1.73K subscribers
33.1K photos
2.5K videos
66 files
1.71K links
For your information
Download Telegram
ပြင်ဦးလွင်မြိုကို ကျန်းမာရေးမြိုတော်အဖြစ် ဆောင်ရွက်နိုင်ရေး မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိ

ပြင်ဦးလွင်မြိုဟာ သဘာဝကပေးထားတဲ့ ရာသီဥတုအေးချမ်းသာယာပြီး နေထိုင်ရန်ကောင်းမွန်တဲ့ မြိုတစ်မြိုဖြစ်သဖြင့် ပြင်ဦးလွင်မြိုကို ကျန်းမာရေးမြိုတော်အဖြစ် ဆောင်ရွက်နိုင်ရေး မိမိအနေဖြင့် မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြိုရှိ မြိုမိမြိုဖများ၊ အသေးစား၊ အငယ်စား နှင့်အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင်များနှင့် ယနေ့မွန်းလွဲပိုင်းမှာ ပြင်ဦးလွင်မြို၊ မြိုတော်ခန်းမမှာ တွေ့ဆုံပြီး ဒေသဖွံဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပြောကြားစဥ် ယခုလိုထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

အလားတူ မြိုပေါ်နေ လူဦးရေများထူထပ်များပြားလာသည်နှင့်အမျှ နေ့စဉ် အမှိက်စွန့်ပစ်မှုများလည်း များပြားလာခြင်းကြောင့် အဆိုပါ စွန့်ပစ်အမှိက်များကို အကျိုးရှိစွာဖြင့် ပြန်လည်အသုံးချ၍ မြိုအတွက်လိုအပ်သည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းကဲ့သိုသော လုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားပါတယ်။
#News
This media is not supported in your browser
VIEW IN TELEGRAM
အပါတ်စဉ် ၂ အဖွဲ့တွေ အိမ်ပြန်ရတော့မှာ
ဖြစ်လို့ တပ်ရင်းတွေမှာ နှုတ်ဆက်ပွဲတွေ
လုပ်ပေးနေကြပါတယ်။

