1.71K subscribers
34.4K photos
2.58K videos
66 files
1.76K links
For your information
Download Telegram
ပထဝီနိုင်ငံရေးနှင့် မြန်မာ့တည်နေရာ

💯 မြန်မာနိုင်ငံသည် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့အကြားတွင် မဟာဗျူဟာမြောက် ပေါင်းကူးတံတားသဖွယ် တည်ရှိနေသည်။

💯 ဘင်္ဂလားပင်လယ်အော်နှင့် ကပ်လျက်ရှိခြင်းကြောင့် မြန်မာသည် အနောက်အုပ်စုနှင့် အရှေ့အုပ်စုတို့၏ အားပြိုင်မှုဗဟိုချက် ဖြစ်လာခဲ့သည်။

💯 ပြည်ပမှ ပထဝီဝင် စစ်ရေးမျက်နှာစာသစ်များ ပေါ်ပေါက်လာခြင်းသည် မြန်မာ့အချုပ်အခြာအာဏာ ကာကွယ်ရေးအတွက် အမျိုးသားရေးအဆင့် ကြီးမားသော စိန်ခေါ်မှုဖြစ်သည်။


KT, May 23
Forwarded from Ko Thet
🚨ပြည်သူ့အသံ🚨

ပဲခူးမြို့ VL7 KTV ရှယ်ယာအရှုပ်အရှင်းတွင် ဌာနဆိုင်ရာအရာရှိတစ်ဦး သိန်း ၂၀၀ ပါဝင်ပတ်သက်နေမှုအပေါ် ထိရောက်စွာစစ်ဆေးခြင်းမရှိဟု သတင်းများထွက်ပေါ်


မေလ ၂၃ ရက်
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ အင်းတကော်မြို့ရှိ "VL7" KTV အခြေပြု ရှယ်ယာရှင်များအကြား ငွေကြေးအလွှဲသုံးစားမှု၊ ဆိုင်အပိုင်စီးမှုများနှင့် ဌာနဆိုင်ရာအရာရှိတစ်ဦး လာဘ်ပေးလာဘ်ယူမှုများတွင် ပါဝင်ပတ်သက်နေသည့် ကိစ္စအား တာဝန်ရှိသူများက ဘက်လိုက်စစ်ဆေးနေကြောင်း ကာယကံရှင် တိုင်ကြားသူက ထုတ်ဖော်ပြောဆိုလိုက်သည်။
-
ဖြစ်စဉ်မှာ တိုင်ကြားသူ ဦး**သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလက အဆိုပါ KTV တွင် ကျပ်သိန်း ၇,၅၀၀ ထည့်ဝင်ကာ ရှယ်ယာဝင်ခဲ့သော်လည်း မေလတွင် လုပ်ငန်းမန်နေဂျာဖြစ်သူ ဦးဇင်းမင်းထက်က ငွေကြေးများအလွှဲသုံးစားလုပ်၍ ထွက်ပြေးသွားခဲ့သည်။ ထို့နောက် အခြားသူအချို့က ဆိုင်အား အတင်းအကြပ် ဝင်ရောက်အပိုင်စီး လုပ်ကိုင်ခဲ့ကြကြောင်း သိရသည်။
-
၎င်းပြင် ၂၀၂၅ ခုနှစ် မေလ ၂၁ ရက်နေ့က ပိုင်ဆိုင်မှု ဆွေးနွေးနေစဉ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးအရာရှိ ဦး*** ရောက်ရှိလာပြီး တစ်ဖက်သတ် အတင်းအကြပ် ဆုံးဖြတ်ပေးခဲ့သည်။ အဆိုပါ ဒုဦးစီးအရာရှိ ဦး***ကိုယ်တိုင် ယင်း KTV ၌ ငွေကျပ် သိန်း ၂၀၀ ထည့်ဝင်ကာ အကျိုးအမြတ်ရယူနေပြီး ဥပဒေမဲ့လုပ်ရပ်များကို ကျောထောက်နောက်ခံပြုပေးနေကြောင်း စွပ်စွဲချက်များ ထွက်ပေါ်လာခဲ့သည်။
-
၎င်းကိစ္စနှင့်ပတ်သက်၍ ပဲခူးခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးစော***က ခေါ်ယူစစ်ဆေးခဲ့သော်လည်း အဓိကသက်သေများနှင့် ဓာတ်ပုံအထောက်အထားများကို တမင်ချန်လှပ်ကာ အဖြစ်သဘောသာ စစ်ဆေးခဲ့ပြီး၊ ယနေ့အချိန်ထိ ပြတ်သားစွာ အရေးယူခြင်းမရှိဘဲ အချင်းချင်း ကာကွယ်စောင့်ရှောက်ပေးနေသည့်အတွက် တရားမျှတမှု ရရှိရန် အထက်အဖွဲ့အစည်းများထံ ထပ်မံတိုင်ကြားထားကြောင်း သိရှိရသည်။
-
(မှတ်ချက်။ ယခုလို မတရားအနိုင်ကျင့်၊ အကျင့်ပျက်ခြစားမှုများရှိပါက လာရောက်တိုင်ကြားနိုင်ပါတယ်။ အမှန်အတိုင်းဖြစ်စေရဖို့ တာဝန်ယူပါတယ်။ လုပ်ကြံဖန်တီး တိုင်ကြားမှုများကိုတော့ မဆောင်ရွက်ပေးပါ)

