1.53K subscribers
40.9K photos
3.01K videos
84 files
2.07K links
For your information
Download Telegram
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အမျိုးသားအဆင့် နျူးကလီးယားစွမ်းအင်အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ အစည်းအဝေးတွင် အမှာစကားပြောကြားချက်မှ ကောက်နုတ်ချက်
ပြည်သူတွေကို ခုထိ ကရင်ပြည်နယ်နယ်စပ်က တောထဲမှာလို့ပဲ ထင်နေအောင် ဂျင်းထည့်ထားတဲ့ ထောက်ပို့ဆယ်လီ ထားထက်ထက်တစ်ယောက် ဩဇီမှာ အခြေချနေနေပြီဆိုတာကို ဆစ်ဒနီသတင်းဌာနက ဖော်ပြထားတယ်။

သူတို့ကတော့ လူငယ်တွေကို မြှောက်ပေးပြီး တောထဲမှာ စစ်တိုက်ခိုင်းတယ်။

ကိုယ်တိုင်ကျတော့ နိုင်ငံခြားမှာ တိတ်တိတ်လေးခိုးပြီး တတိယနိုင်ငံသားခံယူရင်း အဆင်ပြေနေတယ်။

တိုင်းပြည်နဲ့ လူမျိုး‌တွေကို ဒုက္ခရောက်အောင် နောက်ကွယ်က‌ေမြှာက်‌ေပးပြီးအချင်းချင်း စစ်ပွဲမှာ သတ်ဖြတ်အောင်လုပ်ပြီး နိုင်ငံခြား ခိုးချမ်းသာနေတဲ့လူတွေကို မမေ့ထားသင့်ဘူး
ပခုက္ကူမြို့နယ် ရေနံချပ်ကျေးရွာအနီး အကြမ်းဖက်သောင်းကျန်းသူများထံ ဆက်ကြေးပေးဆောင်၍ တရားမဝင်တူးဖော်နေသည့် လက်လုပ်ရေနံတွင်းများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ရှင်းလင်း
ကမမောင်း-ဖာပွန် သွားလမ်းကြောင်းပေါ်ရှိ ဆင်စွယ်ကျေးရွာကို KNU၊ KNLA နဲ့ PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့တွေ လက်အောက်ကနေ တပ်မတော်စစ်ကြောင်းများက ယနေ့ စက်တင်ဘာ ၂၈ ရက်မှာ အပြီးတိုင် ပြန်လည်ထိန်းချုပ် သိမ်းပိုက်လိုက်နိုင်ပြီဖြစ်။

အဆိုပါ လမ်းကြောင်းတစ်လျှောက် နယ်မြေစိုးမိုးရေးအတွက် တပ်မတော်စစ်ကြောင်းများက အသက်ကို ပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံ ထိတွေ့တိုက်ပွဲပေါင်း ၆၅ ကြိမ်အထိ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်အဖွဲ့တွေထံမှ -

* အကြမ်းဖက် ယာယီခြေကုပ်စခန်း ၁၁ ခု
* ရန်သူ့အလောင်း ၁၃ လောင်း
* လက်နက်မျိုးစုံ ၁၅ လက်
* FPV Drone ၂၄ စီး၊ မိုင်းများနှင့် ဆက်စပ်ခဲယမ်းများစွာကို အသီးသီး သိမ်းပိုက်ရရှိခဲ့။