1.73K subscribers
33K photos
2.49K videos
66 files
1.7K links
For your information
Download Telegram
သယံဇာတ ခွဲဝေရေးလို့ ပြောလိုက်ရင် ဖွဲ့စည်းပုံမှာ ဗဟိုနဲ့ ပြည်နယ်ရပိုင်ခွင့်အရ ဥပဒေနည်းနဲ့ ချဉ်းကပ်မှုသာ ဖြစ်သင့်တယ်။

ကချင်မှာ KIA က လက်နက်ကိုင်လို့၊ ရခိုင်မှာ AA က အင်အားကြီးလို့၊ ရှမ်းပြည်နယ်မှာ ဒီအဖွဲ့တွေကသာ အင်အားရှိလို့ ပုံစံမျိုးနဲ့ သယံဇာတခွဲဝေရေးကို ချဉ်းကပ်ရင် လက်နက်မကိုင်ကြတဲ့ လူမျိုးစုတွေက နောင်မှာ အလျိုလျို ပေါ်လာတော့မယ်။

ပြည်နယ်ကို အဓိက ထားမယ်၊ ပြည်ထောင်စုအကျိုးစီးပွားအတွက် ရည်ရွယ်တဲ့ စီမံကိန်းတွေကို ဒီပြည်နယ်က လက်နက်ကိုင်ရန်ကို ကြောက်လို့ မျှဝေခွဲဝေပေးသင့်တယ်ဆိုတဲ့ Logic က ငြိမ်းချမ်းရေးရတောင် တဒင်္ဂပဲ ဖြစ်လိမ့်မယ်။ အနာဂတ်မျိုးဆက်အထိ စိတ်ချစရာ အကြောင်း မရှိဘူး။

ဖွဲ့စည်းပုံပြင်ရင်တောင် ပြည်နယ်ထဲက လူမျိုးစု အားလုံးတိုင်းအတွက် ခံစားထိုက်တဲ့ အခွင့်အလမ်း ဖြစ်သင့်တယ်။ ဒီအခွင့်အရေးကို ဗဟိုက ပေးရင် ဒါကိုအကြောင်းပြပြီး လက်နက်ကိုင်ထားကြသူတွေက DDR/SSR လုပ်ရမှာပဲ။ မလုပ်ရင် ရှင်းပေါ့။ အဓိက နိုင်ငံရေး Framework ထဲမှာ ငြိမ်းချမ်းရေးမူဝါဒ က ဘယ်လို ချဉ်းကပ်မလဲ ဆိုတာက အဓိက ဖြေရှင်းနည်းလို့ ယူဆမိတယ်။


(နရီမိုး)
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၂) အထိ သင်တန်းဆင်းခဲ့ပြီး သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်၊ သူရဲကောင်းလက်မှတ်၊ ဂုဏ်ထူးဆောင်လက်မှတ်နှင့် ချီးကျူးဂုဏ်ပြုလက်မှတ်များရရှိခဲ့သူ ၁၁၅ ဦးရှိကြောင်း

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၂) အထိ သင်တန်းဆင်းခဲ့ပြီး သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်၊ သူရဲကောင်းလက်မှတ်၊ ဂုဏ်ထူးဆောင်လက်မှတ်နှင့်ချီးကျူးဂုဏ်ပြုလက်မှတ်များရရှိခဲ့သူ ၁၁၅ ဦးရှိကြောင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးထွန်းအောင်က ပြောကြားသည်။မေ ၁၄ ရက်က ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၆) တွင် ၎င်းက ထိုသိုပြောကြားခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။
အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဌာနဆိုင်ရာများ၊ တပ်ရင်းမိသားစုဝင်များ၊ ပြည်သူများ လှိုက်လှဲစွာကြိုဆို

လှိုင်းဘွဲ၊ မေ ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်ရှိ အမှတ်(၂၀၃) ခြေမြန်တပ်ရင်းမှ အောင်ပွဲရ ရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲကို ယမန်နေ့က ထီလုံကျေးရွာအတွင်းရှိ အမှတ် (၂၀၃) ခြေမြန်တပ်ရင်းရှေ့၌ ကျင်းပခဲ့သည်။
အဆိုပါ ကြိုဆိုပွဲ အခမ်းအနားကို အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သူရဇော်လွင်စိုး၊ အခြေချစစ်ဗျူဟာ(လှိုင်းဘွဲ)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းအောင်နှင့် အရာရှိ၊ အရာခံအကြပ်စစ်သည်များ၊ တပ်ရင်းမိသားစုဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တိုင်းရင်းသားပြည်သူများက စုပေါင်း၍ လှိုက်လှဲစွာ ကြိုဆိုခဲ့ကြကြောင်း သိရသည်။