KT, May 23
လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနေသည့် အခြေအနေများအား ပြည်သူများသို့ အသိပေးတင်ပြခြင်း
နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာဖောက်မှု၊ ငွေကြေးရှုပ်ထွေးမှု၊ လူမှုရေးရှုပ်ထွေးမှု၊ မူးယစ်ဆေးဝါးမှုများသည် ခွင့်လွှတ်ပေး၍မရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပြောကြား

နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာဖောက်မှု၊ ငွေကြေးရှုပ်ထွေးမှု၊ လူမှုရေးရှုပ်ထွေးမှု၊ မူးယစ်ဆေးဝါးမှုများသည် ခွင့်လွှတ်ပေး၍မရကြောင်း၊ တိုင်းပြည်ချစ်စိတ်နှင့် တပ်မတော်ချစ်စိတ်ကိုအခြေခံပြီး မိမိကိုယ်ကို သစ္စာရှိရန်၊ မိမိ၏မိသားစုအပေါ် သစ္စာရှိရန်၊ မိမိ၏ပတ်ဝန်းကျင်အသိုင်းအဝိုင်းအပေါ် သစ္စာရှိရန်၊ တပ်မတော်အပေါ်
နှင့်နိုင်ငံတော်အပေါ် သစ္စာရှိရန်လိုကြောင်း၊ မိသားစုဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုဖြစ်စေ၊ ဘာသိဘာသာဖြင့် နေသာသလိုနေခြင်း၊ စည်းကမ်းချိုးဖောက်မှုကို လျစ်လျူရှုခြင်းသည် အဆိုပါမိသားစုနှင့် အဖွဲ့အစည်းကို ပျက်စီးစေမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး က မေလ ၁၉ ရက်တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ကြီးတပ်နယ်နှင့် ဆီဆိုင်၊ ဘန်းယဉ်တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
#May 19th ခရီးစဉ်ကောက်နှုတ်ချက်
#SN
တပ်မတော်က အလယ်ပိုင်းတိုင်းမှာ အလင်းဝင် PDF တွေကို ကြိုဆိုပွဲတွေလုပ်တော့…ဒါက လုပ်ကြံမှု သပ်သပ်ပါဆိုပြီး မိုးကြိုးပစ်တာကို ထန်းလက်နဲ့ ကာခဲ့ကြဖူးတယ်။ မနေ့က ထွက်လာတဲ့ MDY-PDF အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာဆိုရင်…အောက်ခြေအဖွဲ့အစည်းတွေရဲ့ အနေအထားကို ကောင်းကောင်းကြီး သုံးသပ်နိုင်လို့ရသွားတယ်။ နည်းဗျူဟာမှူးအဆင့်ရှိတဲ့သူတွေ၊ တပ်ရင်းမှူးအဆင့်ရှိတဲ့သူတွေတောင် စစ်ဆင်ရေးနယ်မြေကနေ စွန့်ခွာခြင်းဆိုပြီး ခေါင်းစဉ်တပ်ထားပုံရရင်…အောက်ခြေသာမန် စစ်သည် တွေဆို ပြောနေစရာတောင်အကြောင်းမရှိတော့ဘူး။
------------
