1.53K subscribers
40.9K photos
3.01K videos
84 files
2.07K links
For your information
Download Telegram
သတင်းသမားမစစ်သော Charlie Campbell သို့မဟုတ် နှောင်ကြိုးပါ နိုင်ငံရေးသမား (အပိုင်း ၄)

Charlie Campbell ဆိုတာ ဘယ်သူလဲ

၂၃-၉-၂၆ရက်နေ့မှာ ဖော်ပြခဲ့တဲ့ TIME ရဲ့ page မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးကို ဖတ်ရင် သူဟာ ဘယ်သူဆိုတာ သိသာနိုင်တယ် ။ သူ့ရဲ့ Political bias နဲ့ Agenda perception ကိုလည်း တွေ့ပါလိမ့်မယ် ။ သူ့ရဲ့ Hidden opinion တွေ Hidden agenda တွေက ထင်ရှားနေပါတယ် ။
-
မီဒီယာတစ်ခုရဲ့ အရင်းအနှီးဟာ ရုံးအဆောက်အအုံ၊ ကင်မရာ၊ website၊ follower အရေအတွက်တွေ မဟုတ်ပါဘူး။ Credibility — ယုံကြည်စိတ်ချရမှု ဖြစ်ပါတယ်။
-
တစ်ခါဆုံးရှုံးသွားရင် ပြန်တည်ဆောက်ဖို့ အချိန်အလွန်ကြာပါတယ် ။ Tailwind ဖြစ်စဉ်ဟာ “သတင်းသမားတွေ မမှားရဘူး” ဆိုတဲ့ သင်ခန်းစာထက် ပိုနက်ရှိုင်းပါတယ်။
-
သတင်းသမားလည်း လူသားဖြစ်တဲ့အတွက် အမှားဖြစ်နိုင်ပါတယ်။ အရေးကြီးတာက— အမှားမဖြစ်အောင် စနစ်တကျ စစ်ဆေးခြင်း၊ မိမိယူဆချက်ကို မိမိကိုယ်တိုင် ပြန်လည်စိန်ခေါ်ခြင်း၊ ဆန့်ကျင်တဲ့ အချက်အလက်ကို နားထောင်ခြင်း၊ အထောက်အထားမလုံလောက်ရင် မရေးခြင်း၊ မှားသွားရင် ပွင့်ပွင့်လင်းလင်း ဝန်ခံပြီး ပြင်ဆင်ခြင်းတို့ ဖြစ်ပါတယ်။
-
Tailwind ဖြစ်စဉ်က ကျွန်တော်တို့ကို သတိပေးနေတဲ့ အချက်က ရိုးရှင်းပါတယ်—
“သတင်းတစ်ပုဒ်ရဲ့ တန်ဖိုးဟာ ဘယ်လောက် Exclusive ဖြစ်သလဲဆိုတာနဲ့ မတိုင်းတာဘဲ ဘယ်လောက်မှန်ကန်ပြီး ယုံကြည်စိတ်ချရသလဲဆိုတာနဲ့ တိုင်းတာရမယ်။”
-
သတင်းသမားတစ်ဦးအတွက် အမှန်တရားကို ရှာဖွေခြင်းဟာ အလုပ်တာဝန်ဖြစ်ပြီး၊ အမှန်တရားကို မိမိလိုချင်သလို ဖန်တီးခြင်းကတော့ အဲဒီတာဝန်ကို ကျော်လွန်ခြင်း ဖြစ်ပါတယ်ဆိုတာကို သိထားဖို့ပါပဲ ။

