1.73K subscribers
33.1K photos
2.5K videos
66 files
1.71K links
For your information
Download Telegram
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြိုနယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဒေသဖွံဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြား
1👍1
KIA/PDF ၏ အလောင်း/လက်နက်များရရှိ (ငါးအိုး)

မေ ၁၅ ရက်နေ့က ကချင်ပြည်နယ်၊ ငါးအိုးဒေသအတွင်း အကြမ်းဖက်သမားများ ခိုအောင်းမှုမရှိစေရေး လိုက်လံ ချေမှုန်းရှင်းလင်းလျက်ရှိသည့် စစ်ကြောင်းနှင့် အကြမ်းဖက် KIA အဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားပြီး ရန်သူထွက်ပြေးသွားခဲ့။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ -
(၁) အကြမ်းဖက် KIA/PDF ၃ လောင်း
(၂) သေနတ် ၂ လက်
(၃) ကျည်အိမ် ၂ ခု၊ ကျည် ၃၀ တောင့်
(၄) ဗုံးသီးမျိုးစုံ ၁၀ လုံး

တို့အား သိမ်းပိုက်ရရှိခဲ့သည်။

တိုက်ပွဲသတင်းစုံ
လက်ရှိအချိန်တွင် နိုင်ငံတော်၏ အနိမ့်ဆုံးပညာရေးရည်မှန်းချက်အဖြစ် KG+9  အထိ မသင်မနေရပညာရေးစနစ်ကို ချမှတ်ထားပြီး ပညာတတ်လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာအောင် ဆောင်ရွက်ပေးလျက်ရှိနေကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အဓိကထား ဆောင်ရွက်သည့်နိုင်ငံဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ပညာရှင်များ ပိုမိုပေါ်ထွက်လာစေရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာဘာသာရပ်များကို အခြေခံပညာအလယ်တန်းနှင့်  အထက် တန်းတို့တွင် သင်ကြားပေးလျက်ရှိကြောင်း၊ အနာဂတ်နိုင်ငံတော်ကို ဦးဆောင်ကြမည့် အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံကြွယ်ဝသည့် မျိုးဆက်သစ်လူငယ်လူရွယ်များကိုဆက်လက်အားပေးမွေးထုတ်ပေးသွားကြရန်တိုက်တွန်းမှာကြားလိုကြောင်း မေလ ၁၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်က ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
👍1
မချစ်သော်လည်း .. ကြောက်ကာနမ်း

