1.72K subscribers
33.6K photos
2.53K videos
66 files
1.73K links
For your information
Download Telegram
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ အလင်းဝင်မှုတွေက အစုံလိုက် အပြုံလိုက်နဲ့ တောက်လျောက်ပဲဗျို့

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် PDF  ၃၁၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ တပ်မတော်ထံအလင်းဝင်

၁၉-၅--၂၀၂၆ ရက်နေ့

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်

▫️PDF အဖွဲ့ဝင် အမျိုးသား( ၂၇၇  )ဦး၊

▫️အမျိုးသမီး (၃၅ ) ဦး

▫️စုစုပေါင်း ၃၁၂ ဦးတို့သည်


▫️သေနတ် ၁၄ လက်၊ ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ပြီး တာဝန်ရှိသူများက ထောက်ပံ့ငွေများပေးကာ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခဲ့။
❝ချင်းပြည်‌ မြောက်ပိုင်းသိမ်းပိုင်ရန် ၂၀ ရာခိုင်နှုန်းအလို❞


တီးတိန်ကနေ မဏိပူရမြစ်‌ဘေးအတိုင်းဆန်တက်၊ အဖြောင့်အတိုင်း မိုင် ၃၀ ကျော်ဆိုပေမယ့် သဘာဝအနေအထားအရ သိပ်တော့ မလွယ်ကူနိုင်ဘူး။ ခုလို စစ်ဖြစ်ချိန်ဆို ပိုဆိုး။ လမ်းက တကြောင်းတည်း။ တောတောင်အကွေ့အကောက်တွေက အချိန်မရွေး၊ နေရာ မရွေး Cut off လုပ်နိုင်တဲ့ အနေအထား။ ကနေဒီလောက်မှာ ရပ်မထားတဲ့ စစ်ကြောင်းက တွန်းဇံကို ခပ်မြန်မြန် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာက အံ့အားသင့်စရာ။

သေချာပြန်တွေးကြည့်ရင်...ဘာဆိုဘာမှ မထွက်တဲ့ ဒီဒေသမှာ စစ်ပွဲကို ရေရှည်တိုက်ဖို့ ဘယ် ရင်းမြစ်ကို မှီခိုရမလဲ။ AA က သူ့စစ်မျက်နှာကို တပ်မတော်မရောက်လာစေဖို့ ချင်းကို Proxy အဖြစ် ကစားချိန်မှာ ခဲယမ်းလက်နက်အတွက် CC တွေ CB တွေ ဘက်က ဘာတွေနဲ့ အလျော်အစားလုပ်နိုင်မလဲ။


အဓိက ငွေရေးကြေးရေး ဆိုတာထက် စစ်တိုက်နိုင်တဲ့ HR ချင်းမှာ မရှိနေဘူး။ ဖက်ဒရယ်တွေ၊ Bottom up တွေဆိုပြီး ရေးနေသမျှ သူတွေအားလုံးက ပြည်ပက မောင်တွေ။

ဘာပဲဖြစ်ဖြစ် တွန်းဇံရရင် ကျီးခါးက ခြံထဲကကြက်အဆင့်ပါပဲ။ ဒါဆို တီးတိန်အနောက်ဖက်က ရိဒ်ခေါဒါကရော။ ဒီနှစ်မြို့ထပ်ရရင် အိန္ဒိယ-မြန်မာ နယ်စပ် တစ်ခု ပွင့်ပြီ။ ဆိုတော့ ....ချင်းပြည်မြောက်ပိုင်းတစ်ခုလုံးကို သိမ်းဖို့ ၂၀ ရာခိုင်နှုန်းအလိုပေါ့။ သေချာတာကတော့ မိုးတွင်း အမှီ ဒီနှစ်မြို့ ထပ်ရပါလိမ့်မယ်။ ကလေး-တီးတိန်- ဖလမ်း-တီးတိန်- ရိခ်ခေါဒါ- တီးတိန်- တွန်းဇံ- ကျီးခါးဆိုတဲ့ တခြမ်းလုံး ပြည်ထောင်စု အုပ်ချုပ်မှုအောက် ရောက်ပြီ။

Congratulations ပါ စစ်သည်တို့။

(နရီမိုး)
19-5-2026 ရက်နေ့ (ယနေ့) ဗန်းမော်ဒေသအတွင်း ပုန်းခိုနေတဲ့ အကြမ်းဖက် KIA+ PDF အဖွဲ့ အခြေပြုနေရာကို တပ်မတော်က ချေမှုန်းရှင်းလင်း။

KIA+PDF အလောင်း ၄ လောင်း၊ သေနတ် ၃ လက်၊ ခဲယမ်းများနှင့် စစ်အသုံးအဆောင်များသိမ်းဆည်းရမိ။ (သတင်းဆက် ထပ်မံဖော်ပြပါမည်)

တိုက်ပွဲသတင်းစုံ
မောတောင်မြို့ကို တပ်မတော်က ပြန်လည်သိမ်းပိုက်ထိန်းချုပ်

ခင် ညို ချော
မေလ ၁၉ ရက်
မေ ၂၆ ရက် တစ်ရက်အတွက် နေပြည်တော်-ရန်ကုန် (၃၂)အစုန် DEMU အမြန်ရထားပြေးဆွဲမှု​ခေတ္တနားမည်
===============
နေပြည်တော်-ရန်ကုန် နေ့စဥ်နံနက် ၁၀ နာရီတွင်ပြေးဆွဲနေသည့် အမှတ်(၃၂)အစုန် DEMU အမြန်ရထားခရီးစဉ်ကို လာမည့် မေ ၂၆ ရက်၌ပြေးဆွဲခြင်းမပြုဘဲ ရပ်နားမည်ဖြစ်ကြောင်း ORTP Info by မြန်မာ့မီးရထားထံမှ သိရသည်။

ထိုကြောင့် ရထားစီးခရီးသွားများအနေဖြင့် မိမိတို၏ ခရီးစဉ်များအတွက် ကြိုတင်ပြင်ဆင်နိုင်ရန်နှင့် ယင်း အမှတ်(၃၂)အစုန် DEMU အမြန်ရထားကို မေ ၂၇ ရက်တွင် မူလအချိန်ဇယားအတိုင်း ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မေ ၂၆ ရက်တွင် အမှတ်(၃၂)အစုန် DEMU ရထားပြေးဆွဲခြင်းမရှိသော်လည်း ရန်ကုန်-နေပြည်တော် အမှတ် (၃၁)အဆန် DEMU လူစီးအမြန်ရထားကိုမူ ပုံမှန်အ တိုင်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့်  ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့်  ပြည်ပနိုင်ငံသား ၂၁ ဦး မြန်မာ - ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့  ထပ်မံလွှဲပြောင်းပေးအပ်

နေပြည်တော်၊ မေ ၁၉
အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁၀)နှင့်  တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၉) သင်တန်းစခန်းအလိုက် ပြိုင်ပွဲများ ဆက်လက်ကျင်းပပြုလုပ်

နေပြည်တော် ၊ ၂၀၂၆ မေ ၁၉