1.78K subscribers
31.7K photos
2.45K videos
66 files
1.62K links
For your information
Download Telegram
ဂမ်ဘီယာနှင့် မြန်မာတို့၏ အမှုနှင့်ပတ်သက်၍ ကြားနာပွဲတွင် မြန်မာ၏ ဒုတိယအကျော့ လျှောက်လဲမှု နောက်ဆုံးရက်၌ မြန်မာနိုင်ငံ၏ ရှေ့နေများက ဂမ်ဘီယာ၏ အထောက်အထားများ ခိုင်လုံမှုမရှိကြောင်းနှင့် တရားသူကြီးများ၏ မေးခွန်းများကို လျှောက်လဲဖြေကြား

နေပြည်တော် ဇန်နဝါရီ ၃၀
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၏ ကြားနာပွဲ ပြီးဆုံးသည့် မိန့်ခွန်း
မြန်မာ၏ ဒုတိယအကြိမ် နောက်ဆုံးလျှောက်လဲချက်

မြန်မာနိုင်ငံ၏ Agent of Myanmar ကိုယ်စားလှယ်များက ကုလသမဂ္ဂနှင့် အစိုးရမဟုတ်သောအဖွဲ့များ (NGO) မှ တင်ပြသော အချက်အလက်များနှင့် စွပ်စွဲချက်များကို ICJ တရားရုံးတွင် အောက်ပါအတိုင်း ပြန်လည်တုံ့ပြန် လျှောက်လဲခဲ့ပါသည် -
-
🚨(သီးခြားစုံစမ်းရေးအဖွဲ့ (FFM) နှင့် IIMM အား အသိအမှတ်မပြုရခြင်း အကြောင်းရင်း)

- FFM နှင့် IIMM ကို ဖွဲ့စည်းရာတွင် မြန်မာနိုင်ငံ၏ သဘောထားကို မေးမြန်းခြင်း (သို့) ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ မြန်မာကို ဆန့်ကျင်သည့် ဒေသတွင်းနိုင်ငံများ၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်းကြောင့်ဖြစ်သည်။

- ထိုအဖွဲ့များ၏ လုပ်ငန်းတာဝန်များတွင် ဘက်လိုက်မှုရှိနေပြီး မြန်မာနိုင်ငံမှ အစိုးရနှင့်ပြည်သူများက ၎င်းတို့အား ယုံကြည်မှုခြင်းကြောင့် ဖြစ်သည်။

===
🚨(မြန်မာနိုင်ငံအား ပါဝင်ခွင့်မပေးခြင်း)

- ၂၀၂၁ ခုနှစ်ကတည်းက မြန်မာနိုင်ငံ၏ ကုလသမဂ္ဂကိုယ်စားလှယ်အား ကုလသမဂ္ဂ၏ အဓိကအဖွဲ့အစည်းများတွင် ပါဝင်ဆွေးနွေးခွင့် မပေးခဲ့ပါ။

- လူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံနှင့် ညှိနှိုင်းပူးပေါင်းခြင်းမရှိဘဲ တစ်ဖက်သတ်စွပ်စွဲသည့် နည်းလမ်းများဖြင့် အချက်အလက်များ စုဆောင်းခဲ့သဖြင့် မြန်မာနိုင်ငံအနေဖြင့် FFM ၏ လုပ်ငန်းစဉ်တွင် ပူးပေါင်းဆောင်ရွက်ရန် တာဝန်မရှိဟု ယူဆသည်။

===

🚨(third party) နှင့် ပူးပေါင်းဆောင်ရွက်ရန် တာဝန်မရှိ

- နိုင်ငံချင်းအငြင်းပွားမှုများတွင် အမှန်တရားရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် တာဝန်ရှိသော်လည်း FFM နှင့် IIMM ကဲ့သို့သော တတိယပါတီများနှင့် ပူးပေါင်းဆောင်ရွက်ရန် တာဝန်မရှိပါ။

- ထို့ကြောင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) အနေဖြင့် မြန်မာနိုင်ငံသည် ပူးပေါင်းဆောင်ရွက်ရန် တာဝန်ရှိသည်ဟု ယူဆခြင်း မပြုသင့်ပါ။

===

🚨(ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲချက် ပြောင်းလဲခြင်း)

- ဂမ်ဘီယာက မြန်မာနိုင်ငံမှ အဓိကတာဝန်ရှိသူ (၆) ဦးအား အရေးယူသင့်ကြောင်း ယခင်က စွပ်စွဲခဲ့သော်လည်း နောက်ဆုံးတင်ပြချက်တွင် ၎င်းတို့၏ အမည်များကို ဖြုတ်သိမ်းခဲ့သည်။ ဤအချက်သည် ဂမ်ဘီယာ၏ စွပ်စွဲချက်ကို ပြန်လည်ရုပ်သိမ်းခြင်းဟု ယူဆနိုင်သည်။

===

🚨(အချက်အလက်များ မတိကျမှု)

