1.72K subscribers
33.4K photos
2.52K videos
66 files
1.72K links
For your information
Download Telegram
အပ်ချီလုံးလေး ရာဂဏာန်းလောက်ပြပီး ယူနီဖောင်းစက်ရုံ တည်ထောင်နိုင်ခဲ့ပီဆိုတော့…
မင်းတို့ ဂျင်းတက်ကြီးက မကြီးလွန်းဘူးလားကွာ…
စာမဖတ်တတ်တဲ့လူကို ဒီပုံကြီးပြပီး ယူနီဖောင်းစက်ရုံလို့ပြောရင်တောင် အလှောင်ခံရဦးမယ်…
ပြောသာပြောနေရတာပါ မင်းတို့ဘာထည့်ထည့် ပြုံးပြုံးကြီး ခံနေတဲ့ ငတုံးတသိုက်က သက်သက်ကိုရှိနေသေးတာ…
#dgf21gyin
ဂျပန်ကနေ ကတ်ထူစက္ကူနဲ့လုပ်တဲ့ စစ်ဖက်တိုက်ခိုက်ရေး ဒရုန်းတွေ ထွင်နေပြီဆိုတဲ့ သတင်းလေးတွေ့မိလိုက်တယ်။ ဒါကိုကြည့်ရင်…ဒီဘက်ခေတ်မှာ စစ်ရေးပြောင်းလဲမှုတွေ တောက်လျှောက်တိုးတက်မှုရှိနေတာတော့ မငြင်းနိုင်ဘူး။ ခေတ်သစ်စစ်ပွဲတွေမှာ အဆင့်မြင့်လက်နက်တွေက ဈေးပိုကြီးတယ်ဆိုတဲ့ အယူအဆကနေ အရေအတွက်များရ မယ်၊ ဈေးသက်သာပြီး တိုက်ရိုက်အသုံးပြုနိုင်မယ့် နည်းလမ်း”ကို တဖြည်းဖြည်း ဦးစား ပိုပေးလာသလို တွေ့လာရတယ်။
-----------
ယူကရိန်း-ရုရှားစစ်ပွဲတွေ၊ အီရန်နဲ့ အစ္စရေးစစ်ပွဲတွေမှာ အကုန်အကျများတဲ့ ဒုံးကျည် တွေထက်…ဈေးနှုန်းသက်သာတဲ့ဒရုန်းတွေကို ခပ်များများ သုံးတာတွေ့ရတယ်။ ဥပမာ -အီရန်ဆိုရင် ဈေးနှုန်းသက်သာတဲ့ ဒရုန်းတွေနဲ့ တိုက်တာများတယ်။ ဒီလိုအခြေအနေမှာ “တန်ဖိုးကြီးတဲ့ လက်နက်ထက် အရေအတွက်များတဲ့ လက်နက်ငယ်တွေနဲ့ စစ်မြေပြင်ကို ပြောင်းလဲမယ်” ဆိုတဲ့ အယူအဆမျိုး တွေးလာကြပုံရတယ်။
-----------
လက်ရှိ စစ်မြေပြင်မှာ ဒရုန်းရဲ့ အခန်းကဏ္ဍက သိပ်ကြီးလာသလို သမာရိုးကျထက် ပိုပြီး အသုံးဝင်လာတာ မြင်ရတယ်။ ဒေါ်လာထောင်ဂဏန်းလောက်ရှိတဲ့ ဒရုန်းက ဒေါ်လာ သန်းချီတန်တဲ့ ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေကို တိုက်ဖျက်လာနိုင်တယ်။ အဆင့်မြင့်စက်ရုံထက် ဒေသအခြေပြု ဟမ်းမိတ်တွေနဲ့လုပ်လာကြတယ်။ တိုက်ရခက်တဲ့ စခန်းတွေနဲ့ နောက်ကွယ်က Command စင်တာတွေကို အချိန်တိုအတွင်း တိတိကျကျ တိုက်ခိုက်လာ နိုင်တာမျိုး ဖြစ်လာတယ်။
-------
မြန်မာ့တပ်မတော်အတွက်လည်း ဒီ Trend က တော်တော်လေး အရေးကြီးတဲ့ ကိစ္စ ဖြစ်လာတယ်။ Drone warfare ကို မလွဲမသွေသွားရမယ့် အခင်းအကျင်းဖြစ်လာသလို Anti-Drone စွမ်းရည်တွေနဲ့နည်းပညာပိုင်းမှာလည်း ပြင်ဆင်မှု မဖြစ်မနေ ရှိထားရတော့ မယ်။ ဒရုန်းစစ်ဆင်ရေးမှာ ဘယ်သူ့ဆီက နည်းပညာပိုရနိုင်မလဲ။ တစ်ဆင့်ခံဝယ်ယူတာနဲ့ နိုင်ငံတွင်းထုတ်လုပ်နိုင်ရင် အလားအလာ ဘယ်လိုရှ်မလဲ၊ တန်ဖိုးကုန်ကျစရိတ်တွေကို ရေရှည်အတွက် နှိုင်းယှဉ်တွက်ချက်ရတော့မယ်။

