ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြိုနယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဒေသဖွံဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားချက်မှ ကောက်နုတ်ချက်။
ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်တွင် စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ပြီးသည် ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင် ပြီးကြောင်းလက်မှတ်(ပုံစံ-၁၂)နှင့်ပြည်သူ့စစ်မှုထမ်းတံဆိပ်ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြင်ဦးလွင်မြို၊ ခရီးသွားလုပ်ငန်းဖွံဖြိုးတိုးတက်ရေး၊ စိမ်းလန်းစိုပြေရေးနှင့် မြိုပြဖွံဖြိုး တိုးတက်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးစဉ် ပြောကြားချက်မှ ကောက်နုတ်ချက်
ပြန်မလာကြပါနဲ့
ထွက်ခါနီး ကားပေါ်ကို ခရီးသည်တွေ တစ်ယောက်ပြီးတစ်ယောက် တက်နေကြပေမယ့် အမေအိုနဲ့ မြေးနှစ်ယောက်ကတော့ အလွမ်းသယ်လို့ မပြီးကြသေးပါဘူး။
“မငိုပါနဲ့ အဘွားရယ်၊ သမီးတို့ မကြာမကြာ ပြန်လာမှာပါ”
မျက်ရည်လေး တစမ်းစမ်းနဲ့ ဝမ်းပန်းတနည်းဖြစ်နေတဲ့ အမေအိုကို မြေးနှစ်ယောက်က ဖြေသိမ့်ပေးလိုက်ကြတယ်။ အမေအိုက မျက်ရည်စများကို တဘတ်ကြမ်းလေးနဲ့ ကပြာကယာ သုတ် လိုက်ပြီး မြေးနှစ်ယောက်ကို ကြည့်တယ်။
“ပြန်မလာရပါဘူးအေ… ညည်းတို့ တော်တော်နဲ့ ပြန်မလာကြနဲ့ဦး”
ရင်နာနာနဲ့ ငြင်းလိုက်ရပေမယ့် မြေးနှစ်ယောက်ကို အမေအို ကြည့်လို့မဝသေးဘူး။ မခွဲခင်ကတည်းက လွမ်းနေရပြန်ပေါ့။ ငယ်ကတည်းက ပြုစုခဲ့ရတဲ့ မြေးနှစ်ယောက်အပေါ် ငြိတွယ်နေ ဆဲ သံယောဇဉ်နှောင်ကြိုးက လွယ်လွယ်နဲ့ဖြတ်တောက်လို့ရမတဲ့လားလေ။ အမှန်စင်စစ် မြေး နှစ်ယောက်နဲ့ အမေအို မခွဲချင်ပါဘူး။ အရွယ်ရောက်စ မြေးနှစ်ယောက်အတွက် အလှူပွဲကြီးလဲ လုပ်ပေးလိုက်ချင်သေးတာ။ ဒါပြီးမှ စိတ်ဖြောင့်ဖြောင့်ခေါင်းချတော့မယ်လို့ ဆုံးဖြတ်ထားတဲ့ အမေအို လေ။ ဒီရည်ရွယ်ချက်နဲ့ စုဆောင်းထားတဲ့ ငွေတိုကြေးစလေးများဟာ မြေးနှစ်ယောက်အတွက် မဖြစ်ခဲ့ လေဘူး။ ဘယ်ကလူတွေမှန်းမသိ၊ ဘယ်အဖွဲ့အစည်းကမှန်းလဲမသိတဲ့ လူပေါင်းစုံဟာ နည်းပေါင်းစုံနဲ့ အမေအိုဆီက ငွေတိုကြေးစတွေကို ယူဆောင်သွားကြတယ်။ ပိုင်ဆိုင်သမျှ လယ်ယာလေးတွေကိုလဲ အဲဒီပုဂ္ဂိုလ်တွေက မောင်ပိုင်စီးထားကြလေရဲ့။ ငွေသာမက လူငယ်တွေကိုပါ အတင်းအဓမ္မခေါ်ဆောင် တတ်တဲ့ အဲဒီပုဂ္ဂိုလ်တွေကို အမေအိုတို့ စောဒကမတတ်ရဲလေဘူး။ သူတို့ သဘောမတွေ့ရင် တစ်ချက်တည်းနဲ့ ကိစ္စရှင်းပစ်တတ်တာမဟုတ်လား။ ဒီတော့လဲ အမေအိုတို့ တစ်ရွာလုံး အဲဒီပုဂ္ဂိုလ် တွေကို မချစ်သော်လည်း ကြောက်ကာနမ်းနေရတော့တာပေါ့။