ဆရာကြီး လူထုစိန်ဝင်း ပြောတဲ့စကား

ဆရာကြီး လူထုစိန်ဝင်းဟာ သတင်းစာပညာနဲ့ သတင်းသမားတွေ အလွန်ချစ်တာ တွေ့ရတယ် ။ သတင်းသမားတွေနဲ့ ပတ်သက်လာရင် အပြည့်အဝ ကာကွယ်ရပ်တည်ပေးတယ် ။ သူ့ရဲ့သတင်းစာပညာသဘောတရားတွေကို ယနေ့အထိ ကျွန်တော်တို့ ဖတ်မှတ်နေရတုန်း။ သင်ယူနေရတုန်းပါပဲ ။
-
သူက ဖြောင့်မတ်တည်ကြည်ပြီး သတင်းသမားစစ်စစ်တွေကို “နှောင်ကြိုးမဲ့ နိုင်ငံရေးသမား”လို့ တင်စားပြောဆိုခဲ့တာ ဖတ်ခဲ့ဖူးပါတယ် ။
-
အခုတွေ့မြင်လိုက်ရတဲ့ TIME မဂ္ဂဇင်းက Charlie Campbell ကတော့ ဆရာကြီး လူထုစိန်ဝင်း ပြောပြတဲ့ သတင်းစာဆရာအမျိုးအစားထဲမပါဘဲ နိုင်ငံရေးဗိုင်းရပ်စ်တွေကပ်ပြီး ကျင့်ဝတ်မဲ့ရေးချင်ရာရေး ပြောချင်ရာကို ပြောနေလေတော့ အခုချိန်များ ဆရာကြီး လူထုစိန်ဝင်းသာ ရှိနေသေးရင် သတင်းသမားမစစ်တဲ့ “နှောင်ကြိုးပါ နိုင်ငံရေးသမား “ ၊ “သတင်းသမားအရေခြုံ အပေါစားနိုင်ငံရေးသမား”လို့ ကမ္ဗည်းတပ်ပေးလိမ့်မလားလို့ တွေးမိနေပါတယ် …။

TheEnd
KT Sep 27
(အပိုင်း ၃)
အမြန်လမ်း၌ ကားမောင်းရင်း TikTok ရိုက်သည့် Express ယာဉ်မောင်းကို အရေးယူရန် ရဲတပ်ဖွဲထံ တိုင်ကြား၊ ယာဉ်လိုင်းကိုလည်း ပြင်းထန်စွာသတိပေး

ရန်ကုန်၊ စက်တင်ဘာ ၂၇
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၌ ခရီးသည်တင် Express ယာဉ်ကို မောင်းနှင်နေစဉ် TikTok ဗီဒီယိုရိုက်ကူးခြင်းနှင့် Live လွှင့်ခြင်းများ ပြုလုပ်ခဲ့သည့် ယာဉ်မောင်းအား ဥပဒေအရ အရေးယူနိုင်ရေးအတွက် အမြန်လမ်းရဲတပ်ဖွဲထံ တိုင်ကြားထားကြောင်း အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲထံမှ သိရသည်။

ရန်ကုန်-မော်လမြိုင် ခရီးစဉ်ပြေးဆွဲသည့် “ရွှေလင်းယုန်” အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းမှ ယာဉ်အမှတ် 2G-5403 YUTONG ယာဉ်ကို မောင်းနှင်သူသည် အမြန်လမ်းပေါ်၌ ယာဉ်မောင်းနှင်နေစဉ် TikTok အသုံးပြုကာ တေးသရုပ်ဖော်ဗီဒီယိုများ ရိုက်ကူးခြင်း၊ Live လွှင့်ခြင်းနှင့် ပိုစ်တင်ခြင်းများကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံတက္ကသိုလ်၊ ဆေးတက္ကသိုလ် (၁) နှင့် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်မှ ကောက်နုတ်ချက်
ထိလွယ်ရှလွယ်မို့

