1.73K subscribers
32.9K photos
2.48K videos
66 files
1.7K links
For your information
Download Telegram
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင်  ရထားပို့ဆောင်ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး ရထားပို့ဆောင်ရေးကို ပြည်သူများယုံကြည်စိတ်ချစွာဖြင့် အပြည့်အဝအားကိုး အသုံးပြုနိုင်ရေးကြိုးပမ်းဆောင်ရွက်သွားရန်လို

နေပြည်တော်၊ မေ - ၁၄
👍1
အာဆီယံ-ရုရှား ဆက်ဆံရေး (၃၅) နှစ်ပြည့် ထိပ်သီးအစည်းအဝေးအတွက် မြန်မာ-ရုရှား ပူးပေါင်းဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး မစ္စတာ အီစ်ကန်ဒဲ အာဇီဇော့ဖ်တို့သည် မေ ၁၄ ရက် နံနက်ပိုင်းက နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံကြားရှိ ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေရေးနှင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် အာဆီယံ-ရုရှား ဆက်ဆံရေး (၃၅) နှစ်ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် အာဆီယံ-ရုရှား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုတိုးတက်စေရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံမှုသည် မြန်မာ-ရုရှား နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာစေရန် ရည်ရွယ်သည့် သံတမန်ရေးဆိုင်ရာ ဆက်သွယ်ဆောင်ရွက်မှုတစ်ရပ်ဖြစ်ပြီး ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍများတွင်လည်း အရေးပါမှုရှိလာနိုင်ကြောင်း သုံးသပ်မှုများ ထွက်ပေါ်နေသည်။
👍1
အာဆီယံသည် အင်အားကြီးနိုင်ငံများ၏ လောင်းရိပ်အောက် ရောက်နေပြီး ပြိုကွဲမည့် အန္တရာယ်ရှိဟု ရုရှားသမ္မတပူတင် ၏သတိပေး မှုအား အမေရိကန် အခြေစိုက် ဝါရှင်တန်သတင်းစာဖော်ပြ
-
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် မကြာသေးမီက နိုင်ငံပိုင်ရုပ်သံနှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတွင် အာဆီယံအဖွဲ့ကြီး (ASEAN) ၏ လက်ရှိ ရပ်တည်ချက်သည် အင်အားကြီးနိုင်ငံများ၏ လွှမ်းမိုးမှုအောက်သို့ ရောက်ရှိနေပြီး အဖွဲ့အတွင်း စည်းလုံးညီညွတ်မှု အက်ကြောင်းများ ပေါ်ပေါက်နေပြီဖြစ်ကြောင်း ပြင်းထန်စွာ ဝေဖန်ပြောကြားခဲ့သည်။
#အဓိက ထောက်ပြချက်များနှင့် သတိပေးချက်များ
• မူဝါဒ ဖောက်ဖျက်မှု: အာဆီယံသည် ၎င်း၏ အခြေခံမူဖြစ်သော "ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်ခြင်းမပြုရေး" ကို ကိုယ်တိုင် ပြန်လည်ဖောက်ဖျက်နေကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံအရေးနှင့် ပတ်သက်သည့် ဘုံသဘောတူညီချက် (၅) ရပ်မှာ အဖွဲ့ဝင်အားလုံး၏ တကယ့် "Consensus" မပါဘဲ ချမှတ်ထားခြင်းဖြစ်၍ တရားဝင်မှုမရှိကြောင်း ပူတင်က ဆိုသည်။
• အတင်းအကျပ် ပြဋ္ဌာန်းမှုများ: "ASEAN Community Vision 2045" ကဲ့သို့သော ရည်မှန်းချက်များကို အဖွဲ့ဝင်အားလုံး၏ သဘောတူညီချက်မပါဘဲ အတင်းအကျပ် အကောင်အထည်ဖော်ရန် ကြိုးပမ်းခြင်းသည် အလွန်အန္တရာယ်များကြောင်း ထောက်ပြသည်။
• အဖွဲ့ပြိုကွဲနိုင်ခြေ: အကယ်၍ ပြည်တွင်းရေးကို ဆက်လက်စွက်ဖက်နေပါက အဖွဲ့ဝင်နိုင်ငံများ နုတ်ထွက်သွားနိုင်ပြီး အာဆီယံသည် အစိတ်စိတ်အမွှာမွှာ ကွဲအက်ကာ ဒေသတွင်း ဩဇာလွှမ်းမိုးမှု လုံးဝ ကွယ်ပျောက်သွားနိုင်ကြောင်း သတိပေးခဲ့သည်။

