𝐿𝒾𝒻𝑒 𝐸𝓍𝓅𝓁𝑜𝓇𝑒𝒹
15K subscribers
8.9K photos
146 videos
416 files
1.65K links
မိတ်ဆွေဘ၀တိုးတက်ချင်ရင်

ဗဟုသုတကြွယ်၀ချင်ရင်

ဘက်ပေါင်းစုံက ထူးချွန်ချင်ရင်

ဒီ Channel လေးကို Join လိုက်ပါခင်ဗျာ။

Since_date 31.5.2023

အားလုံးအတွက် ကျွန်တော်အမြဲရှိပါသည်။ 💕

Channel Owner ~ @Akayar_2007
Download Telegram
သတင်းကောင်းရှိ👏

Self study လုပ်ရတာမှကြိုက်ပါတယ်ဆိုတဲ့သူတွေအတွက်🙌

🌷N5 self-study gpလေးနဲ့မိတ်ဆက်ပေးပါမယ်
🫧100% free
👉kanaအခြေခံရေးနည်းတွေကိုပိုင်ပိုင်နိုင်နိုင်တတ်ထားရင်ရပြီ

✊N5ကတတ်ပြီးသားဆိုပေမဲ့ စာတွေမေ့နေပြီ ပြန်လုပ်ချင်တယ်ဆိုတဲ့ သူတွေအတွက်လဲအသင့်တော်ဆုံးနော်👐

https://t.me/+xH3heNgPqxxkYWI1

ဒီgpလေးကို joinခဲ့ဖို့ဖိတ်ခေါ်ပါတယ်🙊

🖐စာလိုက်မလုပ်ဘဲစပ်စုဖို့ ဝင်လာဖို့တော့စိတ်မကူးနဲ့ တကယ်စာလုပ်နိုင်မှဝင်ခဲ့ပါ💗

#Copy_Message
နောက်ထပ် ထပ်ထုတ်ဖို့ကြိုးစားနေတဲ့ စာအုပ်လေးလို့ပြောလို့ရပါတယ်။

အရင်စာမူက လိုအပ်ချက်များစွာနဲ့မလို့ လူငယ်တွေနဲ့ အကိုက်ညီဆုံးအရာလေးတွေနဲ့ တကယ်အသုံးကျတဲ့ နည်းလမ်းလေးတွေကို သေချာလေးပြန်လည်စိစစ်ပြီး စာမူအသစ်ပြန်ရေးနေပါတယ်။

ဟဲ" ဒုတိယမြောက်စာအုပ်လေးထုတ်ဖြစ်ရင် ဒီစာအုပ်လေးဖြစ်ပါလိမ့်မယ်...။

#Haruki
ကျွန်တော့်အစ်ကိုက ပြောတယ်

ပြုံးထားစမ်းပါတဲ့။

ပြဿနာတွေဆိုတာ ...

ငါ့ညီတစ်ယောက်တည်း ကြုံရတာမဟုတ်ဘူးတဲ့

---------

နေ့ရက်ဆိုတာရှိနေသ၍

ပြဿနာဆိုတာ လူတိုင်းမှာရှိနေကြမှာပဲ...

အဲ့ဒီလိုပြဿနာတွေကို​ ရင်ဆိုင်ရတာကိုက

ဘဝရဲ့ အနှစ်သာရတဲ့

#Moti
#Haruki
သစ်ပင်မတက်နိုင်တဲ့ ငါး🌲
----------------------------

SarPhat Link 👇

https://www.sarphat.com/articles/22258


ကျွန်တော် ဒီနေ့ပဲစာစုလေးတစ်ခုဖတ်လိုက်ရတယ်။ စာစုလေးက

"အာလုံးဟာ ဉာဏ်ကြီးရှင်တွေပါ။ ဒါပေမယ့် ငါးတစ်ကောင်ကို သစ်ပင်တက်တဲ့အရည်အချင်းနဲ့ နှိုင်းနေရင်တော့ အဲ့ငါးကအသုံးကျမှာမဟုတ်ဘူး" တဲ့။

ချက်ချင်းပဲ ကျွန်တော့်ခေါင်းထဲ အသိတရားတစ်ခုဝင်သွားတယ်။

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ လူတွေက "မင်းကအသုံးမကျပါဘူး၊ ဒါလေးတောင်မလုပ်နိုင်ဘူးလား၊ အဖြစ်မရှိလိုက်တာ၊ အသုံးဝင်မယ့်အကောင်လည်းမဟုတ်ပါဘူး" လို့ ပြောတာကြားဖူးနိုင်သလို ကိုယ်ကိုယ်တိုင်လည်း အပြောခံရဖူးနိုင်ပါတယ်။

