြုတ်လိုက်တယ်။ ပြီးမှ ပါကညောဖက်လှည့် ပြီး
“ဦးပါကညော ဒီကိုလာ”
ပါကညောကလဲ ဘုမသိ၊ ဘမသိနဲ့ ရှေ့ထွက်လာတယ်။ ဒါကို ငပိန်က ခုနခွက်က ဖြုတ်ထားတဲ့ အဝိုင်းပြားကို ပါကညောလည်ပင်းပေါ် စွပ်ပေးလိုက်တယ်။ ကွက်တိဗျ။ ပါကညောလည်ပင်းနဲ့က
“ဒါက စစ်တိုက်ရင် တုတ်ပြီးဓားပြီးတဲ့စလွယ်၊ ပူတယ်မဟုတ်လား၊ ဟောဒါက ယပ်တောင်”
ပါကညောရဲ့မျက်လုံးထဲ ပန်းဝါတိုက်ပွဲမှာ ဗိုလ်ထိုင်ပေါ်ထိုင်ပြီး အမိန့်ပေးနေတဲ့ စစ်သူကြီး မဟာဗန္ဓုလပုံကြီး ကွက်ကွက်ကွင်းကွင်း မြင်ယောင်လာသလိုပဲ။

ဒါကို ငပိန်က ဆက်ပြီး
“ဒါတင်ပဲလား၊ ဟောမှာဆက်ကြည့်”
ဆိုပြီး ဗိုလ်ထိုင်နောက်က ဆွဲထုတ်လိုက်တော့
“ပိုက်ကလေးတစ်ချောင်း”
အားလုံး အံ့အားသင့်ကုန်ပြန်တယ်။
“ဟင် ဒါ ဒါလေးက ဘာလေးလဲ”
“ခွေခွေလေးဟ”
“ဘာလုပ်တာလေးလဲ မသိဘူး”
အားလုံးရဲ့အမေးကို ငပိန်က
“ကဲ အားလုံးသိအောင် ရှင်းပြမယ်၊ လာ ဦးပါကညောကြီး ဗိုလ်ထိုင်ပေါ်လာထိုင်လိုက်”
“အေး အေးပါကွာ၊ ထိုင်ပါ့မယ်”
နဂိုထဲက ခပ်ကြောင်ကြောင်လူမိုက်ဆိုတော့ ခိုင်းတာလုပ်တယ်၊ ဒါကို ငပိန်က ခပ်လှမ်းလှမ်းကို လက်ညှိုးညွှန်ရင်း
“ဟိုးမှာကြည့်စမ်း၊ တိုက်ပွဲဖြစ်နေပြီ၊ ကိုယ့်ဖက်က အထိနာနေပြီ”
ပါကညောက သူပြောတဲ့အတိုင်း လိုက်လုပ်တယ်။
“ကိုယ်ကလဲ စိတ်ညစ်နေပြီ၊ မလန်းဘူးဖြစ်နေပြီ၊ အဲ့ဒါဆို အဲ့မှာ ကြည့်”
ငပိန်က ပိုက်ကလေးကို ဆွဲညှစ်လိုက်တော့
“ဖလူး ဖလူး”
“ဟာ ရေတွေ မျက်နှာတက်စင်ပဟ”
ဆိုပြီး ပါကညော ထအော်တယ်။ ဒါကို ငပိန်က ပြုံးပြီး
2👍2
“အဲ့လိုပင်ပန်းနေတဲ့အချိန် မျက်နှာကို ရေထိတော့ မလန်းသွားဘူးလား”
သူ့စကားကို ပါကညောက ခေါင်းကို ခပ်မြန်မြန်ညှိတ်၊ ခုနက စင်လာတဲ့ရေတွေကို လျှာနဲ့သပ်ပြီး
“လန်းတယ်”
“အဲ့တာဆို စစ်ကို နိုင်အောင်ပြန်တိုက်ဖို့ အားမဖြစ်ဘူးလား”
“ဖြစ်တယ်၊ ဖြစ်တယ်၊ ဟိုကောင်တွေ ဘယ်လိုတိုက်နေလဲ၊ ဒီဖက်မှာ မမြင်ဘူးလား”
ဆိုပြီး ပါကညောကြီး ထအော်တဲ့အထိပဲ။ ဒါကို ငပိန်က လူတိုင်း ရဲ့မျက်နှာကို ရေပိုက်ကလေး ညှစ်ကာညှစ်ကာနဲ့ပဲ
“စစ်တိုက်မရှိဘူးဆိုလဲ မျက်နှာသစ်မလား၊ ပလုတ်ကျင်းမလား၊ အားလုံးလုပ်လို့ရတယ်”
“ဟုတ်လား၊ မှန်းစမ်း”
ဘသန်းဆို ရေပိုက်ရှေ့ ပါးစပ်အကျယ်ကြီးဟပြီး ပလုတ်ကျင်းလိုက်သေး။ ပြီးမှ
“နိပ်သဟ”