လက်ရှိ အစိုးရသစ်ကြီး လက်ထတ်မှာ NSPNC အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် တွေနဲ့ တွေ့တာ အဖွဲ့ ၁၃ ဖွဲ့လောက်ရှိမယ်ထင်တယ်။ အစိုးရသစ် ကာလ က ၆ လပဲရှိသေးတာမို့ အရှိန်ပြင်းတယ်လို့ ပြောရမယ်။
=================
တွေ့တဲ့ အဖွဲ့တွေထဲ NCA လက်မှတ်ထိုးပြီးသား အဖွဲ့တွေ နဲ့ လက်မှတ်မထိုးရသေးတဲ့အဖွဲ့ဆိုပြီး ၂ ပိုင်းကွဲတယ်။ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့ကို ထပ်ခွဲခြမ်းစိတ်ဖြာကြည့်ရင် အပစ်ရပ်ပြီး NCA ဆီရောက်မလာသေးတဲ့အဖွဲ့နဲ့ လုံးဝအပစ်မရပ်ရသေးတဲ့အဖွဲ့ဆိုပြီး ထပ်တွေ့တယ်။
==================
အတိုချုပ်ပြောရရင် အဲ့လို အဖွဲ့တွေထဲက UWSA, NDAA, TNLA, MNDAA အဖွဲ့တွေ လာတဲ့အချိန် သတင်းထုတ်ပြန်တာမှာ ပွဲအတော်ဆူတယ်ပေါ့။ သူတို့ထဲမှာ UWSA နဲ့ NDAA သည် အပစ်ရပ်ထားတာ အတော်ကြာပြီဖြစ်ပြီး MNDAA နဲ့ TNLA သည် မကြာသေးမှီက ဖြစ်ခဲ့တဲ့ ၁၀၂၇ မှာပါဝင်ပတ်သတ်ခဲ့တဲ့ အဖွဲ့တွေ။
===================
Media ပေါ်မှာ သတင်းထုတ်ပြန်ချက်တွေတက်လာရင် ဝင်ရေးတဲ့ Comment တွေက ကောင်းတဲ့ဘက်က ရှုမြင်တဲ့ Comment တွေလဲ တွေ့ရသလို ကိုယ့်ဘက်ကိုနာပြီး မခံချိမခံသာ Comment တွေလဲ တွေ့ရတယ်။
====================
စစ်တိုက်တယ်ဆိုတာ နှစ်ဖက် ထိခိုက်ကျဆုံးပျက်ဆီး တွေတာရှိတာမို့ ရုတ်တရက်ချည်း အပစ်ရပ်ပြီး ဆွေးနွေးပွဲ စကားဝိုင်းပေါ်ရောက်ကြတဲ့အချိန်မှာ ဒီလိုဖြစ်တာ ဆန်းတော့ မဆန်းဘူးရယ်။ နိုင်ငံတကာမှာလဲ ဖြစ်တယ်။
=====================
ကိုယ့်ဘက်ကို နိုင်စေချင်ကြတယ်။ ဆွေးနွေးပွဲမှာလဲ အပေါ်စီးကနေ.ဆွေးနွေးချင်ကြတယ်။ ဒါတွေက လူ့သဘော လူ့သဘာတွေပဲလေ။
======================
သို့သော် သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းဖို့ စားပွဲဝိုင်းပေါ်ရောက်လာကြတဲ့ ကာယကံရှင် တွေအနေနဲ့တော့ ဒီလောက်မလွယ်ကြဘူး။ နှစ်ဖက် အနေနဲ့ ဆင်ခြင်ရမှာတွေရှိတယ်။
======================
ဒီကြားထဲ ဖြစ်ချင်တာတွေ မဖြစ်ချင်တာတွေ ဆွေးနွေးပွဲတွေမှာ ဆွေးနွေးခဲ့တာလိုလို ဘာလိုလိုနဲ့ နှစ်ဖက်အားပေးသူတွေက Social Media မှာ ထင်မြင်ချက်တွေဝင်ပေးကြခြင်းကို စာရေးသူတို့ နိုင်ငံမှာ ခုတစ်လော အမြင်များလာတယ်။
=======================
အရင် Social Media မပေါ်ခင်ကတော့ RFA တို့ BBC တို့ VOA တို့အပြင် လက်ဖက်ရည်ဆိုင်စကားဝိုင်းမှာပဲ ထင်မြင်ချက်ပြောကြတာမို့ ပျံ့နှံ့မှု နှုန်းက သိပ်မမြန်ဘူး။ အဲ ဒီဘက်ခေတ်မှာ Facebook, Telegran, TikTok ပေါ်လာတော့ ပျံ့နှုန်းတွေက ထိန်းမရတော့ဘူး။
=========================
Social Influencer တွေပဲဖြစ်ဖြစ် ဟိုမရောက်ဒီမရောက် Fake Account ပဲဖြစ်ဖြစ် Comment ကို ဟိုဘက်ဒီဘက် ဖြစ်ချင်တာတွေဝင်ပေးတော့ ငြိမ်းချမ်းရေးခရီးက အလှမ်းမနီးဖြစ်တာပေါ့။