ဟုတ်ကဲ့။ လူတိုင်းက Perfect မဖြစ်လို့ သူလုပ်သမျှအရာတိုင်းက Perfect ဖြစ်နေမှာမဟုတ်ပါဘူး။ အရာရာတိုင်းမှာတော်တဲ့သူဆိုတာလည်းရှားပါတယ်။

လူတစ်ယောက် ငါးဖမ်းတာတော်ပေမယ့် ဖားကောက်တာတို့၊ ငှက်ပစ်တာတို့ သူတော်ချင်မှတော်မှာ။  ဒါကို ကျွန်တော်တို့သိထားရမယ်။

ဒါပေမယ့် ပတ်ဝန်းကျင်ကတော့ တစ်ခုလေးမလုပ်လိုက်နိုင်တာနဲ့ ဘာမှအသုံးမကျသူလို့ သတ်မှတ်လိုက်ရော...။

ဒါကဘာနဲ့တူသလဲဆိုတော့ ငါးတစ်ကောင်ကို သစ်ပင်မတက်နိုင်လို့ အသုံးမကျလိုက်တာလို့ ပြောနေတာနဲ့တူတယ်။

လူမှာလည် ကန့်သတ်ချက်ဆိုတာရှိတယ်။ သူဒီနေရာမှာမတော်ပေမယ့် အခြားနေရာမှာ သူတော်နေနိုင်တယ်။

လောကမှာ

ဘယ်အရာမှမတော်ဘူးဆိုတဲ့သူ မရှိသလို၊

အရာအားလုံးတော်တဲ့သူဆိုတာလည်း မရှိပါဘူး။


ဒါကြောင့် စာဖတ်သူလေးအနေနဲ့ ကိုယ့်ကို အသုံးမကျတဲ့သူလို့ ဝေဖန်အပြစ်ဆိုလာတဲ့အခါ စိတ်ဓာတ်မကျပါနဲ့။ ဒါက စာဖတ်သူလေး တကယ်တော်တဲ့နေရာမဟုတ်သေးလို့ပါ။

တော်အောင်ကြိုးစားလို့ရသလို စာဖတ်သူလေးတော်တဲ့နေရာဟာ အခြားနေရာလည်းဖြစ်နေနိုင်ပါတယ်။ ကိုယ်ဘာတော်လဲ သိအောင်လုပ်ပါ။

ရှာဖွေပါ။

ရှင်သန်ပါ။

အစွမ်းကုန်ကြိုးစားပါ။

အက္ခရာ ( 20,10,2024 . 12:57 PM )

Follow in SarPhat

https://www.sarphat.com/articles/22258

#Moti
#Life_Knowledge
#Haruki
အမည် - အဓိက,က စိတ်ပါပဲ

စာညွှန်း - Maru

PDF Link - https://t.me/black_white_Library/7127/20731

ကျွန်မရဲ့စာပေခရီးလမ်းကို စတင်စေခဲ့သူက ဘယ်သူလဲလို့မေးရင် စာရေးဆရာအက္ခရာပါပဲ။စာ‌ရေးဆရာအက္ခရာဟာဆိုရင် မကြာခင်ကမှ "အဓိကကစိတ်ပါပဲ"စာအုပ်ကို ထွက်ရှိထားသူဖြစ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ မထင်မှတ်ထားလောက်အောင်တော်တဲ့သူပါပဲ။

"အဓိကကစိတ်ပါပဲ" ဒီစာအုပ်လေးထွက်ရှိတော့မယ်လို့ ကြားတဲ့ချိန်မှာ pre-order လေးမှာယူခဲ့ပါတယ်။ သိပ်မကြာခင်အချိန်တွင်းမှာပဲ စာအုပ်လေးရောက်ရှိလာပါတယ်။ စာအုပ်ကရောက်လာပေမယ့်လည်း မအားတာနဲ့မဖတ်ဖြစ်ဘဲတော်တော်ကြာလေးထားလိုက်မိတယ်။ မနေ့ကမှ အားတာနဲ့ထိုင်ဖတ်နေခဲ့ပါတယ်။