#မြန်မာ့အရေးနှင့် ပတ်သက်၍ သုံးသပ်ချက်
သမ္မတပူတင်က မြန်မာအစိုးရသည် အာဆီယံ၏ ဖိအားကြောင့်မဟုတ်ဘဲ မိမိနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည် အပေါ် ပြစ်ဒဏ်ဖြေလျှော့ပေးခြင်းများကို ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်နေ ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
#အနာဂတ် အလားအလာ
အာဆီယံအနေဖြင့် အချုပ်အခြာအာဏာကို လေးစားပြီး ပြင်ပအင်အားကြီးနိုင်ငံများ၏ "နိုင်ငံရေးကစားကွင်း" အဖြစ် အသုံးချခံရမှုမှ ရုန်းထွက်နိုင်မှသာလျှင် ၂၀၄၅ ရည်မှန်းချက်နှင့် အဖွဲ့အစည်း ရေရှည်တည်တံ့မှုမှာ ဖြစ်နိုင်ခြေရှိမည်ဖြစ်ကြောင်း၊ အချိန်မနှောင်းမီ မိမိတို့၏ လုပ်ရပ်များကို ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း ရုရှားခေါင်းဆောင်က အလေးအနက် တိုက်တွန်းသွားခဲ့သည်။
သတင်းရင်းမြစ်: Russian State Media Interview (Washington-based Correspondent NewsPaper)
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရထားပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးစဉ် ပြောကြားချက်မှ ကောက်နုတ်ချက်။
👍1
ဖလူး၊ မင်းလက်ပံဒေသတစ်ဝိုက် စစ်ဆင်ရေးနှင့် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်ခဲ့တဲ့ အောင်ပွဲရ တပ်မတော်သားများအား သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် မြဝတီမြိုနယ်၊ ဖလူး၊ မင်းလက်ပံဒေသတစ်ဝိုက်စစ်ဆင်ရေးနှင့် နယ်မြေလုံခြုံရေးတာဝန်များကိုထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာတဲ့ အောင်ပွဲရ ရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများအား သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်ဟု သိရပါတယ်။

အဆိုပါ ဂုဏ်ပြုကြိုဆိုခြင်းကို မေလ ၁၄ ရက်၊ နံနက်ပိုင်းက ကရင်ပြည်နယ်၊ လှိုင်းဘွဲမြိုနယ်ရှိ နယ်မြေခံတပ်ရင်းမှာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးနှင့် တာဝန်ရှိသူများ၊ ပြည်နယ်အစိုးရအဖွဲဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲဝင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ ပါဝင်တက်ရောက် ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။
#News
ဘိုကလေးမြိုနယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ရေး ဆောင်ရွက်နေ

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်မှာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

အဆိုပါ ပြန်လည်ရွေးချယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဘိုကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန OSS ခန်းမမှာ မေ ၁၄ ရက်က ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြန်လည်ရွေးချယ်နိုင်ရေး ဆွေးနွေးပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
#News
အရင် မြန်မာနိုင်ငံရဲ့ ကိုဗစ်ကာလမှာ အဆိုတော် “ဖြိုးပြည့်စုံ”တို့ ဆိုခဲ့တဲ့ “လက်ကိုခဏခဏဆေးပါ” ဆိုတဲ့ ကိုဗစ်သီချင်းလေးက နားထောင်ရတဲ့သူတွေ အတွက် လည်း နားဝင်ချိုတယ်။ အသိပညာပေးပုံစံ လည်းပေါက်တယ်။ အဆိုတော်တွေ ကိုယ်တိုင် ပါဝင်တာဖြစ်လို့ လူမှုပတ်ဝန်းကျင်မှာ ပိုပြီး ပြန့်နှံ့လွယ်တာ တွေ့ရလိမ့်မယ်။
--------
လက်ရှိ ရန်ကုန်မှာလုပ်နေတဲ့ လူကူးမျဉ်းကြားကူးဖို့ဆိုတဲ့ အသိပညာပေးကိစ္စတွေမှာပဲ ဖြစ်ဖြစ်၊ မြို့တော်ကို သန့်ရှင်းသာယာလှပဖို့အတွက် လမ်းမပေါ် အမှိုက်မပစ်ရဆိုတဲ့ ကိစ္စတွေကို ကိုင်တွယ်တဲ့ နေရာမှာပဲဖြစ်ဖြစ်…ဝန်ကြီးဌာနအနေနဲ့ ဒီလိုရုပ်ရှင်သရုပ် ဆောင် အဆိုတော်တွေရဲ့ ဩဇာလွှမ်းမိုးမှုကို ယူပြီး ပူးပေါင်းဆောင်ရွက်သင့်တယ်။
-----------
ဒဏ်ငွေကောက်တာကိုပဲ ဦးတည်မထားဘဲ အသိပညာပေးကာလတွေမှာ ပိုစတာတွေ၊ ရုပ်သံတွေမှာ သတိပေးကြော်ငြာတွေအပြင် Influzer တွေနဲ့ အတူပူးတွဲဆောင်ရွက်ရင်… ကိုယ့်ဝန်ကြီးဌာနရဲ့ လုပ်ဆောင်ချက်လည်း ပေါ်သလို လူထုအနေနဲ့လည်း ပိုပြီး မြင်သာ ထင်သာရှိတာပေါ့။ အမှိုက်ပစ်တဲ့ကိစ္စတွေဆိုရင်လည်း…လူထုအနေနဲ့ ပညာပေး အသိစိတ် ဓာတ်တွေဝင်နေအောင်…ထပ်ခါတလဲလဲ သတိပေးတာမျိုး၊ လုံလောက်တဲ့ အမှိုက်ပုံးတွေ စီစဉ်ပေးတာမျိုး၊ အမှိုက်တွေကိုခွဲခြားပစ်တတ်တဲ့ ဓလေ့အကျင့်စရိုက်လေး ဖြစ်သွား အောင် စီစဉ်ပေးနိုင်ရင်….လူထုအနေနဲ့လည်း ပါဝင်လာလိမ့်မယ်လို့ မျှော်လင့်ရတယ်။
----------
တာဝန်ရှိသူတွေအနေနဲ့ ဒဏ်ငွေကောက်တာတစ်ခုတည်း ဦးမတည်ဘဲ ပြည်သူတွေ ဥပဒေဘောင်ထဲကနေ နိုင်ငံကြီးသား ပီသစွာနဲ့ အမှိုက်ပစ်တတ်ဖို့၊ လူကူးမျဉ်းကြားကနေ ကူးတာက အသက်အန္တရာယ်ကင်းရှင်းတယ်ဆိုတဲ့ မက်ဆေ့ချ်မျိုး ပိုပေးနိုင်ဖို့ လိုအပ်တယ်လို့ မြင်မိတယ်။

