1.53K subscribers
40.8K photos
3.01K videos
84 files
2.07K links
For your information
Download Telegram
Media is too big
VIEW IN TELEGRAM
နှောင်ကြိုးပါသော နိုင်ငံရေးသမား (သို့) သတင်းသမားအရေခြုံ အပေါစားနိုင်ငံရေးသမား
၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရုရှားနှင့် ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံ

နယူးယောက်၊ စက်တင်ဘာ ၂၈
၂၀၂၂ ခုနှစ်တွင် ရုရှားနိုင်ငံက အထူးစစ်ဆင်ရေး စတင်ခဲ့ချိန်ကတည်းက ပထမဆုံးအကြိမ်အဖြစ် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နှင့် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Johann Wadephul တိုသည် စက်တင်ဘာ ၂၆ ရက်က နယူးယောက်မြိုရှိ ကုလသမဂ္ဂ ရုံးချုပ်တွင် ခေတ္တတွေ့ဆုံခဲ့ကြသည်။

ဂျာမနီဘက်က စက်တင်ဘာ ၂၅ ရက်တွင် "နောက်ဆုံးအချိန်ရောက်မှသာ" တွေ့ဆုံရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း Sergei Lavrov က ပြောကြားခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီး နှစ်ဦးသည် Sergei Lavrov ၏ အထွေထွေညီလာခံ မိန့်ခွန်းမပြောကြားမီ အချိန်တွင် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။
ထိုင်းမှာ ဖြစ်တာ အယ်လ်နီညို တောင် မဟုတ်သေးဘူး။ မုတ်သုံလေ အားကောင်းပြီး မိုးအဆက်မပြတ်ရွာတာကနေတောင် လူပေါင်း ၅ သောင်းလောက် ထိခိုက်ရင်...မြန်မာဆိုရင် ဘယ်လောက် အခြေအနေ ရှိနိုင်မလဲ။


ခု လက်ရှိ ထိုင်းနဲ့ ဆက်စပ်တဲ့ တနင်္သာရီမှာတောင် မိုးကြီး ၊ ရေလျှံမှုတွေ ရှိလာပြီ။ ဒီမုတ်သုံလေက မြန်မာဘက်ကို ရွှေ့လာဦးမယ်။ အနည်းဆုံးတော့ ပဲခူးအနောက်ခြမ်း၊ ကရင်၊ မွန် ဒေသတွေမှာ မိုးများဦးမယ့် သဘောပဲ။


မြန်မာနိုင်ငံမှာက မိုးများရင် ချက်ခြင်း ရေကြီးတတ်တဲ့ အစဉ်အလာရှိတယ်။ မြို့တွေမှာ ရေနှုတ်မြောင်း စနစ် အားမကောင်းတော့ဘူး။ ပြင်သင့်တယ်လို့ အကြိမ်ကြိမ် မြင်နေရပေမယ့် အဲဒီစိတ်က မိုးရာသီလောက်ပဲ ခံတယ်။ လူတွေရဲ့ လမ်းဘေး အမှိုင်ပစ်တတ်တဲ့ အကျင့်ဆိုးကြောင့်လည်း ခက်တယ်။


အယ်လ်နီညို လာရင် ဘာဖြစ်မလဲ မေးကြတယ်။ ၂ ချက်ပဲ။ အလယ်ပိုင်းဒေသတွေ ပိုပူမယ်။ တောင်ပေါ်ဒေသတွေ မိုးများပြီး တောင်ပြိုလာနိုင်ခြေ ရှိတယ်ပေါ့။ ပူတာရဲ့ နောက်ဆက်တွဲ ပြဿနာက လျှပ်စစ်ပြဿနာရှိတယ်။ ဆီ လိုအပ်ချက်မြင့်မယ်။ မီးဘေး ကြောက်ရမယ်။ အသက်ကြီးတဲ့သူတွေ အမောမခံနိုင်ဘဲ အသက်ပျောက်နိုင်တယ်ပေါ့။ မြေပြိုရင်လည်း ထူးမခြားနားပါပဲ။ နီပေါမှာ ဖြစ်သွားတာကမှ မကြာသေးဘဲ။


ဒီတော့ တကိုယ်ရည်စာ မိသားစု အတွက်တော့ အပူဒေသ ရှောင်ရမယ်။ တောင်ပေါ်ဒေသတွေမှာ မိုးကြီး ရေလျှံဖြစ်ရင် လမ်း၊တံတားတွေ ကျိုးနိုင်တယ်။ တံတားကျိုးရသ် ကုန်စည်ပြတ်လပ်မယ်။ ကုန်ဈေးနှုန်းကြီးမယ်။ လောဘကြီးဖို့ မဟုတ်ပေမယ့် ရှင်သန်ရေး အတွက်တော့ ပြင်ဆင်ထားစရာ ရှိတာ ပြင်ထားကြစေချင်တယ်။



(နရီမိုး)
မကြာခင် ပြီးတော့မယ့် နေပြည်တော် သုခသိဒ္ဓိ ဝန်ထမ်းအိမ်ရာ

နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်ထဲမှာ ဆောက်နေတဲ့ ဝန်ထမ်းအိမ်ရာ စီမံကိန်းကြီးကတော့ အခုဆို ပြီးခါနီးလောက်အထိ ရောက်နေပါပြီ။ မကြာခင်မှာပဲ ဝန်ထမ်းတွေကို အပြီးသတ် လွှဲပြောင်းအပ်နှံပေးတော့မယ်လို့ သိရပါတယ်။

