1.77K subscribers
31.7K photos
2.45K videos
66 files
1.63K links
For your information
Download Telegram
ရိုးသားမှုမရှိတဲ့ UNODC ရဲ့ထုတ်ပြန်ချက် အပိုင်း (၂)

အမှန်စင်စစ် စီးပွားရေးပိတ်ဆို့ထားခံရပြီး နိုင်ငံရေးအရဖိအားပေးခံနေရတဲ့ လက်ရှိအစိုးရဟာ ဘိန်းစိုက်ပျိုးမှုအပါအဝင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးနှိမ်နှင်းရေးတွေကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ပြည်ပအကူအညီမရရှိဘဲ ကိုယ့်ခွန်ကိုယ့်အားနဲ့ အရှိန်အဟုန်ပြင်းပြင်း စစ်ဆင်ရေးတစ်ရပ်သဖွယ် တိုက်ဖျက်ချေမှုန်းနေတာကို မျက်စိပိတ်၊ နားပိတ် လုပ်နေတာကို UNODC ရဲ့ အစီရင်ခံစာမှာ အထင်းသားမြင်တွေ့နေရပါတယ်။
-
သူ့ရဲ့အစီရင်ခံစာအရ ဘိန်းစိုက်ပျိုးမှုများ တိုးချဲ့လာတဲ့ နယ်မြေတွေဟာ NUG/PDF တွေ လှုပ်ရှားတဲ့ နယ်မြေတွေ ဖြစ်ရုံသာမက တိုင်းရင်းသားလက်နက်ကိုင်အမည်ခံပြီး အစိုးရကို ဆန့်ကျင်နေတဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များရဲ့ နယ်မြေများဖြစ်ပါတယ်။
-
အထူးသဖြင့် UWSA/ MNDAA/ KIA/ AA/ TNLA/ SSA/ RCSS အဖွဲ့များဟာ အစိုးရရဲ့အုပ်ချုပ်မှုနဲ့ အလှမ်းကွာဝေးတဲ့ နယ်စွန်နယ်ဖျားတွေမှာ ဘိန်းစိုက်ပျိုးခြင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းတွေကို အဓိကဝင်ငွေရှာဖွေတဲ့ စီးပွားရေး လုပ်ငန်းတစ်ရပ်အဖြစ် လုပ်ဆောင်လျက်ရှိနေပါတယ်။
-
အဲ့ဒီအဖွဲ့တွေဟာ သူတို့အဖွဲ့အစည်းရပ်တည်ဖို့အတွက် လိုအပ်နေတဲ့ ဘဏ္ဍာငွေကြေးတွေကို ဘိန်းစိုက်ပျိုးထုတ်လုပ်ခြင်း၊ စိတ်ကြွဆေးပြားထုတ်လုပ်ရောင်းချခြင်း၊ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းချခြင်းများမှ အခွန်အကောက်ရယူခြင်း တွေကို လုပ်ဆောင်လျက်ရှိနေပါတယ်။
-
မူယစ်ဆေးဝါးကရရှိတဲ့ တရားမဝင်ငွေကြေးတွေနဲ့ လက်နက်ခဲယမ်းမှောင်ခိုပြုခြင်း၊ ငွေကြေးခဝါချခြင်းတို့ကို နိုင်ငံတကာမှာရှိတဲ့ မူးယစ်ရာဇာများနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်လျက်ရှိပါတယ်။
-
ဒါ့အပြင် အိမ်နီးချင်းနိုင်ငံများက ဝိသမလောဘသား မူယစ်ဆေးဝါးကုန်သွယ်သူများက ဘိန်းစိုက်တောင်သူများကို ငွေကြေးအရင်းအနှီးထုတ်ပေးပြီး ဘိန်းကုန်ကူးမှုကို အကြီးအကျယ်လုပ်ကိုင် လျက်ရှိပါတယ်။ စိတ်ကြွဆေးပြား ထုတ်လုပ်မှုများမှာလည်း လိုအပ်တဲ့ဓာတုဆေးဝါးများဟာ မြန်မာနိုင်ငံအတွင်းမှာ ထွက်ရှိခြင်းမရှိဘဲ အိမ်နီးချင်း နိုင်ငံများမှတစ်ဆင့် ဝင်ရောက်လာခြင်း ဖြစ်ပါတယ်။
-
ဒါ့ကြောင့်မြန်မာနိုင်ငံအတွင်းမှာ ဘိန်းစိုက်ပျိုးမှုနှင့် မူးယစ်ဆေးဝါးထုတ်လုပ်မှုများကျဆင်းစေရေးအတွက် ပြည်တွင်းမှာ ရှိတဲ့ လက်နက်ကိုင်အကြမ်းဖက်သမားများအား အမြစ်ဖြတ်ချေမှုန်းသုတ်သင်ရမှာ ဖြစ်သလို နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုများပိုမိုလိုအပ်ပြီး မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်နေတဲ့ ဓာတုဆေးဝါးတင်သွင်းမှု၊ လက်နက်ခဲယမ်းမှောင်ခိုမှု၊ ငွေကြေးခဝါချမှုများကို နှိမ်နှင်းရမှာဖြစ်ပါတယ်။
-
ဒီအချက်တွေိကို UNODC က သုတေသနပြုဖော်ထုတ်ပြီး မြန်မာနိုင်ငံကို အကူအညီပေးရမယ့်အစား အကြမ်းဖက် သောင်းကျန်းသူ(လက်နက်ကိုင်)များကြောင့် အမြစ်မပြတ်တဲ့ မူးယစ်ဆေးဝါးပြဿနာကို မီးမောင်းထိုးပြီး နိုင်ငံရေးအရ ထိုးနှက်ချက်အဖြစ် နှစ်စဉ်အစီရင်ခံစားရေးသား ထုတ်ပြန်မှုကို နိုင်ငံတော်အစိုးရနဲ့ ပြည်သူများက ကန့်ကွက် ဆန့်ကျင်ပါကြောင်း အသိပေးလိုက်ရပါတယ်။

