1.57K subscribers
38.8K photos
2.86K videos
78 files
1.94K links
For your information
Download Telegram
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးမိသားစုများနှင့် သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြားချက်မှ ကောက်နုတ်ချက်
ထိုင်း တောင်ပိုင်း အတိုက်ခံရတဲ့ ကိစ္စက ဒီလောက်ကြီး မရိုးရှင်းပါဘူး။ မြန်မာ့နိုင်ငံရေးသမားတွေ အိမ်စာ လုပ်တတ်ရင် ရခိုင်ဖြစ်စဉ်နဲ့ ချိန်ထိုးပြီး မီဒီယာပေါ်မှာ ခပ်ပါးပါးလေး စာထုတ်လို့ ရပါတယ်။

တကယ်တော့ တဖက်အဖွဲ့အစည်းက တယူသန် ယူစသလို ထိုင်းကို မြန်မာအစိုးရ ဖိတ်ခေါ်တာက နိုင်ငံရေး အရ အသိအမှတ်ပြုတာထက်ကို ပိုပါတယ်။ ထိုင်းရဲ့ လျှပ်စစ်ကဏ္ဍအတွက် မြန်မာ့ ကမ်းလွန်က အဓိကအသက်ပါ။ လက်ရှိ လည်း ထိုင်း ကုမ္ပဏီတွေက မြန်မာ့ကမ်းလွန်မှာ ရှိနေဆဲပါပဲ။

မြန်မာ သမ္မတကို ထိုင်း ကို ဖိတ်တယ်။ မြန်မာသမ္မတ ရုရှား မသွားခင်မှာ ထိုင်း နိုင်ငံခြားရေးက ရုရှား ရောက်လာတယ်။ မြန်မာ သမ္မတကြီး ရုရှားရောက်နေချိန်မှာ တပ်ချုပ်ကြီးကို ထိုင်း ကို ဖိတ်တယ်ဆိုတာ သာမန် ဆက်ဆံမှု ပုံစံမျိုး မဟုတ်နေဘူး။

သမ္မတ နှစ်ဦးကြား၊ ရုရှား စီးပွားရေးဝန်ကြီးရဲ့ ပြောကြားချက်ကိုကြည့်ရင် ထားဝယ်က အဓိက Key point ပါ။ မလက္ကာကို ၆ ရက်လောက် ကြာချိန်လျှော့ချနိုင်မယ့်အရေးနဲ့ ထားဝယ်ကနေ ထိုင်း၊ ထိုင်း ကနေ ဗီယမ်နမ် နန်းကျင်းအထိ ပေါက်မယ့်ကိစ္စကို ဒီနိုင်ငံတွေက ဘာကြောင့် မနှစ်သက်ရမှာလဲ။ နောက် အင်ဒို-ပစိဖိတ်နဲ့ အရှေ့တောင်အာရှမှာ တရုတ်နဲ့ အမေရိကန်ကလည်း အမြဲလိုလို တင်းမာမှု ရှိနေတာပဲ မဟုတ်ဘူးလား။ တရုတ်ရဲ့ မျဉ်း ၉ မျဉ်း ကိစ္စ၊ ထိုင်ဝမ် ပြဿနာ၊ ဖိလစ်ပိုင်နဲ့ အငြင်းပွားမှုတွေကို ချိနါထိုးရင်....မလက္ကာမှာ ပြဿနာ တက်လာနိုင်ခြေက တဖြည်းဖြည်း မြင့်မားလာနိုင်ခြေ များတယ်။


အဓိက ထိုင်းက မြန်မာကို ပေါင်းတယ်ဆိုတာက ထားဝယ်ပွင့်ရင် ပင်လယ် ထွက်ပေါက် တခု ရလိမ့်မယ်။ ရုရှားအတွင်ကလည်း ထားဝယ်မှာ LNG စက်ရုံတည်နိုင်ရင် ရေနံစိမ်းတွေကို ထားဝယ်မှာ ချက်ပြီး ဒေသတွင်းကို ပိုဖြန့်နိုင်လိမ့်မယ်။ စွမ်းအင် အတွက်တင်လား ဆိုတော့ မဟုတ်သေးဘူး။ ထားဝယ်မှာ ရင်းနှီးမြုပ်နှံမှုတွေ ဝင်လာရင် ....တခြား ကဏ္ဍပေါင်းစုံပါ လုပ်နိုင်တဲ့ နယ်ပယ် တစ်ခု ထပ်ရလိမ့်မယ်။ ‌အရေးကြီးတာက ....အသစ် ဖော်ထုတ်တွေ့ထားတဲ့ ကမ်းလွန် လုပ်ကွက်တွေက ထားဝယ်နဲ့ ၄၅ ကလီမီတာလောက်ပဲ ဝေးတယ်။ ဆိုတော့ ရုရှားအတွက် တစ်ချက်ခုတ် ၊ နှစ်ချက်ပြတ်ပဲ။။

