1.74K subscribers
32.7K photos
2.48K videos
66 files
1.69K links
For your information
Download Telegram
တပ်မတော်ချစ်မြတ်နိုးသူ မိဘပြည်သူများက ဗန်းမော်စစ်သည်တော်များအတွက် ပေးပို့လှူဒါန်းသည်။

(VOX)
တိုက်ပွဲသတင်းစုံ
မူးယစ်ဆေးကြောင် အကြမ်းဖက် AA စခန်း ၁ ခုအား စီးနင်းသိမ်းပိုက် (စနဲ)

မေ ၁၃ ရက်နေ့က ကျောက်ဖြူမြို့နယ်၊ စနဲဒေသရှိ အကြမ်းဖက် AA စခန်းတစ်ခုအား တပ်မတော်က သိမ်းပိုက်ရရှိ။
-
သတင်းအသေးစိတ် ထပ်မံဖော်ပြပါမည်။

တိုက်ပွဲသတင်းစုံ
ဒီရက်ပိုင်းအတွင်း စစ်ရေးသတင်းတွေကတော့ အားရစရာတွေချည်းပဲ...
-
မကွေးတိုင်းကနေ ချင်းပြည်နယ်ကိုဖြတ်သန်းပြီး ရခိုင်ဘက်ကို ကုန်စည်တွေပို့ဆောင်နေတဲ့ ချင်းနဲ့မကွေးအစပ်က ဆောမြို့ကို ရောက်ရှိနေပြီး AA/PDF ပူးပေါင်းအကြမ်းဖက်သောင်းကျန်းသူများကို ရှင်းလင်းချေမှုန်းမောင်းထုတ်လျက်ရှိတယ်လို့ သိရပါတယ်...
-
ဒီအတိုင်းဆိုရင်တော့ မကြာခင်ရက်ပိုင်းအတွင်းမှာ တပ်မတော်က မင်းတပ်မြို့ကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်တော့မှာ သေချာနေပြီ။။။

တိုက်ပွဲသတင်းစုံ
စစ်ကြောင်းထိုး ရှင်းလင်းလျက်ရှိ (ကသာ)

တပ်မတော်စစ်ကြောင်းများက ကသာမြို့နယ်အတွင်းရှိ အကြမ်းဖက်သမားများ ခိုအောင်းနေနိုင်သည့်နေရာများအား စစ်ကြောင်းထိုး ရှင်းလင်းလျက်ရှိပါသည်။ အကြမ်းဖက်သမားများ ကစဉ့်ကလျားထွက်ပြေးနေပြီး အလောင်း/လက်နက်များရရှိထားကြောင်း သိရှိရ။
-
ပုံများ ထပ်မံဖော်ပြပါမည်။

တိုက်ပွဲသတင်းစုံ
ရေကြောင်းစိုးမိုးမှု ကာကွယ်ရန် စင်ကာပူက အာဆီယံကို လက်နက်သဖွယ် အသုံးချနေကြောင်း X (Twitter) တွင် ပြင်းထန်စွာ ဝေဖန်ခံရ(The New York Times သတင်းသုံးသပ်ချက်)
---
စင်ကာပူနိုင်ငံသည် ၎င်း၏ အမျိုးသားအကျိုးစီးပွားအတွက် အာဆီယံအဖွဲ့ကြီးကို အကာအကွယ်ယူကာ မြန်မာ့ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်နေကြောင်း မြန်မာအစိုးရ၏ သတင်းလွှာထုတ်ပြန်ရေးနှင့် တန်ပြန်ဝါဒဖြန့်ချိရေးအဖွဲ့များက X စာမျက်နှာထက်တွင် ပြင်းထန်စွာ တုံ့ပြန်ရေးသားမှုများလက်ရှိရှိနေကြောင်း ကိုကမ္ဘာကျော် The New York Times သတင်းစာကြီး၏ သတင်းသုံးသပ်ချက်တွင် အာရုံစိုက်ဖော်ပြမှုကို တွေ့ရှိရပါသည်။
အဆိုပါ တုံ့ပြန်ရေးသားချက်များအရ စင်ကာပူ၏ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေး တောင်းဆိုမှုများသည် ဟန်ပြသက်သက်သာဖြစ်ပြီး နောက်ကွယ်ရှိ အဓိကရည်ရွယ်ချက်မှာ စီးပွားရေးအရ ယှဉ်ပြိုင်မှုသာဖြစ်ကြောင်း ထောက်ပြထားသည်။ အရှေ့အာရှနှင့် ဥရောပကို ဆက်သွယ်ထားသည့် မလက္ကာရေလက်ကြားကို အဓိကထိန်းချုပ်ထားသော စင်ကာပူသည် မြန်မာနိုင်ငံ၏ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် "ကုန်းလမ်းတံတား (Land Bridge)" စီမံကိန်းများ အောင်မြင်လာပါက ကုန်တင်သင်္ဘောများ ၎င်းတို့ထံ ဝင်ရောက်မှု နည်းပါးသွားမည်ကို အထူးစိုးရိမ်လျက်ရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံအတွင်း မတည်ငြိမ်မှုများဖြစ်ပေါ်စေရန်နှင့် အာဆီယံအတွင်းမှ ဖယ်ကျဉ်ထားရန် ကြိုးပမ်းနေခြင်းသည် စင်ကာပူ၏ ရေကြောင်းကုန်သွယ်ရေး အင်ပါယာကြီး ပြိုလဲမသွားစေရန် ကာကွယ်သည့် မဟာဗျူဟာသာဖြစ်ကြောင်း မြန်မာဘက်က ရှုမြင်ထားသည်ကိုလည်း X(Twitter) တွင် Account များစွာဖြင့် စင်ကာပူနှင့် အာဆီယံ တာဝန်ရှိသူများကို ဦးတည်၍ ရေးသားထားသည်ကိုတွေ့ရှိရပါသည်။။
👍1
သရုပ်ဆောင်ခိုင်နှင်းဝေနှင့်အဖွဲ့အား ပုပ္ပား ပကဖ မှဖမ်းဆီးထားပြီး သက်ဆိုင်သူမိသားစုများထံပြန်ပေးငွေ တောင်းခံလျက်ရှိကြောင်းသိရ။
👍1
အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆို  

အကြမ်းဖက်သမားတွေကို ချေမှုန်းသုတ်သင်ပြီး အောင်ပွဲနဲ့အတူပြန်လာကြတဲ့ အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများကို အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် ဌာနဆိုင်ရာများ၊ တပ်မတော်သားမိသားစုဝင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆိုနေကြတဲ့ မြင်ကွင်းပုံရိပ်များပဲဖြစ်ပါတယ်...

တိုက်ပွဲသတင်းစုံ