1.53K subscribers
40.9K photos
3.01K videos
84 files
2.07K links
For your information
Download Telegram
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး ရေတပ်လေ့ကျင့်ရေးဌာနချုပ်၌ ကံ့ကော်ပင် အမှတ်တရစိုက်ပျိုး

ရန်ကုန်၊ စက်တင်ဘာ ၂၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် စက်တင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ သန်လျင်တပ်နယ်နှင့် ဒလတပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား သန်လျင်တပ်နယ်ခန်းမ၌ တွေ့ဆုံ၍ အမှာစကားပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး ဒေါ်နီလာတို့သည် ရေတပ်လေ့ကျင့်ရေးဌာနချုပ်သို့ သွားရောက်၍ ကံ့ကော်ပင်ကို အမှတ်တရ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံတက္ကသိုလ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံတက္ကသိုလ်သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
 
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် နိုင်ငံတော်သမ္မတက တက္ကသိုလ်၏ ရေရှည်ဖွံဖြိုးတိုးတက်ရေး တက္ကသိုလ်အင်္ဂါရပ် နှင့်အညီ အခြေခံအဆောက်အအုံများ ပြုပြင်အဆင့်မြှင့်တင်ရေး၊ ကျောင်းသား၊ ကျောင်းသူများ၏ သွားလာနေထိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုကောင်းမွန်စေရေးတို့အတွက် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးတက္ကသိုလ်(၁)သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးတက္ကသိုလ်(၁)သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
 
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက ဆေးတက္ကသိုလ်(၁)ဝန်းအတွင်း Assembly Hall တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှု၊ အဆောက်အအုံ၏ မူလဗိသုကာပုံစံနှင့် သွင်ပြင်လက္ခဏာများကို ထိန်းသိမ်းထားရှိမည့် အခြေအနေ၊ ခေတ်မီစနစ်များ ထည့်သွင်းတည်ဆောက်မည့် အစီအစဉ်နှင့် လုပ်ငန်းပြီးစီးရေး ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြပြီး နိုင်ငံတော်သမ္မတက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
❤1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ)သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
 
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် နိုင်ငံတော်သမ္မတက နိုင်ငံတော်အတွက် လိုအပ်သည့် အရည်အသွေးမြင့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး၊ ထူးချွန်ကျောင်းသားများကို စနစ်တကျ ရွေးချယ်လေ့ကျင့်ပျိုးထောင်ရေး၊ တက္ကသိုလ်များ၏ အဆင့်အတန်းနှင့် ဥပဓိရုပ် ကောင်းမွန်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။
ကျောက်မဲဒေသအတွင်း ပစ်ခတ်မှုဖြစ်ပွား

ကျောက်မဲမြို့နယ်အတွင်းမှာ SSPP တပ်က TNLA ရဲ့ ရွာစောင့်တပ်သား ၂ ဦးကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
-
ဖြစ်စဉ်မှာ စက်တင်ဘာ ၂၆ ရက် ညပိုင်းက ကျောက်မဲမြို့နယ် မင်းကုန်းရွာထဲမှာ SSPP တပ်ဖွဲ့က TNLA ရွာစောင့်တပ်သားတွေဖြစ်တဲ့ မိုင်းအောင်မိုးနဲ့ မိုင်းအောင်ဉာဏ် (ခ) ဘဉာဏ် တို့ကို ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။
-
အလားတူ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇွန်လတုန်းကလည်း ကျောက်မဲမြို့နယ် ဟူးဆွန်တောင်မှာ နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ TNLA တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ဖူးပါတယ်။

တိုက်ပွဲသတင်းစုံ
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဒဂုံတက္ကသိုလ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး၊ တက္ကသိုလ် အင်္ဂါရပ်နှင့်အညီ အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ရေး လမ်းညွှန်မှာကြား