အပိုင်း(၁) ဖတ်ရန်

Aung Shinn
Media is too big
VIEW IN TELEGRAM
ဒီ ၆ ရက် (မနေ့)က စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ချင်းတွင်းမြစ်ဘေး၊ မော်လိုက်ကလေး ရွာကို စစ်ရှုံးနေတဲ့ KIA နဲ့ PDF တွေက မီးရှို့ဖျက်ဆီးပြီးထွက်ပြေးသွားခဲ့တယ်လို့ သိရှိရပါတယ်။
-
တိုက်ပွဲသတင်းစုံ
စစ်သူရဲများအကြောင်း (၉)

ဗိုလ်မှူးချုပ် သူရ ဇော်လွင်စိုး…
-
ဗိုလ်မှူးချုပ် သူရ ဇော်လွင်စိုးကို ၁၉၇၉ ခုနှစ်တွင် ကျိုက်မရောမြို့၌ မွေးဖွားခဲ့ပါသည်။ ၁၉၉၇ ခုနှစ်တွင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၄၂)သို့ တက်ရောက်ခဲ့ပါသည်။
-
တပ်စုမှူး၊ တပ်ခွဲမှူး၊ ဌာနချုပ်တပ်ခွဲမှူး၊ ဒုရင်းမှူး၊ တပ်ရင်းမှူး၊ စစ်ကျောင်းကြီးနည်းပြ၊ ဗျူဟာမှူး၊ တပ်မမှူး စသည့် အဆင့်/တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ပါသည်။
-
(သူရဘွဲ့ရရှိခဲ့မှု)

ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးသည် အမှတ်(၃၈၆)ခြေမြန်တပ်ရင်းတွင် တပ်ရင်းမှူးတာဝန်ထမ်းဆောင်စဉ် ၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက် ၀၆၀၀ နာရီမှ ၁၄၁၀ နာရီအထိ KIA သောင်းကျန်းသူစခန်းဖြစ်သည့် ဆမား၊ ဂဂမ်ဒေသ၊ ပွိုင့်-၁၁၀၃ တောင်ကုန်း ခန့်မှန်း (အမ်ဂျီ-------) အား ဒုတိယဗိုလ်မှူးကြီး ဇော်လွင်စိုး ဦးစီးစစ်ကြောင်းရုံးနှင့် တိုက်ခိုက်ရေး တပ်ခွဲ(၁)ခွဲဖြင့် အောင်မြင်စွာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါသည်။
-
ဒုတိယဗိုလ်မှူးကြီးဇော်လွင်စိုးသည် လက်နှစ်ဖက်တွင် ရန်သူ့လက်နက်ကြီးစထိမှန် ထားသော်လည်း စစ်သားကောင်း တစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ပီသစွာ မိမိတပ်ဖွဲ့နှင့်အတူ တိုက်ပွဲပြီးဆုံးချိန်အထိ ကွပ်ကဲဆောင်ရွက် နိုင်ခြင်း၊ ပွိုင့်တပ်စိတ်နှင့်အတူ တိုက်စစ်ရှေ့တန်းကျကျနေရာမှ စစ်သည်များနှင့်တန်းတူ ရဲဝံ့စွန့်စားစွာဖြင့် တိုက်စစ်အရှိန် အဟုန်မပြတ် ဆက်လက်တိုက်ပွဲဝင်နိုင်ရေးအတွက် အနီးကပ်ကြပ်မတ်ကွပ်ကဲခြင်း၊ တိုက်စစ်အဟုန်မကျဆင်းစေရန်နှင့် ရန်သူ့ခံစစ် ဦးမထောင်နိုင်စေရန် မိမိအသက် ကိုပဓာနမထားဘဲ စစ်သည်များနှင့်အတူ ပစ်အားသုံး၍ ရဲဝံ့စွန့်စားစွာ လုံးထွေးပစ်ခတ် ကျားထိုးတိုက်ပွဲဝင်ခဲ့ခြင်း၊ စံနမူနာပြခေါင်းဆောင်လျက် သူရသတ္တိပြည့်စုံစွာ စွန့်လွှတ်စွန့်စားစွာဖြင့် တိုက်ပွဲဝင်ဆောင်ရွက်နိုင်ခဲ့ခြင်းတို့ကြောင့် ဒုတိယဗိုလ်မှူးကြီး ဇော်လွင်စိုးအား နိုင်ငံတော်က သူရဘွဲ့ကို ချီးမြှင့်ခဲ့ခြင်း ဖြစ်ပါသည်။
-
လက်ရှိတွင် စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။
-
(အကျဉ်းမျှသာ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်)
-
တိုက်ပွဲသတင်းစုံ
4
December 8 (2025)

မင်္ဂလာရှိသော နံနက်ခင်းပါခင်ဗျာ
🌄🌅🌄
လုံးစုံများစွာသတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲပါစေ
🙏🏻🙏🏻🙏🏻
ဥပါဒ်ရန်ဘေးကင်းစင်ဝေး
ငြိမ်းအေးကြပါစေ
🙏🏻🙏🏻🙏🏻
ကောင်းမွန်သောနေ့ရက်များကိုလည်းပိုင်ဆိုင်နိုင်ကြပါစေ
🙏🙏🙏

#YGRNews
စစ်သူရဲများအကြောင်း (၁၀)

ဗိုလ်မှူးကြီး သူရ ဝဏ္ဏလှိုင်..
-
ဗိုလ်မှူးကြီး သူရ ဝဏ္ဏလှိုင်ကို ၁၉၈၀ ပြည့်နှစ်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် မွေးဖွားခဲ့ပါသည်။ ၁၉၉၈ ခုနှစ်တွင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၄၃)သို့ တက်ရောက်ခဲ့ပြီး ၂၀၀၁ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ ခမရ(၁၀၃)တွင်လည်းကောင်း၊ ၂၀၀၅ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ တမခ(၈၈)တွင်လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၂ ခုနှစ်အထိ ခလရ(၁၃၇)တွင် လည်းကောင်း၊ ၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ စရခနှင့် စရဖ(ရလခ)တွင် လည်းကောင်း၊ ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ခမရ(၇၀၁)တွင် လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၃ ခုနှစ်အထိ ကကပြည်တွင် လည်းကောင်း၊ ၂၀၂၃ ခုနှစ်မှ၂၀၂၅ ခုနှစ်အထိ ရတခတွင် စစ်ဗျူဟာမှူးအဖြစ် လည်းကောင်း အသီးသီးတာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၅ ခုနှစ်မှ ယနေ့အထိလပခတွင် စစ်ဦးစီး ဗိုလ်မှူးကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။
-
(သူရဘွဲ့ရရှိခဲ့မှု)