၂နှစ်တာ ကာလမှာ သူတို့အတွက် အတွေ့
အကြုံတွေ အများကြီးရခဲ့မှာပါ။
Media is too big
VIEW IN TELEGRAM
နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်ရဲ့ မှတ်မှတ်သားသားစကားများ"
၁၇-၅-၂၀၂၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြင်ဦးလွင်မြို့၊ ပဒေသာမြို့သစ်၊ ရပ်ကွက်ကြီး ၈ နှင့် ၁၀ ရှိ အဓိကလမ်းမကြီး (၅)လမ်းအား အဆင့်မြှင့်တင် ဖွင့်လှစ်ခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့်
စိုက်၊မွေး၊ဆည် ဝန်ကြီးဌာနကနေ မနေ့က မကွေးအတွက် ဆီထွက်သီးနှံ အာမခံ ဈေးနှုန်းသတ်မှတ်ပေးလိုက်တဲ့သတင်းလေး တွေ့လိုက်တယ်။ မကွေးမှာက သီးနှံစိုက်ဧက ၆၄ သိန်းကျော်ရှိပြီးတော့ ဆီထွက်သီးနှံစိုက်ဧကက ၂၇ သိန်းကျော်ရှိတယ်လို့ သိရတယ်။ လက်ရှိ ၂၀၂၅-၂၀၂၆ အတွက် ဆီထွက်စိုက်ဧက ၈. ၇သန်းလောက်စိုက်ဖို့ လျာထား တယ်လို့လည်း ထုတ်ပြန်ထားတာ တွေ့ရတယ်။ ခုလို ဈေးကွက်အတွက် အာမခံဈေးနှုန်း သတ်မှတ်ပေးလိုက်တော့ စိုက်ပျိုးရေးအတွက် အရေးပါတဲ့ မူဝါဒလို့ပဲ သုံးသပ်တယ်။ တောင်သူတွေအတွက် စိုက်ပျိုးလိုစိတ်နဲ့ ထုတ်လုပ်မှုတွေ တိုးတက်ဖို့အတွက်လည်း လက်တွေ့ကျတဲ့ အစီအစဉ်လို့ပြောလို့ရတယ်။ ပထမဆုံးမြင်သာတဲ့အချက်ကတော့ “ငါတို့ မရှုံးနိုင်ဘူး”ဆိုတဲ့ အတွေးဝင်လာလိမ့်မယ်။ ပြီးရင် အမြတ်များများလိုချင်တဲ့သူရှိလာရင် စိုက်ဧကတွေ ချဲ့လာလိမ့်မယ်။ ဈေးနှိမ်ဝယ်ယူမှုကိုပါ သိသိသာသာ ကာကွယ်ပေးနိုင် လိမ့်မယ်။
--------
တောင်သူတွေမှာက…မိုးလေဝသကို အားကိုးစိုက်ရသလို စစ်ကြောင့် မတည်ငြိမ်တဲ့ နေရာတွေရှိနေချိန်မှာ ဈေးကွက်တည်ငြိမ်မှုဖန်တီးပေးနိုင်တာက ကောင်းတဲ့အလားအလာ ပဲ။ ကုန်သည်တွေက ဈေးနှိမ်ဝယ်လို့၊ ထုတ်လုပ်မှုတန်ဖိုးစရိတ်မြင့်တက်နေလို့ဆိုတဲ့ အခြေအတွေကြားမှာ အနည်းဆုံးရောင်းချနိုင်မယ့် ဈေးနှုန်းကို သိထားတော့ စိုက်ဧက တွေလည်း ပိုပြီးတိုးချဲ့လာ နိုင်တာမျိုး မြင်ရနိုင်တယ်။ စိုက်ပျိုးရေးကို အခြေခံတဲ့ ဒီနိုင်ငံမှာ Agro-based Industries ကို မဖြစ်မနေ တိုးတက်အောင် လုပ်မှပဲ အဆင်ပြေလိမ့်မယ်။
--------
အစိုးရဘက်ကနေ စိုက်ပျိုးရေးချေးငွေ များများထောက်ပံ့နိုင်အောင်လုပ်၊ ဒါမှမဟုတ် ရာသီအလိုက် ပြန်ဆပ်နိုင်မယ့် ချေးငွေစနစ်မျိုးဖြစ်ဖြစ်၊ သီးနှံအာမခံစနစ်မျိုးတွေ လုပ်ပေးနိုင်ရင်တော့ ပိုအဆင်ပြေလိမ့်မယ်။ မြေပြင်မှာ တောင်သူတွေက ပြင်ပချေးငွေတွေ ယူကြရတော့ အကျိုးအမြတ်နည်းတာမျိုးက အဓိက ပြဿနာဖြစ်နေတယ်။ တစ်ဖက်မှာ အရည်အသွေးကောင်းတဲ့ မျိုးစေ့တွေ၊ ဓာတ်မြေဩဇာတွေ၊ စက်ယန္တရားတွေကို များများ မြှင့်တင်ပေး၊ ထွက်လာတဲ့ ရောင်းကုန်တွေကို အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်း ဝယ်ယူပေးတဲ့ စနစ်မျိုးနဲ့ ဈေးကွက်စနစ်ကို ချဲ့ထွင်ပေးနိုင်ရင်…နှစ်ဦးနှစ်ဖက်ပိုပြီး အကျိုးများလိမ့်မယ် လို့ သုံးသပ်ရတယ်။
---------
အပေါ်ကပြောခဲ့တဲ့ စိုက်ပျိုးရေးအခြေခံ စက်မှုကုန်ထုတ်လုပ်ငန်းတွေတိုး တက်ဖို့ လည်း အရေးကြီးတယ်။ စိုက်ပျိုးရေးကို စက်မှုလုပ်ငန်းနဲ့ချိတ်ဆက်နိုင်ရင် အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးလာလိမ့်မယ်။ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ Warehouse စနစ်တွေ၊ အအေးခန်းသိုလှောင်နိုင်တဲ့ စနစ်တွေ တည်ဆောက်ပေးထားနိုင်ရင်…ဈေးနှုန်း ကျဆင်းမှုဒဏ်ကိုလည်း ခံနိုင်ရည်ရှိလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် စားသုံးဆီဖူလုံဖို့ စိုက်ပျိုးရေး ဇုန်တွေသတ်မှတ်ပြီး စိုက်ဧက ချဲ့နိုင်ဖို့က အဓိက ရည်မှန်းချက်အဖြစ်နဲ့ သွားရမှာပဲ။ ကုန်သည်တွေအနေနဲ့လည်း ကျေးလက်စီးပွားရေးအပေါ်မှာ တဆုံးနှိုက်တဲ့ ချစ်တီးကျတဲ့ဓလေ့ကိုရှောင်ပြီး တခြား Export ဈေးကွက်ရှာသင့်တယ်။ ဒါမှ တောင်သူ၊ အစိုးရနဲ့ ကုန်သည်ဆိုတဲ့ ယန္တရားက ဟန်ချက်ညီညီလည်ပတ်လိမ့်မယ်။

