1.57K subscribers
38.8K photos
2.86K videos
78 files
1.94K links
For your information
Download Telegram
နိုင်ငံတော်သမ္မတကြီး၏ ရုရှားခရီးစဉ် ပြည်သူများစိတ်ဝင်စားမှု မြင့်တက်နေပြီး Youtube တွင် Trend ဖြစ်မှု ဒုတိယလိုက်ကာ ရုရှား MOFA ၏ Facebook ၌ ကြည့်ရှုသူ ၂ ဒသမ ၆ သန်းအထိ အများအပြား ကြည့်ရှု

သတိုး
၂၅. ၈. ၂၀၂၆

နိုင်ငံတော်သမ္မတကြီးဦးမင်းအောင်လှိုင်၏ ရုရှားခရီးစဉ်မှာ မြန်မာနှင့် ကမ္ဘာ့ပြည်သူများ၏ စိတ်ဝင်စားမှု မြင့်တက်နေပြီး Youtube တွင် Trend ဖြစ်မှု ဒုတိယလိုက်ကာ ရုရှား MOFA ၏ Facebook ၌ ကြည့်ရှုသူ ၂ ဒသမ ၆ သန်းအထိ အများအပြား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ရုရှား-မြန်မာ သံတမန်ဆက်ဆံရေးကို ၁၉၄၈ ခုနှစ်တွင် စတင်ခဲ့ပြီး ဆယ်စုနှစ်များစွာ အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုတို့ဖြင့် ခိုင်မာသည့် ဆက်ဆံရေးကို တည်ဆောက်ထားပြီး လက်ရှိသမ္မတကြီးလက်ထက်တွင် ခိုင်မာသည့်မိတ်ဖက်ဆက်ဆံရေးအဆင့်မှ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး (Strategic Partnership) အဆင့်အထိ တိုးမြှင့်နိုင်ခဲ့သည့်ချစ်ကြည်မှုများ ရှိနေသည်။

၄ ရက်ကြာခရီးစဉ်နှင့် ၄ ကြိမ်မြောက် တွေ့ဆုံမှု

နိုင်ငံတော်သမ္မတကြီး၏ ရုရှားနိုင်ငံသို့ ခရီးစဉ်ပေါင်း ၁၄ ကြိမ်အထိ ရှိခဲ့သည်ကို ကြည့်ခြင်းအားဖြင့် နှစ်နိုင်ငံခေါင်းဆောင်အချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ခန့်မှန်းနိုင်သည်။ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လတွင် ရုရှားနိုင်ငံသို့ ၄ ရက်ကြာ သွားရောက်ခဲ့ပြီး ရုရှားသမ္မတ ပူတင်နှင့် ၄ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ကာ အခြားအဆင့်မြင့် အစိုးရတာဝန်ရှိသူများနှင့်လည်း ထပ်မံတွေ့ဆုံ၍ နိုင်ငံနှင့်ပြည်သူအကျိုး ဆောင်ရွက်ခဲ့သည်။

ကြည့်ရှုသူ သန်းချီရှိခဲ့သည့် သမ္မတနှစ်ဦးတွေ့ဆုံမှု

နှစ်နိုင်ငံသမ္မတနှစ်ဦး၏ ယုံကြည်ရင်းနှီးမှုမှတစ်ဆင့် မြန်မာ-ရုရှား ဆက်ဆံရေးသည် နိုင်ငံတကာက စိတ်ဝင်တစား စောင့်ကြည့်ရသည်အထိ ဖြစ်လာသည်။သမ္မတ၏ ယခုခရီးစဉ်အတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံဆွေးနွေးမှုသတင်းသည် ထိုရက်ပိုင်းအတွင်း ကမ္ဘာ့မီဒီယာများတွင် လူထုစိတ်ဝင်စားမှု အများဆုံးဖြစ်ခဲ့သည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ Facebook Page မှ တွေ့ဆုံမှုမှတ်တမ်းအတို (Reel) ကို ကြည့်ရှုသူ ၂ ဒသမ ၆ သန်းကျော် ရှိခဲ့သည်။ ယင်းရုပ်သံမှတ်တမ်းသည် ရုရှားသမ္မတ၏ အခြားလှုပ်ရှားမှုများထက် သိသိသာသာ ပျံ့နှံ့မှုအားကောင်းခဲ့သဖြင့် မြန်မာ-ရုရှား ဆက်ဆံရေးကို ကမ္ဘာက အထူးစိတ်ဝင်စားနေသည်မှာ ထင်ရှားသည်။

