1.74K subscribers
32.6K photos
2.47K videos
66 files
1.68K links
For your information
Download Telegram
ငလျင်ဒဏ်ခံ ပြည်သူများအတွက် အစိုးရရဲ့ ထောက်ပံ့ကြေး။

ဝမ်းသာရပါသည်😊😊😊

မှိုင်းဝေ
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကျင်းပရန် ခေါ်ယူ
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ကျင်းပရန် ခေါ်ယူ
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကျင်းပရန် ခေါ်ယူ
မန္တလေး-မြစ်ကြီးနားလမ်းကြောင်းတစ်လျှောက်ရှိ မြို့ရွာများ၌ နိုင်ငံတော်အစိုးရ၏အုပ်ချုပ်ရေးယန္တရားများ ပြန်လည် လည်ပတ်စေရန်အတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကုန်ပစ္စည်းများတင်ဆောင်လာသည့် မော်တော်ယာဉ်များ မြို့အသီးသီးသို့ ရောက်ရှိ၊ ဒေသခံပြည်သူများက ဝမ်းမြောက်ဝမ်းသာကျေးဇူးတင်စွာ ကြိုဆိုစကားသံများ


နေပြည်တော်၊ ၂၀၂၆ မေ ၁၂
လူရည်ချွန်” ဆိုသည်မှာ ထူးချွန်ထက်မြက်သူ၊ အသိဉာဏ်ပညာ ပြည့်ဝသူ၊ အများထက်သာလွန်အောင် ကြိုးစားအားထုတ်နိုင်သူ၊ ပင်ကိုစွမ်းရည်မြင့်မားသူများ ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား

“လူရည်ချွန်” ဆိုသည်မှာ ထူးချွန်ထက်မြက်သူ၊ အသိဉာဏ်ပညာ ပြည့်ဝသူ၊ အများထက်သာလွန်အောင် ကြိုးစားအားထုတ်နိုင်သူ၊ ပင်ကိုစွမ်းရည်မြင့်မားသူများ ဖြစ်ကြောင်း၊ မောင်တို့မယ်တို့သည် ထိုသို့ အရည်အချင်းများနှင့် ပြည့်စုံကြကြသူများ ဖြစ်ကြောင်း၊ ထို့ကြောင့် “လူရည်ချွန်” ဆိုသည့် ဂုဏ်ဒြပ်ကို ထိုက်ထိုက်တန်တန် အပ်နှင်းခြင်းခံရပြီး ယခုအချိန်တွင် ဂုဏ်သတင်းကောင်းနှင့် ကျော်ဇောသည့်သူများ ဖြစ်သကဲ့သို့ အနာဂတ်နိုင်ငံတော်ကြီးကို ထုဆစ်ပုံဖော်ကြမည့် မျိုးဆက်သစ်လူငယ်များလည်း ဖြစ်ကြကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က မေလ ၅ ရက်တွင်၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား တွေ့ဆုံဩဝါဒ အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

‌#May 5 ကောက်နှုတ်ချက်
👍1
စီမံကိန်းများနှင့် ပတ်သက်၍ဆောင်ရွက်ရာတွင် စနစ်တကျဖြင့်အောင်မြင်အောင် အလေးထား အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်
ပြောကြား

ဝန်ကြီးဌာနအသီးသီးနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ စီမံကိန်းများနှင့် ပတ်သက်၍ဆောင်ရွက်ရာတွင် စနစ်တကျဖြင့်အောင်မြင်အောင် အလေးထား အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့တာဝန်ထမ်းဆောင် ချိန်ကာလအတွင်း ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်အလိုက် ဆောင်ရွက်ရန်လုပ်ငန်းများကိုလည်း အောင်မြင်စွာဖြင့်ဆောင်ရွက်နိုင်ရေး အရှည်ကို မျှော်တွေးပြီး ဆောင်ရွက်သွားကြရန်လိုကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က မေလ ၆ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

#May 6 ကောက်နှုတ်ချက်
👍1
အခြေခံပညာအတန်းများ၏ စာမေးပွဲအောင်စာရင်းများကို မေလ ၁၄ ရက်နေ့တွင် ထုတ်ပြန်မည်

​၂၀၂၅-၂၀၂၆ ပညာသင်နှစ် အတွက် အခြေခံပညာအတန်းအသီးသီး၏ နှစ်ဆုံးစစ်ဆေးခြင်း စာမေးပွဲအောင်စာရင်းများကို အောက်ပါအတိုင်း ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

​ထုတ်ပြန်မည့်ရက် - ၂၀၂၆ ခုနှစ်၊ မေလ (၁၄) ရက်
​နေ့ရက် - ကြာသပတေးနေ့
​ကြည့်ရှုနိုင်မည့်နေရာ - သက်ဆိုင်ရာ အခြေခံပညာကျောင်းများတွင် ကပ်ထားပေးမည် ဖြစ်ပါသည်။