ရန်ကုန်၊ စက်တင်ဘာ ၂၇

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၂၇ ရက်တွင် ဒဂုံတက္ကသိုလ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တက္ကသိုလ်၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး တက္ကသိုလ် အင်္ဂါရပ် နှင့်အညီ အခြေခံအဆောက်အအုံများ ပြုပြင်အဆင့်မြှင့်တင်ရေး၊ ကျောင်းသား၊ ကျောင်းသူများ၏ သွားလာနေထိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုကောင်းမွန်စေရေးတို့အတွက် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

နိုင်ငံတော်သမ္မတသည် ဒဂုံတက္ကသိုလ်ဘူတာနှင့် ကျောင်းသား၊ ကျောင်းသူများ၏ သွားလာမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒဂုံတက္ကသိုလ် YBS ဂိတ်ကို ဘူတာနှင့် တက္ကသိုလ်သို့ ဝင်ရောက်သည့်လမ်း၏ ဘေးဘက်တွင် စနစ်တကျထားရှိနိုင်ရေးနှင့် ယာဉ်ရပ်နားဝင်း တည်ဆောက်ရန် လျာထားသည့်နေရာတို့ကို ကြည့်ရှုခဲ့စစ်ဆေးခဲ့ပါသည်။

ထို့ပြင် တက္ကသိုလ်အတွင်း ယာဉ်ရပ်နားစနစ်ကို စနစ်တကျဖြစ်စေရေး၊ ယာဉ်ဝင်ထွက်သွားလာမှု အဆင်ပြေချောမွေ့စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဘတ်စ်ကားများ ပြေးဆွဲပေးနေမှုအခြေအနေနှင့် လိုအပ်ချက်များကို စိစစ်၍ လိုအပ်သလို ဖြည့်ဆည်းဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။

တက္ကသိုလ်ဝင်းအတွင်း ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးနှင့် မိုးရာသီတွင် ရေဝပ်ရေလျှံမှုများ မဖြစ်ပေါ်စေရေး စနစ်တကျ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ဒဂုံတက္ကသိုလ် ပါမောက္ခချုပ်က တက္ကသိုလ်၏ လက်ရှိအခြေအနေ၊ ပညာရေးဆိုင်ရာနှင့် အခြေခံအဆောက်အအုံဆိုင်ရာ လိုအပ်ချက်များ၊ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေးဆွဲထားသည့် စီမဲကိန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်သမ္မတက ဒဂုံတက္ကသိုလ် အားကစားကွင်းနှင့် ပွဲကြည့်စင်တို့ကို သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ကိုက်ညီစေရေး ပြုပြင်အဆင့်မြှင့်တင်ဆောင်ရွက်ရန်နှင့် တက္ကသိုလ်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို တက္ကသိုလ် အင်္ဂါရပ်နှင့်အညီ စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားခဲ့ပါသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပညာရေးဝန်ကြီးဌာန လှိုင်တက္ကသိုလ်နယ်မြေ ကြည့်ရှုစစ်ဆေး၊ ထူးချွန်ကျောင်းသားများ မွေးထုတ်ရေးနှင့် တက္ကသိုလ်များ အဆင့်အတန်းမြင့်မားရေး လမ်းညွှန်

ရန်ကုန်၊ စက်တင်ဘာ ၂၇

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် စက်တင်ဘာ ၂၇ ရက်တွင် ပညာရေးဝန်ကြီးဌာန လှိုင်တက္ကသိုလ်နယ်မြေသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး နိုင်ငံတော်အတွက် လိုအပ်သည့် အရည်အသွေးမြင့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး၊ ထူးချွန်ကျောင်းသားများကို စနစ်တကျ ရွေးချယ်လေ့ကျင့်ပျိုးထောင်ရေး၊ တက္ကသိုလ်များ၏ အဆင့်အတန်းနှင့် ဥပဓိရုပ် ကောင်းမွန်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ကြည့်ရှုစစ်ဆေးစဉ် အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူများက လှိုင်တက္ကသိုလ်နယ်မြေရှိ တက္ကသိုလ်များ၏ လက်ရှိအခြေအနေ၊ ကျောင်းသားများ ပညာသင်ကြားနေမှု၊ အခြေခံအဆောက်အအုံနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီအစဉ်များကို Presentation ဖြင့် ရှင်းလင်းတင်ပြခဲ့ကြပါသည်။