- ဂမ်ဘီယာ၏ ကျွမ်းကျင်သက်သေက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနေရာ (၅၄) နေရာတွင် ဖြစ်ပွားသည်ဟု ဆိုသော်လည်း နောက်ပိုင်းတွင် (၁၀) နေရာခန့်သာ ရှိသည်ဟု ပြင်ဆင်ပြောကြားခဲ့သည်။

- ဤအချက်အလက်များသည် ခြုံငုံကောက်ချက်များဖြစ်ပြီး တိကျမှုမရှိဘဲ ချဲ့ကားထားသည့် ကိန်းဂဏန်းများ ဖြစ်နိုင်သည်။

===

🚨(နစ်နာသူများ၏ တရားစွဲဆိုပိုင်ခွင့် ကန့်သတ်ချက်)

- နစ်နာသူတစ်ဦးသည် သက်ဆိုင်ရာ စာချုပ်တွင် ပါဝင်ခြင်းမရှိသော နိုင်ငံကို တရားစွဲဆိုပါက ၎င်းအနေဖြင့် လျော်ကြေးတောင်းခံပိုင်ခွင့် မရှိပါ။

- ဤအချက်ကို ICJ တရားရုံးက ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အကြံပေးချက်တွင် အတည်ပြုထားပါသည်။

===

🚨(သက်သေအထောက်အထား၏ အရည်အသွေး)

- မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂနှင့် NGO များ၏ အချက်အလက်များကို လုံးဝငြင်းဆိုနေခြင်း မဟုတ်ဘဲ၊ ဂမ်ဘီယာ၏ အချက်အလက်များသည် သက်သေပြရန် လိုအပ်သော စံနှုန်းများနှင့် မကိုက်ညီကြောင်း ထောက်ပြလိုခြင်းသာ ဖြစ်သည်။

===

🚨(စွပ်စွဲသူ၏ သက်သေပြရန် တာဝန်)

- ဂမ်ဘီယာကဲ့သို့ စွပ်စွဲသူအနေဖြင့် သက်သေအထောက်အထား ပြသရန် တာဝန်ရှိသည်။

- ဤစွပ်စွဲချက်သည် နိုင်ငံတစ်နိုင်ငံအတွက်သာမက ပြည်သူများစွာအပေါ် ထာဝရအမည်းစက်ကျန်ရစ်စေနိုင်သည့် ကြီးလေးသောကိစ္စဖြစ်သဖြင့် ယုံကြည်ရလောက်သည့် သက်သေအထောက်အထားများ ပြသရန် လိုအပ်သည်။

===

🚨(လူမျိုးသုဉ်းမှုစွပ်စွဲချက်ဆိုင်ရာ စံနှုန်းများ)

- လူမျိုးသုဉ်းမှု ရည်ရွယ်ချက်ရှိ-မရှိ စစ်ဆေးရာတွင် လူပုဂ္ဂိုလ်နှင့် နိုင်ငံတော်ကို ခွဲခြားစစ်ဆေးရန် မလိုအပ်ပါ။

- နိုင်ငံတစ်နိုင်ငံတွင် အခြားရည်ရွယ်ချက်များ ရှိနေပါက လူမျိုးသုဉ်းရန် အထူးရည်ရွယ်ချက်ကို လျော့ပါးစေနိုင်သည်။

- လူမျိုးသုဉ်းမှု ဟုတ်-မဟုတ် ဆုံးဖြတ်ရာတွင် ပျက်ဆီးဆုံးရှုံးမှုပမာဏကို အခြေခံရသည်၊ ဂမ်ဘီယာ၏ ကောက်ချက်ကဲ့သို့ အရေအတွက်နှင့် မဆိုင်ပါ။