ထုတ်ပြန်ချက်ထဲမှာ… အမိန့်ပေးစေခိုင်းရတဲ့ ခေါင်းဆောင်အဆင့်ရှိသူတွေတောင် တပ်မတော်ထဲကို အလင်းဝင်ရောက်သွားတယ်ဆိုတဲ့ မက်ဆေ့ချ်က အောက်ခြေအဖွဲ့အစည်းထဲမှာ သစ္စာရှိမှုနဲ့ ယုံကြည်မှု တွေ ကျဆင်းနေတယ်ဆိုတာ ထင်ရှားစေတယ်။ ဒီ (၅)နှစ်ကျော်ကာလမှာ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲခဲ့ ကြတယ်ဆိုပေမယ့်…တပ်မတော်ရဲ့ထိုးစစ်ကို လပိုင်း၊ ရက်ပိုင်းအတွင်းလောက်တောင် ခံစစ်မပြင်နိုင်တာ ကြည့်ရင်…စနစ်တကျလေ့ကျင့်မှုနဲ့အဖွဲ့အစည်းအတွင်းက အမိန့်နာခံမှုအပိုင်းမှာ အတော်လေး ကွဲပြား ခြားနားတယ်ဆိုတာ မြင်သာစေတယ်။
-----------
အောက်ခြေမှာ စစ်ရေးကို ပီပီပြင်ပြင်ဦးဆောင်နိုင်တဲ့ မာမာခြာခြာ ခေါင်းဆောင်တွေ မရှိ။ ရေရှည် စစ်ပွဲအတွက်လည်း သူတို့ကိုဦးဆောင်တဲ့ NUG က ထောက်ပံ့ပေးမှုက မရှိ။ တပ်မတော်ဘက်ကို ဘက်ပြောင်းခိုလှုံသွားတဲ့သူတွေက ဘဝအာမခံချက်တွေရှိသွားတဲ့အချိန်…တောတွင်းဥပဒေကျင့်သုံးတဲ့ စစ်မြေပြင်မှာ အသက်အန္တရာယ်က အချိန်မရွေးစိုးရိမ်ရတဲ့ အခြေအနေ။ ဆိုတော့…စိတ်ဓာတ်ပိုင်းဆိုင်ရာ အရပါ ကျဆင်းလာခဲ့ပုံရတယ်။
---------
ဗျူဟာမှူးတွေ၊ တပ်ရင်းမှူးအဆင့်ရှိသူတွေ အလင်းဝင်သွားတာက စစ်ရေးအရကြည့်ရင်လည်း လုံခြုံရေးကျိုးပေါက်မှုတစ်ခုလို့ ပြောလို့ရတယ်။ ထုတ်ပြန်ချက်မှာ “စည်းကမ်းလိုက်နာမှု မရှိလို့” ဆိုပြီး ခေါင်းစဉ်တပ်ထားပေမယ့် အဖွဲ့အစည်းအတွင်းမှာ စည်းလုံးညီညွတ်မှုမရှိမှုနဲ့ ခေါင်းဆောင်မှုအပိုင်းရဲ့ စိန်ခေါ်ချက်ကိုပါ တပါတည်း ဝန်ခံထားတာ တွေ့ရတယ်။ ခြုံကြည့်ရင်တော့…MDY-PDF ထဲမှာ Command Structure တွေ အားနည်းလာသလို စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေရှိ လာချိန် မှာ… ကြာကြာဖုံးကွယ်လို့ မရတော့ဘဲ ထုတ်ပြန်လာခဲ့ပုံရတယ်။ အကြီးပိုင်းအဆင့်တွေတောင် အလင်းဝင်၊ တပ်ပြေးဖြစ်တယ်ဆိုတော့…ဒီတော်လှန်ရေးရဲ့ အနာဂတ်ကို မှန်းကြည့်လို့ရပါပြီ။


(နရီမိုး)
အဲ့တာပဲ။
ပြည်သူလူထုကို ဒုက္ခပေးပြီး ပြေးသွားတဲ့ ခေါကြီးကို ၊ သူခိုးဂုဏ်ရည်ဆု ပေးတယ်တဲ့။
Media is too big
VIEW IN TELEGRAM
သူခိုးမ ပန်ဆယ်လို.... ခွေးဖြစ်ပြီ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်  ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်း မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး။