1.53K subscribers
40.9K photos
3.01K videos
84 files
2.07K links
For your information
Download Telegram
နန့်မွန်းမြို့တွင် အင်းတော်ကြီးဒေသလုံးဆိုင်ရာ ပြည်သူ့စစ်သင်တန်းဆင်းပွဲ ပြုလုပ်

စက်တင်ဘာ ၂၃ ရက်က နန့်မွန်းမြို့တွင် အင်းတော်ကြီးဒေသလုံးဆိုင်ရာ ပြည်သူ့စစ်သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပြီး သင်တန်းဆင်းအင်အား ၄၀၀ ကျော်ရှိကာ အမျိုးသမီး ၁၀၀ ကျော် ပါဝင်ခဲ့ကြောင်း သိရသည်။
#SN
လူသုံးကုန် ပစ္စည်း တစ်မျိုးဖြစ်‌တဲ့ အိုင်ဖုန်း စီးရီး နောက်ဆုံး Update ထွက်ချိန်မှာ မြန်မာနိုင်ငံရဲ့ ဈေးကွက်ထဲ အလုအယက် ရောက်လာကြတယ်။

ထိုင်းမှာ အိုင်ဖုန်း နောက်ဆုံးပေါ်ဈေးနှုန်းက မြန်မာငွေ သိန်း ၆၀ ပတ်ဝန်းကျင် ဆိုပေမယ့် မြန်မာနိုင်ငံမှာတော့ အနိမ့်ဆုံး ၈၀ လောက်က ဈေးစခေါ်ကြတယ်။ နိုင်ငံတော်ကလည်း ဒီ Iphone 18 အတွက် တရားဝင် အခွန်ဈေးနှုန်း (၁၃ သိန်း ကျော်) ဆိုပြီး သတ်မှတ်ပေးထားတာ မြင်ရတယ်။

ဒါနဲ့ပတ်သက်ပြီး လူ အများမေးခွန်းထုတ်နေသလို လူသုံးကုန်ပစ္စည်း ဖြစ်တဲ့ Iphone ကြတော့ မြန်မာနိုင်ငံကို နေ့ခြင်း ၊ ညခြင်း ရောက်လာနိုင်ပြီး ကျန်းမာရေး အတွက် အရေးကြီးတဲ့ ဆေးဝါးတွေနဲ့ တခြားသွင်းကုန် လုပ်ငန်းစုတွေကြတော့ လိုင်စင်ရဖို့ ခက်ခဲနေတာ ဘာကြောင့်လဲ။ ဒါလေး အဖြေရှာသင့်တယ်လို့ မြင်မိတယ်။ လက်ရှိ မြန်မာနိုင်ငံက ဖုန်းဆိုင်တော်တော်များများမှာ Iphone နောက်ဆုံးပေါ် ဖုန်းတွေ ရောက်လာကြပြီ။ ရုပ်ရှင်မင်းသား၊ မင်းသမီး အသိုင်းအဝိုင်းမှာလည်း ဝယ်ပြီးပြီဆိုတဲ့ ဓာတ်ပုံတွေ လူမြင်ကွင်းပေါ် ချပြနေခဲ့ကြပြီးပြီ။ အခွန်အပြီးအစီးတွက်ရင် အနိမ့်ဆုံး သိန်း ၁၀၀ လောက်ထွက်မယ့် ပမာဏ၊ အလုံးရေ တသိန်း၊ တစ်သန်း ဆိုရင်...မြန်မာနိုင်ငံရဲ့ နိုင်ငံခြားငွေ ဘယ်လောက် ထွက်သွားမလဲ ။ နိုင်ငံခြားငွေ မထွက်စေချင်လို့ စက်သုံးဆီတောင် ပိတ်ပင်နေရတဲ့ အစိုးရဘက်ကကြည့်ရင်...လူသုံးကုန်ပစ္စည်းသပ်သပ် ဖြစ်တဲ့ ဖုန်းကနေ ဒေါ်လာ သန်းချီ ထွက်မယ့်ကိစ္စက မသေးဘူးလို့ ဆိုရမှာပဲ။