===

အထက်ပါအချက်များသည် မြန်မာနိုင်ငံ၏ တရားရေးကိုယ်စားလှယ်များ၏ ငြင်းဆိုချက်များကို ရှင်းလင်းစွာ ဖော်ပြထားခြင်း ဖြစ်ပါသည်။
-
🇲🇲 We stand with Agent of Myanmar 🇲🇲
-
ICJ .. 🇲🇲 နိုင်ပြီလေ
-
A Light For Justice
🙏🙏🙏
မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) အချို့အတွက် အဓိကဝင်ငွေရရှိသော လမ်းကြောင်းမှာ မူးယစ်ဆေးဝါးထုတ်လုပ်ရေးနှင့် မှောင်ခန်းစီးပွားရေးလုပ်ငန်းများဖြစ်ကြောင်း သတိပြုရန် အရေးကြီးပါသည်။
-
၁၉၄၈ ခုနှစ်လွတ်လပ်ရေးရပြီးကတည်းက စတင်ခဲ့သော ပြည်တွင်းပဋိပက္ခသည် နှစ်ပေါင်း ၇၀ ကျော်မျှ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ဤကာလအတွင်း ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများစွာ ပြုလုပ်ခဲ့သော်လည်း အပြည့်အဝအောင်မြင်မှု မရရှိသေးချေ။ ဤသို့ အောင်မြင်မှုနှောင့်နှေးရသည့် အကြောင်းရင်းများအနက် မူးယစ်ဆေးဝါးမှ ရရှိသော ငွေကြေးအရင်းအနှီးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပါသည်။
-
ပုံမှန်အားဖြင့် အဆိုပါအဖွဲ့များသည် ၎င်းတို့၏လှုပ်ရှားမှုများအတွက် အမျိုးသားရေး၊ လူမျိုးရေး သို့မဟုတ် နိုင်ငံရေးဆိုင်ရာ အကြောင်းပြချက်များကို ထုတ်ဖော်ပြောဆိုလေ့ရှိပါသည်။ သို့ရာတွင် လက်တွေ့မြေပြင်အခြေအနေတွင် တရားမဝင်စီးပွားရေးလုပ်ငန်းများ၊ အထူးသဖြင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချမှုမှာ ၎င်းတို့၏ ငွေကြေးအရင်းအနှီးအဓိကရင်းမြစ်တစ်ခုအဖြစ် ရှိနေသည်ကို တွေ့ရပါသည်။ ဤလမ်းကြောင်းမှရသော အကျိုးအမြတ်များကို လက်နက်ဝယ်ယူရန်၊ စစ်အင်အားတိုးချဲ့ရန်နှင့် ဩဇာအာဏာ ထူထောင်ရန်အတွက် အသုံးပြုနေကြသည်ကို လေ့လာတွေ့ရှိရပါသည်။
-
ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဟု အမည်တပ်ထားသော အဖွဲ့အချို့အတွက် မူးယစ်ဆေးဝါးလုပ်ငန်းသည် အသက်သွေးကြောသဖွယ် အရေးပါသော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး လွယ်လင့်တကူ စွန့်လွှတ်၍ မရနိုင်သော အခြေခံအင်အားတစ်ရပ်ဖြစ်ကြောင်း ထောက်ပြနိုင်ပါသည်။
-
(ဤဖော်ပြချက်သည် မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများ ပမာဏအများဆုံး သိမ်းဆည်းရမိမှုနှင့် ပတ်သက်၍ ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်း ရှင်းလင်းပြောကြားချက်မှ ကောက်နှုတ်တင်ပြထားခြင်းဖြစ်ပါသည်။)
👍1
Forwarded from နရီမိုး
မြို့နယ် ၆၃ ခုကို အရေးပေါ်အဖြစ်နဲ့ ဆက်ပြီး ကြေညာထားတယ်။ ဒါကတော့ အစိုးရရဲ့ မူလ အခြေအနေ အုပ်ချုပ်မှု အောက် မရောက်သေးတဲ့ ဒေသ တွေဖြစ်လို့ ပုံမှန် သမစဉ်အရ ကြေညာတယ်လို့ပဲ မြင်ပါတယ်။ အရေးကြီးတာက ဒီ ၆၃ မြို့ကို ဘာဆက်လုပ်မလဲ ဆိုတဲ့ မေးခွန်းပါ။
------