=====================
စေ့စပ်ညှိနှိုင်းတယ်ဆိုတာ နှစ်ဖက် ညှိနှိုင်းတဲ့အဖွဲ့တွေမှာလဲ တာဝန်ရှိသလို ညှိနှိုင်းမှုကို လက်သင့်ခံဖို့အတွက် မိဘပြည်သူ ဆီမှာ အဆုံးအဖြတ်ခံရတယ်။ ဘာလို့လဲဆိုတော့ "ခြေဥ ပြင်ဆင်ရင် ပြည်သူ လိုတာကိုး"
=====================
အဆုံးအဖြတ်ပေးရမဲ့ မိဘပြည်သူ အတွက် ဆင်ခြင်ဖို့ဆိုတာ "အနှောင့်အယှက်ကင်းကင်း ဘက်မလိုက်ခြင်း အယူအဆ" ဖြစ်ဖို့လိုတယ်။ ခပ်ရှင်းရှင်းပြောရရင်တော့ "အလယ်ကရပ်တည်" ရမှာပေါ့။
======================
ဒါကြောင့် မိဘပြည်သူတွေနားထဲ MNDAA ၊ TNLA တို့နဲ့ NSPNC ဆွေးနွေးနေတဲ့အချက်တွေရောက်ဖို့ နိုင်ငံပိုင်မီဒီယာတွေကနေတဆင့်ပို့ဆောင်နေတယ်။
=======================
တချို့ကပြောကြတယ်။ မီဒီယာ တွေပါပါတယ်။ သူတို့ ဘာသာ သူတို့ဆွေးနွေးချင်တာဆွေးနွေးပြီး ချန်လှပ်ထားမှာပေါ့ဆိုတာမျိုး။ တချို့အရာတွေမှာ အလွတ်တန်းဆွေးနွေးပေမဲ့ တကယ့် အရာခပ်ကြီးကြီးတွေမှာ တရားဝင် သတင်းထုတ်ပြန်တဲ့အတိုင်းဆွေးနွေးပါတယ်။
======================
နိုင်ငံတော်အစိုးရ ၊ NSPNC နဲ့ တပ်မတော်ဘက်က ကြည့်မယ်။ လက်ကမြင်းတဲ့ Acc တွေက ရေးသလို "ဟိုနေရာပေးရမယ်။ ဒီနေရာမှာ ဂိတ်​ပေးထိုင်မယ်။ ဟိုလူမျိုးလိုမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရမယ်" ဆိုတာမျိုး လက်တန်းပေးချင်တိုင်းပေးမယ်ထင်လား။ နိုး... မဖြစ်နိုင်ဘူး။ အစိုးရ ၊ NSPNC နဲ့ တပ်မတော် သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကျော်လွန်လို့မရဘူး။ ကျော်လွန်ရင် ပြသနာရှိတယ်။ အဲ့တော့.... ဘယ်သောအခါမှပေးမှာမဟုတ်ဘူး။ တောင်းဆိုလာရင်လဲ ခြေဥအတိုင်း လုပ်ပါလို့ပဲ ပြောကြမှာ။
======================
လက်နက်ကိုင်တွေဘက်က စဥ်းစားကြည့်မယ်။ "သူ့လူတွေအသေခံတိုက်ထားတဲ့နေရာတွေကို ခုချက်ချင်း GetOut လို့ရမလား"။ ဒါ ရိုးရိုးလေးပဲ စဥ်းစားလေ။ အဲ့တော့ သူတို့မှာလဲ သူတို့တောင်းဆိုမှုနဲ့ သူတို့ရှိမှာပေါ့။
========================
ဒါပေသိ .... ဆွေးနွေးပွဲ ခေတ္တ တန်းဖြုတ်ချိန်၊ လက်ဖက်ရည် ချိန်တွေမှာတော့ ဟိုဘက် ဒီဘက် အလွတ်သဘောမျိုး ပြောကြတာရှိတယ်။ ဒါမဲ့ အဲ့ ပြောတာတွေသည် တစ်ခုမှ ဘောင်မဝင်ဘူး။ အလွတ် ဆိုတဲ့အတိုင်း အလွတ် ပဲ။
=======================
အဲ့တော့ နှစ်ဖက်လုံးအနေနဲ့ ကန့်သတ်ချက်တွေကြား ဘောင်ထဲရောက်အောင် ဆွေးနွေးရတာမို့ မလွယ်ပါဘူး။ အဆိုးဆုံးက "ထိလွယ်ရှလွယ်" ရှိပါတယ်။
========================
စစ်တိုက်တယ်ဆိုတာလွယ်တယ်။ ဟိုဘက် ဒီဘက် သေကျေပျက်ဆီးတဲ့ အရင်းအနှီးက ကြီးတယ်။ အဲ့ဒါတွေမဖြစ်ဖို
စစ်တိုက်တယ်ဆိုတာလွယ်တယ်။ ဟိုဘက် ဒီဘက် သေကျေပျက်ဆီးတဲ့ အရင်းအနှီးက ကြီးတယ်။ အဲ့ဒါတွေမဖြစ်ဖို အပစ်ရပ်ပြီး ဆွေးနွေးပွဲ မှာ ညှိနှိင်းဖိုဆိုတာ မလွယ်ဘူး။ ရမ်းသမ်းမပြောကြပါနဲ့။ ပြသနာတွေရှိနိုင်တယ်။

