1.71K subscribers
34.4K photos
2.58K videos
66 files
1.76K links
For your information
Download Telegram
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂)က နိုင်ငံ့သားကောင်းရတနာများရဲ့ ပြည်သူ့စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ပြီးလို့ အိမ်ပြန်ချိန် မိသားစုဆွေမျိုးသားချင်းများနဲ့ ဒေသခံပြည်သူများက ဂုဏ်ယူဝမ်းမြောက်စွာ သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြတဲ့ ကြည်နူးစရာမြင်ကွင်းပုံရိပ်များပဲဖြစ်ပါတယ်။
This media is not supported in your browser
VIEW IN TELEGRAM
ကိုယ်အပါအဝင်အများစု မြင်ချင်တာက ဒီလို တည်းဖြတ်မှု ရုပ်သံပါ။

နေရာတစ်ခုကိုသွား၊ စစ်ဆေး၊ မှာကြား ၊ ည ၈ နာရီ ထွက်လာတဲ့ သတင်းကို ဝန်ကြီးဌာန Page မှာတင်။ A4 ၁ မျက်နှာစာ သတင်းကို မျက်နှာ အီမိုးရှင်း ခံစားချက်မပါ ထိုင်ဖတ်။ မူဝါဒနဲ့ လုပ်ထုံးလုပ်နည်းအရဆို မှန်ပေမယ့် သတင်းစားသုံးသူကို ဆွဲထုတ်ပြနိုင်ဖို့ လိုပါတယ်။ဒါက အဓိက Key Point ပါ။

တချို့ ကိုယ်လုပ်နေတဲ့ လုပ်ငန်းဆောင်တာတွေကို လူထု သိစေချင်၊ မြင်စေချင်၊ ကြားစေချင်ရင် ....သတင်းဌာနကို မိတ်ဖက်လို့ အသုံးချနိုင်ဖို့လိုတယ်။

ရုရှားက တရုတ်ကို သွားချိန်မှာ ရုရှားစစ်ရှုံးနေပြီ၊ ရုရှားစစ်ရှုံးနေတာကို သိဖို့လိုတယ်ဆိုပြီး ထရမ့်ကို ရှီပြောခဲ့တယ်ဆိုတဲ့ သတင်းတွေကို အမေရိကန်ဘက်က ဘာလို့ ရည်ရွယ်ချက်ရှိရှိ ထုတ်ပြန်သလဲလို့ ထင်လဲ။ အာဆီယံက မြန်မာကို ဖယ်ထုတ်ထားတဲ့ စကားတွေပြောပေမယ့် အစိုးရဘက်ကနေ ရပ်တည်ပြီး ပြင်းပြင်းထန်ထန်တုန့်ပြန်တဲ့ ပရင့်တက် မီဒီယာ ဘာလို့ မရှိကြတာလဲ။

မီဒီယာက သုံးတတ်ရင် ဆေးတခွက်ပါ။

(နရီမိုး)
1
လက်ဦးဆရာ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ မိနှင့်ဖ တဲ့ ။

မိဘက အသိညဏ်မဲ့တော့ သားသမီးကပါ လမ်းမှားရောက်ရ။

အညာမြေ ပြာပုံဘဝကရုန်းမထွက်နိုင်တာ ဒီလိုမိဘတွေကြောင့်ပါ။

မိဘဟူသည် သားသမီးကိုလမ်းမှားမရောက်စေလိုတဲ့ စိတ်ရင်းစေတနာရှိသည်ဟုသာ ကြားဖူးပါသည်။

ဒီနိုင်ငံမှာတော့ သားသမီးတွေကို လမ်းမှားတွန်းပို့သည့်မိဘများစွာရှိလို့နေသည်။

သဗ္ဗေ သတ္တာ ကမ္မသကာ

ဦးဝါသဝ(၅၅၀ဆရာတော်)
🇲🇲
KT, May 23
မှော်ဘီမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်


နေပြည်တော်၊ ၂၀၂၆ မေလ ‌၂၃ ရက်
ပထဝီနိုင်ငံရေးနှင့် မြန်မာ့တည်နေရာ

💯 မြန်မာနိုင်ငံသည် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့အကြားတွင် မဟာဗျူဟာမြောက် ပေါင်းကူးတံတားသဖွယ် တည်ရှိနေသည်။

💯 ဘင်္ဂလားပင်လယ်အော်နှင့် ကပ်လျက်ရှိခြင်းကြောင့် မြန်မာသည် အနောက်အုပ်စုနှင့် အရှေ့အုပ်စုတို့၏ အားပြိုင်မှုဗဟိုချက် ဖြစ်လာခဲ့သည်။