“ဘာလို့လဲ အဘွားရဲ့၊ သမီးတို့မှာ တွယ်စရာသံယောဇဉ်ဆိုလို့ အဘွားပဲ ရှိတာလေ၊ ပြန်လာ မှာပေါ့”
မြေးနှစ်ယောက်က မျက်နှာငယ်လေးနဲ့ဆိုပြန်တော့ အမေအို စိတ်မကောင်းဖြစ်ရပြန်တယ်။ တစ်သက်လုံး မခွဲမခွာ အတူနေချင်ပေမယ့် ဒီမှာရှိနေရင် တစ်နေ့မဟုတ် တစ်နေ့ ဟိုအဖွဲ့တွေက လာခေါ်ကြတော့မှာကို အမေအို သိနေတယ်။ စနစ်တကျ ဖွဲ့စည်းထားတာလည်းမဟုတ်၊ ဘယ်သူက အုပ်ချုပ်ပြီး ဘယ်သူ့ကို ကြောက်ရမှန်းလဲမသိတဲ့ ဒီလိုပုဂ္ဂိုလ်တွေလက်ထဲမှာတော့ မြေးလေးတွေရဲ့ ဘဝတွေကို မနစ်မွန်းစေချင်ပါဘူး။ ဒါကြောင့်ပဲ နယ်ဝေးကို စေလွှတ်ဖို့ စီစဉ်ရတော့တာပေါ့။
“မလာရပါဘူးအေ… ညည်းတို့ ဒီမှာရှိနေရင် အဘွား စိတ်မချမ်းသာရဘူး၊ အဝေးမှာရှိနေတာ ကမှ စိတ်ချမ်းသာရသေးတယ်၊ ငါ့ဖာသာ ငါ ဖြစ်အောင် နေမယ်၊ ညည်းတို့လဲ ညည်းတို့ဘဝရှေ့ရေး အတွက် ကြိုးစားကြ၊ အဘွားကို ချစ်ရင် အဘွားဆီကို ဘယ်တော့မှ ပြန်လာဖို့ မကြိုးစားပါနဲ့”
အမေအို စကားဆုံးတော့ မြေးနှစ်ယောက်က မျက်နှာငယ်လေးနဲ့ ကြည့်နေကြတယ်။ အမေအို က အပြီးတိုင် မောင်းထုတ်နေတယ်လို့များ သူတို့ တွေးထင်နေကြသလားလေ။
“အဲဒါဆို သမီးတို့က ဘယ်တော့မှ ပြန်မလာရတော့ဘူးလား၊ အဘွားနဲ့ ဘယ်တော့မှ မတွေ့ရ တော့ဘူးလားဟင်”
မျှော်လင့်ချက် တစ်ပိုင်းတစ်စနဲ့ ပြောထွက်လာတဲ့ မြေးနှစ်ယောက်ကို ကြည့်ပြီး အမေအို ပြုံးတယ်။
“ညည်းတို့ ပြန်လာလို့ရမယ့်အချိန်ရှိပါတယ်”
မြေးနှစ်ယောက်ရဲ့ မျက်လုံးလေးတွေ ပြူးကျယ်ဝိုင်းစက်လာတယ်။
“အဲဒါ ဘယ်အချိန်လဲ ဆိုတော့ တပ်မတော်စစ်ကြောင်းတွေ ရောက်လာတဲ့အချိန်၊ ဒီမကောင်းဆိုးဝါးတွေကို တပ်မတော်က မောင်းထုတ်ပြီးတဲ့အချိန်ပေါ့၊ အဲဒီအချိန်ရောက်ရင် ညည်းတို့ ပြန်လာခဲ့ကြ ဟုတ်လား… ကဲကဲ ကားထွက်တော့မယ်… တက်ကြတော့ တက်ကြတော့”
ကားထွက်တော့မယ်ဆိုတဲ့အကြောင်း အချက်ပြဟွန်းတီးသံထွက်ပေါ်လာတယ်။ ကားပေါ် တက်သွားတဲ့ မြေးနှစ်ယောက်ရဲ့ မျက်ဝန်းမှာ ပြုံးရောင်လေးသမ်းနေပါတယ်။ ကားထွက်ခါနီးမှာ မြေးနှစ်ယောက်က ကားပေါ်ကနေ အမေအိုကြားအောင် အော်ပြောသွားသေးတယ်။
“အဘွားဆီ မြန်မြန်ပြန်လာလို့ရအောင် တပ်မတော်သားတွေ အမြန်ရောက်လာပါစေလို့ သမီးတို့ဆုတောင်းနေမယ်နော်”တဲ့။
အမေအို ရင်ထဲမှာလည်း မြေးလေးတို့ ဆုတောင်းတွေ အမြန်ပြည့်ပါစေလို့သာ…။
(ကိုလူပျို)
တိုက်ပွဲသတင်းစုံ

