𝐿𝒾𝒻𝑒 𝐸𝓍𝓅𝓁𝑜𝓇𝑒𝒹
14.9K subscribers
8.9K photos
146 videos
417 files
1.65K links
မိတ်ဆွေဘ၀တိုးတက်ချင်ရင်

ဗဟုသုတကြွယ်၀ချင်ရင်

ဘက်ပေါင်းစုံက ထူးချွန်ချင်ရင်

ဒီ Channel လေးကို Join လိုက်ပါခင်ဗျာ။

Since_date 31.5.2023

အားလုံးအတွက် ကျွန်တော်အမြဲရှိပါသည်။ 💕

Channel Owner ~ @Akayar_2007
Download Telegram
ငွေကို သဲကြီးမဲကြီးရှာနေတဲ့
အမျိုးသမီးတွေရဲ့နောက်ကွယ်မှာ

မာလာရှမ်းကောတို့ ဟော့ပေါ့တို့
စားချင်နေတဲ့ စိတ်ဒဏ်ရာတွေရှိတယ်



⋆˚ఎ  React Need 🍓🍷  ໒˚⋆ 

゜ઇ @Nyo_paradise295 ˖ ! ˚

꒰ ა @PTNyo_bot ໒ ꒱


·‌ ‹ 。꒱ #Nyo
·‌ ‹ 。꒱ #PhooThitsarNyo
·‌ ‹ 。꒱ #𝓟𝑇𝓝๑ꕤ
·‌ ‹ 。꒱ #Funny
·‌ ‹ 。꒱ #Crd_to_original_writer
ဘဝနေနည်း
💐💐💐💐💐💐💐💐💐

တစ်ယောက်တည်းနေပြီး ခွန်အားမွေး

တစ်ယောက်တည်းနေတတ်အောင်နေပြီး ငါဟာ ငါ့အတွက် ဘယ်လောက် လိုအပ်သလဲမေးကြည့်လိုက်။ ကိုယ့်ဘဝအတွက် ကိုယ့်လိုအပ်ချက်ကိုသိရင် ဘဝနေနည်းတွေကိုလည်း အလိုလို သိလာလိမ့်မယ်။

ကိုယ့်ကိုယ်ကိုယ်သိ

ကိုယ့်ကိုယ်ကိုယ်သိလေ၊ နားလည်လာလေ ... သူတစ်ပါးက ကိုယ့်ကို ထောက်ခံဖို့ မလိုဘူးဆိုတာကို နားလည် လာလေပဲ။

တစ်ယောက်တည်းနေတတ်အောင်နေ

တစ်ယောက်တည်း မနေတတ်သူတွေဟာ သူတစ်ပါးဆီကနေ အချစ်တွေ မေတ္တာတွေကို မျှော်လင့်တတ်တယ်။ မရနိုင်တာ၊ မဖြစ်နိုင်တာတွေကို မျှော်လင့်ခြင်းဟာ ကိုယ့်ကို စိတ်ဆင်းရဲမှုတွေဖြစ်စေလိမ့်မယ်။

အကြောက်တရားကို ရင်ဆိုင်

အကြောက်တရားကို ရှောင်ဖယ်ဖို့ကြိုးစားလေ အဲဒီအကြောက်တရားက ကြီးထွားလာလေပဲ။ ရင်ဆိုင်လေ အဲဒီ အကြောက်တရားက သေးသွားလေ။

နောက်ကြောင်းပြန်မကြည့်နဲ့

နောက်ကြောင်းပြန်ကြည့်လည်း လျှောက်လို့ရမှာ မဟုတ်တဲ့အတူတူ ရှေ့ကိုသာဆက်တိုးပြီး အကျိုးရှိအောင် လုပ်။

အကြောက်တရားကို ချေမှုန်း

ကြောက်ရင် အဲဒီအကြောက်တရားက ကိုယ့်ကို သတ်သွားလိမ့်မယ်၊ ဒါကြောင့် သူက မသတ်မီ ကိုယ်က သူ့ကို သတ်နိုင်အောင်ကြိုးစား။

ပြောတိုင်း လိုက်မလုပ်နဲ့

သူများပြောတိုင်း လိုက်လုပ်နေရင် အမှားတွေနဲ့သာ ရင်ဆိုင်ရတော့မယ်။ ကိုယ့်ဘာသာကိုယ်တွေး၊ ကိုယ့်လမ်းကိုယ်ရွေး၊ ကိုယ်လုပ်ချင်တာထက် လုပ်သင့်တာကို ဦးစားပေး။