ဆိုပြီးတောင် ထအော်ယူရတယ်။ နောက်မှ သတိရပြီး
“ဒီ ဒီလည်ဆွဲလား၊ ဘယက်လား၊ တကယ်တုတ်ပြီးဓားပြီးတာလား”
သူ့အမေးကို ငပိန် မျက်မှောင်ကျုံ့လိုက်ပြီး
“သမာဓိအားကောင်းရင်တော့ ပြီးတယ်ကြားဖူးတာပဲ၊ စမ်းကြည့် လေ”
ဆိုတော့ ပါကညောကလဲ လူမိုက်လေ။ ဒါကြောင့် သူ့တပည့်ဓား ဖိုးဌေးဘက်လှည့်ပြီး
“ဟေ့ကောင် ဖိုးဌေး”
“ဗျာ ပါပါကြီး”
“ငါ့နံကြားကို မင်းလက်သီးနဲ့ ခပ်ဆတ်ဆတ်လေး တစ်ချက်လောက် ဆောင့်ထိုးစမ်း”
“ခင်ဗျာ”
“နံကြားကို ဆောင့်ထိုးစမ်းပါဆို၊ တကယ်ပီးမပီး သိချင်လို့”
ဟိုကလဲ လူမိုက်နောက်လိုက်ဆိုတော့ ပြောတဲ့အတိုင်းလုပ်တယ်။

“ဘုတ်”
“အွန့်”
ဖိုးဌေးလက်သီးချက်က ပြင်းတော့ ပါကညော မျက်လုံးတွေပြာပြီး အသက်ရှူပါကျပ်သွားတယ်။
ဒါပေမယ့် ဟန်မပျက်အောင်ထိန်းရင်း
“ဟာ အဟုတ်ဟ၊ သိပ်မနာဘူးရယ်”
ဆိုတော့ ဓားဖိုးဌေးက ပါလာတဲ့ဓားထုတ်ပြီး
“ဓားနဲ့ရောစမ်းကြည့်မလား ပါပါကြီး”
ဖိုးဌေးရဲ့ဓားကိုမြင်တော့ ပါကညောလန့်သွားတယ်။ ဒါနဲ့ပဲ လက် ကာပြပြီး
“ဓားနဲ့က နောက်မှစမ်းပါကွာ၊ ငါသမာဓိအားကောင်းမှ စမ်းမယ်”
ဆိုပြီး မနည်းတားယူရတယ်။
“ကဲ အားလုံးပဲ ဗိုလ်ထိုင်ကို မြင်ပြီးပြီဆိုတော့ အပြင်မှာ ဈေးညှိ ကြရအောင်”
အားလုံးအပြင်ထွက်လာကြတော့တယ်။
+++
ဆောင်းအဝင်ကာလဆိုတော့ ရာသီဥတု မျှတတယ်ဆိုရမယ်။ သိပ်လဲမပူဘူး။ သိပ်လဲမအေးဘူး။
မလက်တို လတ်လတ်ဆတ်ဆတ် ခုတ်ထစ် ကြော်လှော်ထားတဲ့ ကြက်သားလေးက နွေးနေတုန်း။ ထန်းရည်ကျတော့လဲ ခပ်အေးအေးလေးရယ်။ အဲ့လို ရာသီဥတုက ကိုယ့်ဘက်ပါတာ။
ဒိုးကျသူကြီးက သူ့ခေါင်းပေါင်းကိုဖြုတ်ပြီး သူ့ခေါင်းကိုသူပွတ်တယ်။
“အေးကွ၊ မင်းဗိုလ်ထိုင်ကြီးက အသုံးတော့ ဝင်ပါရဲ့၊ ငါ့စိတ်ထဲတော့ တစ်မျိုးပဲကွ၊ နောက်မှီကလဲ နိမ့်နေတာ”

