1.71K subscribers
34.3K photos
2.58K videos
66 files
1.76K links
For your information
Download Telegram
နေပြည်တော်စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့၏ ၂၀၂၆ ခုနှစ်၊ နှစ်ပတ်လည်အစည်းအဝေး ကျင်းပ


နေပြည်တော်၊ ၂၀၂၆ မေ ၂၂
နေပြည်တော် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များအနေဖြင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လမ်းညွှန်မှာကြား

နေပြည်တော် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များအနေဖြင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က မေလ ၂၀ ရက်တွင် နေပြည်တော်အတွင်း မြို့ပြအင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးစဉ် လမ်းညွှန်မှာကြားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် မဏိရတနာကျောက်စိမ်းခန်းမကြီး အတွင်း အပြင်အား လိုအပ်သည့်ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်သွားရန်လိုကြောင်းနှင့် ကျောက်စိမ်းဥယျာဉ်အား အဆင့်အတန်းမီပြီး သန့်ရှင်းသပ်ရပ်သည့်ဥယျာဉ်အဖြစ် ပြန်လည်အဆင့်မြှင့်တင်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့တယ်လို့ သိရပါတယ်။
ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး ပြင်ဆင်ဆောင်ရွက်ထားမှုအား ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၂၂
ပညာရေးဝန်ကြီးဌာန
"၂၀၂၆-၂၀၂၇ ပညာသင်နှစ်"
မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများသို့ မေတ္တာရပ်ခံချက်
ပညာရေးဝန်ကြီးဌာန
"၂၀၂၆-၂၀၂၇ ပညာသင်နှစ်"
ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများအားလုံး သိရှိလိုက်နာရမည့်အချက်များ
"နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့"
"အသိပေးကြေညာချက်"
ခုတလော အားရနေတာ.... ရေကြောင်းလူငယ်နဲ့ တပ်မတော် လူငယ် ပညာရေး သင်တန်းကျောင်း (Tatmadaw Youth Education Training Schools)ဖွင့်နေတဲ့ ကိစ္စပဲ။

ရေကြောင်း/လေကြောင်းကင်း‌ထောက်တွေကတော့ နွေရာသီတိုင်း တပ်မတော်က စဉ်ဆက်မပြတ် လုပ်နေတဲ့ ကိစ္စပါပဲ။ တပ်မတော် ပညာရေးကျောင်းကတော့ ခုမှ အကောင်အထည်ဖော်လာတာလို့ ပြောလို့ရတယ်။

ဒီဘက်ခေတ်နိုင်ငံရေး အခြေအနေအရဆိုရင် ....နိုင်ငံချစ်စိတ်ရှိဖို့၊ မျိုးချစ်စိတ်အားကောင်းဖို့ လူငယ်တွေကို ရင်းနှီးမြုပ်နှံလာတဲ့ သဘောပဲ။ တပ်မတော် ပညာရေးကျောင်းတွေဆိုရင်...ပိုက်ဆံမရှိတဲ့ မိသားစုတွေအတွက် တကယ့်မှီခိုအားထားစရာလို့ မြင်မိတယ်။ နေစရာ၊ ကျောင်းတက်စရိတ် အကုန် Free ရမယ့်အပြင် ထောက်ပံ့ကြေးပါ အပိုရဦးမယ့်သဘော။ အဓိက ကလေးတွေ ထူးချွန်ရင် ထူးချွန်သလောက် တပ်မတော် အရိပ်အာဝါသကို ခိုပြီး အမြင့်ပျံလို့ရတာမျိုး တွေ့ရတယ်။

အနာဂတ်မှာ စစ်ဘက်-အရပ်ဆက်ဆံ‌ရေးဘက်ကို ချိတ်ပေးနိုင်တဲ့ ပေါင်းကူးတံတားလည်း ဖြစ်လာနိုင်တယ်။


(နရီမိုး)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ချယ်ရီရိပ်ဖောင်ဒေးရှင်းအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားတွင် အမှာစကားပြောကြားချက်မှ ကောက်နုတ်ချက်
This media is not supported in your browser
VIEW IN TELEGRAM
ရင်သွေးငယ်တို့ပညာခရီးလမ်း ပြတ်တောက်ခြင်းမဖြစ်စေဖို့ မိဘ/ ဆရာ ဝိုင်းကူစို့...

၂၀၂၁-၂ဝ၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော အခြေခံပညာမူလတန်းဆင့် (Grade 2 မှ Grade 5) နှင့် အလယ်တန်းဆင့် (Grade 6 မှ Grade 9) ကျောင်းသားများအတွက် Placement Test (အထူးအစီအစဉ်)

KT, May 23
မြန်မာ-ရုရှား တက္ကသိုလ်ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး၊ NNSTU နှင့် ပညာရေးချိတ်ဆက်မှု မြှင့်တင်မည်

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နစ်ဇ်နီ နော့ဗ်ဂိုရော့ဒ်မြို့၌ ရောက်ရှိနေသော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်သည် Nizhny Novgorod State Technical University (NNSTU) ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် တာဝန်ရှိသူများအား ယမန်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
-
တွေ့ဆုံစဉ် မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် NNSTU တို့အကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး တက္ကသိုလ်အတွင်းရှိ စာသင်ခန်းများနှင့် လက်တွေ့ခန်းများကိုလည်း လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
-
ထို့ပြင် နစ်ဇ်နီ နော့ဗ်ဂိုရော့ဒ်မြို့တွင် ပညာတော်သင်ရောက်ရှိနေသည့် မြန်မာကျောင်းသား၊ ကျောင်းသူများနှင့်လည်း တွေ့ဆုံအားပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် ANO Gorky Tech သို့ သွားရောက်ကာ ဒေသတွင်း အိုင်တီကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်နေမှုများကို လေ့လာခဲ့ကြောင်း သိရသည်။
ANO Gorky Tech သည် အစိုးရမဟုတ်သော အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဒေသတွင်း အိုင်တီကုမ္ပဏီများကို ပံ့ပိုးကူညီခြင်း၊ နည်းပညာကုမ္ပဏီအသစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် မြေတောင်မြှောက်ပေးခြင်းနှင့် ဒေသ၏ ဒီဂျစ်တယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနေသည့် အိုင်တီဖွံ့ဖြိုးရေးဗဟိုဌာနတစ်ခုဖြစ်ကြောင်း သိရသည်။

KT, May 23
1
ဂွမြို့နယ် ကျိန်တလီရှိ AA စခန်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရ၊ AA တပ်ဖွဲ့ဝင် ၉ ဦး သေဆုံး

မေ ၂၃၊
ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ်၊ ကျိန်တလီဒေသမှာရှိတဲ့ အာရက္ခတပ်တော် (AA) ရဲ့ စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
-
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် စခန်းအတွင်းရှိ AA တပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းအချက်အလက်များအရ သိရပြီး၊ လက်ရှိ ဂွမြို့နယ်အတွင်းမှာ နှစ်ဖက်စစ်ရေး အခြေအနေတွေ ဆက်လက် တင်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲသတင်းစုံ
#BreakingNews #Gwa #Kyeintali #AA #MilitaryUpdate