1.71K subscribers
34.3K photos
2.58K videos
66 files
1.76K links
For your information
Download Telegram
၂၂-၅-၂၀၂၆ ရက်နေ့ မနေ့က ငါးအိုးမြို့နယ်အတွင်း ပြည်တွေကို လက်နက်နဲ့အနိုင်ကျင့်ဆက်ကြေးကောက်နေတဲ့ အကြမ်းဖက် KIA ဘိန်းစားများကို တပ်မတော်စစ်ကြောင်းများက ချေမှုန်းသုတ်သင်..

အကြမ်းဖက် KIA အလောင်း ၂ လောင်းရရှိ။

မှိုင်းဝေ
🚨ဘင်္ဂလားဒေ့ရှ် စစ်တကောင်းဆိပ်ကမ်းမှာ အမေရိကန်စစ်သင်္ဘောတွေ ကမ်းကပ်ခွင့်ပြုဖို့ ဝါရှင်တန်မှာ MOU ရေးထိုး🚨

KT, May 23
ဘင်္ဂလားဒေ့ရှ်အစိုးရသစ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဟာ ဝါရှင်တန်ဒီစီမှာ အမေရိကန်အစိုးရနဲ့ သမိုင်းဝင် နိုင်ငံတကာသဘောတူညီချက် (MOU) တစ်ခုကို လက်မှတ်ရေးထိုးလိုက်ပါတယ်။
-
ဒီစာချုပ်ရဲ့ အဓိကသော့ချက်တွေကတော့ -
၁။ မဟာဗျူဟာကျတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ "စစ်တကောင်းဆိပ်ကမ်း" ကို အဆင့်မြှင့်တင်သွားမယ်။
၂။ အမေရိကန် ရေတပ်စစ်သင်္ဘောတွေကို စစ်တကောင်းဆိပ်ကမ်းမှာ ကမ်းကပ်ခွင့်နဲ့ အခြေပြုခွင့် ပေးသွားမယ်ဆိုတာပဲ ဖြစ်ပါတယ်။

-
ဒီသဘောတူညီချက်ကြောင့် အမေရိကန်နဲ့ ဘင်္ဂလားဒေ့ရှ်အကြား စစ်ရေးမဟာမိတ်ပြုမှု ပိုမိုခိုင်မာလာပြီး ဒေသတွင်း ပထဝီနိုင်ငံရေးအခင်းအကျင်းမှာ ထူးခြားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

#BreakingNews #Geopolitics #USNaval #Bangladesh #ChittagongPort #USAsia
စမတ်ကတ် ပျောက်ဆုံး/ပျက်စီးပါက လဝကရုံးများတွင် ပြန်ထုတ်နိုင်

UID(စမတ်ကတ်)တွေ ပျောက်ဆုံး၊ ပျက်စီးတာ ဖြစ်ပေါ်ရင် နီးစပ်ရာ လဝကမြို့နယ်ဦးစီးမှူးရုံးတွေမှာ လူကိုယ် တိုင် သွားရောက်ပြီး Biometric အချက်အလက်နဲ့ စနစ်တကျ ပြန်လည်ထုတ်ယူနိုင်တယ်လို့ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက မေ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။
-
ပွဲစားတွေနဲ့ ကြားခံလူတွေကတစ်ဆင့် ဆောင်ရွက်တာဟာ မလိုအပ်ဘဲ အချိန်ကုန်တာ၊ ငွေကြေးကုန်ကျမှု ရှိတာနဲ့ UID အတုအပပြဿနာတွေ ကြုံတွေ့နိုင်တဲ့အပြင် လုံခြုံရေးဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်နိုင်တာတွေကြောင့် ကာယကံရှင်ကိုယ်တိုင်သာ သွာရောက်ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
စမတ်ကတ်တွေ ပြန်လည်ထုတ်ပေးရာမှာ အရေးကြီးဆုံး အချက်က ကာယကံရှင် အစစ်အမှန်ဆီ ပြန်လည်ထုတ် ပေးရေးဖြစ်ပြီး အခုလို ဆောင်ရွက်နိုင်ဖို့အတွက် မြို့နယ်ဦးစီးမှူးရုံးတွေရှိ Biometric Enrollment and Verification စနစ်မှာ ကာယကံရှင်ရဲ့ Biometric အချက်အလက် (မျက်နှာ၊ လက်ဗွေ၊ မျက်စိသူငယ်အိမ်)နဲ့ တိုက် ဆိုင်စစ်ဆေးပြီးမှသာ ပြန်လည်ထုတ်ပေးမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
-
မိမိရဲ့ ဇီဝအချက်အလက်တွေကို ပေးသွင်းပြီး e-ID စနစ်အတွင်းက မူလက်အချက်အလက်တွေနဲ့ တိုက်ဆိုင် စစ်ဆေးမှု ခံယူရမှာ ဖြစ်ပြီး e-ID စနစ်က ကာယကံရှင် အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုပြီးရင် UID စာရွက် အသစ်ကို ကြားခံလူတွေလက်ကို မရောက်စေဘဲ ကာယကံရှင်ရဲ့ လက်ဝယ်ကိုသာ တိုက်ရိုက်ထုတ်ပေးမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