(နရီမိုး)
အများပြည်သူသို့ အသိပေးကြေညာချက်
=================
အဂတိလိုက်စားမှု တားဆီးဖို့ "1111" ကို ဖြေကြားစို့။
ဝန်ဆောင်မှုများ ကောင်းမွန်ရေး "1111" ကို ဖြေကြားပေး
၂၈ နှစ်အောက် ဘွဲ့ရများအတွက်အမျိုးသားလွှတ်တော်ရုံးက လစ်လပ်ရာထူး
(၇၇) နေရာ အလုပ်ခေါ်စာပါ။

ပြည်သူ့စစ်မှုထမ်းဆောင်ပြီးသူများသတ်မှတ် အသက်ထက် ၃ နှစ်တိုးမြှင့်လက်ခံပါမည်။
#SN
This media is not supported in your browser
VIEW IN TELEGRAM
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂)က နိုင်ငံ့သားကောင်းတွေ တာဝန်ကျေပွန်စွာထမ်းဆောင်ပြီးလို့ မကြာခင် အိမ်ပြန်ကြရတော့မှာမို့ စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ပြီးကြောင်း လက်မှတ်များကိုင်ကာ အောင်ပွဲခံနေကြပြီ...

တိုက်ပွဲသတင်းစုံ
Media is too big
VIEW IN TELEGRAM
စစ်မြေပြင်က သူရဲကောင်း တစ်ဦး၏ နောက်ဆုံးအိမ်ပြန်ခရီး။
၁၆ နှစ်သားက စထွက်ခဲ့တဲ့ ခြေလှမ်းဟာ အခုမှ မိဘရင်ခွင်ဆီ ပြန်ရောက်😭

အခုတော့ နားထောင်ဖို့သာ ကျန်ခဲ့ပြီ… ဒါပေမဲ့ အသံတိတ်နေပြီ။

မိန်းမနဲ့ကလေးကို မိဘတွေအတွက် စောင့်ရှောက်စရာ ခေါ်လာခဲ့တယ်။
ကိုယ်စားတောင် မစောင့်နိုင်ဘူးလေ။

“မိုးစက်မေတ္တာ” DSA ကျောင်းဆင်း အပတ်စဉ် ၅၃ တို့ရဲ့ ကူညီမှုကြောင့်
တိုင်းပြည်အတွက် အသက်ပေးလှူသွားတဲ့ သူရဲကောင်းတစ်ဦးရဲ့ အရိုးပြားဟာ
မိသားစုဆီ ပြန်ရောက်လာပါပြီ။

သာရေးမှာ အားတက်သရောလုပ်ဆောင်ကြသလို၊ နာရေးမှာလည် ကျန်ခဲ့သူ မိသားစုအတွက် အားကိုးရဆုံးဖြစ်အောင် လုပ်ဆောင်ကြလို့
ကျေးဇူးအများကြီးတင်ပါတယ်။



#သူရဲကောင်း #မိုးစက်မေတ္တာ #DSAကျောင်းဆင်း #အပတ်စဉ်၅၃
AA အကြမ်းဖက်အဖွဲ့ရဲ့ ဆိုင်ခန်းဆက်ကြေးကောက်ယူမှုနှုန်းထား

