1.53K subscribers
40.9K photos
3.01K videos
84 files
2.07K links
For your information
Download Telegram
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ သန်လျင်နှင့် ဒလတပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံ

ရန်ကုန်၊ စက်တင်ဘာ ၂၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် စက်တင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ သန်လျင်တပ်နယ်နှင့် ဒလတပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား သန်လျင်တပ်နယ်ခန်းမ၌ တွေ့ဆုံ၍ အမှာစကားပြောကြားသည်။

တွေ့ဆုံစဉ် တပ်မတော်သည် အခြားဌာနဆိုင်ရာများနှင့် ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်အရ သဘောသဘာဝကွဲပြားကြောင်း၊ တပ်တွင်း၌ မိသားစုများနှင့်အတူ နေထိုင်၍ လုပ်ငန်းတာဝန်များ ထမ်းဆောင်နေကြရသဖြင့် တပ်မှူးနှင့် ဇနီးတို့၏ မိဘသဖွယ် မျှတစွာ အုပ်ချုပ်မှုသည် အရေးကြီးကြောင်း ပြောကြားသည်။

ထို့ပြင် တပ်မှူးနှင့် တာဝန်ရှိသူများအနေဖြင့် တော်တည့်မှန်ကန်စွာ အုပ်ချုပ်ရန်လိုအပ်သကဲ့သို့ ကွပ်ကဲမှုအောက်ရှိ အရာရှိ၊ စစ်သည်များအနေဖြင့်လည်း နောက်လိုက်ကောင်းများအဖြစ် အမိန့်နာခံပြီး စည်းကမ်းကောင်းမွန်စွာ နေထိုင်ကြရန် လိုအပ်ကြောင်း အမှာစကားပြောကြားခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး ရေတပ်လေ့ကျင့်ရေးဌာနချုပ်၌ ကံ့ကော်ပင် အမှတ်တရစိုက်ပျိုး

ရန်ကုန်၊ စက်တင်ဘာ ၂၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် စက်တင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ သန်လျင်တပ်နယ်နှင့် ဒလတပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား သန်လျင်တပ်နယ်ခန်းမ၌ တွေ့ဆုံ၍ အမှာစကားပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး ဒေါ်နီလာတို့သည် ရေတပ်လေ့ကျင့်ရေးဌာနချုပ်သို့ သွားရောက်၍ ကံ့ကော်ပင်ကို အမှတ်တရ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံတက္ကသိုလ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံတက္ကသိုလ်သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
 
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် နိုင်ငံတော်သမ္မတက တက္ကသိုလ်၏ ရေရှည်ဖွံဖြိုးတိုးတက်ရေး တက္ကသိုလ်အင်္ဂါရပ် နှင့်အညီ အခြေခံအဆောက်အအုံများ ပြုပြင်အဆင့်မြှင့်တင်ရေး၊ ကျောင်းသား၊ ကျောင်းသူများ၏ သွားလာနေထိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုကောင်းမွန်စေရေးတို့အတွက် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးတက္ကသိုလ်(၁)သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးတက္ကသိုလ်(၁)သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
 
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက ဆေးတက္ကသိုလ်(၁)ဝန်းအတွင်း Assembly Hall တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှု၊ အဆောက်အအုံ၏ မူလဗိသုကာပုံစံနှင့် သွင်ပြင်လက္ခဏာများကို ထိန်းသိမ်းထားရှိမည့် အခြေအနေ၊ ခေတ်မီစနစ်များ ထည့်သွင်းတည်ဆောက်မည့် အစီအစဉ်နှင့် လုပ်ငန်းပြီးစီးရေး ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြပြီး နိုင်ငံတော်သမ္မတက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
❤1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ)သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
 
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် နိုင်ငံတော်သမ္မတက နိုင်ငံတော်အတွက် လိုအပ်သည့် အရည်အသွေးမြင့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး၊ ထူးချွန်ကျောင်းသားများကို စနစ်တကျ ရွေးချယ်လေ့ကျင့်ပျိုးထောင်ရေး၊ တက္ကသိုလ်များ၏ အဆင့်အတန်းနှင့် ဥပဓိရုပ် ကောင်းမွန်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။