UEC ကလည်း အနိုင်ရ ကိုယ်စားလှယ်တွေကို တဆင့်ပြီး တဆင့် ကြေညာလာတယ်။ ဒီကာလဟာ စစ်ရေးထက် နိုင်ငံရေး အရွေ့ဖြစ်တဲ့ အစိုးရသစ် ပေါ်ပေါက်ဖို့၊ အာဏာ အလွှဲအပြောင်း ကိစ္စကိုပဲ ပိုဦးတည်မယ်လို့ ယူဆရမယ် ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိုးကုတ်နဲ့ မိုးမိတ်ကို ပလောင်က ပြန်ပေးထားပေမယ့် တပ်ဟာ မိုးမိတ် အထိ ပြန်ခြေချဖို့တောင် အရှိန်ယူနေရသေးချိန်မှာ ထိုးစစ်စဖို့ ကြိုးစားနိုင်ပါ့မလား ။
-----
တစ်ခုရှိတာက ၆၃ မြို့ဟာ အချက် ၂ ချက်နဲ့ ကြိုးစား လာနိုင်တယ်။ တချက်ကတော့ စီးပွားရေးအရ မဖြစ်မနေ သိမ်းပိုက်ဖို့ အစိုးရက တပ်နဲ့ အတူ ပူးပေါင်းပြီး ချက်ခြင်း အားထုတ်မှ ရုပ်လုံးပေါ်မယ့် သဘောမျိုး။ ဒုတိယအချက်ကတော့ ကြားဖြတ်ဟာ ပုံမှန်အတိုင်း ၂ နှစ်လောက်နေမှ ကျင်းပတာဆိုတော့ သိပ်အလျင် မလိုသေးလည်း ရတယ် ဆိုတဲ့ အတွေးမျိုးလည်း ရှိကောင်း ရှိနေနိုင်တာပဲ။
------
သေချာတာကတော့ နိုင်၊ စစ်၊ စည်း မူဝါဒတွေ ဘယ်လို ချမှတ်ချမှတ်၊ စစ်ပွဲ ရှိနေသမျှ ဘာအာမခံချက်မှ မရှိဘူး ဆိုတဲ့အချက်ပါပဲ။ ဘယ်လောက်ပဲ ဘီလီယံတွေ မြောက်များစွာ အကုန်အကျ ခံပြီး ဧရာဝတီ မြစ်ကူး တံတားတွေ တည်ဆောက်တည်ဆောက် အကြမ်းဖက်က မိုင်းထောင်ဖျက်ဆီးရင် မျက်စိတမှိတ်အတွင်း ပျက်စီးရတာပါပဲ။ လက်ရှိ ကရင်ပြည်နယ်က အချိုးခံရတဲ့ တံတားတွေကိုပဲ ကြည့်ဦးမလားပေါ့လေ။
------
အပစ်အခတ် ရပ်စဲဖို့ ဆိုတဲ့ နေရာမှာလည်း ဖြစ်နိုင်ချေ ၂ ချက်ပဲ ရှိပါတယ်။ တစ်ခုက ပြတ်ပြတ်သားသား ကိုင်တွယ်ပြီး ချေမှုန်းမလား။ ဒုတိယ တစ်ခုက NCA အတိုင်း မူ အရ ညှိနှိုင်း သွားကြမလား။ ကိုယ်က NCA အတိုင်း သွားချင်ပါတယ်လို့ အကြိမ်တရာ ဆိုနေရင်တောင် အကြမ်းဖက်က လာချင်စိတ်မရှိရင် အရွေ့ မဖြစ်ပါဘူး။ အဓိက စစ်နိုင်မှ ငြိမ်းချမ်းရေး စကားတွေက အရွေ့ဖြစ်တာပါ။ စစ်မနိုင်ရင် ဘာမှကို လုပ်မရတာပါ။ လက်ရှိ ရပ်တန့်နေတဲ့ နယ်စပ်ကုန်သွယ်ရေး ပြဿနာတွေ၊ အကြမ်းဖက်တွေ က မြို့သိမ်းတိုက်ပွဲ လုပ်လာလို့ စစ်ရှောင် ထွက်ပြေးကြရတဲ့ ပြည်သူတွေ....ဒါတွေကို ကုစားဖို့က အကြမ်းဖက်တွေ မရှိမှဘဲ အဆင်ပြေပါလိမ့်မယ်။
------
NCA ကို အကြမ်းဖက် က လာဖို့ ပထမဆုံး အရေးကြီးပါတယ်။ ပလောင်လို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလည်း ရထားတယ်။ တိုက်ပွဲအတွင်းက ဆုံးရှုံးထားတဲ့ လက်နက်တွေ ချပြပြီး အောင်ပွဲအခမ်းအနား ကျင်းပပြတာမျိုးက NCA ဆီလာဖို့ ဆိုတာ ဘယ်လို ထပ်ညှိနှိုင်းကြပါ့မလဲ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလည်း ပေးထားရတယ်။။ လက်နက်လည်း ကိုင်ထားကြမယ် ဆိုတာကို ခွင့်ပြုရင် နောက်တချိန် စစ်ပွဲ အပြင် ဖြစ်လာနိုင်စရာ ပိုမရှိနိုင်ပါဘူး။ NCA ဟာ အကြိမ်ပေါင်း တသောင်းလောက် ဆွေးနွေးညှိနှိုင်းရတဲ့ နေရာပါ။ ဒီလို ဆွေးနွေးချိန်မှာ စစ်ပွဲ မဖြစ်ဘူးလို့ ယေဘုယျ တွေးနိုင်ပေမယ့် ရလဒ်မထွက်ရင် အလုပ်မဖြစ်ဘူးလို့ပဲ သတ်မှတ်ရမှာပါ။ သူပုန်အကြမ်းဖက်အတွက် ငြိမ်းချမ်းရေးဟာ Time limit မရှိပေမယ့် အစိုးရအတွက်တော့ ၅ နှစ်ပဲ အချိန်ရပါတယ်။