ရတခနယ်မြေအတွင်း ယာယီစစ်ဗျူဟာမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ချောင်းနှစ်ခွဒေသ ပြန်လည်သိမ်းပိုက်ရေးတိုက်ပွဲ၊ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသတ်၊ ကော့ဘိန်းဒေသ ပြန်လည်သိမ်းပိုက်ရေးတိုက်ပွဲများတွင် ဦးဆောင်၍ မိမိထိခိုက်မှုအနည်းဆုံးနှင့် ရန်သူ့ထံမှအကျိုးအမြတ်များရရှိပြီး အောင်မြင်စွာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါသည်။
-
၎င်းအပြင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းစခန်းတွင် စစ်ဗျူဟာမှူး အဖြစ် တာဝန်ထမ်းဆောင် လျက်ရှိစဉ် ၁၃-၈-၂၀၂၄ ရက် ၀၆၀၀ နာရီမှစတင်၍ KNU အကြမ်းဖက်သောင်းကျန်းသူများ၊ NMSP(AD)အကြမ်းဖက်သောင်းကျန်းသူများ၊ PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ ပူးပေါင်းအင်အား ၈၀၀ ခန့်မှ စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ပါသည်။ ၂၈-၁-၂၀၂၅ ရက်အထိ အကြမ်းဖက်သောင်းကျန်းသူများမှ Droneများ၊ လက်နက်ကြီး/လက်နက်ငယ်များအသုံးပြု၍ အကြိမ်ကြိမ်ဝင်ရောက်တိုက်ခိုက်ခဲ့သော်လည်း မိမိထိခိုက်ကျဆုံးမှုအနည်းဆုံးဖြင့် ရန်သူကို စခန်းတိုက်ခိုက်သိမ်းပိုက် နိုင်မှုမရှိစေရေး ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သဖြင့် ၂၅-၁၁-၂၀၂၄ ရက်တွင် နိုင်ငံတော်က သူရဘွဲ့ကို ချီးမြှင့်ခဲ့ပါသည်။
-
(အကျဉ်းမျှသာ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်)
-
တိုက်ပွဲသတင်းစုံ
Media is too big
VIEW IN TELEGRAM
ပဒါန်းဒေသရှိ အကြမ်းဖက် AA ဆေးကြောင်သူပုန်များအား ကျုံးသွင်းချေမှုန်းမှုမှတ်တမ်း (6-12-2025)
-
ပီတူ ပီတူဆိုပြီး လာမအူကြနဲ့ .. တပ်မတော်ဆိုတာ အဲ့လို အတိအကျမြင်မှ၊ သတင်းရမှ ဆော်တာ။ ဗုံးသီးဖိုးကုန်မှာစိုးလို့။။။
-
တိုက်ပွဲသတင်းစုံ
ထိုင်းတွေ တုန်ဆင်းလာပါပြီ 👌
-
တိုက်ပွဲသတင်းစုံ
👍1
ယူကရိန်းစစ်တပ်ဟာ ပြိုလဲနေပြီး ဒီတနှစ်အတွင်းမှာပဲ စစ်ပြေး ၁၈၀၀၀၀ ကျော်အထိရှိတယ်လို့ နော်ဝေသတင်းထောက် Paul Steigan က ရေးသားခဲ့ပါတယ်။ သေဆုံးနှုန်းကလည်း အရမ်းမြင့်မားတယ်လို့ သူက ထပ်မံရေးသားထားပါတယ်။