ကျောင်းအပ်နှံရေးသီတင်းပတ်
၂၅.၅.၂၀၂၆မှ ၃၁.၅.၂၀၂၆ထိ

​ကျောင်းသား၊ ကျောင်းသူများအားလုံး စိတ်အေးချမ်းသာစွာဖြင့် ထူးထူးချွန်ချွန် အောင်မြင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

[ မှတ်ချက်- Grade 12 မပါဝင်ပါ။ ]

ပညာရေး သတင်းလွှာ
1
🏆လေးကေဒေသအား တပ်မတော်က ပြန်လည်ထိန်းချုပ်🏆
 
ဘီးလင်းမြို့နယ်အတွင်း အကြမ်းဖက် PDF/KNU များ ယာယီထိန်းချုပ်ထားသည့် လေးကေစခန်းနှင့် လေးကေဒေသအား တပ်မတော်တိုက်ခိုက်ရေးစစ်ကြောင်းကြီးများက ၁၂-၅-၂၀၂၆ ရက်နေ့တွင် ပြန်လည်တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ခဲ့…
 
Congratulations ပါ တပ်မ(၄၄)မှ စစ်သည်တော်များ

တိုက်ပွဲသတင်းစုံ
အံတုရဲသလား အာဆီယံ
============================
နိုင်ငံအားလုံးရဲ့ နယ်မြေထိစပ်နေတဲ့အိမ်နီးချင်းနိုင်တွေထဲမှာ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ စစ်ရေး (နိုင်၊စီး၊လူ၊စစ်)ဆိုတဲ့ အချက်ကြီး (၄)ချက်ပြည့်စုံနေတဲ့ နိုင်ငံတစ်နိုင်ငံဟာရှိစမြဲပါပဲ။ အဲလိုပြီးပြည့်စုံတဲ့နိုင်ငံကို အင်အားကြီးနိုင်ငံတွေနဲ့ စူပါ ပါဝါနိုင်ငံကြီးတွေ အခြေချသွားမှာကို ပါဝါတူ နိုင်ငံတိုင်းက မနာလိုကြပါဘူး။
ဥပမာအားဖြင့် မြန်မာနိုင်ငံကိုပဲကြည့်ပါ အရှေ့တောင်အာရှရဲ့ MAIN POINT လို့တောင်ခေါ်ဆိုနိုင်လောက်အောင်ကို ပြီးပြည့်စုံလွန်းတဲ့သဘာဝအချက်အခြာမြေကို ပိုင်ဆိုင်ထားတဲ့နိုင်ငံ။ ဒီတော့ဘာဖြစ်လဲဆိုတော့ အာဆီယံကိုခုတုံးလုပ် မြန်မာကောင်းစားမှာမနာလိုတဲ့ ဖိလစ်ပိုင်လို ဘာလူမျိုးမှန်းမသိတဲ့ လူမျိုးစစ်စစ်လက်ညှိုးထိုးပြစရာမရှိတဲ့ ဖိလစ်ပိုင်လိုလို ပေါ်တူဂီလိုလို ပထမကမ္ဘာစစ်မတိုင်မှီ ရောက်လာသမျှကုန်သည်တွေနဲ့ စပ်ထားတဲ့ နိုင်ငံလိုမျိုးကဝေဖန်လေတိုက်တာလောက်တော့ အေးအေးဆေးဆေးလေးပါပဲ။
ဒီလိုပါပဲ ပထမ သွေးတိုးစမ်း ပုတ်ခတ်ကြည့်မယ် မရရင် ပေပေကြီးတိုင်မယ် နောက်ဆုံးသူတို့ ပေပေကြီးက သွားတောင်းပန်လိုက်ဆိုတာနဲ့ အလျိုလျို ရောက်လာဦးတော့မှာကတော့ မြေကြီးကိုလက်နဲ့ပုတ်ရင်ခွေးဖြတ်ပြေးလို့လွဲချင်လွဲမယ် ဒီတစ်ချက်ကတော့မလွဲပါဘူးလို့အတတ်ဟောလိုက်တော့မယ်။
ပြည်သူများ သောင်းသောင်းဖြဖြကြိုဆို

မန္တလေး-မတ္တရာ-သပိတ်ကျင်း-တကောင်း-ထီးချိုင့်-ကသာ-အင်းတော်-မော်လူး-နန့်စီးအောင်-မိုးညှင်း-မိုးကောင်း-မြစ်ကြီးနား ဆက်သွယ်ရေးလမ်းကြောင်းတစ်လျှောက်ရှိ မြို့/ရွာများမှာ နိုင်ငံတော်အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားများ ပြန်လည်လည်ပတ်စေရန်အတွက် ဌာနဆိုင်ရာဝန်ထမ်းများနဲ့ ကုန်ပစ္စည်းများတင်ဆောင်လာတဲ့ မော်တော်ယာဉ်များ မြို့/ရွာအသီးသီးသို့ ရောက်ရှိကြရာ ဒေသခံပြည်သူများက ဝမ်းမြောက်ဝမ်းသာကျေးဇူးတင်စွာဖြင့် သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြတဲ့ မြင်ကွင်းပုံရိပ်များပဲဖြစ်ပါတယ်။။။

တိုက်ပွဲသတင်းစုံ