အမှန်တော့ ဈေးနှိမ်ချင်လို့ အပြစ်တွေ စဉ်းစားနေတာ။
“ဒီလိုလုပ်ကွာ၊ ငါက ဆယ်အပေါ်လောက် တော့ ပေးနိုင်တယ်၊ ဘယ့်နှယ်လဲ”
ဦးစံကြီးစကားကို ငပိန် ဘာမှမတုန့်ပြန်ဘူး။ ထန်းရည်ကိုသာ စိမ် ပြေနပြေထိုင်သောက်နေတယ်။ ပါကညောကြီးကတော့ တစ်ခုခုကို အသေ အချာစဉ်းစားနေပုံပဲ။ တစ်ချက်တစ်ချက် သူ့တပည့်ဖိုးဌေးကို တိုးတိုးကပ်ပြီး တိုင်ပင်သေးတယ်။ ဦးစံကြီးကသာ ဆက်ပြီး
“နောက်ပြီးစဉ်းစားကြည့်တော့ ခုံကလေးကလဲ ပုနေတယ်ဟ၊ ငါက မြင့်တော့ ခြေထောက်က ထောင်နေမှာဟေ့”
သူက တပည့်ကျော်ရွာခေါင်းဘသန်းကို လှမ်းအကူအညီတောင်းတယ်။ ဟိုကလဲ ခေါင်းညိတ်ပေးရှာတယ်။ ဒါကြောင့် အားတက်ပြီး

“ဒီလိုလုပ်ကွာ၊ ငါနဲ့လဲ သိပ်မသင့်တော်တော့ ဆယ်ကြီးဂဏန်းတော့ ပေးမယ်ကွာ”
ငပိန် စိတ်ဝင်စားသွားပုံရတယ်။ သောက်လက်စထန်းရည်ခွက် တန့်သွားတယ်။ ဆယ်ကြီးဂဏန်းဆိုတာ နည်းတာမှတ်လို့။ ရွှေဒင်္ဂါးတစ်ပြားမှ ကိုးကျပ်လေ။ ဆန်လေးတင်းကို သုံးကျပ်။ ဆီတစ်ပုံးနှစ်ကျပ်ဆိုတော့ ဆယ်ကြီးဂဏန်းဆိုတာ နည်းတာလိုက်လို့။
ငပိန် ထန်းရည်ခွက်ကို ပြန်ချပြီး ခေါင်းညိတ်မယ် လုပ်တုန်းမှာပဲ
“တစ်နှစ်ကွာ ကဲ”
ပါကညောကြီးထအော်သံ။ ငပိန် မျက်လုံးတွေ ချက်ချင်းအရောင် လက်သွားတယ်။ ဒါကြောင့် သူလဲ ထအော်တယ်။
“အရင်စာချုပ်အတိုင်း”
“ငင့် ဘာတွေလဲ၊ ဘာတွေပြောနေတာလဲ”
“ဘာလဲ တစ်နှစ်က”
ဦးစံကြီးတို့ ဘသန်းတို့က ကြောင်နေတယ်။ ဘာဖြစ်လို့ဖြစ်မှန်း ဘာပြောလို့ပြောရမှန်းမှ မသိတာ။ ဒါကြောင့် ကြောင်တောင်တောင်နဲ့