KT, May 23
This media is not supported in your browser
VIEW IN TELEGRAM
ရင်နာဖွယ်ဖြစ်ရပ်ဆိုးများမှ ရုန်းထွက်ပြီး မိခင်ရင်ခွင်ထံ လမ်းမှန်ပြန်လှည့်လာကြဖို့ နှိုးဆော်ချက်

NUG ခေါင်းဆောင်ဆိုသူတွေရဲ့ သားသမီးတွေကတော့ ပြည်ပမှာ အပွန်းအပဲ့မခံ၊ ဘေးကင်းလုံခြုံစွာ ပညာသင်ကြား နေထိုင်နေကြချိန်မှာ... မြေပြင်က PDF အမျိုးသမီးငယ်လေးတွေခမျာတော့ တောထဲတောင်ထဲမှာ ရစရာမရှိအောင် နှိပ်စက်ညှဉ်းဆဲမှုတွေ၊ ကိုယ်ထိလက်ရောက် စော်ကားခံရမှုတွေနဲ့ ရင်နာဖွယ် လောကငရဲကို ကိုယ်တိုင်ခံစားနေကြရတာ တွေ့မြင်နေရလို့ တကယ်ပဲ စိတ်မကောင်းဖြစ်ရပါတယ်။
-
ဒီလို ရက်စက်တဲ့ ငရဲတွင်းထဲကနေ အမြန်ဆုံး ရုန်းထွက်လာခဲ့ကြပါ။ မိဘပြည်သူတွေနဲ့ တပ်မတော်က လမ်းမှန်ပြန်လှည့်လာမယ့်သူတွေကို နွေးထွေးစွာ ကြိုဆိုဖို့ အမြဲအဆင်သင့်ရှိနေတာမို့ အချိန်မနှောင်းခင် အိမ်ပြန်လာကြဖို့ မေတ္တာရှေ့ထားပြီး တိုက်တွန်းလိုက်ရပါတယ်။

တိုက်ပွဲသတင်းစုံ
#အိမ်ပြန်လာကြပါညီမငယ်တို့ #လမ်းမှန်သို့ #စစ်ရေးသတင်းမှန်
Media is too big
VIEW IN TELEGRAM
တာဝန်ကျေ ပြည်သူ့စစ်မှုထမ်းများအတွက် အခွင့်အလမ်းများ
ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ချက်နှင့် ဥပဒေဘောင်အတွင်းဝင်ရောက်ရေး တိုက်တွန်းနှိုးဆော်ချက်တို့နှင့်စပ်လျဉ်း၍ ဆက်သွယ်ဆောင်ရွက်နိုင်

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီက လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်အတွက် ကြိုတင်ကန့်သတ်ချက်များမထားသည့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ဖိတ်ခေါ်ထားပြီး PDF အမည်ခံအဖွဲ့အစည်းသီးသီးတို့သည်လည်း နိုင်ငံတော်အစိုးရ၏ ကမ်းလှမ်းဖိတ်ခေါ်သည့်အတိုင်း ဥပဒေဘောင်အတွင်း အမြန်ဆုံးပြန်လည်ခိုလှုံဝင်ရောက်ရန် နှိုးဆော်တိုက်တွန်းထားပါတယ်...
-
ဒါ့ကြောင့် ဆက်သွယ်ဆောင်ရွက်လိုပါက အောက်ဖော်ပြပါ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီအဖွဲ့ဝင်ရုံး ဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါတယ်...

KT, May 23
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြင်ဦးလွင်မြို့ရှိ မြို့မိမြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားချက်မှကောက်နုတ်ချက်။
👍1
တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် သက်ဆိုင်ရာတာဝန်ရှိသူများက ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးလျက်ရှိတဲ့ မြင်ကွင်းပုံရိပ်များပဲဖြစ်ပါတယ်။
ကျောင်းသား/ကျောင်းသူများ သန့်ရှင်းသပ်ရပ်စွာ ကျောင်းတက်ပညာသင်ကြားနိုင်ရေးအတွက် ချောင်းဦးမြို့ရှိ အမှတ်(၁၀) အခြေခံပညာမူလတန်းကျောင်းနဲ့ ယင်းမာပင်မြို့ရှိ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းခွဲတို့မှာ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနဲ့ ဒေသခံပြည်သူများပူးပေါင်းပြီး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးခဲ့ကြတဲ့ မြင်ကွင်းပုံရိပ်များပဲဖြစ်ပါတယ်။