(NOM)
-
ဒေါ်လာစားမီဒီယာတွေလိမ်သမျှ အခုတော့ ဘူးပေါ်သလို အလုံးလိုက်ပေါ်ထွက်လာ။
-
တိုက်ပွဲသတင်းစုံ
Media is too big
VIEW IN TELEGRAM
ဒီ ၆ ရက်နေ့က ကျောက်ဖြူ၊ ချောင်းမြှောင်ဒေသရှိ ဆေးကြောင် AA သူပြန်များအား ချေမှုန်းသုတ်သင်ခြင်းမှတ်တမ်း။
-
AA ခွေး အငယ်ကောင်တွေရဲ့ အလောင်းတွေကို ဒီအတိုင်းပစ်ထားသွားပြီး AA ခေါင်းဆောင်ပိုင်း အလောင်းတွေကို မရမက ပြန်ပြီး သယ်ထုတ်သွားတာ တွေ့ရှိရ။
-
ရခိုင်မှာ ယောက်ျားသားမကျန်တော့ပါဘူး.. ထွန်းမရပ်နိုင်က မိန်းမတွေနဲ့ စစ်တိုက်မယ် ထင်ပါ့ (သာလီစွပ်)။
-
တိုက်ပွဲသတင်းစုံ
1
ပြည်ဖျက်ဝရမ်းပြေး အကြမ်းဖက်အုပ်စုတွေက
အဝေးကနေ သွေးထိုးလှုံ့ဆော် မြှောက်ပင့်ပေးတာကို
ဘုမသိဘမသိနဲ့ လိုက်လုပ်ခဲ့ကြလို့
အကြမ်းဖက်ဥပဒေနဲ့ အရေးယူခံရတဲ့သူတွေ
အများကြီးရှိနေတာ အားလုံးအသိပဲဖြစ်ပါတယ်...
-
ပြည်ပြေး အကြမ်းဖက်ကောင်တွေက
အဝေးကနေ မြှောက်ပင့်ပေးနေတာ ဘာမှမဖြစ်ဘူး…
ပြည်တွင်းက ဦးနှောက်မရှိဘဲ
လိုက်လုပ်ကြတဲ့သူတွေပဲ
အကြမ်းဖက်ဥပဒေနဲ့
ဖမ်းဆီးထောင်ချခံရတာပါ...
-
အခုလည်း ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ
အသံတိတ်သပိတ်လုပ်ဖို့ လှုံ့ဆော်နေကြပြန်ပြီ...
အကြမ်းဖက်ဝရမ်းပြေး ပြည်ဖျက်ကောင်တွေ
မြှောက်ပင့်ပေးတိုင်း လိုက်လုပ်ဖို့
Post တင်တာတွေ၊ Share လုပ်တာတွေနဲ့
Like တို့ Love React တွေ လျှောက်လုပ်လို့ကတော့
အကြမ်းဖက်ဥပဒေနဲ့ အရေးယူခံရလိမ့်မယ်...
-
အဲဒီလို အကြမ်းဖက်အုပ်စုရဲ့
မြှောက်ပင့်ပေးတာကို သံရောင်လိုက်ပြီး
လိုက်လုပ်တဲ့ ပြည်တွင်း/ပြည်ပက
အကြမ်းဖက်အားပေးတွေ
တွေ့ရင်သတင်းအတိအကျလာပေးကြပါ...
👍1
မြန်မာနိုင်ငံတော်အစိုးရသည် မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
-
ဖော်ပြထားတဲ့ဇယားကတော့ ၂၀၂၁ ခုနှစ်မှစ၍ ၂၀၂၅ ခုနှစ်အထိ မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုစာရင်းများဖြစ်ပါသည်။
-
KT
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကို မြန်မာနိုင်ငံအစိုးရအဆက်ဆက်က အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် တိုက်ဖျက်လျက်ရှိပါတယ်…

၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲမှာ နိုင်ငံတကာက မြန်မာအစိုးရ(တပ်မတော်)အပေါ် အဘက်ဘက်က ပိတ်ဆို့ထားပေမဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်မှ ယခုအချိန်ထိ ဘိန်းစိုက်ပျိုးမှုအပါအဝင် မူးယစ်ဆေးဝါးထုတ်လုပ်သယ်ဆောင်ရောင်းချမှုများကို ပြင်းပြင်းထန်ထန်တားဆီးနှိမ်နင်းလျက်ရှိပါတယ်…

ပြည်ပနိုင်ငံများ၏ ကူညီမှုတစ်စုံတစ်ရာ မရရှိသော်လည်း မူးယစ်ဆေးဝါး တာဆီးနှိမ်နင်းရေးကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိပါတယ်….

ခင်ညိုချော
👍1
မြန်မာ့ရွေးကောက်ပွဲအပေါ် လေသံပြောင်းသွားတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး

နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက သတင်းသမားတွေကို မြန်မာ့ရွေးကောက်ပွဲအပေါ် သဘောထား ပြောဆိုခဲ့ရာမှာ “လွတ်လပ်မှုမရှိသလို.. ယုံကြည်လက်ခံနိုင်ဖွယ် မရှိကြောင်း” အာဆီယံက မထောက်ခံတဲ့အမြင်မျိုးနဲ့ ပြောဆိုခဲ့တယ်ဆိုပြီး Social Media တွေပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြတယ်။
-
အဲဒီလိုပြောတာကို ဘယ်သူမှ အတိအကျ သက်သေမပြနိုင်ပေမယ့် စစ်ကော်မရှင်တွေကို ဆန့်ကျင်လိုသူတွေကတော့ အားတက်သရော ဝိုင်းဝန်လက်ခုပ်တီးပြီး ရွေးကောက်ပွဲရဲ့ ပုံရိပ်ကျဆင်းအောင် လုပ်ခဲ့ကြတယ်။
-
ဒီဇင်ဘာ ၇ ရက် (မနေ့)မှာတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် နေပြည်တော်ကို ရောက်လာခဲ့ပြီး မြန်မာ့ ရွေးကောက်ပွဲအား “နိုင်ငံရေးအသွင်ကူးပြောင်းမှု တစ်ခုဖြစ်မယ်လို့ မျှော်လင့်ကြောင်း” ပြောကြားခဲ့လို့ ထိုင်းအပါအဝင် အာဆီယံက မြန်မာ့ရွေးကောက်ပွဲကို မထောက်ခံဘူးဆိုတဲ့အမြင်တွေ လျော့နည်းသွားပါတယ်။
-
မရိုးသားတဲ့ ထိုင်းနိုင်ငံရေးသမားတွေဟာ သူတို့ပြည်တွင်းရေးမှာ ထောက်ခံမှုရဖို့ မြန်မာနယ်စပ်အရေးမှာ မြန်မာအစိုးရအဆက်ဆက်ကို အမြဲတမ်း အရှက်မရှိအောက်ကျို့ပြီး ရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုး ပြောဆိုတတ်တယ် ဆိုတာ သတိပြုကြရမှာ ဖြစ်ပါတယ်။
-
KT
👍1
နီပေါ အများစုက ထိုင်းဘက် လက်နက်ကြီး ကျရင် မြန်မာနဲ့ ထိုင်းက ထိုင်း-ခမာ လို စစ်ထဖြစ်မယ်လို့ ထင်နေကြတာ။ ဒါ့ကြောင့်လည်း နယ်စပ်မှာ ကရင်နဲ့ တပ် စစ်ဖြစ်ရင်....ဘယ်လက်နက်ကြီးစက ထိုင်းကို မှန်၊မမှန် ပြူးပြဲ ရှာပြီး သတင်းရေးကြတယ်။ မြေပြင်မှာ ထိုင်းက မြန်မာအပေါ် ဇ မရှိတာလည်း သူတို့ မသိကြဘူး။
-----
ဒီကြားထဲ ကျားဖျန့်အရေးမှာ ဗခ ဇော်မင်းထွန်း ထွက်ရှင်းထားတာက အစိုးရနဲ့ တပ်မတော်ရဲ့ ရပ်တည်ချက်ပဲ။ လက်ရှိ KK Park ထဲက ကျားဖျန့်တွေဟာ ထိုင်းနိုင်ငံကတဆင့် ရောက်လာတာ ၉၉.၉၉ ဆ်ုတာမျိုး ဖွင့်ချထားသလို လိုအပ်တဲ့ လျှပ်စစ်မီး၊ အင်တာနက်တွေကလည်း ထိုင်း နယ်ခြား ပြည်နယ် အစိုးရတွေ ပါဝင်မှုနဲ့ လည်ပတ်နေတယ်ဆိုပြီး ချပြထားတာက ပူပူနွေးနွေးရှိသေးတယ်။
------
တရုတ်ကို လွှဲလိုက်တဲ့ ရှီကျင့်ကျန်း ကိစ္စရယ်၊ နုတင်နဲ့ တွဲရိုက်ထားတဲ့ ကျားဖျန့်ခေါင်းဆောင်တွေရဲ့ ဇာတ်လမ်းတွေကလည်း ထိုင်းနိုင်ငံရေးမှာ ဂယက်ပဲ။ ဘုရင်လုပ်သူက တရုတ်အထိ ပြေးတွေ့ရသလို လက်ရှိ မင်းလက်ပံ ကိစ္စကလည်း သိပ်မရိုးသားပြန်ဘူး။ တခြားနိုင်ငံကနေ အွန်လိုင်း လိမ်လည်မှု လာလုပ်တယ်လို့ ဆိုထားကြသူတွေက ဒီနယ်မြေကနေ မပြန်ဘူးလို့ ဆိုနေတဲ့ KNU ရဲ့ ထုတ်ပြန်ချက်ကလည်း သဘာဝ ကျမနေပြန်ဘူး။
-----
ဒေါ်‌စုကို လွှတ်ပေးဖို့ အချိန်ကျပြီလို့ ဆိုတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက နေပြည်တော်မှာ ယို့ကျိုးနေပြန်တော့ ယာယီသမ္မတရဲ့ ရွေးကောက်ပွဲ လက်ချာကြားမှာ သပ်သပ် ခေါ်ရိုက်ခံရသလိုပဲ။
-----
နိုင်ငံရေးနဲ့ စစ်ရေးဟာ မာလို့ ရနိုင်တဲ့သူကပဲ မာတာပါ။ ခမာ ဆို ထိုင်းက ဘယ်လို ဗျင်းလဲ ဆိုတာလည်း မျက်မြင်ပဲ မဟုတ်လား။ ထိုင်းနိုင်ငံရေး သိက္ခာက ကျားဖျန့်နဲ့ရောပြီး ဂုဏ်သိက္ခာ ကျနေခဲ့တာလည်း ကြာပါပြီ။