တိုက်ပွဲသတင်းစုံ
◾️ချင်းတွေရဲ့ ပြဿနာက မျိုးနွယ်စု အချင်းချင်းကြားမှာကို အာဃာတကြီးတာ အဓိက ပြဿနာပါ။ တပ်မတော်အုပ်ချုပ်ခဲ့တုန်းကဖြစ်ဖြစ်၊ ဒါမှမဟုတ် ဒီမိုကရေစီအစိုးရကနေ ဥပဒေနဲ့ အုပ်ချုပ်တဲ့အချိန်မှာ သိပ်မသိသာပေမယ့်…ဗဟိုအုပ်ချုပ်မှု လျော့ရဲသွားတာနဲ့ အချင်းချင်း ဗိုလ်မထားတဲ့ “ဇ”နဲ့ သန္ဓေဆိုးတွေ အလျိုလျိုပေါ်လာတာမြင်ရလိမ့်မယ်။ မြန်မာနိုင်ငံရဲ့ ကျန်တဲ့တိုင်းရင်းသားလူမျိုးစုတွေ အကြောင်းခဏထား။ ချင်းမှာ ချင်းခြင်း အတူတူမှာ တောင် မျိုးနွယ်စုကွဲရုံနဲ့ သေနတ်ကိုင်ပြီး ဖြေရှင်းတတ်လာတာ ကောင်းတဲ့ လက္ခဏာတော့ မဟုတ်နေတာ သေချာတယ်။
-----------
◾️ တနေ့ကဖြစ်ခဲ့တဲ့ ဟားခါး CDF ခေါင်းဆောင်အချင်း ချင်းကြားမှာတင် စကားများရုံနဲ့ သေနတ်နဲ့ ကိုင်ထုတ်လိုက်တဲ့ ပြဿနာက အထင်ရှားဆုံး ပြစရာနမူနာပါ။ ဒါတောင် BBC လိုသတင်းဌာနက သေနတ်နဲ့ ပစ်ခံရတယ်လို့ မရေးဘူး။ ကွေ့ဝိုက်ရေးနေရှာတာကလည်း တကယ့်ကို သနားစရာပဲ။ 😏ဟားခါးမှာ ဒီလို ပြဿနာရှိသလို တီးတိန်မှာကလည်း ဆက်ကြေးမပေးတာကနေ ဇိုလန်း PDF တွေက သတ်ပစ်လိုက်တဲ့ သတင်းလည်း ကြားကြမှာပါ။ ဆိုတော့…ဒါက ဗမာလူမျိုးစုနဲ့ ချင်းလူမျိုးစုကြားဖြစ်နေတဲ့ ပြဿနာမဟုတ်ဘူး။ ချင်း လူမျိုးအချင်းချင်းကြားမှာတောင်ဒီလိုပြဿနာတွေရှိနေခဲ့တယ် ဆိုတာ သိစေချင်လို့ပါ။ ဒီလိုကွဲပြားတဲ့ခံယူချက်နဲ့လူမျိုးစုအချင်းချင်းကြားမှာ ညီညွတ်မှု မရှိကြလို့လည်း ပလက်ဝမြို့နယ်တစ်ခုလုံး AA လက်အောက်ရောက်နေတာတောင် ဘာသံမှ မထွက်ရဲကြ တာကို ကြည့်ရင် ပိုပြီးသိသာပါလိမ့်မယ်။
----------
◾️အရင်က မြန်မာ့နိုင်ငံရေးပဋိပက္ခပြဿနာအကြောင်း ပြောကြ၊ရေးကြတဲ့အခါ ဗဟိုအစိုးရ/တပ်မတော် Vs တိုင်းရင်းသား လက်နက်ကိုင်လို့ မြင်ကြ၊ နားလည်ခဲ့ကြပေမယ့် လက်ရှိ ရှမ်းမြောက်မှာဖြစ်နေတဲ့ TNLA vs MNDAA လိုမျိုးကိစ္စတွေ၊ ဟားခါးနဲ့ တီးတိန် ဖြစ်စဉ်တွေကိုကြည့်ရင်…ဒေသအာဏာထိန်းချုပ်လိုမှုတွေ၊ လက်နက်ကိုင်လမ်းစဉ်ကို အသုံးချပြီး အရင်းအမြစ်ရလိုမှု၊ အခွက်/ဆက်ကြေးအပေါ် သာယာမှု၊ နယ်မြေချဲ့ ထွင်ရလိုမှုနဲ့ မျိုးနွယ်စုအခြေပြု အုပ်စုဖွဲ့မှုဆိုတဲ့ အခင်းအကျင်းတွေ မြင်ရလိမ့်မယ်။ တစ်ခါ…ပလက်ဝဒေသအရေးကိစ္စမျိုးတွေဆိုရင် ချင်းအင်အားစုတွေကြားမှာ ဗဟိုဦး ဆောင်မှုမရှိတာ၊ နယ်မြေအကျိုးစီးပွားမတူညီတာ စသဖြင့် လူမျိုးတူအချင်းချင်း ကြားမှာ တောင် အတွင်း ပဋိပက္ခတွေ ပြင်းထန်နေတာ တွေ့နိုင်တယ်။