စဉ်းစားကြည့်တာပါ။ မြန်မာနိုင်ငံထဲက တချို့ လုပ်ငန်းတွေက သွင်းကုန်လိုင်စင်မရလို့ ရပ်တည်ဖို့ ခက်ခဲလာကြတယ်။ တကယ်လို့ နည်းပေါင်းစုံနဲ့ တရားမဝင် သွင်းဖို့ကြိုးစားတယ် ဆိုပါစို့။ အဲ့ဒီလမ်းကြောင်းကနေ တရားမဝင် ပေးရတဲ့ငွေက ခေါင်းစဉ်မျိုးစုံနဲ့ ထွက်တော့မယ်။ ဆိုလိုတာက တစ်ကျပ်တန်တဲ့ ကုန်ပစ္စည်းက အဆမတန် ကုန်ကျတော့မယ်။ တရားဝင်တင်သွင်းခွင့်မရတော့ သူလည်း နည်းပေါင်းစုံနဲ့ ကြိုးစားရပြီကိုး။ ဒီလိုကြိုးစားရတဲ့ နောက်ကွယ်မှာ မကုန်ကျသင့်တဲ့ ငွေကြေးတွေက နောက်ဆက်တွဲ ပါလာနိုင်ပြီလို့ တွက်လို့ရပြီပေါ့။

ဒီတော့ အိုင်ဖုန်းလိုမျိုး သိန်း ၁၀၀ သုံးမှ ကိုင်နိုင်မယ့် လူသုံးကုန် ပစ္စည်းတောင် နိုင်ငံတော်က အခွန် ၁၃ သိန်း ပမာဏနဲ့ တိတိကျကျ ကောက်နိုင်သေးရင်....တခြားကုန်ပစ္စည်းတွေကိုရော အခွန်တိတိကျကျ ကောက်ပြီး တင်သွင်းခွင့်ပြုရင် ....လုပ်ငန်းရှင်လည်း မလိုအပ်တဲ့ ပိုက်ဆံ အပို မထွက်တော့ဘူး။ အစိုးရဘက်မှာ အဂတိလည်း ကင်းမယ်။ အခွန်လည်း အစိုးရဆီ တန်းတန်းမတ်မတ် ရောက်မယ်။ တ်စဖက်မှာလည်း တိုင်းပြည်ထဲ လိုအပ်တဲ့ ကုန်ကြမ်း ပစ္စည်း လည်း ဈေးချိုချိုနဲ့ ရောက်လာမယ်။ ဒီလို ကုန်ကြမ်းလည်ပတ်နေမှ ရှိပြီးသား ထုတ်ကုန်ကို Value added ထပ်လုပ်နိုင်အောင် ကြိုးစားကြည့်ရင် အဆင်မပြေနိုင်ဘူးလားပေါ့။

တကယ်တော့ iPhone တွေ ဈေးကွက်ထဲ ဝင်လာတာက ပြဿနာမဟုတ်ပါဘူး။ နိုင်ငံတော်ကို အခွန်ဆောင်တာဖြစ်လို့ ဘာမှလည်း မုဒိတာ မပွားနိုင်စရာမရှိဘူး။ အစိုးရလည်း အခွန်ရသလို သုံးနိုင်တဲ့သူလည်း သုံးခွင့်ရှိတယ်‌ ပေါ့။ ဒါပေမယ့် သိန်း ၁၀၀ လောက်သုံးမှ ရမယ့် တန်ဖိုးမြင့်ဖုန်းကြတော့ ဝင်လာနိုင်တဲ့ channel တစ်ခု ရှိပြီး စက်ရုံကုန်ကြမ်း၊ ဆေးဝါး၊ စက်ယန္တရားလို ထုတ်လုပ်မှုနဲ့ လူမှုဘဝအတွက် အရေးကြီးတဲ့ ကုန်ပစ္စည်းတွေက အဲဒီ channel ထက် ပိုပြီး ခက်ခဲနေတယ်ဆိုရင်‌တော့ အဲဒီ မူဝါဒကိုကို ပြန်စစ်ဖို့ လိုလာပြီလို့ ယူဆနိုင်မလားပေါ့။

