1.57K subscribers
38.9K photos
2.87K videos
78 files
1.94K links
For your information
Download Telegram
မြန်မာ-ဗီယက်နမ် B2B ချိတ်ဆက်မှုမှတစ်ဆင့် ခရီးသွားဈေးကွက်သစ်များ ဖော်ဆောင်မည်
=====
မြန်မာနှင့် ဗီယက်နမ် နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုနှင့် ဈေးကွက်သစ်များ ဖော်ဆောင်ရေးအတွက် B2B Mini Workshop နှင့် Famtrip ခရီးစဉ်ကို ဩဂုတ် ၁၅ ရက်မှ ၁၉ ရက်အထိ ဗီယက်နမ်နိုင်ငံ Da Nang–Hue–Hoi An ဒေသများ၌ ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း (UMTA) ထံမှ သိရသည်။
အဆိုပါ ခရီးစဉ်သို့ UMTA အသင်းဝင် ကုမ္ပဏီ ၅၈ ခုမှ လုပ်ငန်းရှင်များ ပါဝင်ခဲ့ပြီး ဗီယက်နမ် ခရီးသွားအာဏာပိုင်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် တွေ့ဆုံကာ နှစ်နိုင်ငံ ခရီးသွားဈေးကွက် အခြေအနေများ၊ ဧည့်သည်များ၏ စိတ်ဝင်စားမှုနှင့် အနာဂတ် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြသည်။
ယခုကဲ့သို့ B2B တိုက်ရိုက် ချိတ်ဆက်မှုများမှတစ်ဆင့် နှစ်နိုင်ငံ ဧည့်သည် အပြန်အလှန် ဝင်ရောက်မှုနှင့် ခရီးစဉ်သစ်များ ပိုမိုဖော်ဆောင်နိုင်မည် ဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ သို့ ဗီယက်နမ်နိုင်ငံ၊နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Le Hoai Trung ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်ဂါရပြုတွေ့ဆုံ

ဗီယက်နမ်နိုင်ငံသမ္မတနှင့် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ မစ္စတာ တိုလမ်က အဆွေတော်သမ္မတကြီးအား ဗီယက်နမ်နိုင်ငံသို့တရားဝင် ချစ်ကြည်ရေးခရီးစဉ် လာရောက်ရန် ဖိတ်ကြားမှုနှင့် အဆွေတော်သမ္မတကြီး လာရောက်မည့်ခရီးစဉ်ကို  ဝမ်းမြောက်ဝမ်းသာဖြင့် ကြိုဆိုလျက်ရှိမှုကို သတင်းစကားပါးရန် စေလွှတ်ချက်အရ ယခုကဲ့သို့လာရောက် ဂါရဝပြုတွေ့ဆုံခြင်းဖြစ်ပါကြောင်း

နေပြည်တော် ၊ ဩဂုတ် - ၂၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဗီယက်နမ်နိုင်ငံ၊နိုင်ငံခြား‌ရေးဝန်ကြီး H.E.Mr. Le Hoai Trung  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် အမှာစကားပြောကြားချက်မှ ကောက်နုတ်ချက်။
ပြည်သူ့စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ပြီး ​နေရပ်ကိုပြန်လာကြတဲ့ ပြည်သူ့သာကောင်းများကို ပြည်သူများက သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆို