1.74K subscribers
32.6K photos
2.48K videos
66 files
1.68K links
For your information
Download Telegram
မားကို့စ် မိသားစု၏ အရှုပ်တော်ပုံများ (သို့) အာဏာရှင်လက်သစ် ဂျူနီယာမားကို့စ်

ဖိလစ်ပိုင် တရားရုံးချုပ်က မားကို့စ် မိသားစု၏ ဆွစ်ဇာလန်ဘဏ်များတွင် သိမ်းဆည်းထားသော အမေရိကန်ဒေါ်လာ ၆၅၈ သန်းကျော်သည် နိုင်ငံတော်မှ မတရားသိမ်းယူထားသော ငွေကြေးဖြစ်ကြောင်း ၂၀၀၃ ခုနှစ်၊ ဇူလိုင်လက ဆုံးဖြတ်လိုက်သည်။ စီရင်ချက်အရ သမ္မတဟောင်း ဖာဒီနန် မားကို့စ်နှင့် ဇနီး အီမဲလ်ဒါတို့သည် ၁၉၆၆ မှ ၁၉၈၅ ခုနှစ်အတွင်း တရားဝင်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၀၄,၃၇၂ သာရှိသော်လည်း ဘဏ်စာရင်းများတွင် ဒေါ်လာသန်း ၆၀၀ ကျော် ပိုင်ဆိုင်ထားခြင်းသည် ခိုင်လုံသော ရှင်းလင်းချက်မရှိကြောင်း တရားရုံးက မှတ်ချက်ပြုသည်။ အဆိုပါငွေများကို Azio, Charis အပါအဝင် ဖောင်ဒေးရှင်းအမည်များဖြင့် လွှဲပြောင်းဝှက်ထားပြီး မားကို့စ်တို့က William Saunders နှင့် Jane Ryan ဟူသော အမည်ဝှက်များဖြင့်ပင် ဘဏ်စာရင်းများကို ကိုယ်တိုင်လက်မှတ်ထိုးဖွင့်ခဲ့ကြောင်း တွေ့ရှိရသည်။ ယင်းငွေများကို ဖိလစ်ပိုင်အစိုးရသို့ ပြန်လည်ပေးအပ်ရန် အမိန့်ချမှတ်ခဲ့ပြီး နောက်ပိုင်းတွင် စစ်အုပ်ချုပ်ရေးကာလ လူ့အခွင့်အရေးကျူးလွန်ခံရသူများအတွက် လျော်ကြေးအဖြစ် အသုံးပြုခဲ့သည်။
-
ထို့ပြင် ဖာဒီနန် မားကို့စ်၏ ၁၉၇၂ မှ ၁၉၈၁ ခုနှစ် စစ်အုပ်ချုပ်ရေးကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများမှာ အလွန်အမင်း ဆိုးရွားခဲ့သည်။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ စုံစမ်းချက်များအရ ထိုကာလအတွင်း ဝရမ်းမပါဘဲ လူပေါင်း ၇၀,၀၀၀ ကျော် ဖမ်းဆီးခံရပြီး ၃၄,၀၀၀ ကျော်မှာ ရေဖြင့်နှိပ်စက်ခြင်း၊ လျှပ်စစ်လျော့တိုက်ခြင်းစသည့် ညှဉ်းပန်းနှိပ်စက်မှုများ ခံခဲ့ရသည်။ "Salvaging" ဟုခေါ်သော တရားလက်လွတ် သတ်ဖြတ်မှုကြောင့် လူပေါင်း ၃,၂၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရသည်။ ၁၉၈၃ ခုနှစ်တွင် အတိုက်အခံခေါင်းဆောင် နီနွိုင်း အကွီနို မနီလာလေဆိပ်၌ လုပ်ကြံခံရမှုမှာ အထင်ရှားဆုံးသော နိုင်ငံရေး လုပ်ကြံမှုဖြစ်သည်။ ဖိလစ်ပိုင်အစိုးရကိုယ်တိုင် ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော အက်ဥပဒေ (RA 10368)အရ နစ်နာသူ ၁၁,၁၀၃ ဦးကို လျော်ကြေးပေးခဲ့ရခြင်းသည် မားကို့စ်အစိုးရ၏ ရက်စက်ကြမ်းကြုတ်မှုများအတွက် ငြင်းဆို၍မရသော အထောက်အထားတစ်ခုဖြစ်သည်။
-
လက်ရှိ သမ္မတ ဂျူနီယာ မားကို့စ်၏ အုပ်ချုပ်မှုကိုမူ ဝေဖန်သူများက "ညစ်ပတ်သောနိုင်ငံရေး" ဟု စွပ်စွဲလျက်ရှိသည်။ Human Rights Watch ၏ ထောက်ပြချက်အရ မားကို့စ်သည် လူမှုကွန်ရက်ပေါ်တွင် Troll Farm များအသုံးပြု၍ ဖခင်၏ အာဏာရှင်လက်ထက်ကို "ရွှေရောင်ခေတ်" အဖြစ် သမိုင်းပုံဖျက် ဝါဒဖြန့်နေသည်ဟု ဆိုသည်။ ၂၀၂၄ ခုနှစ်တွင် ဒူတာတေးမိသားစုနှင့် အာဏာလုပွဲဖြစ်ပွားရာ၌ ဒုတိယသမ္မတ စာရာ ဒူတာတေးအား ရာထူးမှဖယ်ရှားရန် အစိုးရယန္တရားကို အသုံးပြုခြင်းနှင့် ခရိုနီများအား စီမံကိန်းလုပ်ပိုင်ခွင့် ဦးစားပေးပေးခြင်းတို့ကြောင့် ပြည်သူ့ယုံကြည်မှု ကျဆင်းလျက်ရှိကြောင်း Philippine Daily Inquirer ၏ စုံစမ်းစစ်ဆေးချက်များအရ သိရသည်။
-
ဒီအချက်အလက်များသည် လက်ရှိ ဖိလစ်ပိုင်သမ္မတ ဂျူနီယာ မားကို့စ် မိသားစု၏ အာဏာရှင်ဆန်ဆန် ရက်စက်ယုတ်မာ မှုများဖြစ်ပါသည်။
-
ထပ်မံဖော်ပြပါဦးမည်။

KT, May 13
👍1
နိုင်ငံတော်ပိုင် ငွေတွေကို ခိုးယူခဲ့တဲ့ လက်ရှိဖိလစ်ပိုင်သမ္မတ မားကို့စ် မိသားစု၏ ငတက်ပြားအမှု

KT, May 13
👍1
ဖိလစ်ပိုင် လက်ရှိသမ္မတ မားကို့စ် မိသားစု၏ အာဏာရှင်ဆန်ဆန် လူမဆန်စွာ လုပ်ကြံသတ်ဖြတ်မှုများ

KT, May 13
👍1
Forwarded from Ko Thet
အမိန့်သည် ပြီးစလွယ်ပေး၍မရကြောင်း၊ မှန်ကန်သည့်အမိန့်ဖြစ်ရန်နှင့် တာဝန်ခံမှု၊ တာဝန်ယူမှုရှိရန်လိုပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပြောကြား

အုပ်ချုပ်ရေးပိုင်းတွင် ခေါင်းဆောင်မှုသည် လွန်စွာအရေးကြီးပြီး ခေါင်းဆောင်မှု
မကောင်းလျှင် လက်အောက်၏ ယုံကြည်အားကိုးမှုကျဆင်း၍ တပ်တွင်းစည်းလုံးညီညွတ်မှုကို ထိခိုက်စေကြောင်း၊ အမိန့်သည် ပြီးစလွယ်ပေး၍မရကြောင်း၊ မှန်ကန်သည့်အမိန့်ဖြစ်ရန်နှင့် တာဝန်ခံမှု၊ တာဝန်ယူမှုရှိရန်လိုပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုကြောင်း၊ မိမိလက်အောက်သို့ အရေးယူ အပြစ်ပေးရာတွင် မဆုံးဖြတ်မီ သေချာစွာစဉ်းစားသုံးသပ်ရန်လိုကြောင်း၊ မလိုလားအပ်သောဆုံးဖြတ်ချက်အလွဲများကြောင့် ကာယကံရှင်တွင် နစ်နာမှုများရှိသကဲ့သို့ တပ်မတော်အတွက်လည်း ဆုံးရှုံးမှုများဖြစ်စေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး က မေလ ၈ ရက်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝင်းအတွင်းရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

KT, May 13
1
အကြမ်းဖက် AA ၏ အလောင်း/လက်နက်များရရှိ (အဝတောင်)

မေလ ၁၂ ရက်နေ့က ကျောက်ဖြူမြို့နယ်၊ အဝတောင်ရွာအနီးတွင် တပ်မတော်စစ်ကြောင်းနှင့် အကြမ်းဖက် AA အဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားပြီး ရန်သူထွက်ပြေးသွားခဲ့။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ -
(၁) အလောင်း ၁ လောင်း
(၂) Type-81 သေနတ် ၁ လက်
(၃) ကျည်အိမ် ၂ ခု
(၄) ကျည် ၅၅ တောင့်
တို့အား သိမ်းပိုက်ရရှိခဲ့သည်။ (ပုံများ ထပ်မံဖော်ပြပါမည်)

တိုက်ပွဲသတင်းစုံ
မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၉၀ ဦးအား လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
ယခုလက်ရှိ ဖိလစ်ပိုင် သမ္မတ အာဆီယံဥက္ကဌ ဂျူနီယာဖာဒီနန် မားကို့စ် အကြောင်းကိုမပြောခင် သူအဖေ ဖာဒီနန် မားကို့စ် နဲ့ အီမယ်လ်ဒါ မားကို့စ်အကြောင်းကို အတိုချုပ်ပြီးအရင်ပြောရမယ်..
 