(နရီမိုး)
👍1
ဤခရီးနီးသလား
------------------------

ဘာလိုလိုနဲ့ ရွေးကောက်ပွဲလုပ်ဖို့တောင် တဖြည်းဖြည်းနီးလာခဲ့ပြီပဲ။ ပြီးခဲ့တဲ့ နှစ်တွေကိုပြန်ကြည့်ရင် ကိုဗစ် ၁၉ ဆိုတဲ့ ကပ်ဆိုးကြီးကနေ တကမ္ဘာလုံး လွတ်မြောက်မယ်ကြံကာရှိသေး၊ ၂၀၂၀ မဲမသာမှုတွေနဲ့ နိုင်ငံရေး အစွန်းရောက်မှုတွေကြောင့် ၂၀၂၁ အရေးအခင်းကြီးပေါ်လာပြီး တစ်နိုင်ငံလုံး စစ်မက်ဘေး ထပ်ခံစားခဲ့ရတယ်။

ကိုဗစ်ကြောင့် နလူမထူခဲ့တဲ့ ပြည်သူတွေဟာ ကိုစစ်ကြောင့် ဖွတ်ဖွတ်ညက်ညက် ကြေခဲ့ကြရတယ်။ ခါတော်မှီ ဆွမ်းကြီးဝိုင်းလောင်းအမြတ်ထုတ်ကြတဲ EAO တွေကြောင့် စစ်ဒဏ်ခံခဲ့ရတဲ့အပြင် လမ်းတွေပိတ်၊ တံတားတွေဖျက်လို့ ကုန်ဈေးနှုန်းကြီးမြင့်တာတွေ ခံစားခဲ့ကြရတယ်။
ပြည်သူတွေက ဒီလိုခံစားနေရပါတယ်ဆိုမှ၊ တရားဥပဒေမစိုးမိုးတဲ့ နယ်မြေတွေမှာ ကျားဖြန့်ဆိုတဲ့ အလိမ်အညာလုပ်ငန်းတွေနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချမှုတွေကြောင့် မြေနိမ့်ရာလှံစိုက် နိုင်ငံတကာအလယ်မှာလည်း အကြမ်းဖက်နိုင်ငံတွေနဲ့ တစ်တန်းထဲ ကြေငြာခံရပြီး နိုင်ငံတော် နာမည်ပျက်ခဲ့ရတယ်။

တပ်မတော်နဲ့ နိုင်ငံတော်ကို လေလုံးမကွဲတာကြောင့် တပ်မတော်ကို ထိုးချရင်း နိုင်ငံ့ပုံရိပ်ကိုပါ ဆွဲချခဲ့ကြတယ်။ တပ်မတော်တာဝန်ယူထားရတဲ့ ကာလတွေမှာ မအေးချမ်းဘူးဆိုတဲ့ ပြယုဒ်ကို ပြဖို့အတွက် နေရာတကာ အကြမ်းဖက်မှုတွေလုပ်ဆောင်ဖို့ လှုံ့ဆော်ခဲ့ကြတယ်။

အခုအချိန်မှာ ဒါတွေအားလုံးကို အဆုံးသတ်ပေးနိုင်မယ်လို့ ယုံကြည်ရတဲ့ မျှော်လင့်ချက်ဟာ ရွေးကောက်ပွဲအပြင် တခြားရှိတယ်လို့တော့ မမြင်မိတာအမှန်ပါ။