--------
◾️ဒီတိုင်းမျိုးနွယ်စုအရေးကိစ္စတွေကိုပဲ ခုလို ရှေ့တန်းတင်ဦးစားပေးနေရင်…ချင်းဟာ တခြား တိုင်းဒေသကြီးနဲ့ပြည်နယ်ဖွံ့ဖြိုးမှုတွေထက် နောက်ကျကျန်ဖို့ပဲ ရှိပါလိမ့်မယ်။ ဗဟိုအစိုးရ အာဏာမသက်ရောက်မခြင်း ဆက်ကြေးကောက်တာအပါအဝင် တရားမဲ့ လက်နက်နဲ့ ဖြေရှင်းတတ်တဲ့ ယဉ်ကျေးမှုတွေပဲ ထွန်းကားနေပါလိမ့်မယ်။ ကနေဒီတောင် လက်လွှတ်ရတဲ့ ဖြစ်စဉ်တွေ၊ ဖလမ်းမြို့ကို တပ်မတော်ရဲ့ထိန်းချုပ်မှုအောက် ရောက်ခဲ့ရတဲ့ သတင်းတွေကိုကြည့်ရင်…ချင်းလက်နက်ကိုင်အဖွဲ့တွေကြားမှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဘယ်လောက်တောင် စည်းလုံးညီညွတ်မှုအား နည်းသလဲဆိုတာ မြင်သာလိမ့်မယ်။ ဒါကပဲ ချင်းပြည်နယ်မှာ စစ်ရှုံးရတဲ့ အဓိက အကြောင်းတရား ဖြစ်တယ်လို့ပြောရမှာပါ။ ဒီဖြစ်စဉ်တွေရဲ့ သက်ရောက်မှုကပဲ မကြာခင် တပ်မတော်က ဟားခါး၊တွန်းဇံနဲ့ မင်းတပ် ကို သိမ်းပြပါလိမ့်မယ်။ ချစ်ခြင်းမုန်းခြင်း ကင်းကင်းနဲ့ ပြောတာပါ။ ချင်းပြည်နယ် ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုရင် ဗဟိုစနစ်အားကောင်းကောင်းနဲ့ပဲ မဖြစ်မနေ သွားသင့်တယ်ဆိုတာ ဒီဖြစ်စဉ်တွေက အဓိက မီးမောင်းထိုးပြနေပါတယ်။

(နရီမိုး)
ဒါကြောင့်ပြောတာ အ,သူခံ လည်သူစား တော်လိမ်ရေးလို့...

လက်နက်အားကိုးနဲ့ အနိုင်ကျင့်နေတဲ့သူတွေရှိသလို...

ပြည်ပကနေ မြှောက်ပေးပြီး မတရား ကောက်ခံထားတဲ့ ငွေတွေနဲ့လည်း အဆင်ပြေနေတဲ့ သူတောင်းစား တွေလည်းရှိတယ်...

အသုံးချခံ မြေပြင်က ပဒက်လေးတွေကတော့ အဲလိုကောင်တွေ ကောင်းစားဖို့ အသက်သေခံ, ဒုက္ခခံနေကြရတာပဲ...
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြင်ဦးလွင်မြို့၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ စိမ်းလန်းစိုပြေရေးနှင့် မြို့ပြဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ မေ- ၁၇