💯 ပြည်ပမှ ပထဝီဝင် စစ်ရေးမျက်နှာစာသစ်များ ပေါ်ပေါက်လာခြင်းသည် မြန်မာ့အချုပ်အခြာအာဏာ ကာကွယ်ရေးအတွက် အမျိုးသားရေးအဆင့် ကြီးမားသော စိန်ခေါ်မှုဖြစ်သည်။


KT, May 23
Forwarded from Ko Thet
🚨ပြည်သူ့အသံ🚨

ပဲခူးမြို့ VL7 KTV ရှယ်ယာအရှုပ်အရှင်းတွင် ဌာနဆိုင်ရာအရာရှိတစ်ဦး သိန်း ၂၀၀ ပါဝင်ပတ်သက်နေမှုအပေါ် ထိရောက်စွာစစ်ဆေးခြင်းမရှိဟု သတင်းများထွက်ပေါ်


မေလ ၂၃ ရက်
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ အင်းတကော်မြို့ရှိ "VL7" KTV အခြေပြု ရှယ်ယာရှင်များအကြား ငွေကြေးအလွှဲသုံးစားမှု၊ ဆိုင်အပိုင်စီးမှုများနှင့် ဌာနဆိုင်ရာအရာရှိတစ်ဦး လာဘ်ပေးလာဘ်ယူမှုများတွင် ပါဝင်ပတ်သက်နေသည့် ကိစ္စအား တာဝန်ရှိသူများက ဘက်လိုက်စစ်ဆေးနေကြောင်း ကာယကံရှင် တိုင်ကြားသူက ထုတ်ဖော်ပြောဆိုလိုက်သည်။
-
ဖြစ်စဉ်မှာ တိုင်ကြားသူ ဦး**သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလက အဆိုပါ KTV တွင် ကျပ်သိန်း ၇,၅၀၀ ထည့်ဝင်ကာ ရှယ်ယာဝင်ခဲ့သော်လည်း မေလတွင် လုပ်ငန်းမန်နေဂျာဖြစ်သူ ဦးဇင်းမင်းထက်က ငွေကြေးများအလွှဲသုံးစားလုပ်၍ ထွက်ပြေးသွားခဲ့သည်။ ထို့နောက် အခြားသူအချို့က ဆိုင်အား အတင်းအကြပ် ဝင်ရောက်အပိုင်စီး လုပ်ကိုင်ခဲ့ကြကြောင်း သိရသည်။
-
၎င်းပြင် ၂၀၂၅ ခုနှစ် မေလ ၂၁ ရက်နေ့က ပိုင်ဆိုင်မှု ဆွေးနွေးနေစဉ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးအရာရှိ ဦး*** ရောက်ရှိလာပြီး တစ်ဖက်သတ် အတင်းအကြပ် ဆုံးဖြတ်ပေးခဲ့သည်။ အဆိုပါ ဒုဦးစီးအရာရှိ ဦး***ကိုယ်တိုင် ယင်း KTV ၌ ငွေကျပ် သိန်း ၂၀၀ ထည့်ဝင်ကာ အကျိုးအမြတ်ရယူနေပြီး ဥပဒေမဲ့လုပ်ရပ်များကို ကျောထောက်နောက်ခံပြုပေးနေကြောင်း စွပ်စွဲချက်များ ထွက်ပေါ်လာခဲ့သည်။
-
၎င်းကိစ္စနှင့်ပတ်သက်၍ ပဲခူးခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးစော***က ခေါ်ယူစစ်ဆေးခဲ့သော်လည်း အဓိကသက်သေများနှင့် ဓာတ်ပုံအထောက်အထားများကို တမင်ချန်လှပ်ကာ အဖြစ်သဘောသာ စစ်ဆေးခဲ့ပြီး၊ ယနေ့အချိန်ထိ ပြတ်သားစွာ အရေးယူခြင်းမရှိဘဲ အချင်းချင်း ကာကွယ်စောင့်ရှောက်ပေးနေသည့်အတွက် တရားမျှတမှု ရရှိရန် အထက်အဖွဲ့အစည်းများထံ ထပ်မံတိုင်ကြားထားကြောင်း သိရှိရသည်။
-
(မှတ်ချက်။ ယခုလို မတရားအနိုင်ကျင့်၊ အကျင့်ပျက်ခြစားမှုများရှိပါက လာရောက်တိုင်ကြားနိုင်ပါတယ်။ အမှန်အတိုင်းဖြစ်စေရဖို့ တာဝန်ယူပါတယ်။ လုပ်ကြံဖန်တီး တိုင်ကြားမှုများကိုတော့ မဆောင်ရွက်ပေးပါ)

KT, May 23
လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနေသည့် အခြေအနေများအား ပြည်သူများသို့ အသိပေးတင်ပြခြင်း