ခြုံပြောရရင်....ထိုင်း တောင်းပိုင်းအရေးက လက်ရှိပြဿနာတွေဆိုတာ ချိန်သားကိုက် ပေါ်လာတဲ့ နိုင်ငံရေး ပြဿနာပါ။ ထားဝယ် ပေါ်လာရင် စင်ကာပူနဲ့ မလေးလည်း အထိုက်အလျောက် အကျိုးစီးပွား ထိခိုက်မှာပါပဲ။ ထိုင်းက မြန်မာနဲ့ ပိုကပ်သွားနိုင်ခြေ ရှိသလို ကမ္ဘောဒီးယားနဲ့ ဗီယမ်နမ်တွေဆီကိုလည်း သမ္မတကြီးရဲ့ ခရီးစဉ်တွေ ထပ်ရှိလာနိုင်ခြေ များပါတယ်။ ထားဝယ် ရေနက်ဆိပ်ကမ်းက ဒီ Game ရဲ့ အဓိက အသက်ပါ။ ထားဝယ်လုပ်နိုင်ရင် မြန်မာ့နိုင်ငံရေး အလှည့်အပြောင်းက အများကြီး ဖြစ်လာပါလိမ့်မယ်။



(နရီမိုး)
ပြည်သူကို အိမ်ပေါ်ထိ တက်ရိုက်တဲ့ မြင်းခြံ PDF

ဩဂုတ် ၂၃ ရက်နေ့က နွားထိုးကြီးဘက် ကျေးရွာတစ်ရွာမှာ ဆက်ကြေးအပြည့်မပေးလို့ဆိုပြီး မြင်းခြံ PDF အဖွဲ့က ဒေသခံမိသားစုကို အိမ်ပေါ်ထိ တက်ရိုက်ခဲ့လို့ အိမ်ရှင်အမျိုးသားနဲ့ သားဖြစ်သူတို့ အပြင်းအထန် ဒဏ်ရာရသွားကြောင်း သိရပါတယ်။
-
ဒီကိစ္စကို ကျန်တဲ့ ရွာသားတွေကလည်း မကျေနပ်လို့ တိုင်တန်းမယ်လုပ်နေကြပါတယ်။
-
ဒေသခံများလည်း မြင်းခြံ PDF ရဲ့ အကြမ်းဖက်မှုရန်မှ အမြန်ကင်းဝေးကြပါစေ။

တိုက်ပွဲသတင်းစုံ
ခေတ်မီဆေးပညာသင်ထောက်ကူပစ္စည်းများကို တပ်မတော်ဆေးတက္ကသိုလ်(ရန်ကုန်)သို့ အိန္ဒိယသံအမတ်ကြီးက လွှဲပြောင်းပေးအပ်

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး၏ သံအမတ်ကြီး Abhay Thakur က ခေတ်မီဆေးပညာသင်ထောက်ကူပစ္စည်းများကို စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ အကူအညီပေးရေးအစီအစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် တပ်မတော်ဆေးတက္ကသိုလ်(ရန်ကုန်)သို့ ယနေ့ သြဂုတ် ၂၄ ရက်တွင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

laparoscopy ကိရိယာများ၊ သွားဘက်ဆိုင်ရာပစ္စည်းများ၊ မျိုးရိုးဗီဇခွဲခြမ်းစိတ်ဖြာမှုနှင့် ရောဂါဗေဒဆိုင်ရာ ပစ္စည်းကိရိယာများနှင့် digital panelများ အပါအဝင် ခေတ်မီဆေးပညာသင်ထောက်ကူပစ္စည်းများကို လွှဲ ပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့၏ လုပ်ဆောင်ချက်များအား နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းအသီးသီးမှ အားပေးထောက်ခံခဲ့ကြ

မြန်မာကိုယ်စားလှယ်အဖွဲ့၏ လုပ်ဆောင်ချက်များသည် မြန်မာနိုင်ငံ၏ အမှန်တရားနှင့်တရားမျှတမှုအတွက် ရင်ဆိုင်ဖြေရှင်းနေခြင်းဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ကျားဖြူပါတီ၊ ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) နှင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) စသည်ဖြင့် အဖွဲ့အစည်းအသီးသီးမှ ထောက်ခံအားပေးခဲ့ကြသည်။