ဒီအိမ်ရာမှာ ဝန်ထမ်းတွေ စိတ်အေးချမ်းသာနဲ့ သက်သောင့်သက်သာ နေနိုင်အောင် လျှပ်စစ်မီး၊ သောက်သုံးရေနဲ့ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေအောင် ပါ တစ်ပါတည်း စနစ်တကျ ပြင်ဆင်ပေးထားပါတယ်။

လောလောဆယ်မှာတော့ အဆောက်အအုံတွေရဲ့ အချောသတ်လုပ်ငန်းတွေကို အမြန်ဆုံး ပြီးအောင် ဆောင်ရွက်နေကြတာဖြစ်လို့ မကြာခင်မှာ ဝန်ထမ်းတွေအတွက် နေရေးထိုင်ရေး အများကြီး အဆင်ပြေသွားတော့မှာပါ။
❤1
အလှူခံလို့မရတော့ တောင်းစားတယ်။
တောင်းစားလို့မရပြန်တော့ ဓါးပြတိုက်ပြီလေ။
စိုင်းစိုင်းရဲ့ပွဲကို နီပိတ်တွေနဲ့ အကြမ်းဖက်အားပေးမီဒီညာတွေက BC ဆိုပြီး ဝိုင်းပြီးအာနေကြတာ..

သူတို့ရဲ့ BC အောင်မြင်တယ်လို့ပြောရမယ်

😂😂😂
ဟို ငကြောင် ထွန်းမြတ်နိုင် ပြောခဲ့တယ်လေ အင်္ဂါ ဂြိုလ်က လာရင်တောင် ငြိမ်းချမ်းရေး မဆွေးနွေးဘူး။

ခုလဲ အင်္ဂါ ဂြိုလ်ကိုပဲ တက်ပြောကြပေါ့ကွာ။
Media is too big
VIEW IN TELEGRAM
❗️Update News❗️

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၀၁/၂၀၂၆) ထုတ်ပြန် (မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီ ထုတ်ပြန်ချက်)(မုန်တိုင်း၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံမုတ္တမကွေ့အနီးမှ ဖြတ်ကျော်နိုင်ပါသဖြင့် အနီရောင်အဆင့်ဟု သတ်မှတ်သည်)
မုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၀၁/၂၀၂၆)
=====================================
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် ၁၃:၀၀ နာရီအချိန် ထုတ်ပြန်ချက်
(က) မုန်တိုင်းငယ်အခြေအနေ
(၁) ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြန်မာနိုင်ငံ၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအား နည်းရပ်ဝန်း (Well Marked Low Pressure Area) သည် မြောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်(Depression) အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ မော်လမြိုင်မြို့ (Mawlamyine) ၏ တောင်ဘက် ရေမိုင် ၅၀ မိုင်ခန့်၊ သုံးခွမြို့ (Thongwa) ၏ အရှေ့တောင်ဘက် ရေမိုင် ၉၅ မိုင်ခန့်၊ ပဲခူးမြို့ (Bago)၏ တောင်- အရှေ့တောင်ဘက် ရေမိုင် ၁၂၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
(၂) မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ၊ မုတ္တမကွေ့အနီးမှ ဖြတ်ကျော် နိုင်ပါသဖြင့် အနီရောင်အဆင့်ဟု သတ်မှတ်ပါသည်။
( ခ ) မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ မုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန်တွင် မြောက်လတ္တီကျု ၁၅.၆ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၉၇.၆ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၁၀၀၂ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်နှုန်းခန့် ဖြစ်ပါသည်။
( ဂ ) နောက် ၄၈ နာရီအတွင်းခန့်မှန်းချက်
အဆိုပါ မုန်တိုင်းငယ်သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၁၂ နာရီအတွင်း အားကောင်းသောမုန်တိုင်းငယ် (Deep Depression) အဖြစ် ပိုမို အားကောင်းလာကာ ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နှင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ တို့အကြားမှ ဖြတ်ကျော်နိုင်ပါသည်။ ထိုမှတစ်ဆင့် နောက် ၃၆ နာရီအတွင်း မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ကို ဆက်လက်ဖြတ်‌ကျော်နိုင်သည်ဟု ခန့်မှန်း ရပါသည်။
သတိပေးနှိုးဆော်ချက်
=================
အဆိုပါ မုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့မွန်းလွဲမှ ၃၀-၉-၂၀၂၆ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၀ ပေမှ ၁၂ ပေခန့်ရှိနိုင်ပါသည်။ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ၈ ပေ မှ ၁၀ ပေခန့်ရှိနိုင်ပါသည်။
အကြံပြုချက်
သို့ဖြစ်ပါ၍ မုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် မြစ်ဝကျွန်း ပေါ်ဒေသနှင့် မုတ္တမကွေ့၊ ကမ်းရိုးတန်းဒေသများတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် မိုးသည်း ထန်စွာရွာသွန်းခြင်း၊ မိုးသက်လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြု နိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန် အသိပေးနှိုးဆော်ထားပါကြောင်း အစီရင်ခံတင်ပြအပ်ပါသည်။

Ref: မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
👍1