ကိုယ့်ကိုယ်ကိုယ် သနား

သူများကို လိုက်ပြီး သနားနေမယ့်အစား ကိုယ့်ကိုယ်ကိုယ် အရင်သနားကြည့်လိုက်။ သူများကို မမေးမီ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်လိုက်၊ ငါနဲ့သူ ဘယ်သူကပိုပြီး ဒုက္ခရောက်နေသလဲ ဆင်ခြင်ကြည့်လိုက်။

ကတိတည်နိုင်အောင်ကြိုးစား

ကတိတည်နိုင်တဲ့သူဖြစ်ဖို့ဆိုတာ မလိုအပ်ဘဲ ကတိတွေ လိုက်မပေးမိသူ ဖြစ်ဖိူ့လိုတယ်။ ဘယ်သူ့ကိုမှ ကတိ မပေးမိစေနဲ့။ လုပ်နိုင်တာကို လုပ်ပေး၊ မလုပ်နိုင်ရင် ရှောင်ပေးလိုက်။

နာကျင်မှုကို ခွန်အားဖြစ်အောင်ပြောင်း

ဘဝမှာ နာကျင်မှုတွေများလေ ကိုယ့်အတွက် အားဖြစ်လာလေဆိုတာ သတိထား။ နာကျင်အောင် ကိုယ့်ကို လုပ်သူတွေထက် ကိုယ်က ပိုတော်၊ ပိုတတ်၊ ပိုသိပြီး သူတို့ကို ကျော်လွှားနိုင်အောင် လုပ်ဖို့ကြိုးစားပြီး နာကျင်မှုကို ခွန်အားအဖြစ်ဖော်ဆောင်။

အစမ်းသပ်ခံနိုင်မှ အောင်ပွဲရ

ဘဝဆိုတာ စိန်ခေါ်မှုတွေနဲ့ ပြည့်နေတာ။ ဘယ်တော့မှ အောင်မြင်မှုတစ်ခုခုကို အလွယ်တကူနဲ့ မရနိုင်ဘူး။ ရလည်း အဲဒီအောင်မြင်မှုဟာ တာရှည်မခံဘူး။ ဘဝက ကိုယ့်ကို အမြဲစမ်းသပ်နေတာ။ အဲဒီစမ်းသပ်မှုကို ကျော်လွှားနိုင်မှ အောင်မြင်မှာ။

ဘယ်တော့မှ နောင်တမရနဲ့

တစ်ခါတစ်လေ နောင်တတွေနဲ့ ပိတ်မိနေတတ်တယ်။ မလုပ်ခဲ့မိလေခြင်း၊ မသွားခဲ့မိလေခြင်း၊ မပြောခဲ့မိလေခြင်း၊ မယူခဲ့မိလေခြင်း စတဲ့ နောင်တတွေနဲ့ ပိတ်မိနေပြီး ရှေ့ဆက်မတိုးနိုင်အောင် ဖြစ်တတ် တယ်။ အကျိုးမရှိပါဘူး။ နောင်တဆိုတာ နောင်မှရတတ်တာမျိုးပဲ။

ဒဏ်ရာကဆစ်ဆင့် သင်ယူ

ကိုယ့်မှာ နာကျင်မှုတစ်ခုခု ဖြစ်လာတိုင်း အဲဒီဝေဒနာကို သေသေချာချာမှတ်မယ်။ အဲဒီ နာကျင်မှုတွေကနေ အောင်မြင်မှုကို ပြောင်းလဲနိုင်အောင် သင်ခန်းစာယူရမယ်။

အလုပ်မှာ လှည့်စားတာတွေရှိ

အလုပ်တိုင်းဟာ တကယ် ဟုတ်ချင်မှ ဟုတ်လိမ့်မယ်။ အလုပ်ဆိုတာကိုက မာယာများတယ်။ အဲဒီမာယာကို နားလည်အောင်ကြိုးစား။ ရှောင်သင့်ရင်ရှောင် ... ဆောင်သင့်ရင်ဆောင်မှ အဲဒီအလုပ်က တိုးတက်မှုရလိမ့်မယ်။

တစ်ခါလှမ်း ခြေတစ်လှမ်း

နောက်တစ်ဆင့်တက်ဖို့ဆိုတာ ခြေတစ်လှမ်းပဲ လှမ်းလိုက်ဖို့ပါ။ အဆင့်ကျော်တက်ဖို့လည်း စိတ်မဝင်စားနဲ့။ ခြေစုံခုန်ပြီးတက်ဖို့လည်း မလိုအပ်ဘူး။ အလှမ်းကျယ် အလယ်လပ်တတ်တယ်။ ပုံမှန်တက်သွား ခြေလှမ်း မမှားနဲ့။