ရွေးကောက်ပွဲမရှိရင် ဒီမိုကရေစီ အရပ်သားအစိုးရဆိုတာ ရှိလာမှာမဟုတ်ဘူး။ အရပ်သားအစိုးရမရှိရင် နိုင်ငံတကာအလယ်မှာ အခုလိုပဲ အနှိမ်ခံရတာတွေ၊ အပိတ်ခံရတာတွေက ဆက်ပြီးဖြစ်နေဦးမှာပဲ။ ပြီးခဲ့တဲ့ လေးနှစ်လိုပဲ နိုင်ငံတော်လည်း ရှေ့မဆက်နိုင်ဘူး၊ ပြည်သူတွေလည်း စီးပွားရေးလမ်းမပွင့်တာနဲ့ အလုပ်အကိုင်တွေ ရှားပါးပြီး ဒုက္ခတွေကြုံရဦးမှာပဲ။

အူမတောင့်မှ သီလစောင့်နိုင်မယ်ဆိုတဲ့ အတိုင်းပဲ၊ နိုင်ငံတော် အေးချမ်းသာယာဖို့ဆိုတာ ပြည်သူတွေရဲ့ စားဝတ်နေရေးအပေါ် အများကြီး မူတည်ပါတယ်။ လက်နက်ကိုင်ထားသမျှ စစ်ပွဲတွေကြောင့် ကုန်သွယ်ရေးခက်ခဲပြီး စားဝတ်နေရေး၊ အလုပ်အကိုင် ခက်ခဲမယ်။ စားဝတ်နေရေး ကြပ်တည်းမှုကြောင့် ဒုစရိုက်မှုတွေ ပိုပေါလာမယ်။ ဒါကြောင့် ဒီအချိန်မှာ ဘယ်သူဦးဆောင်မလဲဆိုတာ အဓိက မကျဘူး။ ဒီမိုကရေစီ အစိုးရတစ်ရပ်ပေါ်လာပြီး နိုင်ငံတကာအလယ်မှာ အကြမ်းဖက်တွေကြောင့် ပျက်ယွင်းနေတဲ့ ပုံရိပ်ကို ပြန်လည်တည့်မတ်ဖို့နဲ့ ပြည်သူတွေဆီ အလုပ်အကိုင်အခွင့်လမ်းတွေ ပြန်ပွင့်သွားဖို့က အဓိက ကျပါတယ်။

ပြည်သူတွေမှာလည်း ပြီးခဲ့တဲ့ ၄ နှစ်လုံး တော်လှန်ရေးဆိုတာကြီးကို ထဲထဲဝင်ဝင် ကြုံခဲ့ကြပြီး ပြီမို့ ဒုက္ခတွေလည်း လုံလောက်နေပါပြီ။ နောက်ထပ် ဆယ်နှစ်တိုင်အောင် မသေချာတဲ့ လေလှိုင်းအစိုးရကို ဒုက္ခတွေနဲ့ စောင့်နေမယ့်အစား လာမယ့်ရွေးကောက်ပွဲမှာ ကိုယ်တိုင်မဲပေးပြီး ရွေးလိုက်တာ ပိုပြီးလက်တွေ့ကျပါတယ်။

ရွေးကောက်ပွဲ အောင်မြင်ပြီး ဒီမိုကရေစီအစိုးရတစ်ရပ်ပေါ်လာရင်ကို ပြည်သူတွေအတွက် အသက်ရှုချောင်စရာ ခရီးတစ်ထောက်ရောက်ပြီလို့ ပြောလို့ရပါတယ်။ ဒီလို ခရီးတစ်ထောက်ရောက်ဖို့ အတွက်တောင် အများကြီးခံစားခဲ့ကြရတာမို့ ဤခရီးကလည်း နီးတယ်လို့တော့ မဆိုနိုင်ပေမယ့် တစ်ထောက်နားရပ်ရောက်ဖို့ ရက်ပေါင်း ၂၀ လောက်ပဲလိုတော့တယ်လို့ ပြည်သူတွေကို အားပေးနှစ်သိမ့်ပေးချင်မိတယ်။

(ပိုင်စိုး)
👍31
အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်)ရဲ့ (၁၈)ကြိမ်မြောက် ပန်းပွဲတော်ကို "IMMERSIVE FLOWERS FESTIVAL"အမည်ဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့မှစကာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး နိုင်ငံကျော် တေးသံရှင်များရဲ့ တေးဂီတဖျော်ဖြေပွဲများလည်းပါဝင်တာကြောင့် နေ့စဉ်လာရောက်လည်ပတ်အပန်းဖြေကြသူများဖြင့် စည်ကားလျက်ရှိတယ်လို့ သိရပါတယ်...
1