ပြီးခဲ့သည့်နှစ်ပိုင်းအတွင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ Facebook Reel တွင် ကြည့်ရှုသူ အများဆုံး Reel မှာ ၁ ဒသမ ၆ သန်းကျော်သာရှိပြီး မူဗီနှစ်ခုမှာ ၆ သိန်းကျော်ရှိနေသော်လည်း ကျန်မူဗီများမှာ သောင်းဂဏန်းသာကြည့်ရှုကာ နိုင်ငံတော်သမ္မတကြီး၏ Reel မှာ ရုရှား MOFA ၏ အမြင့်ဆုံး Reel နှင့် အခြား မူဗီများထက် ကြည့်ရှုသူ တစ်သန်းအထိ ပိုမိုများပြားခဲ့သည်။

Twitter (X) Trend ဒုတိယဖော်ပြခံရသည့် သမ္မတ၏ရုရှားခရီးစဉ်

ဩဂုတ်လ ၁၈ ရက်နေ့တွင် နှစ်နိုင်ငံသမ္မတများ တွေ့ဆုံပြီးနောက် X လူမှုကွန်ရက်တွင် ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၉ ရက်က သမ္မတ ဦးမင်းအောင်လှိုင်နှင့် ရုရှားသမ္မတ ပူတင်တို့ တွေ့ဆုံသည့်သတင်းသည် X သုံးစွဲသူများကြား စိတ်ဝင်စားမှုအများဆုံးဖြစ်ခဲ့ပြီး "Putin Hosts Myanmar Leader at Kremlin for Partnership Talks" ခေါင်းစဉ်ဖြင့် Trend သတင်းများတွင် ဒုတိယနေရာ၌ ရောက်ရှိခဲ့သည်။ အနောက်နိုင်ငံများ အများစုသုံးသည့် မီဒီယာပလက်ဖောင်းများတွင်လည်း သမ္မတနှစ်ဦးတွေ့ဆုံမှုသည် ထူးခြားစွာ သတင်းဖြန့်ဝေမှု ထိပ်ဆုံးနီးပါး ရောက်ရှိခဲ့သည်။

ကမ္ဘာ့နိုင်ငံ ၄၈ နိုင်ငံမှ သတင်းဖော်ပြ

အချက်အလက်များအရ သမ္မတ ဦးမင်းအောင်လှိုင်၏ ရုရှားနှင့် ဘယ်လာရုစ် ခရီးစဉ်များနှင့်စပ်လျဉ်း၍ နိုင်ငံပေါင်း ၄၈ နိုင်ငံမှ သတင်းမီဒီယာ ၄၀၀ ကျော်က သတင်းပုဒ်ရေ ၁၀၀၀ နီးပါး ရေးသားဖြန့်ဝေခဲ့ပြီး လူထုစိတ်ဝင်စားမှု များစွာ ရရှိခဲ့သည်။ ယင်းသတင်းများအပေါ် ဆန်းစစ်မှုအရ လူမှုကွန်ရက်ပလက်ဖောင်းများတွင် အပြုသဘောဆောင်သော တုံ့ပြန်မှုပေးသူ ၉၀ ရာခိုင်နှုန်းခန့် ရှိခဲ့သည်။

အချုပ်အားဖြင့် နိုင်ငံတော်သမ္မတကြီး၏ ရုရှားခရီးစဉ်သည် နှစ်နိုင်ငံအကြား "ယုံကြည်မှုကိုအခြေခံသည့် မိတ်ဖက်ဆက်ဆံရေး၊ နည်းပညာကိုအခြေခံသည့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြန်အလှန်အကျိုးပြုသော အနာဂတ်" ကို အတူတကွ တည်ဆောက်ခွင့်ရရှိသည်သာမက ပြည်တွင်း/ပြည်ပရှိ ပြည်သူလူထုစိတ်ဝင်စားမှု မြင့်တက်ခဲ့သည့် ခရီးစဉ် တစ်ခုအဖြစ် မှတ်တမ်းတင်ရမည် ဖြစ်သည်။

Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=145088

#နိုင်ငံတော်သမ္မတ #ဦးမင်းအောင်လှိုင် #Putin #MOFA #ရုရှား #ဘယ်လာရုစ် #နိုင်ငံတော်အဆင့်ခရီးစဥ် #ချစ်ကြည်ရင်းနှီးမှု #MT #mtnews #MyanmarTransparency
ကုန်ထုတ်လုပ်မှုတိုးမြှင့်၍ ပြည်တွင်းအရင်းအမြစ်များကို အကျိုးရှိစွာအသုံးချကာ နိုင်ငံ့စီးပွားရေး မြှင့်တင်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

