မလေးရှား နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သို နေ့ချင်းပြန်ခရီး ရောက်ရှိလာပြီး မြန်မာ နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံ
နေပြည်တော်သို နေ့ချင်းပြန်ခရီး ရောက်ရှိလာတဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတိုဆရီ ဥတမဟာဂျီမိုဟာမက် ဘင်ဟာဂျီဟာဆန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲဟာ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။
အဆိုပါ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲဟာ မေလ ၁၉ ရက်နေ့က နေပြည်တော်သို အလုပ်သဘောခရီးစဉ် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက လက်ခံတွေ့ဆုံကာ MGallery Hotel မှာ အလုပ်သဘောနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါတယ်။
ထိုသို နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံတိုအကြား နှစ်နိုင်ငံဆက်ဆံရေးနှင့် အာဆီယံဆိုင်ရာကိစ္စရပ်များမှာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတိုကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်ဟု အစိုးရသတင်းများက ဖော်ပြပါတယ်။
#News

ရုရှား၌ ကျင်းပသည့် “Digitalization of Industrial Russia 2026” ဖိုရမ်သို မြန်မာတက်ရောက်၊ ဒီဂျစ်တယ်လုံခြုံရေးနည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်ဟာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Nizhny Novgorod မြိုမှာ မေ ၁၈ ရက်မှ ၂၂ ရက်အထိ ကျင်းပလျက်ရှိတဲ့ (၁၁)ကြိမ်မြောက် “Digitalization of Industrial Russia 2026” ဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါဖိုရမ်မှာ ရုရှားနိုင်ငံရဲ့ အဓိကစက်မှုလုပ်ငန်းကဏ္ဍများမှ တာဝန်ရှိသူများနှင့် ပညာရှင်များက သက်ဆိုင်ရာစက်မှုကဏ္ဍအလိုက် ဒီဂျစ်တယ်နည်းပညာအသုံးပြု ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်ဆောင်ရွက်မယ့် လုပ်ငန်းအစီအစဉ်များကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

၂ နှစ်ကျော်ကြာ ပိတ်ထားခဲ့ရသည့် ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွ ကျေးရွာရှိ စာသင်ကျောင်း ပြန်ဖွင့်ရန် တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် ဒေသခံများ စုပေါင်းပြီး သန့်ရှင်းရေးပြုလုပ်
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာကို အကြမ်းဖက် KNU/PDF အဖွဲ့များဟာ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းက စတင်တိုက်ခိုက်မှုကြောင့် ပိတ်ထားခဲ့ရတဲ့ စာသင်ကျောင်း ပြန်ဖွင့်ရန် တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် ဒေသခံများ စုပေါင်းပြီး သန့်ရှင်းရေးပြုလုပ်လျက်ရှိပါတယ်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှာ ချောင်းနှစ်ခွရှိ စာသင်ကျောင်းများ ပြန်ဖွင့်နိုင်ရန် တပ်မတော်၊ ရဲတပ်ဖွဲ့ နှင့် ဒေသခံများစုပေါင်းပြီး ကျောင်းသန့်ရှင်းရေးကို မေလ ၁၈ ရက်နေ့ မှ စတင်ပြီး ယနေ့အထိ ဆောင်ရွက်လျက်ရှိပါတယ်။
ထို့အပြင် ချောင်းနှစ်ခွရွာရှိ အထက်တန်းကျောင်းနှင့် မူလတန်းကျောင်းတို့ကို တစ်ပြိုင်နက် ဖွင့်လှစ်သွားမှာလည်း ဖြစ်ပါတယ်။

