1.57K subscribers
38.8K photos
2.86K videos
78 files
1.94K links
For your information
Download Telegram
ပြည်သူကို အိမ်ပေါ်ထိ တက်ရိုက်တဲ့ မြင်းခြံ PDF

ဩဂုတ် ၂၃ ရက်နေ့က နွားထိုးကြီးဘက် ကျေးရွာတစ်ရွာမှာ ဆက်ကြေးအပြည့်မပေးလို့ဆိုပြီး မြင်းခြံ PDF အဖွဲ့က ဒေသခံမိသားစုကို အိမ်ပေါ်ထိ တက်ရိုက်ခဲ့လို့ အိမ်ရှင်အမျိုးသားနဲ့ သားဖြစ်သူတို့ အပြင်းအထန် ဒဏ်ရာရသွားကြောင်း သိရပါတယ်။
-
ဒီကိစ္စကို ကျန်တဲ့ ရွာသားတွေကလည်း မကျေနပ်လို့ တိုင်တန်းမယ်လုပ်နေကြပါတယ်။
-
ဒေသခံများလည်း မြင်းခြံ PDF ရဲ့ အကြမ်းဖက်မှုရန်မှ အမြန်ကင်းဝေးကြပါစေ။

တိုက်ပွဲသတင်းစုံ
ခေတ်မီဆေးပညာသင်ထောက်ကူပစ္စည်းများကို တပ်မတော်ဆေးတက္ကသိုလ်(ရန်ကုန်)သို့ အိန္ဒိယသံအမတ်ကြီးက လွှဲပြောင်းပေးအပ်

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး၏ သံအမတ်ကြီး Abhay Thakur က ခေတ်မီဆေးပညာသင်ထောက်ကူပစ္စည်းများကို စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ အကူအညီပေးရေးအစီအစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် တပ်မတော်ဆေးတက္ကသိုလ်(ရန်ကုန်)သို့ ယနေ့ သြဂုတ် ၂၄ ရက်တွင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

laparoscopy ကိရိယာများ၊ သွားဘက်ဆိုင်ရာပစ္စည်းများ၊ မျိုးရိုးဗီဇခွဲခြမ်းစိတ်ဖြာမှုနှင့် ရောဂါဗေဒဆိုင်ရာ ပစ္စည်းကိရိယာများနှင့် digital panelများ အပါအဝင် ခေတ်မီဆေးပညာသင်ထောက်ကူပစ္စည်းများကို လွှဲ ပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့၏ လုပ်ဆောင်ချက်များအား နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းအသီးသီးမှ အားပေးထောက်ခံခဲ့ကြ

မြန်မာကိုယ်စားလှယ်အဖွဲ့၏ လုပ်ဆောင်ချက်များသည် မြန်မာနိုင်ငံ၏ အမှန်တရားနှင့်တရားမျှတမှုအတွက် ရင်ဆိုင်ဖြေရှင်းနေခြင်းဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ကျားဖြူပါတီ၊ ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) နှင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) စသည်ဖြင့် အဖွဲ့အစည်းအသီးသီးမှ ထောက်ခံအားပေးခဲ့ကြသည်။

ဂမ်ဘီယာနိုင်ငံငယ်မှ စွဲဆိုထားသော ICJ အမှုအခင်းသည် မြန်မာနိုင်ငံအတွက်ဂုဏ်သိက္ခာ၊ အချုပ်အခြာအာဏာနှင့် အမျိုးသားအကျိုးစီးပွားကို ထိခိုက်အောင် နိုင်ငံတကာအထင်အမြင် လွဲမှားအောင် ကြံစည်လုပ်ဆောင်ခြင်းပင်ဖြစ်သည်။

🇲🇲 Myanmar 🇲🇲
-
A Light For Justice
နိုင်ငံ့သားကောင်း တာဝန်ကျေပြည်သူ့စစ်မှုထမ်းများ အလုပ်အကိုင်ရရှိရေး အသိပေးထုတ်ပြန်ချက်

#pms
ကိုင်ဇာရဲ့သီချင်းတွေကိုကြည့်လိုက်ပါ တချို့သီချင်းတွေက တော်တော်ကောင်းတယ်
သူ့ရဲ့ ကိုယ်ပိုင်သံစဉ်ဖန်တီးမှု့တွေမှာ
တက္ကသိုလ်အလွမ်းးနံ့တွေပါတယ်။
ကျောင်းချစ်စိတ်တွေ ပါတယ်။

ကိုင်ဇာကိုဝေဖန်နေတဲ့ နီပိတ်နီပိန်းတွေကိုကြည့်လိုက်
“ ကယ်တော်မူပါ “ တောင်
သံစဉ်မှန်အောင် မအော်တတ်ပဲနဲ့ ဝေဖန်နေကြတာမြင်မကောင်းဘူး။
Media is too big
VIEW IN TELEGRAM
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ အမျိုးသမီးကြီးတစ်ဦးကို ရက်စက်ယုတ်မာစွာ သတ်ဖြတ်ခဲ့ကြတဲ့ တရားခံတွေဟာ PDF အကြမ်းဖက်တွေသာဖြစ်ကြောင်း Eleven Media ဖော်ထုတ် လိုက်ပါပြီ
This media is not supported in your browser
VIEW IN TELEGRAM
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဟာ မကြာသေးမီကမှ မိုဘိုင်းဒုံးပျံ အေရိုဆော မီးခိုးမျိုးဆက်စနစ် ပါဝင်တဲ့ တိုက်ရိုက်ပစ်ခတ်မှု စစ်ရေးလေ့ကျင့်မှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

ဒီစနစ်ဟာ ဧရိယာကျယ်ကျယ်ပြန့်ပြန့်နဲ့ ဘက်စုံသုံး မီးခိုးမျက်နှာပြင်တွေကို ဖန်တီးပေးနိုင်အောင် ဒီဇိုင်းထုတ်ထားတာပါ။

ဒါ့အပြင် မောင်းသူမဲ့ ဒရုန်းတွေ၊ အပူခံပုံရိပ်ဖမ်းစနစ်တွေနဲ့ တိကျတဲ့ လမ်းညွှန်လက်နက်တွေရဲ့ ခြိမ်းခြောက်မှုကို ထိရောက်စွာ တန်ပြန်ကာကွယ်နိုင်ဖို့အတွက်လည်း ရည်ရွယ်ပြီး ပြုလုပ်ထားတာ ဖြစ်ပါတယ်။
👍1
PDF တွေသတ်တာဖြစ်ကြောင်း Eleven Media ဖော်ထုတ်

ပြီးခဲတဲ့ရက်ပိုင်းက လူမှုကွန်ရက်ပေါ်မှာ ပျံ့နေတဲ့ အမျိုးသမီးတစ်ဦးကို ဓားနဲ့ ရက်စက်စွာ ခုတ်သတ်ခဲ့တဲ့ ရုပ်သံဖိုင်နဲ့ ပတ်သက်ပြီး အကြမ်းဖက် PDF ၊ အကြမ်းဖက် KIA အဖွဲ့တွေအပါအဝင် အကြမ်းဖက် အားပေးအဖွဲ့တွေက ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ကသတ်တယ်ဆိုပြီး စွပ်စွဲထားတာ…

ဒါပေမဲ့ ဖြစ်စဉ်အမှန်က သတ်ဖြတ်ခံရသူဟာ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အောင်သီရိရပ်ကွက်မှာ နေထိုင်တဲ့ ဒေါ်မင်းမင်း ဖြစ်တယ်ဆိုတာကိုလည်း Eleven Media က ဒေသခံတွေနဲ့ မိသားစုဝင်တွေထံ ဆက်သွယ် အတည်ပြုထားပါတယ်။ ဒီဖြစ်စဉ်ဟာ ၂၀၂၂/၂၀၂၃ ခုနှစ်ဝန်းကျင်က ဖြစ်ခဲ့တာပါ။

ဒေါ်မင်းမင်းဟာ ကောက်စိုက်နေစဉ် စစ်ဗိုလ်တစ်ဦး၏ မိခင်နဲ့ ခင်မင်ရင်းနှီးမှုကြောင့် "ဒလန်" ဆိုပြီး စွပ်စွဲခံရကာ ဒေသခံ အကြမ်းဖက် PDF တွေရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။

ခင်ဦးမြို့နယ်အတွင်းမှာ ၂၀၂၁ ကနေ ၂၀၂၃ ခုနှစ်အတွင်း အလားတူ ဒလန်စွပ်စွဲချက်နဲ့ မောင်နှမ ၃ ဦး သတ်ဖြတ်ခံရတာ အပါအဝင် အရပ်သားတွေ၊ သံဃာတော်တွေနဲ့ အစိုးရဝန်ထမ်းတွေ သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေ အများကြီး ရှိခဲ့တာကြောင့် ဒေသခံအများစုဟာ ရွှေဘို၊ မန္တလေးနဲ့ ပြင်ဦးလွင် ဘက်တွေကို ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။

မှိုင်းဝေ
သံဃာကိုတောင် သတ်တဲ့ ချောင်းဦး PDF၊ ပလဖအဖွဲ့

ဩဂုတ် ၂၄ ရက် (မနေ့က) ချောင်းဦးမြို့နယ်၊ ရွှေဒါးကျရွာရှိ ရွှေသိမ်တော်ဆရာတော်အား အကြမ်းဖက် ချောင်းဦး PDF နဲ့ ပလဖအဖွဲ့က တပ်နဲ့ပတ်သက်ဆက်နွယ်တယ်လို့ အကြောင်းပြပြီး ဆရာတော်နဲ့အတူ ရွာသား ၅ ဦးကို ဖမ်းဆီးခဲ့တယ်။ ဖမ်းဆီးစစ်ဆေးရင်း ဆရာတော် မှာ ပြင်းထန်ဒဏ်ရာနဲ့ ပျံလွန်ခဲ့ကြောင်း သိရပါတယ်။ ရွာသား ၅ ဦးအကြောင်းတော့ သတင်းမရသေးပါ။
-
ဆရာတော်မှာ ရွာနီးချုပ်စပ်ရွာများက ကြည်ညိုကိုးကွယ်ကြတဲ့ ဆရာတော်ဖြစ်ပြီး ဒကာ ဒကာမတွေကလည်း ဒီကိစ္စကို မခံမရပ်နိုင်ဖြစ်နေကြတယ်။ ဘုန်းကြီး သေဆုံးတဲ့သတင်းနဲ့ပတ်သက်ပြီး လိုင်းပေါ်မတင်ဖို့နဲ့ လိုင်းပေါ်တက်လာရင် အပြစ်ပေးမယ်လို့ ချောင်းဦး အကြမ်းဖက်အဖွဲ့က ခြိမ်းခြောက်ဖုံးဖိနေသော်လည်း ရွာသားတွေက မခံရပ်နိုင်လို့ အသက်စွန့်ပြီး သတင်းပေးလာကြပါတယ်။
-
အကြမ်းဖက် PDF အဖွဲ့တွေ ရဟန်း သံဃာတော်တွေကို သတ်ဖြတ်ခဲ့တာ ၁၀၀ ကျော်နေပြီဖြစ်ကာ မကြာမီ ကံကြီးထိုက် ကြတော့မယ်လို့ ပြောချင်ပါတယ်။

တိုက်ပွဲသတင်းစုံ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

ဒေသတွင်းမိတ်ဖက်နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများ၏ အားသာချက်များနှင့် မိမိတို့နိုင်ငံ၏ အားသာချက်များကို ပေါင်းစပ်၍ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည်