အပ်ချီလုံးလေး ရာဂဏာန်းလောက်ပြပီး ယူနီဖောင်းစက်ရုံ တည်ထောင်နိုင်ခဲ့ပီဆိုတော့…
မင်းတို့ ဂျင်းတက်ကြီးက မကြီးလွန်းဘူးလားကွာ…
စာမဖတ်တတ်တဲ့လူကို ဒီပုံကြီးပြပီး ယူနီဖောင်းစက်ရုံလို့ပြောရင်တောင် အလှောင်ခံရဦးမယ်…
ပြောသာပြောနေရတာပါ မင်းတို့ဘာထည့်ထည့် ပြုံးပြုံးကြီး ခံနေတဲ့ ငတုံးတသိုက်က သက်သက်ကိုရှိနေသေးတာ…
#dgf21gyin

◾ဂျပန်ကနေ ကတ်ထူစက္ကူနဲ့လုပ်တဲ့ စစ်ဖက်တိုက်ခိုက်ရေး ဒရုန်းတွေ ထွင်နေပြီဆိုတဲ့ သတင်းလေးတွေ့မိလိုက်တယ်။ ဒါကိုကြည့်ရင်…ဒီဘက်ခေတ်မှာ စစ်ရေးပြောင်းလဲမှုတွေ တောက်လျှောက်တိုးတက်မှုရှိနေတာတော့ မငြင်းနိုင်ဘူး။ ခေတ်သစ်စစ်ပွဲတွေမှာ အဆင့်မြင့်လက်နက်တွေက ဈေးပိုကြီးတယ်ဆိုတဲ့ အယူအဆကနေ အရေအတွက်များရ မယ်၊ ဈေးသက်သာပြီး တိုက်ရိုက်အသုံးပြုနိုင်မယ့် နည်းလမ်း”ကို တဖြည်းဖြည်း ဦးစား ပိုပေးလာသလို တွေ့လာရတယ်။
-----------
◾ ယူကရိန်း-ရုရှားစစ်ပွဲတွေ၊ အီရန်နဲ့ အစ္စရေးစစ်ပွဲတွေမှာ အကုန်အကျများတဲ့ ဒုံးကျည် တွေထက်…ဈေးနှုန်းသက်သာတဲ့ဒရုန်းတွေကို ခပ်များများ သုံးတာတွေ့ရတယ်။ ဥပမာ -အီရန်ဆိုရင် ဈေးနှုန်းသက်သာတဲ့ ဒရုန်းတွေနဲ့ တိုက်တာများတယ်။ ဒီလိုအခြေအနေမှာ “တန်ဖိုးကြီးတဲ့ လက်နက်ထက် အရေအတွက်များတဲ့ လက်နက်ငယ်တွေနဲ့ စစ်မြေပြင်ကို ပြောင်းလဲမယ်” ဆိုတဲ့ အယူအဆမျိုး တွေးလာကြပုံရတယ်။
-----------
◾လက်ရှိ စစ်မြေပြင်မှာ ဒရုန်းရဲ့ အခန်းကဏ္ဍက သိပ်ကြီးလာသလို သမာရိုးကျထက် ပိုပြီး အသုံးဝင်လာတာ မြင်ရတယ်။ ဒေါ်လာထောင်ဂဏန်းလောက်ရှိတဲ့ ဒရုန်းက ဒေါ်လာ သန်းချီတန်တဲ့ ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေကို တိုက်ဖျက်လာနိုင်တယ်။ အဆင့်မြင့်စက်ရုံထက် ဒေသအခြေပြု ဟမ်းမိတ်တွေနဲ့လုပ်လာကြတယ်။ တိုက်ရခက်တဲ့ စခန်းတွေနဲ့ နောက်ကွယ်က Command စင်တာတွေကို အချိန်တိုအတွင်း တိတိကျကျ တိုက်ခိုက်လာ နိုင်တာမျိုး ဖြစ်လာတယ်။
-------
◾ မြန်မာ့တပ်မတော်အတွက်လည်း ဒီ Trend က တော်တော်လေး အရေးကြီးတဲ့ ကိစ္စ ဖြစ်လာတယ်။ Drone warfare ကို မလွဲမသွေသွားရမယ့် အခင်းအကျင်းဖြစ်လာသလို Anti-Drone စွမ်းရည်တွေနဲ့နည်းပညာပိုင်းမှာလည်း ပြင်ဆင်မှု မဖြစ်မနေ ရှိထားရတော့ မယ်။ ဒရုန်းစစ်ဆင်ရေးမှာ ဘယ်သူ့ဆီက နည်းပညာပိုရနိုင်မလဲ။ တစ်ဆင့်ခံဝယ်ယူတာနဲ့ နိုင်ငံတွင်းထုတ်လုပ်နိုင်ရင် အလားအလာ ဘယ်လိုရှ်မလဲ၊ တန်ဖိုးကုန်ကျစရိတ်တွေကို ရေရှည်အတွက် နှိုင်းယှဉ်တွက်ချက်ရတော့မယ်။
(နရီမိုး)