တိတ်တိတ်လေးလျှောက်

ဟေ့ ငါတော့ ဘာလုပ်လိုက်မယ်ကွဆိုပြီး ဘယ်တော့မှ မကြွေးကြော်နဲ့။ ကိုယ့်အကြံ လူမသိစေနဲ့။ မပြီးခင် ဘယ်သူမှ မမြင်စေနဲ့။

အမြင်ရှင်းအောင်နေ

လုပ်ဆောင်ရမှုတိုင်းဟာ အမေမှာ မှာတဲ့အတိုင်း ဖြစ်ချင်မှဖြစ်မယ်။ ဒါကြောင့် ကိုယ့်ခံယူချက်နဲ့အမြင်ဟာ အမြဲရှင်းလင်းနေဖို့လိုတယ်။ ရောက်တဲ့နေရာမှာ သင့်အောင်နေပြီး ဉာဏ်ထွင်ကာ အောင်မြင်အောင် ဆက်လုပ် နိုင်ဖို့လိုတယ်။ ပညာမျက်စိနဲ့ မြင်နိုင်အောင်ကြည့်။

ခုပဲစလုပ်လိုက်

အောင်မြင်ချင်ရင် လက်မနှေးနဲ့။ လုပ်စရာရှိတာကို ခုပဲစပြီး အကောင်အထည်ဖော်လိုက်။ တွေဝေနေရင် နောက်ကျသွားပြီ။

ကိုယ့်ကိုယ်ကိုယ်ပဲယုံ

လုပ်သင့်သလား ... မလုပ်သင့်ဘူးလား ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်နေရင် အဖြေဟာ “မလုပ်နဲ့” ဆိုတာပဲ ထွက်လာလိမ့်မယ်။

ကိုယ့်အကန့်နဲ့ကိုယ်နေ

အကန့်အသတ်ဘောင်မရှိရင် လူပေါကြီးဖြစ်သွားတတ်တယ်။ ဒါကြောင့် ကိုယ့်မာနနဲ့ ကိုယ့်အကန့်နဲ့ ကိုယ်နေ လူရိုသေတယ်။

(Ref: 20 Life Lessons You Shouldn’t Ignorg, Manisha Devi Nath)

တင်ညွန့်

၃၁.၁၀.၂၀၂၄

#Life_Knowledge
#Haruki
နေ့တိုင်း 1% ပိုကောင်းအောင်
လုပ်သွားမယ်ဆိုရင်

တစ်နှစ်ပြီးရင်
365% ပိုကောင်းလာမှာပါ...။


⋆˚ఎ  React Need 🍓🍷  ໒˚⋆ 

゜ઇ @Nyo_paradise295 ˖ ! ˚

꒰ ა @PTNyo_bot ໒ ꒱


·‌ ‹ 。꒱ #Nyo
·‌ ‹ 。꒱ #PhooThitsarNyo
·‌ ‹ 。꒱ #𝓟𝑇𝓝๑ꕤ
·‌ ‹ 。꒱ #Sarto
·‌ ‹ 。꒱ #Crd_to_original_writer
တချို့လူတွေက သင်ဘယ်လောက်ပဲ
ကောင်းအောင်နေနေ သင်လုပ်သမျှကို အဆိုးပဲ မြင်နေတတ်တယ်။

အဲ့လိုလူမျိုးတွေကို ရှင်းပြနေရင်
သင် ရှေ့ရောက်မှာ မဟုတ်ပါဘူး

ရှင်းပြဖို့ တကယ်လိုအပ်တဲ့အခါ
ရှင်းပြပြီး မလိုအပ်တဲ့အခါမှာတော့
ကိုယ့်လမ်းကိုယ် ဆက်လျှောက်ပါ။



⋆˚ఎ  React Need 🍓🍷  ໒˚⋆ 

゜ઇ @Nyo_paradise295 ˖ ! ˚

꒰ ა @PTNyo_bot ໒ ꒱


·‌ ‹ 。꒱ #Nyo
·‌ ‹ 。꒱ #PhooThitsarNyo
·‌ ‹ 。꒱ #𝓟𝑇𝓝๑ꕤ
·‌ ‹ 。꒱ #Sarto
·‌ ‹ 。꒱ #Crd_to_original_writer
မရင့်ကျက်ခင်တုန်းက
စကားလုံးတွေ ရင်ထဲ ထိတယ်


ရင့်ကျက်လာတော့
လက်တွေ့ဆန်ခြင်းက ရင်ထဲ ထိတယ်


ချစ်တယ်လို့ အကြိမ်ရေ
ဘယ်လောက် ပြောတာထက်
ချစ်ပေးနေတာကို ခံစားမိရင်
နွေးထွေးသွားတာပဲ.....


