ဒုတိယသမ္မတ ဦးညိုစောထံ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လာရောက် တွေ့ဆုံ
မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးညိုစောဟာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Ms. Ma Jia အား ယမန်နေ့ မွန်းလွဲပိုင်းမှာ နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်တွေ့ခန်းမမှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားမယ့် စီမံကိန်းများ အပါအဝင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အကောင်အထည် ဖော်ရေးကိစ္စများ၊ အွန်လိုင်းလောင်းကစား၊ အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများမှာ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိတဲ့ ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါတယ်။
#News

👍2
တပ်မတော်အသင့်ဖြစ်ခဲ့၍ တိုင်းပြည်ပြိုကွဲမည့်အန္တရာယ်မှ အချိန်မီတားဆီးနိုင်ခဲ့ကြောင်း တပ်ချုပ်ပြောကြား
နိုင်ငံတော်အတွက် အကြပ်အတည်းအချိန်ကာလများမှာ တပ်မတော်အသင့်ဖြစ်ခဲ့ပြီး တိုင်းပြည်ပြိုကွဲမယ့်အန္တရာယ်မှ အချိန်မီတားဆီးနိုင်ခဲ့ကြောင်းနှင့် ထိုကဲ့သိုအမြဲအသင့်ဖြစ်နေရန် စွမ်းရည်ထက်မြက်တဲ့ တပ်မတော်ဖြစ်ရေး ကောင်းစွာလေ့ကျင့်နေရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြောကြားပါတယ်။
မေလ ၁၉ ရက် နံနက်ပိုင်းက တောင်ကြီးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တိုင်းစစ်ဌာနချုပ်ခန်းမမှာလည်းကောင်း၊ မွန်းလွဲပိုင်းမှာ ဆီဆိုင်၊ ဘန်းယဉ်တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား နယ်မြေခံတပ်ခန်းမမှာလည်းကောင်း သီးခြားစီ သွားရောက်တွေ့ဆုံပြီး အမှာစကားပြောကြားစဥ် ယခုလိုထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

❤3
မလေးရှား နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သို နေ့ချင်းပြန်ခရီး ရောက်ရှိလာပြီး မြန်မာ နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံ
နေပြည်တော်သို နေ့ချင်းပြန်ခရီး ရောက်ရှိလာတဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတိုဆရီ ဥတမဟာဂျီမိုဟာမက် ဘင်ဟာဂျီဟာဆန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲဟာ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။
အဆိုပါ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲဟာ မေလ ၁၉ ရက်နေ့က နေပြည်တော်သို အလုပ်သဘောခရီးစဉ် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက လက်ခံတွေ့ဆုံကာ MGallery Hotel မှာ အလုပ်သဘောနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါတယ်။
ထိုသို နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံတိုအကြား နှစ်နိုင်ငံဆက်ဆံရေးနှင့် အာဆီယံဆိုင်ရာကိစ္စရပ်များမှာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတိုကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်ဟု အစိုးရသတင်းများက ဖော်ပြပါတယ်။