(နရီမိုး)
👍1
ICJ တရားရုံးကြားနာပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီး ပြောကြားသည့်မိန့်ခွန်း


လေးစားရပါသော တရားသူကြီးမင်းများခင်ဗျာ..
-
တရားရုံး၏ ခွင့်ပြုချက်ဖြင့် ဤနေရာတွင် မြန်မာနိုင်ငံ၏ တရားဝင်ကိုယ်စားလှယ်အဖြစ် အဆိုပြုချက် တင်သွင်းခွင့်ရခြင်းအတွက် ကျေးဇူးတင်ပါသည်။ တင်သွင်းမည့် အဆိုပြုချက်မတိုင်မီ အနှစ်ချုပ်ပြောကြားလိုပါသည်။
-
ပထမဆုံးအနေဖြင့် ယခုသုံးပတ်ကြာ ကြားနာမှုကာလအတွင်း ပါဝင်ဆောင်ရွက်သူအားလုံးအနေဖြင့် အားထုတ်မှု များစွာပြုလုပ်ခဲ့ကြပါသည်။ တရားရုံးတွင်လည်း ယခုကဲ့သို့ ရှည်လျားသည့် ကြားနာပွဲမရှိခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ တရားသူကြီးများအနေဖြင့် နှစ်ဖက်၏ ချေပချက်များကို ဂရုတစိုက် ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ကြောင်း သိရသည့်အတွက် ကျေးဇူးတင်ရှိပါသည်။ တရားရုံး၏ အလုပ်များပြားသည့်ကာလတွင် အချိန်ပေးပြီး ဤကိစ္စကို ထူးခြားစွာ ဆောင်ရွက်ပေးသည့်အတွက်လည်း ကျေးဇူးတင်ရှိပါသည်။
-
ဒုတိယအနေဖြင့် ဤကိစ္စသည် အလွန်အရေးကြီးပါသည်။ ထူးခြားသောကိစ္စတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံနှင့် မြန်မာပြည်သူလူထုအတွက် အထူးအရေးပါပါသည်။ ပြည်တွင်းရှိ ပြည်သူများသည် ဤအမှုကို စိုးရိမ်စွာဖြင့် မျက်ခြည်မပြတ် စောင့်ကြည့်နေကြပါသည်။ သုံးပတ်တာကာလအတွင်း ပြည်တွင်းပြည်ပ စောင့်ကြည့်သူများသည် ဤအမှု၏ ရှုပ်ထွေးနက်နဲမှုကို သိရှိနားလည်လာကြမည်ဟု ယုံကြည်ပါသည်။ နိုင်ငံတစ်နိုင်ငံအနေဖြင့် ဤမျှကြီးမားသော စွပ်စွဲချက်ကို ရင်ဆိုင်ကာကွယ်ရသည့်အခြေအနေကို အနည်းဆုံး သိရှိခွင့်ရကြမည်ဖြစ်သည်။ နိုင်ငံနှင့် ပြည်သူများသာမက နောင်မျိုးဆက်သစ်များအတွက် အရေးပါသောအကျိုးစီးပွားအတွက် ဤအမှုကို မည်သို့ရင်ဆိုင်ခဲ့ကြောင်း၊ အဆင့်အတန်းမီ သက်သေများကို မည်သို့တင်ပြခဲ့ကြောင်းတို့ကို သိရှိခွင့်ရကြမည်ဖြစ်ပါသည်။
-
တတိယအနေဖြင့်၊ မနေ့က ဂမ်ဘီယာမှ တင်ပြခဲ့သော သက်သေသုံးဦးသည် ၎င်းတို့၏ ပြောဆိုချက်များဖြင့် ဤအမှုအတွက် ခိုင်မာသော အထောက်အထား မဖြစ်နိုင်ကြောင်းကို မြန်မာနိုင်ငံ၏ ရှေ့နေက လျှောက်လဲပြီးဖြစ်ပါသည်။ ကြားနာမှုကာလအတွင်း မြန်မာနိုင်ငံဘက်မှ ထိုကဲ့သို့သော မေးခွန်းများကို ထပ်ခါထပ်ခါ မေးမြန်းခဲ့ပါသည်။ ကျွန်ုပ်တို့သည် လူမျိုးတုံးသတ်ဖြတ်မှု ကာကွယ်တားဆီးရေး သဘောတူစာချုပ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို မေးခွန်း ထုတ်ခဲ့သည်။ တစ်ဖက်က တင်ပြသည့် အချက်အလက်များ၏ ခိုင်မာမှုကိုလည်း မေးခွန်းထုတ်ခဲ့သည်။ ထိုသို့ မေးခွန်းထုတ်ရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ ဖြစ်ရပ်မှန်ကို အလင်းပြလိုသော ဆန္ဒကြောင့်ဖြစ်ပါသည်။ ဤသို့ မေးခွန်းထုတ်နိုင်ရခြင်းမှာ တရားရုံး၏ တရားမျှတမှုနှင့် အမှန်တရားကို ရှာဖွေစီရင်မည်ဟူသော ယုံကြည်ချက် ကြောင့်လည်း ဖြစ်ပါသည်။
-
နောက်ဆုံးအနေဖြင့်၊ ဤကြားနာမှုကို ချောမွေ့စွာဆောင်ရွက်နိုင်ရန် ကူညီပေးခဲ့သူများအားလုံးအား ကျေးဇူးတင်ရှိ ပါသည်။ တရားရုံးမှတ်တမ်းတင်သူများ၊ စကားပြန်များ၊ လုံခြုံရေးအဖွဲ့ဝင်များအပါအဝင် အားလုံးကို ကျေးဇူးတင်ပါသည်။ နှစ်ဖက်လုံး၏ ချေပချက်များကို ဂရုတစိုက် နားထောင်ပေးခဲ့သည့် တရားသူကြီးများအားလုံးကိုလည်း ကျေးဇူးတင်ရှိ ပါသည်။
-
ယခု ကျွန်ုပ်၏တာဝန်မှာ တရားရုံး၏ စည်းမျဉ်းစည်းကမ်း ပုဒ်မ ၆၀၊ အပိုဒ်ခွဲ ၂ အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ကိုယ်စား အောက်ပါဆုံးဖြတ်ချက်ကို တောင်းဆိုရန်ဖြစ်ပါသည်-