နေပြည်တော်၊ ဩဂုတ် - ၂၅
        
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
ယနေ့ NUG အဖွဲ့ရဲ့ ဘင်္ဂလီနဲ့ပတ်သက်တဲ့စာကိုကြည်မယ်ဆိုရင် တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာနဲ့ အမျိုးသားအကျိုးစီးပွားကို ကုလားနိုင်ငံတွေဆီမှာ ဈေးပေါပေါနဲ့ ထုတ်ရောင်းလိုက်တာပါပဲ။ ၂၀၁၉ တုန်းက ဒေါ်စုကိုယ်တိုင် ICJ တရားရုံးအထိ သွားပြီး မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှု (Genocide) မရှိခဲ့ပါဘူးလို့ ပြောဆိုခဲ့တာကို အခု NUG က စာရွက်တစ်ရွက်ထုတ်ပြီး သမိုင်းမှန်တစ်ခုလုံးကို တက်နင်း ဖျက်ဆီးပစ်ဖို့ကြိုးစားနေပြီ။
 
ဒီလို တည်ဆဲဥပဒေမှာရော မြန်မာ့သမိုင်းမှာပါ မရှိခဲ့တဲ့ အမည်လိမ်တွေကို ပြည်ပဖိအားကြောင့် အလွယ်တကူ သုံးပေးလိုက်တာဟာ OIC ရဲ့ အလိုကျ မျက်နှာလို မျက်နှာရ လိုက်လုပ်ပေးတာ ဖြစ်သလို၊ ပြည်ပက နိုင်ငံရေးတရားဝင်မှုနဲ့ ဘဏ္ဍာရေး အကူအညီ နည်းနည်းပါးပါး ရဖို့အတွက် မိမိတိုင်းပြည်ရဲ့ အခြေခံမူတွေကို အပေါင်နှံလိုက်တဲ့ သစ္စာဖောက်မှုပဲ ဖြစ်ပါတယ်။
 
ဒီလို သစ္စာဖောက်မှုကြောင့် ငါတို့ တိုင်းပြည်နဲ့ ပြည်သူတွေဟာ ကမ္ဘာ့အလယ်မှာ "Genocide State" (မျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တဲ့နိုင်ငံ) အဖြစ် တံဆိပ်ကပ်ခံရမယ့်အပြင် နောင်လာမယ့် သားစဉ်မြေးဆက် မျိုးဆက်တွေပါ နိုင်ငံတကာမှာ ခွဲခြားနှိမ့်ချခံရပြီး ရာသက်ပန် ခေါင်းမဖော်နိုင်ဘဲ အရှက်ရရမယ့် ကိန်းဆိုက်သွားလိမ့်မယ်ဆိုတာ ခေါင်းသုံးပြီး စဉ်းစားဖို့လို့တယ်။
 
ဒါတင်မကဘဲ အိမ်နီးချင်းနိုင်ငံတွေကလည်း သူတို့ လက်မခံချင်တဲ့ ဘင်္ဂလီ ဒုက္ခသည်တွေကို ငါတို့ တိုင်းပြည်ထဲ အကန့်အသတ်မရှိ ပြန်တွန်းပို့ဖို့ ဖိအားပေးလာကြတော့မှာပါ။ အဆိုးဆုံးကတော့ အနာဂတ်မှာ နိုင်ငံတကာ တရားရုံးတွေကနေ မြန်မာနိုင်ငံကို ဘီလျံပေါင်းများစွာ လျှော်ကြေးပေးခိုင်းတဲ့အခါ ဒီလို ပြည်ပအားကိုး အဖွဲ့အစည်းတွေက ကြားကနေ ပွဲစားလုပ် အမြတ်ထုတ် ခွဲဝေစားသောက်ဖို့ မိမိတိုင်းပြည်နဲ့ ပြည်သူ့အနာဂတ်ကို မြေခွေးအကြံနဲ့ ရောင်းစားလိုက်တာပဲ ဖြစ်ပါတယ်။
 