နိုင်ငံတော်သမ္မတက အဓိကထားပြောကြားခဲ့သည့် အချက်များမှာ —

• ထူးချွန်ပြီး အရည်အချင်းပြည့်မီသည့် ကျောင်းသားများ မွေးထုတ်နိုင်ရေး အလေးထားစိစစ်ဆောင်ရွက်ရန်။

• ထူးချွန်ကျောင်းသားများကို နိုင်ငံတော်အတွက် လိုအပ်သည့် Human Resources (HR) များအဖြစ် စနစ်တကျ လေ့ကျင့်မွေးထုတ်ပြီး နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နိုင်ရေး အာမခံချက်ရှိသည့် စနစ်တစ်ရပ် ဖော်ဆောင်ရန်။

• ထူးချွန်ထက်မြက်သည့် ကျောင်းသားများ၏ အရည်အသွေးကို ပိုမိုမြှင့်တင်ပေးနိုင်သည့် ပညာရေးပတ်ဝန်းကျင်နှင့် သင်ကြားရေးစနစ်များ ဖော်ဆောင်ရန်။

• ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်တို့၏ ဖွဲ့စည်းပုံနှင့် Campus များကို လိုအပ်ချက်နှင့် လက်တွေ့အခြေအနေအပေါ်မူတည်၍ ပေါင်းစည်းခြင်း၊ သီးခြားခွဲထုတ်ခြင်းတို့ကို စနစ်တကျ လေ့လာသုံးသပ်ဆောင်ရွက်ရန်။

• ရန်ကုန်ပညာရေးတက္ကသိုလ်ရှိ (၆)ထပ်ဆောင် တည်ဆောက်ရေးလုပ်ငန်းများ အမြန်ဆုံးပြီးစီးရေး စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရန်
နှင့်Foundation ခိုင်မာမှု၊ အဆောက်အအုံဆိုင်ရာ ဘေးကင်းလုံခြုံမှုတို့ကို စစ်ဆေးရန်။

• တက္ကသိုလ်များ အဆင့်အတန်းမီရေး၊ ပညာရေးပတ်ဝန်းကျင်ကောင်းမွန်ရေးနှင့် Campus များ၏ ဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ရန်တို့ ဖြစ်ပါသည်။
သတင်းသမားမစစ်သော Charlie Campbell သို့မဟုတ် နှောင်ကြိုးပါ နိုင်ငံရေးသမား (အပိုင်း ၁)

အမေရိကန်အခြေစိုက် Gallup သုတေသနအဖွဲ့က ၂၀၂၅ ဒီဇင်ဘာမှာ ကောက်ခဲ့တဲ့ သတင်းသမားတွေရဲ့ ရိုးသားမှုနဲ့ ကျင့်ဝတ်စံနှုန်းလိုက်နာမှုဆိုင်ရာစစ်တမ်းက စိတ်ဝင်စားစရာ ကောင်းလှတယ်။ သတင်းမီဒီယာတွေက ဖော်ပြတဲ့ သတင်းတွေအပေါ် အမေရိကန်လူထု ၂၈% ကသာ ယုံကြည်မှု ရှိတယ်ဆိုတဲ့ အဖြေထွက်လာတယ်။
-
အဲ့ဒီစစ်တမ်းရဲ့ အဖြေကို ကြည့်ရင် သတင်းသမားတွေရဲ့ ဖြောင့်မတ်တည်ကြည်မှု၊ ရိုးသားမှုနဲ့ ကျင့်ဝတ်လိုက်နာမှုတွေအပေါ် မေးခွန်းထုတ်နေသလို ခံစားရပါတယ်။
-
ဘာကြောင့် ယခုလို ယုံကြည်မှုကျဆင်းရသလဲလို့မေးရင် Political bias နဲ့ Agenda Perception တွေ ရှိနေလို့လို့ ဖြေရမှာပဲ ဖြစ်တယ်။ အချို့သတင်းသမားတွေဟာ အချက် အလက်ကို တင်ပြတာထက် ကိုယ်ပိုင် Agenda တစ်ခုကို တွန်းတင်နေတယ်လို့ ခံစားရလို့ ဖြစ်ပါတယ်။
-
ဒါ့အပြင် Sensationalism နဲ့ Source verification ပျက်ကွက်တာတွေလည်း ရှိနေကြတာ တွေ့ရတယ်။ Sensationalism ဆိုတာ လူတွေရဲ့ အာရုံစိုက်မှုရရှိစေဖို့ ၊ စိတ်လှုပ်ရှားသွားစေဖို့အတွက် သတင်းတွေကို ပုံကြီးချဲ့ကားတာတွေ ၊ လှုံ့ဆော်တဲ့ အသုံးအနှုန်းတွေ သုံးတာတွေဖြစ်တယ် ။ Source Verification ပျက်ကွက်တယ်ဆိုတာကတော့ သတင်းကို မဖြန့်မီ အရင်းအမြစ်က ခိုင်မာမှု ရှိ မရှိ စိစစ်မှု မပြုဘဲ တင်လိုက်ကြတာပဲ ဖြစ်ပါတယ် ။
-
TIME နဲ့ CNN တို့ ဘာတွေ မှားခဲ့ကြသလဲ