💯 ဂမ်ဘီယာ သမ္မတနိုင်ငံမှ တရားရုံးသို့ မြန်မာနိုင်ငံအား လူမျိုးတုံးသတ်ဖြတ်မှု ကာကွယ်တားဆီးရေး သဘောတူ စာချုပ်ကို ချိုးဖောက်သည်ဟု တင်သွင်းထားသော စွဲချက်အားလုံးသည် ဥပဒေနှင့် အချက်အလက် မညီညွတ်သဖြင့် ပယ်ချပေးပါရန်။

💯 ဂမ်ဘီယာ သမ္မတနိုင်ငံမှ တရားရုံးသို့ မြန်မာနိုင်ငံအား ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၃ ရက်နေ့က ချမှတ်ခဲ့သည့် ကြားဖြတ် စီမံဆောင်ရွက်ချက်ကို ချိုးဖောက်သည်ဟု တင်သွင်းထားသော စွဲချက်အားလုံးသည် ဥပဒေနှင့် အချက်အလက် မညီညွတ်သဖြင့် ပယ်ချပေးပါရန်။

💯 ဂမ်ဘီယာမှ တင်သွင်းထားသော နစ်နာကြေးပေးရန်အပါအဝင် အခြားသော တောင်းဆိုချက် အားလုံးသည် ဥပဒေနှင့် အချက်အလက် မညီညွတ်သဖြင့် ပယ်ချပေးပါရန်၊

ကျေးဇူးတင်ပါသည်။

========
-
🇲🇲 We stand with Agent of Myanmar 🇲🇲
-
ICJ .. 🇲🇲 နိုင်ပြီလေ
-
A Light For Justice
1
မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဂုဏ်ပြုကြိုဆိုကြမည်

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မြန်မာနိုင်ငံ ကိုယ်စား သွားရောက်ဖြေရှင်းဆောင်ရွက်ခဲ့တဲ့ ဦးကိုကိုလှိုင်၊ ဒေါက်တာ သီတာဦး တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မနက်ဖန် (၁-၂-၂၀၂၆) ရက်နေ့ နံနက်ပိုင်း မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။
-
သံဃာတော်များက ဦးဆောင်ပြီး ကြိုဆိုဖို့ကိုလည်း ပြင်ဆင်နေကြပါပြီ။ တိုင်းပြည်နဲ့ လူမျိုးအတွက် မားမားမတ်မတ် ရင်ဆိုင်ဖြေရှင်းဆောင်ရွက်ပေးခဲ့သော ကိုယ်စားလှယ်အဖွဲ့ကို ဂုဏ်ပြုကြိုဆိုကြမည့် ပြည်သူများအနေဖြင့် မင်္ဂလာဒုံ လေယာဉ်ကွင်းရှေ့တွင် နိုင်ငံတော်အလံများကိုင်ဆောင်ပြီး စည်းကမ်းတကျ ပါဝင်ဂုဏ်ပြုကြိုဆိုနိုင်ပါရန် အသိပေး နှိုးဆော်ပါသည်။
-
ဦးကိုကိုလှိုင် - ကျန်းမာပါစေ
ဒေါက်တာ သီတာဦး - ကျန်းမာပါစေ
မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များအားလုံး - ကျန်းမာပါစေ

-
တိုင်းပြည် လူမျိုး ဂုဏ်မညှိုးစေရ
တတ်သည့်ပညာ စွမ်းပကားဖြင့်
အမှားခြေဖျက် အမှန်တရားအတွက်
သူတို့ဆောင်ရွက် ဂုဏ်ပြုအပ်သည်
အတွင်းရန် အပြင်ရန်
ဘေးမှန်သမျှ စုပေါင်းကာကွယ်
ညီညွတ်ကြရမယ်။