“အမေ့မြေးလေးတွေကို တွေ့ရတာ ဒီတခါနောက်ဆုံးဘဲ ထင်ပါတယ် သမီးရယ်...” စကားသံ လာတဲ့နေရာ ကြည့်မိတော့ ဘေးနားက မိသားစု စကားပြောနေကြတာ။ ကျွန်တော်ကားဂိတ်မှာ ကားပေါ်မတက်သေးဘဲ စောင့်နေတုန်း သီးသန့်ကြီးနားမထောင်ပေမယ့် နီးနေတာဆိုတော့ အတိုင်းသားကြားနေရတာပေါ့။ သတိထားကြည့်မိတော့ အမေကြီးက တော်တော်အသက်ကြီးနေပါပြီ။ သမီးလုပ်တဲ့သူမိသားစုက ကားဂိတ်ကိုအပြန် လိုက်ပို့ပေးတာဖြစ်လိမ့်မယ်။ ဘေးနားမှာလဲ မြေးလေး ၂ ယောက်က သူ့အဖွားဘေးနားထိုင်လို့။ အဖွားလုပ်သူက မြေးလေးတွေကို ကြည့်ရင်း သူ့သမီးကို ပြောနေတာ။
-
"အမေရယ် အဲ့လိုမပြောပါနဲ့ သမီးတို့လဲ ပြန်လာမှာပေါ့” လို့ ပြောတော့ အမေကြီးက “ ဒီလိုအခြေအနေတွေနဲ့တော့ ပြန်မလာပါနဲ့ သမီးရယ်။ အမေတို့က အသက်တွေကကြီးပြီ။ သေမယ်ဆိုလဲ သေပျော်ပြီ။ ကိုယ့်ဇာတိမှာ ခေါင်းချချင်တာကြောင့်သာ နေနေရတာ။ ငါ့မြေးလေးတွေနဲ့ သမီးတို့ကတော့ အသက်ဆက်ရှင်ဖို့ လိုတယ်မှတ်လား။ ရွာမှာလည်း အရင်လို့မဟုတ်တာ သိသားနဲ့။ အမေတို့ မသိတဲ့ လူစိမ်းတွေက များလာလိုက်တာ။ ဟိုအဖွဲ့ ဒီအဖွဲ့တွေကလည်း များကများသနဲ့။ စည်းနဲ့စနစ်နဲ့ ဖွဲ့ထားကြတာမဟုတ်တော့ သူတို့ပြောသမျှ လိုက်မလုပ်ရင်လဲ ယိုးစွပ်ပြီး စိတ်ထင်တိုင်းလုပ်ကြသေးတာ။ ဒို့လိုအသက်ကြီးသမားတွေဘဲ မလုပ်နိုင်မကိုင်နိုင်တော့လို့ ဘာမှမလုပ်ကြသေးတာ။ ဒါပေမယ့်လဲ ကြောက်နေရသေးတာ။ မလာသေးနဲ့အုန်း သမီးရယ်” လို့ သူ့မြေးမလေးခေါင်းကို ပွတ်ပေးရင် ပြောတယ်။
-
“အရင်တုန်းကတော့ ငါ့မြေးလေးတွေကို မိသားစုဆွေမျိုးတွေ သိုက်သိုက်ဝန်းဝန်းနဲ့ ရှင်ပြုပြီးမှ ငါခေါင်းချမယ်လို့ တွေးထားတာ။ ခုက ရှင်ပြုပွဲလုပ်ရင်တောင် မစုံတော့တဲ့ ဆွေမျိုးတွေကို သတိရပြီး အလှူပွဲကနေ ငိုပွဲဖြစ်တော့မှာ။ ရှင်ပြုပွဲလုပ်ရအောင် စုထားဆောင်းထားတဲ့ လယ်တွေအိမ်တွေလည်း ရွာကအဖွဲ့တွေ တစတစသိမ်းရင်နဲ့ ကုန်နေပါပြီ။ သမီးတို့မိသားစုတွေသာ ဘေးကင်းရာမှာ ရှာဖွေစားသောက်ကြပါ။ ကျန်းကျန်းမာမာရှိတယ်ဆိုရင်ဘဲ အမေကျေနပ် ပါတယ်။”
-
အမေလုပ်သူရဲ့ စကားသံအဆုံးမှာ သူတို့မိသားစု မျက်ရည်လေးတွေ တစမ်းစမ်းနဲ့ ဘယ်သူမှ စကားပြန်မပြောနိုင်ကြဘဲ ငြိမ်သက်သွားကြလေရဲ့။
-
ဪ...ခေတ်ကာလကိုက... ရိုးသားကြတဲ့ တောသူတောင်သားတွေခမျာမှာ မချစ်သော်လည်း ကြောက်ကာနမ်းနေရတဲ့ ဘဝတွေရောက်လို့ပါလား...။

======== (ဖြစ်ရပ်မှန်)=========

PDF ညီငယ်/ညီမငယ်တို့ အသိတရား အမြန်ရကြပါစေ။။။

တိုက်ပွဲသတင်းစုံ
2
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြင်ဦးလွင်မြို့၊ ပဒေသာမြို့သစ်၊ ရပ်ကွက်ကြီး ၈ နှင့် ၁၀ ရှိ အဓိက လမ်းမကြီး(၅)လမ်းအား အဆင့်မြှင့်တင်ဖွင့်လှစ်ခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့်
ပြင်ဦးလွင်မြိုကို ကျန်းမာရေးမြိုတော်အဖြစ် ဆောင်ရွက်နိုင်ရေး မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိ

ပြင်ဦးလွင်မြိုဟာ သဘာဝကပေးထားတဲ့ ရာသီဥတုအေးချမ်းသာယာပြီး နေထိုင်ရန်ကောင်းမွန်တဲ့ မြိုတစ်မြိုဖြစ်သဖြင့် ပြင်ဦးလွင်မြိုကို ကျန်းမာရေးမြိုတော်အဖြစ် ဆောင်ရွက်နိုင်ရေး မိမိအနေဖြင့် မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြိုရှိ မြိုမိမြိုဖများ၊ အသေးစား၊ အငယ်စား နှင့်အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင်များနှင့် ယနေ့မွန်းလွဲပိုင်းမှာ ပြင်ဦးလွင်မြို၊ မြိုတော်ခန်းမမှာ တွေ့ဆုံပြီး ဒေသဖွံဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပြောကြားစဥ် ယခုလိုထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

အလားတူ မြိုပေါ်နေ လူဦးရေများထူထပ်များပြားလာသည်နှင့်အမျှ နေ့စဉ် အမှိက်စွန့်ပစ်မှုများလည်း များပြားလာခြင်းကြောင့် အဆိုပါ စွန့်ပစ်အမှိက်များကို အကျိုးရှိစွာဖြင့် ပြန်လည်အသုံးချ၍ မြိုအတွက်လိုအပ်သည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းကဲ့သိုသော လုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားပါတယ်။
#News