တန်ဖိုးကြီးပစ္စည်းတွေ ဝယ်ပေးမယ်ဆိုတာထက် ကိုယ်ကြိုက်တဲ့မုန့်ကလေး၊ ကိုယ်ကြိုက်တတ်တဲ့ အရာလေးတွေ
တသီးတသန့် ရည်ရွယ်ပြီး ပေးလာရင် ပြုံးမိတော့တာပဲ




⋆˚ఎ  React Need 🍓🍷  ໒˚⋆ 

゜ઇ @Nyo_paradise295 ˖ ! ˚

꒰ ა @PTNyo_bot ໒ ꒱


·‌ ‹ 。꒱ #Nyo
·‌ ‹ 。꒱ #PhooThitsarNyo
·‌ ‹ 。꒱ #𝓟𝑇𝓝๑ꕤ
·‌ ‹ 。꒱ #Sarto
·‌ ‹ 。꒱ #Crd_to_original_writer
၁၀၀ % အခမဲ့ IELTs ကို လေ့လာချင်သူများ၊ English စွမ်းရည်ကို မြင့်တင်ချင်သူများအတွက် UK ကနေ IELTS Live session အခမဲ့ သင်ကြားပေးနေပါတယ်။ ပိုက်ဆံပေးစရာမလိုဘူး ဆရာတွေကိုလည်း မေးခွန်းတိုက်ရိုက်မေးလို့ရမှာလည်းဖြစ်ပါတယ်။
နိုင်ငံတကာပညာရေး စိတ်ဝင်စားသောသူများ သိုမဟုတ် နိုင်ငံခြားမှာ သွားရောက် အလုပ်လုပ်လိုသူများ ကိုယ် English စာစွမ်းရည်ကို မြင့်တင်ဖို့အတွက် အခွင့်အရေးကောင်းပါ။
အသက်အရွယ်ကန့်သတ်ထားခြင်းမရှိပါ။

Link: https://ieltsonlinetests.com/live-lessons/listing?fbclid=IwY2xjawGTpsBleHRuA2FlbQIxMAABHQ9ajw6wEg4DS7959ZcQrjd5bfDJbwnKL4Hx2hAKBc89aZIrCGpLRskAqA_aem_PAplYr_heQJrZSUJKw-kZQ
ရူပဗေဒဆိုတာ ကျောင်းသားတော်တော်များများ ကြောက်ကြပါတယ်။ ဒါပေမဲ့ တစ်ချို့ကတော့အဲ့တာကိုရူးသွပ်ကြပါတယ်။

ဟုတ်ကဲ့...မင်္ဂလာပါ။

ဒီchannelလေးကphysicsကဘယ်လောက်အရေးပါလဲဆိုတာတွေ့ရမှာပါ။ လူတွေရဲ့အတွေးကွန့်မြူးချက်ကို သင်္ချာနည်းနဲ့ဖော်ပြကြရအောင်။

ရူပဗေဒစိတ်ဝင်စားတဲ့သူတွေအားလုံး တစ်ခြား channel တွေနဲ့မတူအောင် တင်ပေးမှာဖြစ်တဲ့ ဒီchannelလေးကို joinထားကြဖို့မေတ္တာရပ်ခံပါတယ်။

https://t.me/franken80

#Copy_Message
လောကမှာ ကိုယ့်ကိုချစ်တဲ့သူရှိမယ်၊

မုန်းတဲ့သူရှိမယ်။

ကိုယ့်ကိုချစ်တဲ့သူတွေအတွက် အမြဲပိုပိုကြိုးစား၊

မုန်းတဲ့သူတွေကြောင့်နဲ့တော့ ချစ်တဲ့သူတွေကို နစ်နာရအောင် မလုပ်မိပါစေနဲ့။

ဥပမာ: အရှုံးပေးလက်လျှော့လိုက်တာ၊ စိတ်ဓာတ်ကျသွားတာ၊ ... ။

#Haruki
ညဘက်အိပ်မပျော်ရင်.....