-
(MNP)
-
🇲🇲 We stand with Agent of Myanmar 🇲🇲
-
ICJ .. 🇲🇲 နိုင်ပြီလေ
-
A Light For Justice
2
This media is not supported in your browser
VIEW IN TELEGRAM
မြန်မာနိုင်ငံတော်အား ICJ တရားရုံးတွင် ဂမ်ဘီယာနိုင်ငံမှ စွပ်စွဲတရားစွဲဆိုချက်များအား ပြည်ထောင်စုဝန်ကြီးများခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့မှ အမှန်တိုင်းလျှောက်လဲ ဖြေရှင်းဆောင်ရွက်နေခြင်းအပေါ် ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီမှ ကြိုဆိုထောက်ခံကြောင်း သဘောထားထုတ်ပြန်
1
ကိုးကန့်ပဲဖြစ်ဖြစ်၊ ကချင် KIA နဲ့ပဲ ဖြစ်ဖြစ် ... ငြိမ်းချမ်းရေး ခေါင်းစဉ်တပ်ပြီး ညှိနှိုင်းချက် တွေ လုပ်နေတာက အချိန်ကြာလေလေ နိုင်ငံတော်နဲ့ တပ်မတော်အတွက် အထိ နာလေလေလို့ပဲသုံးသပ်ပါတယ်။ အသိသာဆုံးအချက်က စပ်ကြားနယ်မြေပေါ်က ပြည်သူတွေဟာ အကြမ်းဖက်တွေအတွက် လူသစ်အင်အားစုခံနေရတာက အဓိက ပြဿနာပဲဖြစ်နေပါလိမ့်မယ်။ ဒီတော့ ဒီ EAO တွေကို ဘယ်လို ကိုင်တွယ်ကြမလဲဆိုတဲ့ မေးခွန်းပေါ့။
-----------
တစ်ခုတော့ရှိတာပေါ့။ တစ်ချို့ကလည်း မင်းတို့ စစ်သုံးပန်းတွေကို လွှတ်ပေးနေတာ ပဲ မဟုတ်ဘူးလားဆိုတဲ့ အမြင်တော့ ရှိနိုင်တာပေါ့။ ဒါပေမယ့် လက်ရှိ လားရှိုး အနီးတဝိုက်မှာ တင် ကိုးကန့်က လူသစ်စုဆောင်းနေတာတွေက အချိန်တန်ရင် ငါးကြင်းဆီ နဲ့ ငါးကြင်း ပြန်ကြော်မယ့် ပုံစံ ဆိုတာ လွယ်လွယ်လေးတောင် ခန့်မှန်းလို့ ရနိုင်ပါတယ်။
-------
လက်ရှိ အထူးဒေသ(၁)ဆိုပြီး ခရိုင် (၄)ခု ဖွဲ့စည်းထားတဲ့ အင်္ဂါစဉ်အရ ကိုးကန့် လူမျိုး စစ်စစ်တွေနဲ့ ဒီဒေသတစ်ခုလုံးကို အုပ်ချုပ်လို့ မဖြစ်နိုင်ပါဘူး။ ဆိုလိုတာက အုပ်ချုပ်ရေး ယန္တရား ပီပီ ပြင်ပြင် ပေါ်ပေါက်ဖို့ခက်ပါတယ်။ဒါ့ကြောင့်လည်း ကိုးကန့်ဒေသစစ်စစ်နဲ့ ပြည်မ ကြီးက ဒေသတွေ မှာ ခုလို လူသစ်စုထားတဲ့ အင်အားစုတွေနဲ့ Proxy နယ်မြေတွေ သေချာပေါက် ကြားခံ ပါလိမ့်မယ်။ တကယ်လို့ အနာဂတ်မှာ ညှိနှိုင်းမရလို့ စစ်ပွဲတွေ ဖြစ်၊ တိုက်ကြခိုက်ကြမယ်ဆိုရင်တောင်... ကိုးကန့် MNDAA စစ်စစ် တွေ သေဆုံးဖို့ထက်.. .ကြားခံလူသစ်စုထားတဲ့ ဗမာအချင်းအချင်းပဲ ထိခိုက်သေဆုံးကြမှာပါ။ လောက်ကိုင်မှာ လုပ်ထားတဲ့ ကိုးကန့် စစ်သင်္ချိုင်းကို ကြည့်ပြီး ကိုးကန့်တွေ စာတတ်သွားပြီလို့လည်း ပြောလို့ရတယ်ပေါ့။
----------
လက်ရှိ စစ်ကိုင်းတိုင်းမြောက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ဆက်စပ်ဒေသတွေမှာ မြို့သိမ်း တိုက်ပွဲ ခေါင်းစဉ်အကြောင်းပြပြီး တိုက်ပွဲတွေ ဖော်ဆောင်နေတယ်ဆိုတာကလည်း ဒီ Version အမျိုးအစားပါပဲ။ ဖားကန့်ဒေသမှာတောင် နယ်မြေစိုးမိုးရေး ခက်ခဲလေတော့... မန္တလေး-မြစ်ကြီးနားသွားကားလမ်းမှာ အကြမ်းဖက်တွေ ကင်းစင်ဖို့ဆိုတာ အတော်လေး တော့ အချိန်ယူရမယ့်သဘောပါပဲ။ ဒီလို အချိန်ယူစေချင်လို့လည်း ဒေသခံ လက်နက်ကိုင် အင်အားစုတွေကို လက်နက်ပေးပြီး မွေးထားတာ မြင်နိုင်တာပဲ လေ။
-----------
လက်ရှိ မကွေးတိုင်းထဲက လက်နက်ကိုင်အင်အားစုတွေကို ကျေးရွာတွေက ဆက်ကြေး ပုံမှန်ပေးပြီး ရှင်သန်စေတာကလည်း ပြဿနာ တစ်ခုပါပဲ။ ဆိုတော့....ပြည်မထဲက လက်နက်ကိုင် အင်အားစုတွေ ရေရှည် မရပ်တည်နိုင်ဖို့အတွက်ဆိုရင် EAOနဲ့ ဆက်သွယ်နိုင်ရာ လမ်းကြောင်းတွေမှာ ဖြတ်တောက်နိုင်ဖို့နဲ့ ပိုက်ဆံ ရနေတဲ့ အရင်းအမြစ်တွေကို ဖျက်ဆီး ဖြတ်တောက်နိုင်ဖို့က ပိုအရေးကြီးတာ တွေ့ရပါလိမ့်မယ်။ ဒီလို မဖြတ်တောက်နိုင်သေးလို့လည်း ပြည်မထဲက သံယဇာတတွေ တရုတ်ဆီထွက်၊ ရှမ်းမြောက်လက်နက်ကိုင်အင်အားစုတွေရဲ့ လက်နက်၊ ခဲယမ်း ထောက်ပံ့မှုတွေကလည်း ပြည်မထဲကိုရောက်၊ ဒီလိုနဲ့ သံသရာလည်နေတဲ့ သဘောလို့ပဲ သုံးသပ်ရမှာပါ။
---------
ကိုးကန့်နဲ့ အပစ်ရပ်ခဲ့တာက ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန် ၂၀ လောက်က ဆိုရင်...ဘာပဲဖြစ်ဖြစ် တစ်နှစ်ဆိုတဲ့ အချိန်ကာလ တစ်ခု ရောက်ခဲ့ပါပြီ။ ကြားထဲမှာ လားရှိုးကို ပြန်ရခဲ့တာ တစ်ခုကလွဲရင်...သီပေါနားကနယ်မြေတွေကနေတောင် သူတို့ မဆုတ်ခွာကြသေးပါဘူး။ ဒါက လွှတ်တော် မပေါ်ပေါက်သေးတဲ့ ကာလမို့ဆိုပြီး အကြောင်းပြနိုင်ပေမယ့် တက်လာ မယ့်အစိုးရသစ်ဟာ အချိန်အားဖြင့် ၅ နှစ်ပဲ ရတာဆိုတဲ့ ပေးထားချက်ရှိနေပါတယ်။