(နရီမိုး)
2
သယံဇာတ ခွဲဝေရေးလို့ ပြောလိုက်ရင် ဖွဲ့စည်းပုံမှာ ဗဟိုနဲ့ ပြည်နယ်ရပိုင်ခွင့်အရ ဥပဒေနည်းနဲ့ ချဉ်းကပ်မှုသာ ဖြစ်သင့်တယ်။

ကချင်မှာ KIA က လက်နက်ကိုင်လို့၊ ရခိုင်မှာ AA က အင်အားကြီးလို့၊ ရှမ်းပြည်နယ်မှာ ဒီအဖွဲ့တွေကသာ အင်အားရှိလို့ ပုံစံမျိုးနဲ့ သယံဇာတခွဲဝေရေးကို ချဉ်းကပ်ရင် လက်နက်မကိုင်ကြတဲ့ လူမျိုးစုတွေက နောင်မှာ အလျိုလျို ပေါ်လာတော့မယ်။

ပြည်နယ်ကို အဓိက ထားမယ်၊ ပြည်ထောင်စုအကျိုးစီးပွားအတွက် ရည်ရွယ်တဲ့ စီမံကိန်းတွေကို ဒီပြည်နယ်က လက်နက်ကိုင်ရန်ကို ကြောက်လို့ မျှဝေခွဲဝေပေးသင့်တယ်ဆိုတဲ့ Logic က ငြိမ်းချမ်းရေးရတောင် တဒင်္ဂပဲ ဖြစ်လိမ့်မယ်။ အနာဂတ်မျိုးဆက်အထိ စိတ်ချစရာ အကြောင်း မရှိဘူး။

ဖွဲ့စည်းပုံပြင်ရင်တောင် ပြည်နယ်ထဲက လူမျိုးစု အားလုံးတိုင်းအတွက် ခံစားထိုက်တဲ့ အခွင့်အလမ်း ဖြစ်သင့်တယ်။ ဒီအခွင့်အရေးကို ဗဟိုက ပေးရင် ဒါကိုအကြောင်းပြပြီး လက်နက်ကိုင်ထားကြသူတွေက DDR/SSR လုပ်ရမှာပဲ။ မလုပ်ရင် ရှင်းပေါ့။ အဓိက နိုင်ငံရေး Framework ထဲမှာ ငြိမ်းချမ်းရေးမူဝါဒ က ဘယ်လို ချဉ်းကပ်မလဲ ဆိုတာက အဓိက ဖြေရှင်းနည်းလို့ ယူဆမိတယ်။


(နရီမိုး)
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၂) အထိ သင်တန်းဆင်းခဲ့ပြီး သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်၊ သူရဲကောင်းလက်မှတ်၊ ဂုဏ်ထူးဆောင်လက်မှတ်နှင့် ချီးကျူးဂုဏ်ပြုလက်မှတ်များရရှိခဲ့သူ ၁၁၅ ဦးရှိကြောင်း

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၂) အထိ သင်တန်းဆင်းခဲ့ပြီး သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်၊ သူရဲကောင်းလက်မှတ်၊ ဂုဏ်ထူးဆောင်လက်မှတ်နှင့်ချီးကျူးဂုဏ်ပြုလက်မှတ်များရရှိခဲ့သူ ၁၁၅ ဦးရှိကြောင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးထွန်းအောင်က ပြောကြားသည်။မေ ၁၄ ရက်က ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၆) တွင် ၎င်းက ထိုသိုပြောကြားခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။