1. နာရီသတ်မှတ်ပေးပါ: အိပ်ရာဝင်တဲ့ အချိန်ကို တိကျစွာသတ်မှတ်ပြီး နေ့စဉ်တူညီတဲ့ အချိန်မှာ အိပ်ရာဝင်ဖို့ ကြိုးစားပါ။


2. စိတ်ဖိစီးမှုကို ဖြေလျှော့ပေးပြီး
သက်တောင့်သက်သာဖြစ်စေမယ့် Relaxing music, Sleeping music
တွေ နားထောင်ပါ။


3. အိပ်ရာဝင်ချိန် မတိုင်ခင် အနည်းဆုံး ၃၀ မိနစ်ခန့် တီဗီ၊ ဖုန်း၊ ကွန်ပြူတာ စတဲ့ screen အသုံးပြုမှုကို ရပ်ထားပါ။


4. meditation, deep breathing စတဲ့ ခန္ဓာကိုယ်ကို ဖြေလျှော့တဲ့ နည်းလမ်းတွေ သုံးကြည့်ပါ။



゜ઇ @Nyo_paradise295 ˖ ! ˚


꒰ ა @PTNyo_bot ໒ ꒱


·‌ ‹ 。꒱ #Nyo
·‌ ‹ 。꒱ #PhooThitsarNyo
·‌ ‹ 。꒱ #𝓟𝑇𝓝๑ꕤ
·‌ ‹ 。꒱ #Health
·‌ ‹ 。꒱ #Crd_to_original_writer
𝐋𝐢𝐧𝐤𝐬 𝐟𝐨𝐫 𝐨𝐭𝐡𝐞𝐫 𝐞𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐭𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐜𝐡𝐚𝐧𝐧𝐞𝐥

မင်္ဂလာပါ Brilliance လေးတို့ရေ💡

ဒီနေ့မှာတော့ Internet အခက်အခဲကြောင့် သိသင့်သိထိုက်တဲ့ Scholarship Informations တွေသာမက အခြားသော ပညာရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို လက်လွတ်မသွားဘဲ စဉ်ဆက်မပြတ်သိရှိလေ့လာနိုင်ဖို့ Educational Telegram Channel တချို့ကို Sharing လုပ်ပေးချင်ပါတယ်။ 🙆‍♀️

📌Academia Education

US, UK, Australia, Canada, Netherland, Georgia, Europe တစ်ခွင်က နိုင်ငံတွေအပြင်၊ Asia ဘက်က Singapore, Thai, Malaysia, Vietnam, India အစရှိတဲ့ နိုင်ငံပေါင်း ၁၅ နိုင်ငံကျော်၊ ကျောင်းပေါင်း ၅၀၀ ကျော်နဲ့ ချိတ်ဆက်ထားလျက်ရှိတဲ့ Education Consultancy တစ်ခုဖြစ်ပါတယ်။ Academia Education က ကျောင်းသားတွေကို အရည်အသွေးမြင့်ပညာရေးစနစ်ရှိတဲ့ ကျောင်းတွေနဲ့ ချိတ်ဆက်ပေးရုံသာမက ကိုယ်‌‌ရွေးချယ်ထားတဲ့ Career နဲ့ပတ်သက်ပြီးတော့လဲ ဆွေးနွေးအကြံပြုပေးပါသေးတယ်။

Telegram Channel Link
https://t.me/AE_channel_345

📌Thymes Education Consulting

Licensed Agent ဖြစ်ပြီး ပြည်ပမှာ ကျောင်းသွားတက်မယ့် လူငယ်တွေအတွက် မှန်ကန်တဲ့ ပညာရေး‌ရွေးချယ်နိုင်ရန် လမ်းညွှန်ပေးခြင်း၊ တိကျသေချာတဲ့ စာရွက်စာတမ်းများပြင်ဆင်ပေးခြင်း၊ ပြည်ပသို့လွယ်ကူစွာထွက်ခွာနိုင်ရန်နှင့် လုံခြုံစိတ်ချစွာနေထိုင်နိုင်ရန် စီစဉ်ပေးခြင်း စတဲ့ Services တွေကို ပေးဆောင်လျက်ရှိပါတယ်။

Telegram Channel Link
https://t.me/thymesmyanmar

📌Here Youths

Here Youths ကတော့ ပညာရေးတစ်ပိုင်းတစ်စဖြစ်နေတဲ့ လူငယ်တွေအတွက် နိုင်ငံတကာအသိအမှတ်ပြု အထက်တန်းအောင်လက်မှတ်ဖြစ်တဲ့ GED (General Education Development) ကို အဓိကထားသင်ကြားပေးရုံတင်မကဘဲ တက္ကသိုလ်ဝင်ခွင့်ရဖို့ နောက်ထပ်လိုအပ်တဲ့ Duolingo, General English Courses တွေကိုပါသင်ကြားပို့ချပေးနေတဲ့ Institute တစ်ခုဖြစ်ပါတယ်။