ဂမ်ဘီယာနိုင်ငံငယ်မှ စွဲဆိုထားသော ICJ အမှုအခင်းသည် မြန်မာနိုင်ငံအတွက်ဂုဏ်သိက္ခာ၊ အချုပ်အခြာအာဏာနှင့် အမျိုးသားအကျိုးစီးပွားကို ထိခိုက်အောင် နိုင်ငံတကာအထင်အမြင် လွဲမှားအောင် ကြံစည်လုပ်ဆောင်ခြင်းပင်ဖြစ်သည်။

🇲🇲 Myanmar 🇲🇲
-
A Light For Justice
နိုင်ငံ့သားကောင်း တာဝန်ကျေပြည်သူ့စစ်မှုထမ်းများ အလုပ်အကိုင်ရရှိရေး အသိပေးထုတ်ပြန်ချက်

#pms
ကိုင်ဇာရဲ့သီချင်းတွေကိုကြည့်လိုက်ပါ တချို့သီချင်းတွေက တော်တော်ကောင်းတယ်
သူ့ရဲ့ ကိုယ်ပိုင်သံစဉ်ဖန်တီးမှု့တွေမှာ
တက္ကသိုလ်အလွမ်းးနံ့တွေပါတယ်။
ကျောင်းချစ်စိတ်တွေ ပါတယ်။

ကိုင်ဇာကိုဝေဖန်နေတဲ့ နီပိတ်နီပိန်းတွေကိုကြည့်လိုက်
“ ကယ်တော်မူပါ “ တောင်
သံစဉ်မှန်အောင် မအော်တတ်ပဲနဲ့ ဝေဖန်နေကြတာမြင်မကောင်းဘူး။
Media is too big
VIEW IN TELEGRAM
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ အမျိုးသမီးကြီးတစ်ဦးကို ရက်စက်ယုတ်မာစွာ သတ်ဖြတ်ခဲ့ကြတဲ့ တရားခံတွေဟာ PDF အကြမ်းဖက်တွေသာဖြစ်ကြောင်း Eleven Media ဖော်ထုတ် လိုက်ပါပြီ
This media is not supported in your browser
VIEW IN TELEGRAM
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဟာ မကြာသေးမီကမှ မိုဘိုင်းဒုံးပျံ အေရိုဆော မီးခိုးမျိုးဆက်စနစ် ပါဝင်တဲ့ တိုက်ရိုက်ပစ်ခတ်မှု စစ်ရေးလေ့ကျင့်မှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

ဒီစနစ်ဟာ ဧရိယာကျယ်ကျယ်ပြန့်ပြန့်နဲ့ ဘက်စုံသုံး မီးခိုးမျက်နှာပြင်တွေကို ဖန်တီးပေးနိုင်အောင် ဒီဇိုင်းထုတ်ထားတာပါ။

ဒါ့အပြင် မောင်းသူမဲ့ ဒရုန်းတွေ၊ အပူခံပုံရိပ်ဖမ်းစနစ်တွေနဲ့ တိကျတဲ့ လမ်းညွှန်လက်နက်တွေရဲ့ ခြိမ်းခြောက်မှုကို ထိရောက်စွာ တန်ပြန်ကာကွယ်နိုင်ဖို့အတွက်လည်း ရည်ရွယ်ပြီး ပြုလုပ်ထားတာ ဖြစ်ပါတယ်။
👍1
PDF တွေသတ်တာဖြစ်ကြောင်း Eleven Media ဖော်ထုတ်

ပြီးခဲတဲ့ရက်ပိုင်းက လူမှုကွန်ရက်ပေါ်မှာ ပျံ့နေတဲ့ အမျိုးသမီးတစ်ဦးကို ဓားနဲ့ ရက်စက်စွာ ခုတ်သတ်ခဲ့တဲ့ ရုပ်သံဖိုင်နဲ့ ပတ်သက်ပြီး အကြမ်းဖက် PDF ၊ အကြမ်းဖက် KIA အဖွဲ့တွေအပါအဝင် အကြမ်းဖက် အားပေးအဖွဲ့တွေက ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ကသတ်တယ်ဆိုပြီး စွပ်စွဲထားတာ…

