1.74K subscribers
32.8K photos
2.48K videos
66 files
1.69K links
For your information
Download Telegram
အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆို 

အကြမ်းဖက်သမားတွေကို ချေမှုန်းသုတ်သင်ပြီး အောင်ပွဲနဲ့အတူပြန်လာကြတဲ့ အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများကို အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် ဌာနဆိုင်ရာများ၊ တပ်မတော်သားမိသားစုဝင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆိုနေကြတဲ့ မြင်ကွင်းပုံရိပ်များပဲဖြစ်ပါတယ်...

တိုက်ပွဲသတင်းစုံ
1
အွန်လိုင်းအစိုးရ၊ လေလှိုင်းအစိုးရလို့ပြောရင်လည်း ဆက်ဆက်ခါနာကြဦးမယ်…
အားလုံးကပြည်ပြေးတွေအဖြစ်နဲ့ နိုင်ငံခြားမှာနေ ခွက်ခေါက်နေကြတာ…
အစည်းအဝေးလုပ်မယ်ဆိုမှ ပင်နီလေး ဖုန်ခါဝတ်…
ရီဝေဝေနဲ့ လိုင်းပေါ်တက်လာပီး တယောက်တပေါက်နဲ့ ပဒီးပဒါးတွေ ပြောပီး သွားကြတာ…
အစည်းအဝေးလုပ်ကြောင်း ဝါဒဖြန့်လိုရအောင် ပုံလှလှလေးတော့ ရိုက်ရသေးတာပေါ့…
သူတို့ nug လုပ်ကွက်က ဒါအကုန်ပဲ ဒီထက်ပိုတက်မလားဘူး…
ဒါနဲ့ပဲ လုပ်စားလာတာ ၆နှစ်ထဲတောင် ဝင်နေပီ၊ ပိုလည်းမလုပ်တတ်ဘူး…
ဒါကြောင့် online အစိုးရပါဆို…
👍1
အာဆီယံကိစ္စနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်...

မြန်မာနိုင်ငံအနေနဲ့ အာဆီယံအစည်းအဝေးတွေမှာ ဘယ်လောက်အထိ စိတ်ရှည်သီးခံခဲ့ရသလဲဆိုတာကိုပါ... အခုဆိုရင် စင်ကာပူ၊ ဖိလစ်ပိုင်နဲ့ အရှေ့တီမောတို့က မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေကြတယ်လို့ ကျနော် မြင်နေရပါတယ်။ သူတို့ဟာ အာဆီယံရဲ့ ပဋိညာဉ်စာတမ်းကို ချိုးဖောက်နေကြတာပေါ့။
-
အခုလို စွက်ဖက်လာတာဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို တိုက်ရိုက်ထိပါးလာတာပဲ။ ဒါကို ဘယ်သူမှ လက်ခံနိုင်မှာ မဟုတ်ဘူး။ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အာဆီယံရဲ့ သဘောတူညီချက် ၅ ချက်အပေါ် ကိုယ့်ရပ်တည်ချက်ကို တရားဝင် ထုတ်ပြန်ပြီးသားပါ။
-
ဒါပေမဲ့လည်း မြန်မာနိုင်ငံဟာ အာဆီယံမှာ ဒီလိုစုန်းပြူးနိုင်ငံတွေ ရှိနေပေမယ့် Inline ဖြစ်တဲ့ အဖွဲ့ဝင်နိုင်ငံက အများစုပါ။ အာဆီယံနိုင်ငံတစ်နိုင်ငံချင်းစီနဲ့ သီးခြားစီ ထိတွေ့ဆက်ဆံပြီး ပူးပေါင်းဆောင်ရွက်နေတုန်းပဲ။
-
စင်ကာပူ၊ ဖိလစ်ပိုင်၊ အရှေ့တီမောတို့ကတော့ သူတို့သိက္ခာကို မျက်နှာလွှဲပြီး မြန်မာ့အချုပ်အခြာအာဏာကို ဆက်ပြီးစွက်ဖက်နေတာပေါ့။ အဲဒါကြောင့် Information Sheet သတင်းလွှာထုတ်ပြန်ရေးအဖွဲ့က သူတို့ကို ဆိုရှယ်မီဒီယာ ပေါင်းစုံကနေ ပြင်းပြင်းထန်ထန် တုံ့ပြန်နေတာ တွေ့ရတယ်။
-
အဲဒီအဖွဲ့ဟာ... သူတို့ရဲ့ တုံ့ပြန်ချက်တွေကို အင်္ဂလိပ်ဘာသာနဲ့ အာဆီယံနိုင်ငံတွေဆီကို အီးမေးလ်တွေ ပို့နေတယ်။ Twitter(X) မှာလည်း သတင်းဖြန့်နေတာတွေ့ရတယ်။ ဒါကြောင့် ကျနော်တို့ အားတက်မိပါတယ်။
-
ရှင်းရှင်းလေးပြောရရင်... မြန်မာနိုင်ငံက ကိုယ့်အချုပ်အခြာအာဏာကို ဘယ်သူမှ လာပြီးထိပါးလို့ မရဘူး။ ဘယ်သူတွေ ဘာပဲပြောပြော တိုင်းပြည်နဲ့လူမျိုးအတွက် မှန်တာကို ဆက်လုပ်သွားပါလိမ့်မယ်။
-
ဒါပါပဲ။