Telegram Channel Link
https://t.me/hereyouthss

📌Standfirst Education

နိုင်ငံတကာ အသိအမှတ်ပြု အထက်တန်းပညာရေးဖြစ်တဲ့ GED ကိုအဓိကထားပြီး ထိထိရောက်ရောက် သင်ကြားပို့ချပေးလျက်ရှိတဲ့ Training Center တစ်ခုဖြစ်ပါတယ်။

Telegram Channel Link
t.me/standfirstwebinar2023

📌Adhipati Education

အဓိပတိကတော့ Abroad Uni သွားဖို့ပြင်ဆင်နေတဲ့ လူငယ်တွေအတွက် General English, IELTS Preparation, Duolingo Readiness, TOEFL Readiness, Academic English တွေကို သင်ကြားပို့ချပေးနေတာဖြစ်တဲ့အပြင် Scholarship Informations တွေ၊ လူငယ်တွေအတွက် အကျိုးရှိစေမယ့် Webinar တွေ၊ Knowledge Sharing တွေလဲလုပ်ပေးလေ့ရှိတဲ့ Organization တစ်ခုလဲဖြစ်ပါသေးတယ်။
Telegram Channel Link
https://t.me/adptedu

📌Pace Forward - Myanmar

English Level Up ဖို့ 1-On-1 Online English Courses ကို ထိရောက်မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ စနစ်တကျမြှင့်တင်ပေးနေပါတယ်။
Telegram Channel Link
t.me/PaceForward

📌Hype Think Education

Hype Think ကတော့ English, Japanese စတဲ့ Languages တွေ၊ Webinar, Workshop, General Knowledge for Self-awareness Sharing, Educational Information, In Person (or) Online Event တွေကို ကျင်းပပြုလုပ်ပေးလျက်ရှိပါတယ်။ ဒါ့အပြင် English Speaking ပိုင်းလေ့ကျင့်ချင်သူတွေအတွက် Free Speaking Club လေးတွေလဲ စီစဉ်ပေးလေ့ရှိပါသေးတယ်။

Telegram Channel Link
https://t.me/hypethink

📌BhiLatt Platform

အပတ်စဉ် English Conversation Club တွေအပြင်၊ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များနဲ့အတူလစဉ် Webinars များ၊ စကားပြောစွမ်းရည်တိုးတက်ဖို့ Training များကို စီစဉ်လုပ်ဆောင်ပေးနေတဲ့ Youth Organization တစ်ခုဖြစ်ပါတယ်။

Telegram Channel Link
t.me/bhilatt_platform

📌Star’s Education Center
English, Chinese, Korean, Japanese စတဲ့ ဘာသာစကားတွေကို အခမဲ့ သင်ယူလို့ရနိုင်မယ့် နေရာတစ်ခုဘဲ ဖြစ်ပါတယ်။

Telegram Channel Link
https://t.me/StarsEducationCentre

📌For The Future Myanmar

ခေတ်သစ်လူငယ်တွေအတွက် အကျိုးရှိစေမယ့် Webinar, Seminar, Workshop Event, Scholarship Sharing, Knowledge Sharing, Health စတာတွေအပြင် ပညာဒါနအတန်းများကိုလည်း အခမဲ့ဖွင့်လှစ်ပေးလျက်ရှိပါသေးတယ်။

Telegram Channel Link
https://t.me/For_The_Future_Myanmar

📌Code Mal Academy

Code Mal Academy ကတော့ Technology နဲ့ Programming ပိုင်းစိတ်ဝင်စားတဲ့ လူငယ်တွေအတွက် Web Development, AI & Machine Learning, UI / UX စတာတွေကို အဓိကထားပြီး သင်ကြားပို့ချပေးနေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

Telegram Channel Link
https://t.me/codemalacademy

ဒီနေ့မျှဝေပေးသွားတဲ့ Educational Channel ကအားလုံးအတွက်အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။
နောက်ထပ်လဲ ဒီလိုမျိုး ပညာရေးနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ၊ Webinar တွေ၊ General Knowledge Sharing တွေကို ဆက်လက်လုပ်ဆောင်သွားမှာမို့ အသစ်အသစ်သော အစီအစဉ်ကောင်းတွေကို လက်မလွှတ်သွားဖို့ Brilliants Page လေးကို Like & Follow လုပ်ပြီး Telegram Channel လေးကိုလဲ Subscribe လုပ်ထားဖို့တော့လိုပါမယ်နော်။ 🙆🏽✨

Brilliants Telegram Channel Link
https://t.me/BrillianceOrg

#brilliance
#InfoSharing
#education
#brilliance_content_zarzarlin
#brilliance_graphic_ThunnNyiKhant
တစ်နေ့တာလုံး လန်းဆန်းဖို့အတွက်.....