1998 ခုနှစ်က TIME နှင့် CNN တို့ ပူးပေါင်းတင်ဆက်ခဲ့တဲ့ Operation Tailwind ဖြစ်စဉ်ဟာ ဒီအချက်ကို သတိပေးနေတဲ့ နိုင်ငံတကာသတင်းမီဒီယာသမိုင်းထဲက ထင်ရှားတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။
-
၁၉၇၀ ဗီယက်နမ်စစ်ပွဲကာလမှာ အမေရိကန် Special Forces တွေဟာ Laos နိုင်ငံအတွင်း လျှို့ဝှက်စစ်ဆင်ရေးတစ်ခုဖြစ်တဲ့ Operation Tailwind ကို ဆောင်ရွက်ခဲ့ပါတယ်။
-
၁၉၉၈ ခုနှစ် ဇွန်လ ၇ ရက်နေ့မှာ CNN ရဲ့ NewsStand: CNN & TIME အစီအစဉ်က Tailwind စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး အလွန်ပြင်းထန်တဲ့ စွပ်စွဲချက်တွေကို ထုတ်လွှင့်ခဲ့ပါတယ်။ TIME ကလည်း CNN သတင်းထောက်တွေ ရေးသားတဲ့ companion article ကို ထုတ်ဝေခဲ့ပါတယ်။
-
သတင်းရဲ့ အဓိကစွပ်စွဲချက်က နှစ်ချက်ပါ။
ပထမ — အမေရိကန်စစ်တပ်က Laos မှာ Sarin nerve gas ကို အသုံးပြုခဲ့တယ်။
ဒုတိယ — အမေရိကန်စစ်တပ်က ရန်သူဘက်ကို ရောက်သွားတဲ့ American defectors တွေကို ရှာဖွေသတ်ဖြတ်ဖို့ စစ်ဆင်ရေးလုပ်ခဲ့တယ်။
ဒီလို စွပ်စွဲချက်ဟာ သာမန်သတင်းတစ်ပုဒ် မဟုတ်ပါဘူး။ အမေရိကန်စစ်တပ်ရဲ့ စစ်ဆင်ရေး၊ chemical weapons အသုံးပြုမှုနဲ့ စစ်ရာဇဝတ်မှုဆိုင်ရာ အဓိပ္ပာယ်တွေ ပါဝင်လာတဲ့အတွက် နိုင်ငံရေးနဲ့ စစ်ရေးအရ အလွန်လေးနက်တဲ့ စွပ်စွဲချက် ဖြစ်ပါတယ်။
-
အဲ့ဒီသတင်းထုတ်လွှင့်ပြီးနောက် ပြင်းထန်တဲ့ ငြင်းဆိုမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

KT Sep 26