တရုတ် PLA Navy စစ်ရေယာဉ်များ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ
ရန်ကုန်၊ စက်တင်ဘာ ၂၉
မြန်မာနိုင်ငံသို့ စက်တင်ဘာ ၂၄ ရက်မှ စတင်ကာ ချစ်ကြည်ရေးခရီးစဉ် လာရောက်ခဲ့သည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)၏ 48th PLA Navy Escort Task Group မှ စစ်ရေယာဉ်များသည် ငါးရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အပြီး စက်တင်ဘာ ၂၈ ရက်တွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

WFM Title ရရှိပြီး မြန်မာ့စစ်တုရင်သမိုင်းဝင်အောင်စွမ်းဆောင်နိုင်ခဲ့သည့် အသက် ၁၅ နှစ် အရွယ် မြန်မာလက်ရွေးစင် စစ်တုရင်ကစားသမား မင်းအမရာဝတီ အားဂုဏ်ပြုဖော်ပြအပ်ပါသည်
အသက် ၁၅ နှစ်အရွယ် မြန်မာ့လက်ရွေးစင် စစ်တုရင်ကစားသမား မင်းအမရာဝတီသည် ဥဇဘက်ကစ္စတန်နိုင်ငံတွင် ကျင်းပခဲ့သည့် ၄၆ ကြိမ်မြောက် ကမ္ဘာ့စစ်တုရင်အိုလံပစ်ပြိုင်ပွဲ၌ ကမ္ဘာ့စစ်တုရင်အဖွဲချုပ် (FIDE) က တရားဝင်အသိအမှတ်ပြုသည့် တစ်သက်တာဘွဲတံဆိပ် Woman FIDE Master (WFM) Title ကို ရရှိခဲ့ပြီး မြန်မာ့စစ်တုရင်သမိုင်းတွင် မှတ်တမ်းဝင်နိုင်ခဲ့ကြောင်း သိရသည်။
မင်းအမရာဝတီသည် အဆိုပါပြိုင်ပွဲတွင် ပွဲစဉ် ၉ ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ ၆ မှတ် ရရှိခဲ့ပြီး Woman Candidate Master (WCM) စံနှုန်းကို ရရှိခဲ့သည်။
ယင်းနောက် FIDE ၏ သတ်မှတ်ချက်များနှင့်အညီ Woman FIDE Master (WFM) Title ကို ရရှိခဲ့ခြင်းဖြစ်ပြီး အသက် ၁၅ နှစ်အရွယ်တွင် နိုင်ငံတကာအသိအမှတ်ပြု စစ်တုရင်ဘွဲတံဆိပ်တစ်ခု ရရှိကာ မြန်မာ့စစ်တုရင်လောကအတွက် မှတ်တမ်းကောင်းတစ်ရပ် စိုက်ထူနိုင်ခဲ့သည့်အတွက် ဂုဏ်ပြုအပ်ကြောင်းဖော်ပြလိုက်ပါသည်။

မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်အတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် နတ်ကျွန်းချောင်းအား စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်ရှိ နတ်ကျွန်းချောင်းအတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်နှင့် ရေစီးရေလာကောင်းမွန်စေရန် ရည်ရွယ်၍ ယနေ့ (စက်တင်ဘာ ၂၉ ရက်) နံနက်ပိုင်းက ချောင်းအတွင်းရှိ အမှိုက်များနှင့် နုံးများကို စုပေါင်းဆယ်ယူရှင်းလင်းခဲ့ကြောင်း သိရပါတယ်။
အဆိုပါ လုပ်ငန်းများတွင် နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ အတူတကွ လက်တွဲပါဝင်ကာ အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါတယ်။

ကျိုက်ထိုမြို့ ရေစီးရေလာကောင်းမွန်ရေး စုပေါင်းရှင်းလင်း
ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် မြောက်ပိုင်းရပ်ကွက် မြို့ရှောင်လမ်းတစ်လျှောက်ရှိ ချောင်းများနှင့် ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး၊ ရေကြီးရေလျှံမှုနှင့် ရေမြောင်းပိတ်ဆို့မှုများ မဖြစ်ပေါ်စေရေးအတွက် ယနေ့ နံနက် ၈ နာရီမှ ၉ နာရီအထိ စုပေါင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါလုပ်ငန်းကို အမှတ်(၄၄) ခြေမြန်တပ်မဌာနချုပ် ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး ဇော်ဇော်ဝင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်တို့ ဦးဆောင်၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ထွေ/အုပ်၊ စည်ပင်၊ ရဲနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်း ၁၁၀ ဦး ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ စုပေါင်းရှင်းလင်းမှုဖြင့် ချောင်းနှင့် ရေမြောင်းများအတွင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် မိုးရာသီ ရေကြီးရေလျှံမှုများ ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။