မင်းထက်ကျော်ဇော
စက်တင်ဘာ ၂၅ ရက်က မိုင်းပျဉ်းကနေ ကာလိမြို့ကို ပစ္စတို ၂ လက် တရားမဝင် ပို့ဆောင်တဲ့ ပန်းရံလုပ်သား အမျိုးသား ၂ ဦးကို ကွန်ဟိန်းမြို့နယ်၊ တာကော်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိ

မှိုင်းဝေ
Media is too big
VIEW IN TELEGRAM
ရဲဘော်ရဲဘက်တွေရဲ့ သံယောဇဉ်ကိုမထောက် သစ္စာဖောက်တို့၏ သွားရာလမ်း
အကြမ်းဖက် တော်လှန်ရေးကျဆုံးသွားတာဟာ NUG အဖွဲ့ကြောင့်ပဲ... NUG ဟာ စစ်ကိုင်း LPDF တွေကို သူတို့ရဲ့ COC အောက်ဝင်ရမယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ တော်လှန်ရေးကို ဖျက်ဆီးပြစ်လိုက်တာပဲ... အခုဆိုရင် စစ်ကိုင်း local PDF တေွဟာ အုံလိုက်ကျင်းလိုက်ကို တပ်မတော်ထံ အလင်းဝင်နေကြပြီ...
ထားဝယ်မှာ မိုးရေချိန် ၁၁ လက်မ တဲ့။ ဒါက နှစ်ပေါင်း ၅၀ အတွင်း စံချိန် ထပ်ချိုးတာပဲ။ သူ့အရင်က ၉ လက်မ ပဲ ရှိတယ်။