စောဒိ
#MNP #News
နိုင်ငံရေးအပြောင်းလဲကာလ ခုလိုမျိုးပြောဆိုပြောင်းလဲလာတာ တွေ့မြင်ရ

၁၅-၅-၂၀၂၆

တောင်ကြီးဘက်ကအပြန် ကျမတို့ကား ကျွဲတပ်ဆုံX-Rayစက်ကိုရောက်တော့
တပ်ဖွဲ့ဝင်တွေက အလေးပြုကြပီးမင်္ဂလာပါလို့ ချိုသာစွာ နှုတ်ဆက်ကြတော့ အမောလေးပြေရတာပေါ့ ...

ကြမ်းကြမ်းတမ်းတမ်းပြောဆိုတာမျိုးတွေလည်းမရှိပါဘူး ခရီးသည်တွေကို
လမ်းဆင်းလျှောက်ပေးကြဖို့ လမ်းဆင်းလျှောက်ခြင်းအားဖြင့် X-rayဓာတ်ရောင်ခြည် အန္တရာယ်ကင်းဝေးမည့်အကြောင်း ပြောဆိုသတိပေးကြတော့

မသိသေးတဲ့ ပြည်သူတွေအတွက် ကျန်းမာရေး ဗဟုသုတ ကောင်းကျိုးများ ရရှိနိုင်ပါတယ်ရှင့်
နိုင်ငံရေးအပြောင်းလဲကာလအတွင်းမှာခုလိုမျိုးပြောဆိုပြောင်းလဲလာတာမျိုးမြင်ရတော့ ဝမ်းသာပီတိဖြစ်မိပါတယ်။

တခြားဂိတ်တွေကိုလည်း ဒီလိုလေးဖြစ်စေချင်ပါတယ်ရှင့်ပြည်သူတယောက်ရဲ့ ခံစားမှု အနေဖြင့်ပေါ့.........

ဆိုပြီး..
"ပြည်သူတစ်ဦးရဲ့ပို့စ်တင်ထားမှုတစ်ခု"

Truth Waves
👍3
ဖလမ်းမြိုတွင်းလမ်းများကို စုပေါင်းသန့်ရှင်းရေးပြုလုပ်


၁၅-၅-၂၀၂၆

ချင်းပြည်နယ်၊ ဖလမ်းမြို ပြန်လည်တည်ငြိမ်လာပြီဖြစ်၍ ပြည်နယ်အစိုးရအဖွဲ၏ လမ်းညွှန်မှုဖြင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ မေ ၁၅ ရက်တွင် မြိုတွင်းလမ်းများကို လုံခြုံရေးအဖွဲဝင်များပါဝင်သည့် ပူးပေါင်းအဖွဲဝင်များက စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဖလမ်းမြိုလမ်းဆုံထီးရိပ်မှ ဗိုလ်ချုပ်လမ်းတစ်လျှောက် ဗလိုင်ရပ်ကွက်အတွင်း လမ်းဘေးဝဲယာရှိ ပေါင်းပင်များ၊ အမှိက်နှင့် ချုံနွယ်များရှင်းလင်းခြင်း၊ ဒေသခံများ၏ နေအိမ်မျက်နှာစာသပ်ရပ်သန့်ရှင်းရေးအတွက်ရှင်းလင်းခြင်းတိုကိုပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထိုပြင် လုံခြုံရေးအဖွဲဝင်များနှင့် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းပြီး မြိုတွင်းသောက်သုံးရေအမြန်ဆုံးရရှိရေးအတွက်လည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
1
အနောက်တိုင်းဆေးရောနှောထားပြီး စံမညီတိုင်းရင်းဆေးဝါးများဖြစ်ကြောင်း အသိပေးနှိုးဆော်ချက်
တားမြစ်ဓာတုပစ္စည်းပါဝင်သော အလှကုန်(၃)မျိုး မသုံးစွဲရန် FDA သတိပေး