ဒါဟာ မြန်မာ့သမိုင်းမှာ အောက်တန်းကျဆုံးနဲ့ ရက်စက်ဆုံး သစ္စာဖောက်မှု ဖြစ်တာကြောင့် မိမိတိုင်းပြည်၊ လူမျိုးနဲ့ အချုပ်အခြာအာဏာကို ပြည်ပက ပေးတဲ့ ဘဏ္ဍာရေးနဲ့ နိုင်ငံရေးအမြတ်အတွက် အပေါင်နှံနေတဲ့ ဒီလို အကြံဆိုးတွေကို ပြည်သူတွေ အမှန်အမှား သဲသဲကွဲကွဲ မြင်ဖို့လိုပါပြီ။

ကိုယ့်တိုင်းပြည်နဲ့ အချုပ်အခြာအာဏာကို ဖျက်ဆီးနေတဲ့ လုပ်ရပ်မှန်သမျှကို တစ်မျိုးသားလုံး တညီတညွတ်တည်း ပြင်းပြင်းထန်ထန် တွန်းလှန် ဆန့်ကျင်ကြရပါလိမ့်မယ်။

 
မှိုင်းဝေ
1
ယုံကြည်မှုကို အခြေခံတဲ့ မိတ်ဖက်ဆက်ဆံရေး၊ နည်းပညာကို အခြေခံတဲ့ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြန်အလှန်အကျိုးပြုသောအနာဂတ်ကို အတူတကွတည်ဆောက်လိုကြောင်း နိုင်ငံတော်သမ္မတ ပြောကြား
 
ဩဂုတ် ၁၉ ရက်နေ့က ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၆ ခုနှစ် ရုရှား-မြန်မာစီးပွားရေးဖိုရမ်သို့ နိုင်ငံတော်သမ္မတ တက်ရောက်၍အမှာစကားပြောကြားသည်။
 
နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ၏ သယံဇာတကြွယ်ဝမှု၊ မဟာဗျူဟာကျသောတည်နေရာနှင့် ရုရှားနိုင်ငံ၏နည်းပညာ၊အတွေ့အကြုံတို့ ပေါင်းစပ်ခြင်းအားဖြင့် နှစ်နိုင်ငံအကြား ရေရှည်တည်တံ့ပြီး အပြန်အလှန်အကျိုးပြုသော စီးပွားရေး အောင်မြင်မှုများရရှိနိုင်မည့်အလားအလာကြီးမားကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်ရုရှားနိုင်ငံကို ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးခရီးလမ်းတွင်ယုံကြည်စိတ်ချရသော မဟာဗျူဟာမြောက် စီးပွားရေးမိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံအကြား“ယုံကြည်မှုကို အခြေခံတဲ့ မိတ်ဖက်ဆက်ဆံရေး၊ နည်းပညာကို အခြေခံတဲ့ဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြန်အလှန်အကျိုးပြုသောအနာဂတ်” ကို အတူတကွတည်ဆောက်လိုပါကြောင်းဖြင့်ပြောကြားခဲ့သည်။

KT August 25
နိုင်ငံတော်သမ္မတကြီး၏ ရုရှားခရီးစဉ် ပြည်သူများစိတ်ဝင်စားမှု မြင့်တက်နေပြီး Youtube တွင် Trend ဖြစ်မှု ဒုတိယလိုက်ကာ ရုရှား MOFA ၏ Facebook ၌ ကြည့်ရှုသူ ၂ ဒသမ ၆ သန်းအထိ အများအပြား ကြည့်ရှု