1. နိုးပြီးချိန်မှာ ချက်ချင်းစိတ်တက်ကြွနေတဲ့အခြေအနေကိုဖန်တီးဖို့ သာယာတဲ့အသံ၊ သီချင်းနဲ့ စတင်ရင် ပိုကောင်းပါတယ်။


2. အာဟာရပြည့်ဝပြီး စိတ်ကိုလန်းဆန်းစေမယ့် မနက်စာကို စားပါ။


3. အနည်းဆုံး ၃၀ မိနစ် ခန္ဓာကိုယ်ကိုလှုပ်ရှားနိုင်တဲ့လေ့ကျင့်ခန်းတွေ၊ ဥပမာ - အနည်းငယ်ပြေးခြင်း၊ လမ်းလျှောက်ခြင်း၊ အသက်ရှုလေ့ကျင့်ခြင်း စတာတွေ လုပ်ကြည့်ပါ။


4. ရေသောက်ခြင်း – တစ်နေ့ ၈ ခွက်ထိသောက်ဖို့ကြိုးစားပါ။ နံနက်နိုးတာနဲ့ ရေတစ်ခွက်သောက်ဖို့လည်း စဉ်းစားကြည့်ပါ။


5. အလုပ်အစီအစဉ်ကို စည်းစနစ်ထားခြင်း – တစ်နေ့တာအတွက် မိမိဘာတွေလုပ်ဖို့လိုမယ်ဆိုတာ စဉ်းစားပြီး အချိန်ချိန်ညှိပါ။


6. အလုပ်များစွာကြားမှ သက်သာစေမယ့်လုပ်ဆောင်ချက်တွေ စမ်းကြည့်ပါ။


7. နေ့ရက်တွေ တစ်လျှောက်အိပ်ချိန်မပြည့်ရင် စိတ်ဖိစီးရပြီး လန်းဆန်းမှုနည်းပါးပါတယ်။ 7-8 နာရီအိပ်ခြင်းက မနက်ခင်းမှာ လန်းဆန်းမှုကို ကူညီပေးပါတယ်။


ဒီအချက်တွေကိုအကောင်အထည်ဖော်ကြည့်ပြီး အကျိုးကျေးဇူးကို ခံစားနိုင်စေမယ့် တစ်နေ့တာလုံး လန်းဆန်းတဲ့ အတွေ့အကြုံရဖို့ ကြိုးစားနိုင်ပါတယ်!




゜ઇ @Nyo_paradise295 ˖ ! ˚


꒰ ა @PTNyo_bot ໒ ꒱


·‌ ‹ 。꒱ #Nyo
·‌ ‹ 。꒱ #PhooThitsarNyo
·‌ ‹ 。꒱ #𝓟𝑇𝓝๑ꕤ
·‌ ‹ 。꒱ #Knowledge
·‌ ‹ 。꒱ #Crd_to_original_writer
စောင့်ထိန်းအပ်သော လူမှုကျင့်ဝတ်များ

(၁) ဘယ်လောက်ပဲ ချစ်ခင်ရင်းနှီးပါစေ။
စကားကို လက်လွယ်စပယ် မပြောပါနဲ့။

ခံစားတတ်တဲ့ ဝေဒနာဆိုတာ
လူတိုင်းမှာ ရှိပါတယ်။

(၂) ဘယ်လောက်ပဲ မုန်းတီးနေပါစေ။ အခြားသူရဲ့ပုဂ္ဂိုလ်ရေးကို နှိမ့်ချစော်ကား
တာမျိုး မပြုလုပ်ပါနဲ့။

လေးစားမှုဆိုတာ လူတိုင်းနဲ့ထိုက်တန်သလို
မိမိကိုယ်တိုင်နဲ့လည်း ထိုက်တန်ပါတယ်။

(၃) ဘယ်လောက်ပဲ သဘောကောင်းတဲ့သူနဲ့
တွေ့ပါစေ အခွင့်အရေးကို တဆုံးမနှိုက်ပါနဲ့။

မိမိကိုယ်ကိုယ် ထိန်းသိမ်းတတ်ပါစေ။ အခွင့်
အရေးသမားကို လူတိုင်းက ရွံ့မုန်းကြပါတယ်။

(၄) ဘယ်လောက်ပဲ အလကားရနေပါစေ။
မိမိရသင့်တဲ့ အတိုင်းအရှည် ပမာဏကို
အသိစိတ်နဲ့ ဆင်ခြင်တတ်ပါစေ။ သိက္ခာ
တရားဆိုတာ မွေးမြူသင့်ပါတယ်။