KT, May 14
1
ORPT စနစ်ဖြင့် ကြားဘူတာ ရထားလက်မှတ်များ (၅) ရက်ကြိုတင် ဝယ်ယူနိုင်ပြီ


ခရီးသွားပြည်သူများ ပိုမိုအဆင်ပြေစေရန် မြန်မာ့မီးရထား၏ Online Railways Ticketing and Payment (ORPT) စနစ်မှ ရထားလက်မှတ် ကြိုတင်ဝယ်ယူနိုင်သည့် ဝန်ဆောင်မှုများကို ထပ်မံတိုးချဲ့လိုက်ကြောင်း သိရသည်။

ယခင်က ကြားဘူတာခရီးစဉ်များအတွက် ရထားလက်မှတ်များကို (၃) ရက်သာ ကြိုတင်ဝယ်ယူနိုင်ခဲ့သော်လည်း ၂၀၂၆ ခုနှစ် မေ ၁၃ ရက် နံနက် ၀၀:၀၀ နာရီမှစတင်၍ (၅) ရက်ကြိုတင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းကဲ့သို တိုးချဲ့လိုက်ခြင်းကြောင့် ခရီးသွားပြည်သူများအနေဖြင့် လက်မှတ်ရရှိမှု ပိုမိုလွယ်ကူလာမည်ဖြစ်ပြီး ခရီးစဉ်များကိုလည်း ပိုမိုစနစ်တကျ စီစဉ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူများ လေ့လာနိုင်ရန် အသိပေး

အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ယနေ့ မေလ ၁၄ ရက်နေ့မှာ ပြည်သူများ သိရှိလေ့လာအကြံပြုနိုင်ရန် နိုင်ငံပိုင်သတင်းစာကတဆင့် အသိပေးထုတ်ပြန်ထားကြောင်း သိရပါတယ်။

အဆိုပါ ဥပဒေနှင့် ပတ်သက်တဲ့ အကြံပြုစာများကိုလည်း ပြည်ထောင်စုလွှတ်တော်ရုံးသို လိပ်မူပေးပိုနိုင်ကြောင်းလည်း အသိပေးဖော်ပြထားပါတယ်။

အွန်လိုင်းလိမ်လည်မှုကို နိုင်ငံအတွင်း အခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် ပြည်ပနိုင်ငံအစိုးရများနှင့် ပေါင်းစပ်ဆောင်ရွက်ရန် ရည်ရွယ်ချက်အပါအဝင် ရည်ရွယ်ချက်(၇)ချက်ကိုလည်း ဥပဒေကြမ်းမှာ ထည့်သွင်းဖော်ပြထားပါတယ်။

ထိုပြင် ဥပဒေမှာ အခန်း(၁၃)ခန်းပါဝင်ပြီး တားမြစ်ချက်များ၊ပြစ်ဒဏ်များ ၊နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်ခြင်း၊ သတင်းအချက်လက်ဖလှယ်ခြင်း ၊ တားဆီးကာကွယ်ခြင်းစသည့်အချက်များ လည်းပါဝင်ကြောင်း သိရပါတယ်။
#News
မြန်မာအစိုးရ၏ မူဝါဒများကို တရုတ်ဘက်က ဆက်လက်ထောက်ခံကြိုဆိုမည်ဟု ချုံချင့် နိုင်ငံခြားရေးဌာနညွှန်ချုပ်ပြောကြား

Chongqing မြူနီစီပယ်အစိုးရ နိုင်ငံခြားရေးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စဝမ်းဝမ်က မြန်မာအစိုးရရဲ့ ဆက်လက်အကောင်အထည်ဖော်မယ့် မူဝါဒများနှင့် လုပ်ငန်းစဉ်များကို တရုတ်နိုင်ငံဘက်မှ အစဉ်တစိုက် ထောက်ခံကြိုဆိုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ယင်းပြောကြားချက်ကို Chongqing ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းနှင့် မေ ၁၂ ရက်က တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ညွှန်ကြားရေးမှူးချုပ် မစ္စဝမ်းဝမ်က ချုံချင့်မြူနီစီပယ်အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိကြောင်းနှင့် Chongqing ဟာ တရုတ်-မြန်မာ ဆက်ဆံရေးအတွက် အရေးပါတဲ့ မြိုတစ်မြိုဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
#News
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးနှင့် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် အောင်ပွဲရ ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို


နေပြည်တော်၊ ၂၀၂၆ မေ ၁၄
မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီး၌  အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်ရာတွင် အသုံးပြုသည့် လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများအား ထပ်မံသိမ်းဆည်းရမိ၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ ကျူးလွန်၍ ထွက်ပြေးတိမ်းရှောင်နေသည့် တရားမဝင်တရုတ်နိုင်ငံသား ၁၀ ဦးအား ထပ်မံဖမ်းဆီးရမိ


နေပြည်တော်၊ ၂၀၂၆ ခုနှစ်၊ မေ ၁၄