သတိုး
၂၅. ၈. ၂၀၂၆

နိုင်ငံတော်သမ္မတကြီးဦးမင်းအောင်လှိုင်၏ ရုရှားခရီးစဉ်မှာ မြန်မာနှင့် ကမ္ဘာ့ပြည်သူများ၏ စိတ်ဝင်စားမှု မြင့်တက်နေပြီး Youtube တွင် Trend ဖြစ်မှု ဒုတိယလိုက်ကာ ရုရှား MOFA ၏ Facebook ၌ ကြည့်ရှုသူ ၂ ဒသမ ၆ သန်းအထိ အများအပြား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ရုရှား-မြန်မာ သံတမန်ဆက်ဆံရေးကို ၁၉၄၈ ခုနှစ်တွင် စတင်ခဲ့ပြီး ဆယ်စုနှစ်များစွာ အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုတို့ဖြင့် ခိုင်မာသည့် ဆက်ဆံရေးကို တည်ဆောက်ထားပြီး လက်ရှိသမ္မတကြီးလက်ထက်တွင် ခိုင်မာသည့်မိတ်ဖက်ဆက်ဆံရေးအဆင့်မှ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး (Strategic Partnership) အဆင့်အထိ တိုးမြှင့်နိုင်ခဲ့သည့်ချစ်ကြည်မှုများ ရှိနေသည်။

၄ ရက်ကြာခရီးစဉ်နှင့် ၄ ကြိမ်မြောက် တွေ့ဆုံမှု

နိုင်ငံတော်သမ္မတကြီး၏ ရုရှားနိုင်ငံသို့ ခရီးစဉ်ပေါင်း ၁၄ ကြိမ်အထိ ရှိခဲ့သည်ကို ကြည့်ခြင်းအားဖြင့် နှစ်နိုင်ငံခေါင်းဆောင်အချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ခန့်မှန်းနိုင်သည်။ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လတွင် ရုရှားနိုင်ငံသို့ ၄ ရက်ကြာ သွားရောက်ခဲ့ပြီး ရုရှားသမ္မတ ပူတင်နှင့် ၄ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ကာ အခြားအဆင့်မြင့် အစိုးရတာဝန်ရှိသူများနှင့်လည်း ထပ်မံတွေ့ဆုံ၍ နိုင်ငံနှင့်ပြည်သူအကျိုး ဆောင်ရွက်ခဲ့သည်။

ကြည့်ရှုသူ သန်းချီရှိခဲ့သည့် သမ္မတနှစ်ဦးတွေ့ဆုံမှု

နှစ်နိုင်ငံသမ္မတနှစ်ဦး၏ ယုံကြည်ရင်းနှီးမှုမှတစ်ဆင့် မြန်မာ-ရုရှား ဆက်ဆံရေးသည် နိုင်ငံတကာက စိတ်ဝင်တစား စောင့်ကြည့်ရသည်အထိ ဖြစ်လာသည်။သမ္မတ၏ ယခုခရီးစဉ်အတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံဆွေးနွေးမှုသတင်းသည် ထိုရက်ပိုင်းအတွင်း ကမ္ဘာ့မီဒီယာများတွင် လူထုစိတ်ဝင်စားမှု အများဆုံးဖြစ်ခဲ့သည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ Facebook Page မှ တွေ့ဆုံမှုမှတ်တမ်းအတို (Reel) ကို ကြည့်ရှုသူ ၂ ဒသမ ၆ သန်းကျော် ရှိခဲ့သည်။ ယင်းရုပ်သံမှတ်တမ်းသည် ရုရှားသမ္မတ၏ အခြားလှုပ်ရှားမှုများထက် သိသိသာသာ ပျံ့နှံ့မှုအားကောင်းခဲ့သဖြင့် မြန်မာ-ရုရှား ဆက်ဆံရေးကို ကမ္ဘာက အထူးစိတ်ဝင်စားနေသည်မှာ ထင်ရှားသည်။

ပြီးခဲ့သည့်နှစ်ပိုင်းအတွင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ Facebook Reel တွင် ကြည့်ရှုသူ အများဆုံး Reel မှာ ၁ ဒသမ ၆ သန်းကျော်သာရှိပြီး မူဗီနှစ်ခုမှာ ၆ သိန်းကျော်ရှိနေသော်လည်း ကျန်မူဗီများမှာ သောင်းဂဏန်းသာကြည့်ရှုကာ နိုင်ငံတော်သမ္မတကြီး၏ Reel မှာ ရုရှား MOFA ၏ အမြင့်ဆုံး Reel နှင့် အခြား မူဗီများထက် ကြည့်ရှုသူ တစ်သန်းအထိ ပိုမိုများပြားခဲ့သည်။