“ဘာ ဘာပြောနေကြတာလဲဟင်”
ငပိန်တို့ ပါကညောတို့ကတော့ သူတို့ကို ဂရုမစိုက်တော့ဘူး။ သူတို့ဟာသူတို့ လိုရာကိုပြောနေတာ။
“အဲ့ဒီအတိုင်းပဲ”
“ဒါဆို အရောင်းအဝယ်ဖြစ်ပြီ”
“ဟမ်”
ရုတ်ခြည်းပဲ ပါကညောနဲ့ငပိန် အရောင်းအဝယ်ဖြစ်သွားတော့ ဦးစံကြီးနဲ့ဘသန်း ကြောင်ကရော့ဖြစ်သွားတယ်။
“မလက်တို ကြားတယ်နော်”
“ကြားပါ့”

“ကဲ ဒါဆိုပြီးပြီ”
“ငင့်”
ဦးစံကြီး ယောင်လည်လည်နဲ့ သူ့ခေါင်းသူကုတ်ပြီး
“ငါ့လဲ ပြောကြပါဦး၊ ဘယ်ဟာကို ဘယ်လို၊ ဘယ်လောက်နဲ့ အရောင်းအဝယ်ဖြစ်သွားတာလဲဟင်၊ မလက်တို ငါ့ကိုလဲ ရှင်းပြပါဦး”
ဆိုပြီး မလက်တိုကို လှမ်းအကူအညီတောင်းတယ်။ ဟိုကလဲ တစ်ခွန်းပဲပြန်ဖြေတယ်။
“မပြောဘူး”
ဒီလိုနဲ့ အဲဒီဗိုလ်ထိုင်ကြီးကို ပါကညောက သူ့ရွာထဲ ငပိန် စိတ်ကြိုက် ခိုးခွင့်တစ်နှစ်နဲ့ အလပ်အထပ်လုပ်ပြီးရသွားတယ်။
+++


#𝗠𝘆𝗮𝗻𝗺𝗮𝗿𝗕𝗼𝗼𝗸𝗦𝗵𝗲𝗹𝗳
1👍1
သူခိုး (၇) ဖတ်လို့ရပြီ
private group မှာ member ဝင်ထားတဲ့ သူများသီးသန့် ဖတ်ရှု့လို့ရပါမည်။
👍2
သူခိုးငပိန်ကိုဖတ်ပြီးရင်ဒါကိုသိထားဖို့လိုမယ်
သူခိုးငပိန်ဆိုတာ ဘီလူးလှဦးနောက်မှထွက်ထားတဲ့စာအုပ်ပါ။ တစ်ခါက မြင်သာရွာမှာ လှဦးဆိုတဲ့ လူမိုက်ငပေါတစ်ကောင် ရှိတယ်။ သူ့ကို တစ်ရွာလုံးက ကလေးကအစခွေးကအဆုံး အနိုင်ကျင့်ခဲ့ကြတာပေါ့။ တစ်နေ့ ငပိန်ဆိုတဲ့ သူခိုးထောင်ထွက်နဲ့ ပေါင်းမိပြီး အာဠဝကဆေးမင်ထိုးရာကနေ လှဦးအမည်ပျောက်ပြီး ဘီလူးအမည် တွင်ခဲ့သတဲ့။ သူများတွေက ကြမ်းပေ့ဆိုးပေ့ အာဠဝကဆေးမင် ဖြစ်ပေမဲ့ လှဦးခမျာမှာတော့ ငပိန်ရဲ့ နွဲ့တဲ့တဲ့ဘီလူးရုပ်ကြောင့် အားလုံးက ဟာသနှောရတဲ့အထိအောင်ပေါ့။ တစ်နေ့ သူကြိုက်နေတဲ့ သူကြီးသမီးခင်မှုံကို မင်္ဂလာဆောင်ပေးလို့ မင်္ဂလာပွဲကို ပျားနဲ့ ဖျက်တဲ့အထိ ဘီလူးက လုပ်ခဲ့တယ်။ တစ်ခါကလည်း သူ့အရက်ဖိုးကို တောင်းတဲ့ သူ့သူငယ်ချင်းငပဲ့ကို သူ့ဘိုးဘေးပိုင်ခဲ့တဲ့ အတုလွတ် ရန်ရှင်းဓားနဲ့ အကြွေးဆပ်ခဲ့ပြန်တယ်။ သူဆပ်ပုံက ဓားကြီးဝင့်ပြီး ငပဲ့ဆီသွားကာဓားရာဇဝင်တွေအကြောင်း ပြောပြီးနောက် အရက်ကြွေး ၃၅ ကျပ်အတွက် ဓားကို ပေါင်ခဲ့သတဲ့။ ခင်မှုံကသူတို့သားအဖသုံးယောက် လှဦးကို စိုက်ကြည့်မိရင်လက်ထပ်မယ်ပြောလို့ အိမ်ထဲဝင်ပြီး သူခိုးလို့အော်ကာစိုက်ကြည့်အောင် လုပ်ခဲ့လို့ ထိပ်တုံးနဲ့ လည်း ညားခဲ့ရသလို လှဦးရဲ့ စာတစ်စောင်ကြောင့်လည်း တောသူဌေးဦးချက်ဖောင်း၊ မုဆိုးမဒေါ်မှုနဲ့ သူကြီးတို့ ကြားဗျာများခဲ့ရသေးသတဲ့။ ဒါပေမဲ့ လှဦးက နိုင်ငံကို ကျွန်ပြုတဲ့ နယ်ချဲ့ကို တွန်းလှန်မယ်ဆိုကာ မောင်ကောင်း၊ ငပိန်၊ ကျွဲကြီးတို့နဲ့အတူ မြင်သာရွာက ထွက်သွားတာဘယ်ဆီရောက်မှန်းမသိ ရောက်နေခဲ့ပုံတွေကို .....