ဒါပေမဲ့ ဖြစ်စဉ်အမှန်က သတ်ဖြတ်ခံရသူဟာ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အောင်သီရိရပ်ကွက်မှာ နေထိုင်တဲ့ ဒေါ်မင်းမင်း ဖြစ်တယ်ဆိုတာကိုလည်း Eleven Media က ဒေသခံတွေနဲ့ မိသားစုဝင်တွေထံ ဆက်သွယ် အတည်ပြုထားပါတယ်။ ဒီဖြစ်စဉ်ဟာ ၂၀၂၂/၂၀၂၃ ခုနှစ်ဝန်းကျင်က ဖြစ်ခဲ့တာပါ။

ဒေါ်မင်းမင်းဟာ ကောက်စိုက်နေစဉ် စစ်ဗိုလ်တစ်ဦး၏ မိခင်နဲ့ ခင်မင်ရင်းနှီးမှုကြောင့် "ဒလန်" ဆိုပြီး စွပ်စွဲခံရကာ ဒေသခံ အကြမ်းဖက် PDF တွေရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။

ခင်ဦးမြို့နယ်အတွင်းမှာ ၂၀၂၁ ကနေ ၂၀၂၃ ခုနှစ်အတွင်း အလားတူ ဒလန်စွပ်စွဲချက်နဲ့ မောင်နှမ ၃ ဦး သတ်ဖြတ်ခံရတာ အပါအဝင် အရပ်သားတွေ၊ သံဃာတော်တွေနဲ့ အစိုးရဝန်ထမ်းတွေ သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေ အများကြီး ရှိခဲ့တာကြောင့် ဒေသခံအများစုဟာ ရွှေဘို၊ မန္တလေးနဲ့ ပြင်ဦးလွင် ဘက်တွေကို ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။

မှိုင်းဝေ
သံဃာကိုတောင် သတ်တဲ့ ချောင်းဦး PDF၊ ပလဖအဖွဲ့

ဩဂုတ် ၂၄ ရက် (မနေ့က) ချောင်းဦးမြို့နယ်၊ ရွှေဒါးကျရွာရှိ ရွှေသိမ်တော်ဆရာတော်အား အကြမ်းဖက် ချောင်းဦး PDF နဲ့ ပလဖအဖွဲ့က တပ်နဲ့ပတ်သက်ဆက်နွယ်တယ်လို့ အကြောင်းပြပြီး ဆရာတော်နဲ့အတူ ရွာသား ၅ ဦးကို ဖမ်းဆီးခဲ့တယ်။ ဖမ်းဆီးစစ်ဆေးရင်း ဆရာတော် မှာ ပြင်းထန်ဒဏ်ရာနဲ့ ပျံလွန်ခဲ့ကြောင်း သိရပါတယ်။ ရွာသား ၅ ဦးအကြောင်းတော့ သတင်းမရသေးပါ။
-
ဆရာတော်မှာ ရွာနီးချုပ်စပ်ရွာများက ကြည်ညိုကိုးကွယ်ကြတဲ့ ဆရာတော်ဖြစ်ပြီး ဒကာ ဒကာမတွေကလည်း ဒီကိစ္စကို မခံမရပ်နိုင်ဖြစ်နေကြတယ်။ ဘုန်းကြီး သေဆုံးတဲ့သတင်းနဲ့ပတ်သက်ပြီး လိုင်းပေါ်မတင်ဖို့နဲ့ လိုင်းပေါ်တက်လာရင် အပြစ်ပေးမယ်လို့ ချောင်းဦး အကြမ်းဖက်အဖွဲ့က ခြိမ်းခြောက်ဖုံးဖိနေသော်လည်း ရွာသားတွေက မခံရပ်နိုင်လို့ အသက်စွန့်ပြီး သတင်းပေးလာကြပါတယ်။
-
အကြမ်းဖက် PDF အဖွဲ့တွေ ရဟန်း သံဃာတော်တွေကို သတ်ဖြတ်ခဲ့တာ ၁၀၀ ကျော်နေပြီဖြစ်ကာ မကြာမီ ကံကြီးထိုက် ကြတော့မယ်လို့ ပြောချင်ပါတယ်။

တိုက်ပွဲသတင်းစုံ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

ဒေသတွင်းမိတ်ဖက်နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများ၏ အားသာချက်များနှင့် မိမိတို့နိုင်ငံ၏ အားသာချက်များကို ပေါင်းစပ်၍ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည်

နေပြည်တော်၊ ဩဂုတ် - ၂၅
        
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။