နေပြည်တော်၊ ဩဂုတ် ၂၅

နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းကုန်ထုတ်လုပ်မှုကို အခြေခံ၍ ကုန်သွယ်မှုပမာဏ တိုးမြှင့်ရေး၊ စိုက်ပျိုးမွေးမြူရေး ထုတ်လုပ်မှုမြှင့်တင်ရေးနှင့် ပြည်တွင်းရှိ အရင်းအမြစ်များကို ထိရောက်စွာ အသုံးချရေး အလေးထားဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် တိုက်တွန်းပြောကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတမှ အဓိကထား ပြောကြားခဲ့သည်များမှာ -

■ စီးပွားရေးနှင့် ကုန်ထုတ်လုပ်မှု
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင် စီးပွားရေးကောင်းမွန်မှုသည် အဓိကဖြစ်ပြီး ပြည်တွင်းလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်ထုတ်လုပ်မှုကို အားပေးရန်၊ ကုန်သွယ်မှုပမာဏ ပိုမိုကြီးမားလာစေရန်နှင့် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ဦးတည်ဆောင်ရွက်ရန်။

■ စိုက်ပျိုးမွေးမြူရေး
မြေ၊ ရေနှင့် စိုက်ပျိုးမွေးမြူရေးအရင်းအမြစ်များကို ထိရောက်စွာအသုံးချ၍ မိုးစပါး၊ နွေစပါး၊ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံတို့၏ အထွက်နှုန်း တိုးတက်စေရန်၊ မွေးမြူရေးလုပ်ငန်းများကိုလည်း တိုးချဲ့ဆောင်ရွက်ရန်။

■ ကျေးလက်စီးပွားရေး

ကျေးလက်နေပြည်သူများ၏ စီးပွားရေးတိုးတက်လာမှသာ ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်မည်ဖြစ်သဖြင့် ဒေသအလိုက် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးအောင် ဆောင်ရွက်ရန်။

■ ပညာရေးနှင့် လူ့စွမ်းအား
ကုန်ထုတ်လုပ်မှုမြှင့်တင်နိုင်ရေးအတွက် အသိပညာနှင့် အတတ်ပညာရှိသည့် လူ့စွမ်းအားအရင်းအမြစ်များ လိုအပ်သဖြင့် ပညာရေးအရည်အသွေးမြှင့်တင်ရေးနှင့် ကျောင်းများ စံနှုန်းပြည့်မီရေးကို ဦးစားပေးဆောင်ရွက်ရန်။

■ ကုန်သွယ်ရေး
ပို့ကုန်၊ သွင်းကုန်နှင့် နယ်စပ်ကုန်သွယ်ရေးကို စနစ်တကျဆောင်ရွက်ပြီး တရားမဝင်ကုန်သွယ်မှုများကို ထိန်းချုပ်ရန်၊ ကုန်စည်စီးဆင်းမှု ချောမွေ့ရေးနှင့် ကုန်သွယ်ရေးလမ်းကြောင်း လုံခြုံရေးကို အလေးထားရန်။

■ ရေကြီးရေလျှံမှု
မြစ်ချောင်းများ တိမ်ကောခြင်းနှင့် သောင်ထွန်းခြင်းများကို ပြန်လည်ပြုပြင်ထိန်းသိမ်းရန်၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတွင် ပြည်တွင်းအရင်းအမြစ်များကို အကျိုးရှိစွာအသုံးချရန်နှင့် မြို့ပြသန့်ရှင်းသာယာလှပရေးကို စနစ်တကျ ဆောင်ရွက်ရန်။

■ ဘတ်ဂျက်နှင့် အခွန်
ပြည်သူများထမ်းဆောင်သည့် အခွန်ငွေကို အခြေခံ၍ နိုင်ငံတော်ဘတ်ဂျက် ရေးဆွဲရခြင်းဖြစ်သဖြင့် ဘတ်ဂျက်ကို ပြည်သူ့အကျိုးအတွက် ထိရောက်စွာအသုံးချရန်နှင့် ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရများက ဗဟိုအစိုးရ၏ အစီအစဉ်များကို အောင်မြင်အောင် အကောင်အထည်ဖော်ရန်တို့ ဖြစ်ပါသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၆ ခုနှစ် စတုတ္တအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား တက်ရောက်။

ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင် စိုက်ပျိုးပေး။


🌲🌳🌴🌿🌲
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၆ ခုနှစ် စတုတ္တအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်

နေပြည်တော်၊ ဩဂုတ်-၂၅