ဆရာကြည်တော်၏ ဝတ္ထုအဖြစ်ကော၊သရုပ်ဆောင် ''ဗေလုဝ'' သရုပ်ဆောင်သည့် ရုပ်ရှင်အဖြစ်ပါ အကြီးအကျယ်...အောင်မြင်ခဲ့ရသည့် '‘ဘီလူး'' စာအုပ်ကို ယခုအခါ ‘ရီတန်းအော့ဖ်ဘီလူး' စာအုပ်နှင့် ပေါင်းပြီး ဒုတိယအကြိမ်အဖြစ် ထုတ်ဝေထားပါတယ်။ထိုစာအုပ်နှစ်အုပ်လုံးအပါအဝင် သားဘီးလူးစာအုပ်တို့ကို MBS Group ၌ မန်ဘာဝင်ပြီးမကြာမှီအချိန်အတွင်း ဖတ်ရှု့နိုင်ပါတော့မယ်။

စာအုပ်သုံးအုပ်စလုံး ပါးစပ်ပိတ်မနိုင်လောက် အောင်ရယ်ရတာဖြစ်လို့...ဟာသဝတ္ထုကြိုက်သူတွေအတွက် သီးသန့်ထုတ်ထားသလားလို့တောင်ထင်မှတ်ရပါတယ်။

🤗;အမေးများနေတဲ့ မန်ဘာကြေးကတော့ Page မှာရှိတဲ့စာဖတ်ပရိတ်သတ်တိုင်းဝင်ရောက်ဖတ်ရှု့နိုင်ဖို့အတွက်...
#မိမိတို့တတ်နိုင်သလောက်စေတနာကြေး နဲ့တင်
မန်ဘာဝင်ပြီးအဝဖတ်နိုင်မှာပါ; 😱

Group မှာတင်ဆက်မည့်စာအုပ်တွေကတော့စုစုပေါင်း (၃၀) အုပ်ရှိပါတယ်။

စာအုပ်တွေက Facebook ပေါ်မှာတင်ဆက်မှု့မတွေ့ရှိတဲ့စာအုပ်တွေချည်းရွေးဝယ်ထားတာပါ။စာအုပ်ဆိုင်တွေဆုံအောင်ပတ်ပြီး.. ကောင်းပေ့ဆိုတဲ့စာအုပ်တွေကိုမှ ကိုယ်တိုင်သွား ဝယ်ထားတာပါ။

ဆရာအကြည်တော် - (၁၄) အုပ်
မင်းသိင်္ခ - (၄)အုပ်
သတိုးတေဇ - (၅) အုပ်
ဗြိတိသျှကိုကိုမောင် - (၁) အုပ်
တြိစက္က - (၃) အုပ်
ဆရာအီကြာကွေး - ဟာသဝတ္ထု (၃) အုပ်

