1.71K subscribers
34.3K photos
2.58K videos
66 files
1.76K links
For your information
Download Telegram
Media is too big
VIEW IN TELEGRAM
တာဝန်ကျေ ပြည်သူ့စစ်မှုထမ်းများအတွက် အခွင့်အလမ်းများ
ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ချက်နှင့် ဥပဒေဘောင်အတွင်းဝင်ရောက်ရေး တိုက်တွန်းနှိုးဆော်ချက်တို့နှင့်စပ်လျဉ်း၍ ဆက်သွယ်ဆောင်ရွက်နိုင်

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီက လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်အတွက် ကြိုတင်ကန့်သတ်ချက်များမထားသည့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ဖိတ်ခေါ်ထားပြီး PDF အမည်ခံအဖွဲ့အစည်းသီးသီးတို့သည်လည်း နိုင်ငံတော်အစိုးရ၏ ကမ်းလှမ်းဖိတ်ခေါ်သည့်အတိုင်း ဥပဒေဘောင်အတွင်း အမြန်ဆုံးပြန်လည်ခိုလှုံဝင်ရောက်ရန် နှိုးဆော်တိုက်တွန်းထားပါတယ်...
-
ဒါ့ကြောင့် ဆက်သွယ်ဆောင်ရွက်လိုပါက အောက်ဖော်ပြပါ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီအဖွဲ့ဝင်ရုံး ဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါတယ်...

KT, May 23
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြင်ဦးလွင်မြို့ရှိ မြို့မိမြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားချက်မှကောက်နုတ်ချက်။
👍1
တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် သက်ဆိုင်ရာတာဝန်ရှိသူများက ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးလျက်ရှိတဲ့ မြင်ကွင်းပုံရိပ်များပဲဖြစ်ပါတယ်။
ကျောင်းသား/ကျောင်းသူများ သန့်ရှင်းသပ်ရပ်စွာ ကျောင်းတက်ပညာသင်ကြားနိုင်ရေးအတွက် ချောင်းဦးမြို့ရှိ အမှတ်(၁၀) အခြေခံပညာမူလတန်းကျောင်းနဲ့ ယင်းမာပင်မြို့ရှိ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းခွဲတို့မှာ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနဲ့ ဒေသခံပြည်သူများပူးပေါင်းပြီး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးခဲ့ကြတဲ့ မြင်ကွင်းပုံရိပ်များပဲဖြစ်ပါတယ်။