1.72K subscribers
33.3K photos
2.52K videos
66 files
1.72K links
For your information
Download Telegram
သမ္မတကြီးက အနီးစခန်းလေဆိပ်ကို ခရီးသည် ၁၀၀၀ ဝင်ထွက်နိုင်တဲ့ ပရောဂျက် လုပ်နေတာကို အရှည်မမြင်တဲ့သူတွေက လှောင်ထေ့နေတာ မြင်ရတယ်။ ဒီနေရာမှာ သိဖို့ တခုက လေဆိပ်တစ်ခုကို အဆင့်မြှင့်တင်တာဆိုတာ သာမန် “terminal တိုးချဲ့တာထက်ပိုပြီး စီးပွားရေးအရ ဗဟိုချက်ပြောင်းလဲမှုတစ်ခုလို့တောင် မှန်းဆကြည့်လို့ရတယ်။

နဂိုကတည်းက ရာသီချိန်ရောက်ရင် ခရီးသွားများတတ်တဲ့ ပြင်ဦးလွင်က အသေးစား လေကြောင်းလိုင်းတွေ တွင်ကျယ်လာရင် ခရီးသွားတွေအတွက် လေကြောင်း ရွေးချယ်မှု မဖြစ်မနေ ရှိလာမှာပဲ။ ဥပမာ -တိုးရစ်လုပ်ငန်းတွေ အဆင်ပြေလာမယ်။ မန္တလေးကနေ တဆင့်ကားငှားလာရတာထက် ရန်ကုန်-ပြင်ဦးလွင် အခင်းအကျင်း ပေါ်လာလိမ့်မယ်။

ဒုတိယအချက်က လေဆိပ်အဆင့်မြှင့်တယ်ဆိုတာ ဒေသစီးပွားရေးပါ အဆင့်မြှင်တင်တဲ့ သဘောပဲ။ ဥပမာ မေမြို့ထွက်ဖြစ်တဲ့ နို့၊ ဒိန်ချဉ်လုပ်ငန်းတွေ၊ စတော်ဘယ်ရီ၊ ဆွယ်တာလုပ်ငန်း၊ ဒေသထွက် စားကုန်နဲ့ ပန်း တွေက ပိုပြီး တွင်ကျယ်လာတာမျိုး ဖြစ်လာနိုင်တယ်။ ဈေးကွက်ဖန်တီးနိုင်ရင် မေမြို့ပန်းတွေက ရန်ကုန်ကို နာရီပိုင်းအတွင်း ရောက်လာနိုင်တာမျိုးအထိ သက်ရောက်လာလိမ့်မယ်။ Effect က ဘာဖြစ်လဲဆိုတော့ မေမြို့မှာ ပန်းစိုက်ခြံတွေ ပိုတိုးလာတဲ့ ဈေးကွက်တခု ဖြစ်လာနိုင်တာပေါ့။

ရတနာပုံမြို့သစ်စီမံကိန်းနဲ့ ချိတ်ဆက်လိုက်ရင် စက်မှုဇုန်တွေ၊ ဟိုတယ်ဇုန်နဲ့ အိမ်ရာစီမံကိန်းတွေ တဖြည်းဖြည်း ကြွလာနိုင်တယ်။ ဒါကိုကြိုမြင်ထားလို့လည်း ညံတောဈေးကို တဆင့်မြှင့်ထားတာပေါ့။ ကျန်းမာရေး ဝန်ဆောင်မှုကောင်းမယ်။ စီးပွားရေးလုပ်လို့လွယ်မယ်။ အပန်းဖြေနေရာလည်း ရှိမယ်၊ ခရီးသွားလာရေးအတွက် ချက်ထုတ် လေယာဉ်မျိုး ခေါက်တို ဆွဲလာနိုင်ရင်ကို ပြင်ဦးလွင်က အတော်လေး ထောင်တက်သွားလိမ့်မယ်။


ဆိုတော့ ...ကိုယ်တွေ စောင့်ကြည့်ရမှာက လေဆိပ်ရယ်၊ မြို့သစ်စီမံကိန်းရယ်၊ စက်မှုဇုန်နဲ့ ခရီးသွားလာရေးကို ဘယ်လောက်ချိတ်ဆက်နိုင်မလဲ။ ဒါကိုပဲ စောင့်ကြည့်ကြရလိမ့်မယ်လို့ မြင်တယ်။


(နရီမိုး)
KT, May 18
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် စစ်မှုထမ်းတာ၀န်ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်း အမှတ်စဥ်(၂) မှ ပြည်သူ့စစ်မှုထမ်းများအား စစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ်နှင့် ပြည်သူ့စစ်မှုထမ်းတံဆိပ် ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်။
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် စစ်မှုထမ်းတာ၀န်ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်း အမှတ်စဥ်(၂) မှ ပြည်သူ့စစ်မှုထမ်းများအား စစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ်နှင့် ပြည်သူ့စစ်မှုထမ်းတံဆိပ် ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ်တွင် စစ်မှုထမ်းတာ၀န်ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်း အမှတ်စဥ်(၂) မှ ပြည်သူ့စစ်မှုထမ်းများအား စစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ်နှင့် ပြည်သူ့စစ်မှုထမ်းတံဆိပ် ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်။