(နရီမိုး)
👍1
This media is not supported in your browser
VIEW IN TELEGRAM
နွားထိုးကြီးဘက်က နွားသူခိုးပဒပ်တွေကို မီးဖုတ်ခြင်း
👍2
Media is too big
VIEW IN TELEGRAM
ဘွဲ့ရပြီးရင် ဘာလုပ်မလဲ?

အောင်မြင်မှုရဲ့ နောက်ထပ်အဆင့်တစ်ခုကို တက်လှမ်းဖို့ စဉ်းစားနေပြီလား?

👠 High Heels ထက် စစ်ဖိနပ်ကို ပိုခန့်ညားအောင် စီးနိုင်တဲ့သူတွေ ရှိလား?


🎖 သာမန်ထက်ထူးကဲတဲ့ ဘဝကို ပိုင်ဆိုင်ချင်ပါသလား?

ဒါဆိုရင်တော့ . . .
ကိုယ့်ဘဝကို အဓိပ္ပာယ်ရှိရှိ တည်ဆောက်ချင်တဲ့ ဘွဲ့ရအမျိုးသမီးများအတွက် မဟာအထူးအခွင့်အရေး! တစ်ခုရှိပါတယ်။

သာမန်မိန်းကလေးတစ်ယောက်ရဲ့ ဘဝကနေ... တစ်နိုင်ငံလုံးက လေးစားအားကျရတဲ့ "အမျိုးသမီးအရာရှိ" တစ်ယောက်အဖြစ် ပြောင်းလဲလိုက်ပါ။ ကိုယ်ရဲ့ အရည်အချင်းတွေကို ကောင်းကင်ထက်မှာ ပျံသန်းခွင့်ပေးလိုက်ပါ။ ✈️🚢🛡

အနာဂတ်ရဲ့ ထက်မြက်တဲ့ အမျိုးသမီးအရာရှိတစ်ဦး ဖြစ်လာဖို့ အခုပဲ ခြေလှမ်းစလိုက်ပါ။

📍 ခေါ်ယူမည့်နေရာ: ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) 📅 လျှောက်လွှာပိတ်ရက်: [၁၈-၂-၂၀၂၆]

Youtube

https://youtu.be/9em8CMu2h9w?si=gsKbk4uT1IdX7B5d

#pyomayvlog
👍1
ပြည်သူ့စစ်မှုထမ်းညီငယ်များရဲ့ ထမနဲထိုးပြိုင်ပွဲ

😊😊😊

#pms@pyithusitt
2