၁၁ လက်မ မိုးရေချိန်ဆိုတော့ ဘယ်လောက်တောင် အဆက်မပြတ် ရွာခဲ့လေ မလဲ။ စိမ့်ဝင်စရာ၊ စီးဝင်စရာ ချောင်း ရှိရင်တော့ ခံသာ သေးတာပေါ့။ တောင်ကြီးက တောင်ပေါ်မြို့ ဖြစ်ပါရက် ဘာလို့ ရေကြီးတာလဲ ဆိုတာရဲ့ နောက်ကွယ်မှာ ဒီလို အဖြေတွေရှိနေတယ်။

ဒီလောက် မိုးရွာရင် ပြဿနာတွေ အများကြီး။ ရေနှုတ်မြောင်း မကောင်းရင် ရေလျှံမယ်။ တောင်ကျရေ များရင် တောင်ပြိုမယ်။ လမ်းပိတ်မယ်။ ကူညီကယ်ဆယ်ရေးတွေ အချိန်မီ လာနိုင်ဖို့ ခက်မယ်။ သောက်ရေစနစ် ပျက်စီးမယ်။ ဝမ်းရောဂါတွေ ကူးစက်မယ်။ စိုက်ပျိုးမြေ တွေ ဆုံးရှုံးမယ်။ အိမ်တွေပြိုမယ်။ လူ့အသက်တွေ အန္တရာယ်ရှိမယ်ပေါ့။ ဖြစ်ခြင်း၊ မဖြစ်ခြင်းက နောက်ထား။ ဖြစ်လာနိုင်တာကိုတော့ ကြိုပြင်ထားရတော့မယ်။



(နရီမိုး)
Breaking News


Time Magazine သတင်းထောက် ချာလီနဲ့ ဓာတ်ပုံဆရာ တို့အား နိုင်ငံတော်အသရေဖျက်မှုဖြင့် မြန်မာနိုင်ငံမှ Black lists ကြေညာ
-
မီဒီယာသမားဆိုတာ ဘယ်ကောင်မှ မယုံရ။ မြန်မာပြည်ရောက်လာရင် မှတ်လောက်အောင် အရေးယူပစ်လိုက်ပါ။
ဒီတစ်ခါ ဘယ်သူ့အပြစ်လဲ


ဒီလိုအခွင့်အရေးကို ပထမတစ်ကြိမ်ပေးခဲ့ပြီးသားပါ။ နောက်ဆက်တွဲ ဘာတွေဖြစ်လာခဲ့သလဲ အားလုံးအသိ။ ဥပမာတစ်ခု သွားသတိရမိတယ်။ ပိုက်ဆံချေးပါဆိုလို့ ယုံကြည်ပြီး ချေးလိုက်တယ်။ အချိန်တန်တော့ ပြန်မဆပ်ဘူး။ ထပ်ခါထပ်ခါတောင်းပါသော်လည်း မဆပ်ခဲ့ဘူး။ ရှိစေတော့ဆိုပြီး နားလည်ပေးခဲ့တယ်။ နောက်တော့ အခက်အခဲထပ်ဖြစ်လို့ ထပ်ချေးတယ်ဆိုပါစုံ။ ဒီတစ်ခါ ပြန်မရခဲ့ရင် လာချေးတဲ့သူအပြစ်မဟုတ်တော့ဘူး။ ပိုက်ဆံထပ်ချေးတဲ့သူအပြစ်ဖြစ်သွားပြီ။ ယုံကြည်မှုဆိုတာ ထိုက်တန်တဲ့သူတွေမှ ရကြတာပါ။ ကလေကချေတွေနဲ့ ယုံကြည်မှုက မထိုက်တန်းဘူး။


သိင်္ခ