ဖာဒီနန် မားကို့စ်တို့မိသားစုက  ၁၉၈၆ ခုနှစ်တွင် မားကို့စ် အာဏာပြုတ်သွားတယ်...
 
အာဏာပြုတ်သွားတဲ့အခါ ဒီကောင်တွေ မိသားစုရဲ့ ဘဏ်စာရင်းကို စစ်တဲ့အခါ်မှာ ဆွစ်ဇလန်ဘဏ်မှာ မိသားစုအကောင့်နဲ့ဖွင့်ထားတာကို စစ်ဆေးပေါ်ပေါက်ခဲ့တယ်…
 
အမှန်တကယ်က ဖာဒီနန်မားကို့စ်တို့ မိသားစုအာဏာရှိချိန် ၁၉၆၆ မှ ၁၉၈၅ ခုနှစ်အထိ စုစုပေါင်းတရားဝင် ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၃၀၄,၃၇၂ (၃ သိန်းကျော်) သာရှိပေမယ့် အာဏာလက်လွှတ်ပြီးနောက် ၁၉၈၆ ခုနှစ်မှာ ဖိလစ်ပိုင်အစိုးရက စစ်ဆေးတဲ့အချိန် ဆွစ်ဘဏ်စာရင်းထဲဒေါ်လာ သန်း ၆၅၈ သန်းထိရှိနေခဲ့တယ်...
 
အဲဒီကိစ္စအတွက် ဖိလစ်ပိုင်အစိုးရက မားကို့စ်တို့မိသားစုကို နိုင်ငံတော်ပိုင်ငွေကြေးကို ခိုးယူမှုနဲ့ တရားစွဲခဲ့တဲ့တယ်...
 
အဲဒီတရားစွဲဆိုမှုနဲပတ်သက်ပြီး အမှုတွဲအမှတ် G.R. No. 152154 ကို ၂၀၀၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့တွင် ဖိလစ်ပိုင်တရားရုံးချုပ် (Supreme Court of the Philippines) က အဆိုပါ မတရားရယူထားသော ငွေတွေအားလုံးကို ဖိလစ်ပိုင်နိုင်ငံအစိုးရကို ပြန်လည်ပေးအပ်ရမယ်ဆိုပြီး သမိုင်းဝင် စီရင်ချက်တစ်ခုချမှတ်ခဲ့တယ်//
 
ဒီလိုမျိုးရိုးမကောင်းတဲ့ သူခိုးမျိုးရိုးကဆင်းသက်ပေါက်ဖွားလာတဲ့ကောင်က အာဆီယံ ဥက္ကဌလုပ်နေတဲ့အပြင် ကိုယ့်မျက်ချေး ကိုယ်မမြင်ဘဲ မြန်မာနိုင််ငံကို လာပြီး ပုတ်ခတ်နေလိုက်သေးတယ်...
 
သူခိုးတွေက သူခိုးတွေလိုနေစမ်းပါကွာ..
 
မှိုင်းဝေ
👍1
လက်ရှိ ဖိလစ်ပိုင် သမ္မတ ဂျူနီယာ မားကို့စ်ရဲ့အဖေ ဖာဒီနန်မားကို့စ်က ပြည်သူတွေကို ဘယ်လောက်ထိ သတ်ဖြတ်ခဲ့သလဲ..?

လက်ရှိ ဖိလစ်ပိုင် သမ္မတ ဂျူနီယာ မားကို့စ်ရဲ့အဖေ ဖာဒီနန်မားကို့စ်အာဏာရှိချိန်က ဖိလစ်ကိုင် ပြည်သူ ၇၀,၀၀၀ ကျော်ကို ဝရမ်းမပါဘဲ မတရားဖမ်းဆီးချုပ်နှောင်နှိပ်စက်ခဲ့တယ်..

ဒါ့အပြင် လူပေါင်း ၃၄,၀၀၀ ကျော်ကို လျှပ်စစ်နဲ့ရှော့တိုက်နှိပ်စက်သလို ရေနှစ်ပြီး ညှင်းပန်းနှိပ်စက်ခဲ့တယ်။

ဒီလိုနှိပ်စက်မှုတွေလုပ်တာကို အားမရသေးတဲ့ အပြင် ဖိလစ်ပိုင်ပြည်သူ လူပေါင်း ၃,၂၀၀ ကျော်ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တယ်..

ဒီလိုကိစ္စတွေကိုဖာဒီနန်မားကို့စ် အလွန် ဖိလစ်ပိုင်အစိုးရကိုယ်တိုင်ကလည်း တရားဝင် အသိအမှတ်ပြုခဲ့သလို ၂၀၁၃ ခုနှစ်တွင် "Human Rights Victims Reparation and Recognition Act" (RA 10368) ကို ပြဋ္ဌာန်းကာ နစ်နာသူပေါင်း ၁၁,၁၀၃ ဦးကို လျော်ကြေးငွေများ ပေးအပ်ခဲ့ရတယ်...

ဒါဟာ လက်ရှိ ဖိလစ်ပိုင် သမ္မတ အာဆီယံဥက္ကဌ ဂျုနီယာမားကို့စ် မိသားစုရဲ့ရက်စက်ယုတ်မာမှုတွေပဲ…

ဒီလို လူသတ်မျိုးရိုး သူခိုးမျိုးရိုးကောင် မားကို့စ်က မြန်မာနိုင်ငံကို ပေါက်ပန်းလေးဆယ်စကားတွေပြောပြီး အသံကောင်းဟစ်ပြနေတော့ ဟာသကြီးဖြစ်မနေဘူးလား..

သမိုင်းဆိုတာ အလကားဖြစ်လာတာမှမဟုတ်တာကွာ.. သူများကို ပြောမယ်ဆိုရင် ကိုယ်တိုင်က သမိုင်းလှဖို့လိုတယ်လေ...

မှိုင်းဝေ
👍2
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံသို့ အယ်လ်ဂျီးရီးယားပြည်သူ့ ဒီမိုကရက်တစ် သမ္မတ မစ္စတာ အက်ဘ်ဒယ်လ်မက်ဂျစ် တက်ဘွန်းထံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့
 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံသို့ အယ်လ်ဂျီးရီးယားပြည်သူ့ဒီမိုကရက်တစ် သမ္မတ မစ္စတာ အက်ဘ်ဒယ်လ်မက်ဂျစ် တက်ဘွန်း ထံမှ ဝမ်းမြှောက်ကြောင်း သဝဏ်လွှာပေးပို့ပါတယ်။
‎အာဆီယံအစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး စင်ကာပူ၊ ဖိလစ်ပိုင်နှင့် အရှေ့တီမော နိုင်ငံတွေက အာဆီယံရဲ့ Charter ကို ချိုးဖောက်ပြီး မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လျက်ရှိပါတယ်။
‎-
‎အဲဒီလိုဝင်ရောက်စွက်ဖက်တာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာကို ထိပါးလာတာဖြစ်တဲ့အတွက် လက်သင့်မခံသလို နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အာဆီယံဘုံသဘောတူညီချက် ၅ ချက်အပေါ် ရပ်တည်ချက်သဘောထားကို တရားဝင် ထုတ်ပြန် ထားပြီးဖြစ်ပါတယ်။
‎-
‎မြန်မာနိုင်ငံအနေနဲ့ အာဆီယံမှာ နိုင်ငံရေးအရ အသိအမှတ်ပြု မခံရပေမယ့် အာဆီယံတစ်နိုင်ငံ ချင်းအလိုက် ထိတွေ့ဆက်ဆံပြီး အာဆီယံနဲ့ ပူးပေါင်းလုပ်ဆောင်လျက်ရှိပါတယ်။
‎-
‎ဒီလိုပူးပေါင်းဆောင်ရွက်နေပေမယ့် စင်ကာပူ၊ ဖိလစ်ပိုင်နှင့် အရှေ့တီမောနိုင်ငံတွေက မသိကျိုးကျွံပြုကာ မျက်နှာပြောင်တိုက်ပြီး မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ဝင်ရောက် စွက်ဖက်နေတဲ့အတွက် Information Sheet သတင်းလွှာထုတ်ပြန်ရေးအဖွဲ့က အဲဒီနိုင်ငံတွေကို Social Media Platform ဘက်ပေါင်းစုံမှ ပြင်းပြင်းထန်ထန် တုံ့ပြန်လျက်ရှိတာကိုတွေ့ရတယ်။
‎-
‎အဲ့ဒီအဖွဲ့က အင်္ဂလိပ်ဘာသာနဲ့ တုံ့ပြန်ချက်တွေကို အာဆီယံနိုင်ငံများသို့ E-mail များ ပေးပို့ နေသလို Twitter(X) စာမျက်နှာမှာလည်း သတင်းများ ဖြန့်ချိနေတာကို တွေ့ရပါတယ်။

ခင်ညိုချော