စိုးရိမ်မိတာက .....လိုင်စင်ကန့်သတ်လိုက်လို့ နိုင်ငံခြားငွေ သက်သာသွားတယ် ဆိုတာထက်....တစ်ဖက်မှာ “တရားဝင်စီးပွားရေးလမ်းကြောင်း ပိတ်သွားလို့ တရားမဝင်ဈေးကွက်ကြီး ကြီးထွားလာပြီး ကုန်ကျစရိတ်ပိုတက်သွားသလား” ဆိုတဲ့ မေးခွန်းက ရှိလာတယ်လို့ မြင်တယ်။ ဒါက အစိုးရအတွက်လည်း အခွန်ဝင်ငွေဆုံးရှုံးနိုင်သလို လုပ်ငန်းရှင်အတွက်လည်း transaction cost တက်နိုင်တဲ့ ကိစ္စမျိုးပါ။ စားသုံးသူ ဘက်ကကြည့်ရင်လည်း ကုန်ဈေးနှုန်း မြင့်သွားသလို ထုတ်လုပ်သူအတွက်လည်း ကုန်ကြမ်းတန်ဖိုး တက်နိုင်တာမျိုး ဖြစ်နိုင်တယ်ပေါ့။ ဒါက သမ္မတကြီး ပြောတဲ့ ကုန်ဈေးနှုန်းကြီးမြှင့်စေတဲ့အကြောင်းအရာများ ဖြစ်လေမလားပေါ့။


ကြက်ဥ တစ်လုံး ၆၀၀ နဲ့ ကန်စွန်းရွက် တစ်စီး ၁၀၀၀ ကြတော့ လှိမ့်ပိန့်အော်ပြီး လူသုံးကုန် ဇိမ်ခံပစ္စည်းဖြစ်တဲ့ ဖုန်းကြတော့ သိန်း ၁၀၀ လောက် ‌ပေးသုံးရတာတောင် Server Down တဲ့အထိ အမှာများကြတယ်ဆိုတော့ အံ့ဩစရာပဲ။ တကယ်လုပ်ငန်းလည်ပတ်နေတဲ့ လုပ်ငန်းစုတွေကို တရားဝင်လမ်းကြောင်းကနေ အခွန်တိတိကျကျ ကောက်ပြီး လည်ပတ်စေရင်တော့ ပြည်သူလည်းသက်သာ၊ လုပ်ငန်းရှင်လည်း ရပ်တည်ဖို့အဆင်ပြေ၊ အစိုးရလည်း အခွန်ရ၊ တရားမဝင်လမ်းကြောင်းလည်း လျှော့ချနိုင်မလားပဲ။


(နရီမိုး)
Media is too big
VIEW IN TELEGRAM
UN စင်မြင့်ပေါ်မှာ Myanmar Own Solution ကို ထောက်ခံရပ်တည်တဲ့ ထိုင်းဝန်ကြီးချုပ် အနုထင် ရဲ့ ရပ်တည်ချက်ကဘာလဲ?


အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံစလုံးကြားမှာ မျှတတဲ့ ဆက်ဆံရေး တည်ဆောက်ထားတဲ့ ထိုင်းရဲ့ နိုင်ငံတကာဆက်ဆံရေးကြောင့် ဝန်ကြီးချုပ်ရဲ့ မြန်မာအပေါ်ထားတဲ့ ရပ်တည်ချက်က ဘယ်လောက်အကျိုးသက်ရောက်မှု ရှိစေမလဲ?