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဥပဒေမူကြမ်းကို ဥပဒေအဖြစ်ပြဌာန်းနိုင်ရေး ဦးစားပေးဆောင်ရွက်မည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီပြော
အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဥပဒေမူကြမ်းကို ကျင်းပမယ့် လွှတ်တော်ရဲ့ ဒုတိယပုံမှန်အစည်းအဝေးမှာ ဥပဒေအဖြစ်ပြဌာန်းနိုင်ရေး ဦးစားပေးဆောင်ရွက်မည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက မေ ၁၉ ရက်မှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးနှင့်တွေ့ဆုံစဥ် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့မျက်နှာစာမှာ မြန်မာနိုင်ငံအပေါ် အစဥ်အမြဲ အားပေးထောက်ခံခဲ့ကာ မန္တလေးငလျင်ကြီးဖြစ်ပွားပြီးနောက် ပထမဆုံးလာရောက် ကူညီထောက်ပံ့ပေးခဲ့သည်များကို ကျေးဇူးတင်အသိအမှတ်ပြုသည်ဟု ပြောပါတယ်။

ပြည်ထောင်စု အတိုင်ပင်ခံကောင်စီရုံးဖွင့်လှစ်
နေပြည်တော်မှာ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီရုံးဖွင့်ပွဲအခမ်းအနားကို ယနေ့ (မေ ၂၀)၌ ပြုလုပ်သည်ဟု သိရပါတယ်။
အဆိုပါကောင်စီမှာ ဒုတိယဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးစိုးဝင်း ဥက္ကဌ အဖြစ် တာဝန်ယူထားတာ ဖြစ်ပါတယ်။
အတွင်းရေးမှူးအဖြစ် ဦးမောင်မောင်အေး၊ ကောင်စီဝင်များအဖြစ် ဦးသန်းဆွေ၊ ဦးကိုကိုလှိုင်၊ ဦးမိုးအောင်၊ ဒေါက်တာ ရင်ရင်နွယ်၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဦးကိုကိုကြီး၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူ၊ မန်းငြိမ်းမောင်နှင့် ဦးဇော်အေးမောင်တိုပါဝင်ပါတယ်။
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဟာ ပြည်ထောင်စုရဲ့ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များ၊ ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ဥပဒေပြဋ္ဌာန်းရေးဆိုင်ရာကိစ္စရပ်များကို အကြံပေးခြင်း၊ ညှိနှိင်းဆောင်ရွက်ခြင်းတို ပြုနိုင်ရန်အတွက် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥပဒေပုဒ်မ ၄ ၊ ပုဒ်မ ၅ နှင့် ပုဒ်မ ၆ တိုအရ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို ဖွဲစည်းခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

👍1
ကယားပြည်နယ် ဘော်လခဲဒေသတွင် တိုက်ပွဲဝင်ခဲ့ကြသည် လဲချားမြိုအခြေစိုက် အမှတ်(၅၁၅)ခြေမြန်တပ်ရင်းမှ အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများ အား ကြိုဆိုဂုဏ်ပြု
ကယားပြည်နယ် ဘော်လခဲဒေသမှာ တိုက်ပွဲဝင်ခဲ့ကြတဲ့ လဲချားမြိုအခြေစိုက် အမှတ် (၅၁၅) ခြေမြန်တပ်ရင်းမှ အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများအား ကြိုဆိုဂုဏ်ပြုခဲ့ပါတယ်။
ယနေ့(မေ ၂၀ ရက်) နံနက်ပိုင်းမှာ ကယားပြည်နယ် ဘော်လခဲဒေသမှာ တိုက်ပွဲဝင်ခဲ့ကြတဲ့ လဲချားမြိုအခြေစိုက် အမှတ်(၅၁၅)ခြေမြန်တပ်ရင်းမှ အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများအား ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားသို အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကိုဝင်းနှင့် ဇနီး၊ အမှတ်(၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး မင်းသိန်းကျော်နှင့် ဇနီး ဒေါ်မူချိုဦး၊ သက်ဆိုင်ရာတပ်နယ်မှ တာဝန်ရှိသူများ၊ လဲချားမြိုနယ်ရှိ ဌာနဆိုင်ရာ အဖွဲအစည်းများ၊ မြိုမိမြိုဖများ၊ အမှတ်(၅၁၅)ခြေမြန်တပ်ရင်းမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြပါတယ်။