နောက်ထပ်လည်းဝယ်ယူဖို့ရှိပါသေးတယ်🤗

စာရေးဆရာအစုံ၊ရသအစုံအလင်ကို တစ်နေရာထဲမှာဖတ်ရှု့ခွင့်ရမှာဖြစ်လို့ မန်ဘာဝင်ရောက်လိုပါက Page Messenger ကိုလာခဲ့လိုက်တော့နော်။မန်ဘာဝင်ရောက်ထားသူများသာဖတ်ရှု့နိုင်မှာဖြစ်ပါတယ်။😘

#𝗠𝘆𝗮𝗻𝗺𝗮𝗿𝗕𝗼𝗼𝗸𝗦𝗵𝗲𝗹𝗳
👍71🗿1
👍2
နာမည်ကြီး သည်းထိတ်ရင်ဖို စာရေးဆရာ သတိုးတေဇရေးတဲ့ 'သောကြာနေ့ လကွယ်ည'

စာအုပ်အမည် 📖 သောကြာနေ့ လကွယ်ည
စာရေးဆရာ သတိုးတေဇ

သူ့နာမည်က ဇော်မင်းဒင်။ အသက်သာငယ်တာ ရှေးဟောင်းပစ္စည်းစုတဲ့နေရာမှာ တကယ် ဝါသနာထုံတဲ့လူ။ ရှေးဟောင်းပစ္စည်းတွေရဲ့ ရာဇဝင်ကိုလည်း သူစိတ်ဝင်စားတယ်။ ယုံလည်းယုံကြည်တယ်။ နောင်လာနောက်သားတွေ အတွက်လည်း အကျိုးရှိစေမယ်လို့ မှတ်ယူထားတယ်။ ဒါပေမယ့် သူ့သူငယ်ချင်းတွေ အမြင်မှာတော့ ဟာသတစ်ခုပေါ့။

ဒီလိုနဲ့ တစ်နေ့ သူရှေးဟောင်းပစ္စည်းတွေ ဝယ်နေကျ ဆိုင်ရောက်တုန်း မှန်ဘောင်သွင်းထားတဲ့ စာအုပ်တစ်အုပ်ကို သူတွေ့ခဲ့တယ်။ အဲဒီစာအုပ်အကြောင်းလည်း သူမေးရော ဆိုင်ရှင်က မျက်စိမျက်နှာပျက်နဲ့ သူ့ကိုမရောင်းချင်ခဲ့ဘူး။ စာအုပ်က နာမည်မကြီးတဲ့ ပန်းချီဆရာတစ်ယောက်၊ ထူးထူးဆန်းဆန်းသေသွားတဲ့ ပန်းချီဆရာတစ်ယောက်ဖြစ်တဲ့ မောင်သုန်ရဲ့ ဒိုင်ယာရီစာအုပ်။ အဲဒီစာအုပ်ကို ဇော်မင်းဒင် တစ်ယောက်ဝယ်လာတဲ့အခါမှာတော့ ဆိုင်ရှင်က သူ့ကိုဘာဖြစ်လို့ မရောင်းချင်ရတာလဲဆိုတဲ့အကြောင်းကို သေချာသိသွားတော့တယ်။ ထူးထူးဆန်းဆန်း ဘာတွေ ဖြစ်လာမလဲ ဆိုတာကတော့ ....

ဒီစာအုပ်ကို...MBS မှာ Member ဝင်ရောက်၍
ဖတ်ရှု့နိုင်ပါပြီ။

ပရိတ်သတ်တွေ အားလုံးဖတ်ရှု့နိုင်ဖို့အတွက်
Member ဝင်ကြေး - မိမိတတ်နိုင်သလောက်စေတနာကြေး 😱

MEMBER ဝင်ရောက်လိုသူများ - Page Messenger

#သောကြာနေ့ညလကွယ်ည #သတိုးတေဇ
#𝗠𝘆𝗮𝗻𝗺𝗮𝗿𝗕𝗼𝗼𝗸𝗦𝗵𝗲𝗹𝗳
👍5