(နရီမိုး)
သမ္မတကြီးက အနီးစခန်းလေဆိပ်ကို ခရီးသည် ၁၀၀၀ ဝင်ထွက်နိုင်တဲ့ ပရောဂျက် လုပ်နေတာကို အရှည်မမြင်တဲ့သူတွေက လှောင်ထေ့နေတာ မြင်ရတယ်။ ဒီနေရာမှာ သိဖို့ တခုက လေဆိပ်တစ်ခုကို အဆင့်မြှင့်တင်တာဆိုတာ သာမန် “terminal တိုးချဲ့တာထက်ပိုပြီး စီးပွားရေးအရ ဗဟိုချက်ပြောင်းလဲမှုတစ်ခုလို့တောင် မှန်းဆကြည့်လို့ရတယ်။

နဂိုကတည်းက ရာသီချိန်ရောက်ရင် ခရီးသွားများတတ်တဲ့ ပြင်ဦးလွင်က အသေးစား လေကြောင်းလိုင်းတွေ တွင်ကျယ်လာရင် ခရီးသွားတွေအတွက် လေကြောင်း ရွေးချယ်မှု မဖြစ်မနေ ရှိလာမှာပဲ။ ဥပမာ -တိုးရစ်လုပ်ငန်းတွေ အဆင်ပြေလာမယ်။ မန္တလေးကနေ တဆင့်ကားငှားလာရတာထက် ရန်ကုန်-ပြင်ဦးလွင် အခင်းအကျင်း ပေါ်လာလိမ့်မယ်။

ဒုတိယအချက်က လေဆိပ်အဆင့်မြှင့်တယ်ဆိုတာ ဒေသစီးပွားရေးပါ အဆင့်မြှင်တင်တဲ့ သဘောပဲ။ ဥပမာ မေမြို့ထွက်ဖြစ်တဲ့ နို့၊ ဒိန်ချဉ်လုပ်ငန်းတွေ၊ စတော်ဘယ်ရီ၊ ဆွယ်တာလုပ်ငန်း၊ ဒေသထွက် စားကုန်နဲ့ ပန်း တွေက ပိုပြီး တွင်ကျယ်လာတာမျိုး ဖြစ်လာနိုင်တယ်။ ဈေးကွက်ဖန်တီးနိုင်ရင် မေမြို့ပန်းတွေက ရန်ကုန်ကို နာရီပိုင်းအတွင်း ရောက်လာနိုင်တာမျိုးအထိ သက်ရောက်လာလိမ့်မယ်။ Effect က ဘာဖြစ်လဲဆိုတော့ မေမြို့မှာ ပန်းစိုက်ခြံတွေ ပိုတိုးလာတဲ့ ဈေးကွက်တခု ဖြစ်လာနိုင်တာပေါ့။

ရတနာပုံမြို့သစ်စီမံကိန်းနဲ့ ချိတ်ဆက်လိုက်ရင် စက်မှုဇုန်တွေ၊ ဟိုတယ်ဇုန်နဲ့ အိမ်ရာစီမံကိန်းတွေ တဖြည်းဖြည်း ကြွလာနိုင်တယ်။ ဒါကိုကြိုမြင်ထားလို့လည်း ညံတောဈေးကို တဆင့်မြှင့်ထားတာပေါ့။ ကျန်းမာရေး ဝန်ဆောင်မှုကောင်းမယ်။ စီးပွားရေးလုပ်လို့လွယ်မယ်။ အပန်းဖြေနေရာလည်း ရှိမယ်၊ ခရီးသွားလာရေးအတွက် ချက်ထုတ် လေယာဉ်မျိုး ခေါက်တို ဆွဲလာနိုင်ရင်ကို ပြင်ဦးလွင်က အတော်လေး ထောင်တက်သွားလိမ့်မယ်။


ဆိုတော့ ...ကိုယ်တွေ စောင့်ကြည့်ရမှာက လေဆိပ်ရယ်၊ မြို့သစ်စီမံကိန်းရယ်၊ စက်မှုဇုန်နဲ့ ခရီးသွားလာရေးကို ဘယ်လောက်ချိတ်ဆက်နိုင်မလဲ။ ဒါကိုပဲ စောင့်ကြည့်ကြရလိမ့်မယ်လို့ မြင်တယ်။


(နရီမိုး)
KT, May 18
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် စစ်မှုထမ်းတာ၀န်ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်း အမှတ်စဥ်(၂) မှ ပြည်သူ့စစ်မှုထမ်းများအား စစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ်နှင့် ပြည်သူ့စစ်မှုထမ်းတံဆိပ် ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်။
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် စစ်မှုထမ်းတာ၀န်ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်း အမှတ်စဥ်(၂) မှ ပြည်သူ့စစ်မှုထမ်းများအား စစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ်နှင့် ပြည်သူ့စစ်မှုထမ်းတံဆိပ် ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်။