(နရီမိုး)
မော်လမြိုင်-ရန်ကုန်ရထားပေါ်မှ တရားမဝင်ကုန်စည်များ ကျောက်တန်းဘူတာတွင် ဖမ်းဆီးရမိ

ကျောက်တန်း၊ စက်တင်ဘာ ၂၆

ကျောက်တန်းဘူတာ၌ မော်လမြိုင်မှ ရန်ကုန်သို့ ပြေးဆွဲလာသည့် ရထားအမှတ် (၆၈၈) ကို စစ်ဆေးရာ နောက်ဆုံးတွဲအတွင်းမှ အကောက်ခွန်မဲ့ပစ္စည်းများဖြစ်သည့် အမျိုးအစားစိစစ်ဆဲ ဖာ ၉၅ ဖာ၊ ပီနံအိတ် ၄၅ အိတ်၊ ကတ်ဖာ ၁၀ ဖာနှင့် ပီပါခွံ ၁၀ လုံးတို့ကို စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်အရ ရထားတွဲထိန်း ဦးမောင်မောင်သန့်သည် နေထက်မင်းဆိုသူ၏ ဆက်သွယ်အမှာဖြင့် အဆိုပါပစ္စည်းများကို ကွေ့မဘူတာသို့ ပို့ဆောင်ရန် တင်ဆောင်လာခြင်းဖြစ်ပြီး ပို့ဆောင်ခ ကျပ်သိန်း ၃၀ ရရှိမည်ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးမောင်မောင်သန့်နှင့် သိမ်းဆည်းရမိပစ္စည်းများအား သက်ဆိုင်ရာက ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
South Dagon Mall ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန်၊ စက်တင်ဘာ ၂၆

ရန်ကုန်မြို့၊ မြန်မာ့သားကောင်း အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(လေးထောင့်ကန်)အနီး ဘုရင့်နောင်လမ်းနှင့် အမှတ်(၇)လမ်းထောင့်တွင် တည်ဆောက်ပြီးစီးခဲ့သည့် South Dagon Mall ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်၍ South Dagon Mall ကို ဖွင့်လှစ်ပေးခဲ့ပြီး Mall အတွင်း ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချလျက်ရှိသည့် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ သန်လျင်နှင့် ဒလတပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံ

ရန်ကုန်၊ စက်တင်ဘာ ၂၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် စက်တင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ သန်လျင်တပ်နယ်နှင့် ဒလတပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား သန်လျင်တပ်နယ်ခန်းမ၌ တွေ့ဆုံ၍ အမှာစကားပြောကြားသည်။

တွေ့ဆုံစဉ် တပ်မတော်သည် အခြားဌာနဆိုင်ရာများနှင့် ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်အရ သဘောသဘာဝကွဲပြားကြောင်း၊ တပ်တွင်း၌ မိသားစုများနှင့်အတူ နေထိုင်၍ လုပ်ငန်းတာဝန်များ ထမ်းဆောင်နေကြရသဖြင့် တပ်မှူးနှင့် ဇနီးတို့၏ မိဘသဖွယ် မျှတစွာ အုပ်ချုပ်မှုသည် အရေးကြီးကြောင်း ပြောကြားသည်။

ထို့ပြင် တပ်မှူးနှင့် တာဝန်ရှိသူများအနေဖြင့် တော်တည့်မှန်ကန်စွာ အုပ်ချုပ်ရန်လိုအပ်သကဲ့သို့ ကွပ်ကဲမှုအောက်ရှိ အရာရှိ၊ စစ်သည်များအနေဖြင့်လည်း နောက်လိုက်ကောင်းများအဖြစ် အမိန့်နာခံပြီး စည်းကမ်းကောင်းမွန်စွာ နေထိုင်ကြရန် လိုအပ်ကြောင်း အမှာစကားပြောကြားခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး ရေတပ်လေ့ကျင့်ရေးဌာနချုပ်၌ ကံ့ကော်ပင် အမှတ်တရစိုက်ပျိုး

ရန်ကုန်၊ စက်တင်ဘာ ၂၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် စက်တင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ သန်လျင်တပ်နယ်နှင့် ဒလတပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား သန်လျင်တပ်နယ်ခန်းမ၌ တွေ့ဆုံ၍ အမှာစကားပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး ဒေါ်နီလာတို့သည် ရေတပ်လေ့ကျင့်ရေးဌာနချုပ်သို့ သွားရောက်၍ ကံ့ကော်ပင်ကို အမှတ်တရ စိုက်ပျိုးခဲ့ကြောင်း သိရသည်။