Twitter (X) Trend ဒုတိယဖော်ပြခံရသည့် သမ္မတ၏ရုရှားခရီးစဉ်

ဩဂုတ်လ ၁၈ ရက်နေ့တွင် နှစ်နိုင်ငံသမ္မတများ တွေ့ဆုံပြီးနောက် X လူမှုကွန်ရက်တွင် ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၉ ရက်က သမ္မတ ဦးမင်းအောင်လှိုင်နှင့် ရုရှားသမ္မတ ပူတင်တို့ တွေ့ဆုံသည့်သတင်းသည် X သုံးစွဲသူများကြား စိတ်ဝင်စားမှုအများဆုံးဖြစ်ခဲ့ပြီး "Putin Hosts Myanmar Leader at Kremlin for Partnership Talks" ခေါင်းစဉ်ဖြင့် Trend သတင်းများတွင် ဒုတိယနေရာ၌ ရောက်ရှိခဲ့သည်။ အနောက်နိုင်ငံများ အများစုသုံးသည့် မီဒီယာပလက်ဖောင်းများတွင်လည်း သမ္မတနှစ်ဦးတွေ့ဆုံမှုသည် ထူးခြားစွာ သတင်းဖြန့်ဝေမှု ထိပ်ဆုံးနီးပါး ရောက်ရှိခဲ့သည်။

ကမ္ဘာ့နိုင်ငံ ၄၈ နိုင်ငံမှ သတင်းဖော်ပြ

အချက်အလက်များအရ သမ္မတ ဦးမင်းအောင်လှိုင်၏ ရုရှားနှင့် ဘယ်လာရုစ် ခရီးစဉ်များနှင့်စပ်လျဉ်း၍ နိုင်ငံပေါင်း ၄၈ နိုင်ငံမှ သတင်းမီဒီယာ ၄၀၀ ကျော်က သတင်းပုဒ်ရေ ၁၀၀၀ နီးပါး ရေးသားဖြန့်ဝေခဲ့ပြီး လူထုစိတ်ဝင်စားမှု များစွာ ရရှိခဲ့သည်။ ယင်းသတင်းများအပေါ် ဆန်းစစ်မှုအရ လူမှုကွန်ရက်ပလက်ဖောင်းများတွင် အပြုသဘောဆောင်သော တုံ့ပြန်မှုပေးသူ ၉၀ ရာခိုင်နှုန်းခန့် ရှိခဲ့သည်။

အချုပ်အားဖြင့် နိုင်ငံတော်သမ္မတကြီး၏ ရုရှားခရီးစဉ်သည် နှစ်နိုင်ငံအကြား "ယုံကြည်မှုကိုအခြေခံသည့် မိတ်ဖက်ဆက်ဆံရေး၊ နည်းပညာကိုအခြေခံသည့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြန်အလှန်အကျိုးပြုသော အနာဂတ်" ကို အတူတကွ တည်ဆောက်ခွင့်ရရှိသည်သာမက ပြည်တွင်း/ပြည်ပရှိ ပြည်သူလူထုစိတ်ဝင်စားမှု မြင့်တက်ခဲ့သည့် ခရီးစဉ် တစ်ခုအဖြစ် မှတ်တမ်းတင်ရမည် ဖြစ်သည်။

Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=145088

#နိုင်ငံတော်သမ္မတ #ဦးမင်းအောင်လှိုင် #Putin #MOFA #ရုရှား #ဘယ်လာရုစ် #နိုင်ငံတော်အဆင့်ခရီးစဥ် #ချစ်ကြည်ရင်းနှီးမှု #MT #mtnews #MyanmarTransparency