(၅) ဘယ်လောက်ပဲ အခက်အခဲပြဿနာနဲ့
ကြုံရပါစေ မိမိကိုယ်ပိုင် အစွမ်းအစနဲ့ အရင်
ဖြေရှင်းတတ်ပါစေ။ အကူအညီကို အလွယ်
တကူ လိုချင်တဲ့သူ မဖြစ်ပါစေနဲ့။

(၆) ဘယ်လောက်ပဲ ရိုးသားတဲ့လူကို
တွေ့ပါစေ။ သင့်အကျိုးအမြတ်အတွက်
အသုံးမချပါနဲ့။

ရိုးသားမှုဆိုတာ အရည်အသွေးတစ်ခုဖြစ်ပြီး
အခြားသူအတွက် ဖြစ်တည်နေတာ မဟုတ်
ပါဘူး။

(၇) ဘယ်လောက်ပဲ အင်အားကြီးမားတဲ့သူ
သင်ဖြစ်နေလည်း အလွယ်တကူ အနိုင်ကျင့်
ချင်တဲ့ စိတ်ဓာတ်မျိုး မမွေးပါနဲ့။

ဒီကနေ့ အင်အားကြီးမားသူဟာ နောင်
တစ်နေ့မှာ အင်အား ပျောက်ဆုံးသွားနိုင်လို့ပါ။
သံသရာဆိုတာ လည်ပတ်နေပါတယ်။

(၈) ဘယ်လောက်ပဲ အတွေးအခေါ်တွေ ဆန့်
ကျင်ဖက် ဖြစ်နေပါစေ။ ကိုယ်ပဲ မှန်နေတယ်
လို့ မထင်ပါနဲ့။ မကျင့်သုံးနိုင်ရင် ပယ်လိုက်ပါ။

အခြားသူရဲ့ အတွေးအခေါ်ထဲ သင်လည်း
မနေနိုင်သလို သူလည်း နေမှာမဟုတ်ပါဘူး။

(၉) သင်ဘယ်လောက်ပဲ ထူးချွန်ထက်မြက် နေပါစေ
တခြားသူကို ညံ့ဖျင်း တုံးအတယ်လို့
အလွယ်တကူ မှတ်ချက်မပေးပါနဲ့။

နောက်ခံအခြေအနေဆိုတာ တသမတ်တည်း
ရရှိနိုင်တာ မဟုတ်လို့အရည်အချင်းတွေ
ကွဲပြားနေတာကို သတိပြုမိပါစေ။

(၁၀) မိမိကြိုက်နှစ်သက်တဲ့ လူ အရာဝတ္ထု
အတွေးအခေါ် အခြေအနေ တစ်ခုကို မိမိ
ဘာသာ စိတ်ကြိုက် နှစ်သက်ခွင့်ရှိပါတယ်။

ဒါပေမယ့် သူတစ်ပါးကြိုက်နှစ်သက်တဲ့အရာ
တွေကိုတော့ ကဲ့ရဲ့ရှုတ်ချပြီး သင်ကြိုက်တဲ့
အရာတွေကို ဂုဏ်တင်ပြီး ပြောတာမျိုးတော့မဖြစ်သင့်ပါ။

Credit

#Life_Knowledge
#Haruki
"The secret of change is
to focus all of your energy,
not on fighting the old,
but on building the new."

-Socrates



"ပြောင်းလဲခြင်းရဲ့ လျှို့ဝှက်ချက်ဆိုတာ
အဟောင်းတွေကို တိုက်ထုတ်ဖို့
သင့်ရဲ့အင်အားတွေကို သုံးခြင်းမဟုတ်ပါ။

အသစ်အသစ်တွေကို
တည်ဆောက်တဲ့နေရာမှာ
သင့်ရဲ့အင်အားတွေကို
အသုံးချခြင်းပဲ ဖြစ်ပါတယ်။"


- ဆိုကရေးတီး



·‌ ‹ 。꒱ #Nyo
·‌ ‹ 。꒱ #PhooThitsarNyo
·‌ ‹ 。꒱ #𝓟𝑇𝓝๑ꕤ
·‌ ‹ 。꒱ #personal_growth
·‌ ‹ 。꒱ #Crd_to_original_writer