ဒီစာအုပ်လေးဟာ အဓိကအနေနဲ့ Motivation ပေးထားတဲ့စာအုပ်လေးပါ။ ဒါပေမယ့် ဥပမာပေးတွေ ပုံပြင်လေးတွေနဲ့ရေးသားထားတော့ လက်ကမချမိတဲ့အထိ ဖတ်နေမိခဲ့ပါတယ်။ ကျွန်မတို့တွေရဲ့ဘဝမှာဆို နေ့စဉ်အသေးစိတ်တွေကိုကအစ လိုက်ခံစားပြီးနေတတ်ကြပါတယ်။" သူက ငါ့ကို ဘယ်လိုဆက်ဆံတာ၊ ငါ့ရည်းစားကအရင်လိုမဟုတ်တော့ဘူး၊ ဒီကိစ္စကိုငါမဖြေရှင်းနိုင်လောက်ဘူး၊ ငါဒီလိုလုပ်ရင် သူတို့ဘယ်လိုထင်ကြမာလဲ" စသဖြင့် ခံစားချက်ပေါင်းများစွာနဲ့ လိုက်ခံစားပြီးရှင်သန်နေတတ်ကြပါတယ်။

ဒီလိုပင်ပန်းတဲ့ရှင်သန်မှုတွေအားလုံးဟာ ကိုယ်ခံယူထားတဲ့ကိုယ်ရဲ့" စိတ်"ပေါ်မှာပဲမူတည်တယ်ဆိုတာကို ဒီစာအုပ်လေးကနေ အသိသတိရရှိစေခဲ့ပါတယ်။

ဒီစာအုပ်လေးထဲက ကျွန်မရဲ့ အကြိုက်ဆုံးစာသားကတော့

"ထမင်းစားဖို့ အသက်ရှင်တာလား
အသက်ရှင်ဖို့ ထမင်းစားတာလား"ပါပဲ

ကျွန်မတို့ဟာ ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့မေ့နေတတ်ကြတယ်။ကိုယ်အားသားချက်ကဘာလဲဆိုတာ ရှာဖွေနေတာတွေထက် အားနည်းချက်တွေကိုသာ ရှာဖွေပြီးအပြစ်တင် စိတ်ဓာတ်ကျနေတတ်ကြတယ်။ သူတပါးအောင်မြင်တာကိုပဲ အားကျနေတတ်ပြီး သူဘယ်လိုကြိုးစားခဲ့ရလဲဆိုတာ မစဉ်းစားမတွေးမိခဲ့ကြဘူး။ဒီစာအုပ်လေးကနေ ပျောက်ဆုံးနေတဲ့ ကိုယ့်ကိုယ်ကိုယ်ပြန်ရှာတွေ့နိုင်ပါလိမ့်မယ်။

စိတ်ဓာတ်အမြဲလိုလိုကျနေသူတွေ၊ ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့မေ့နေသူတွေ၊ ကြုံလာသမျှလောကဓံတွေကို အံတုရင်ဆိုင်ဖြတ်ကျော်ဖို့ Motiလိုအပ်နေသူတွေ၊ နေ့စဉ်ကြုံလာသမျှအခက်ခဲတွေကိုရင်ဆိုင်ကျော်ဖြတ်ဖို့အားအင်လိုအပ်နေသူတွက်တော့ ဒီ "အဓိကကစိတ်ပါပဲ"ဆိုတဲ့ စာအုပ်ကောင်းလေးဟာအသင့်တော်ဆုံးပါပဲ။

နောက်ဆုံးအနေနဲ့ စာရေးဆရာအက္ခရာရဲ့ စာသားလေးနဲ့ဒီဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ချင်ပါတယ်ရှင်

"Focus is the key
Try Try But Don't Cry
Don't follow the opinions of others
Your attitude makes you different"

သာယာသောနေ့လေးဖြစ်ပါစေရှင်❤️

စာချစ်သူလေးများအားအစဥ်‌ချစ်ခင်လေးစားကျေးဇူးတင်လျက်...

October.20.2024.Sun(15:23)
Maru(မာရု)

🤖 Book Review ပေးပို့ရန် - @Nway_Oo_Poem_bot
Join ထားသင့်တဲ့ Channel တွေထဲမှာ

ဒီ Ch လည်းပါတယ်နော်။

https://t.me/otherlanguagelearnenglish_ICT
အိမ်မှာနေရတာပျင်းလို့

အတွေ့အကြုံသစ်များရမလားလို့

စက်ရုံကားလိုက်မောင်း 😆💗

စက်ရုံသမားတွေကို နှလုံးရောဂါလိုက်ပေးတာ.. 🥲

#Funny
#Haruki
လူမှန်ရင် လူ့ကျင့်ဝတ် သိပြီး
ရှိဖို့ လိုတယ်။

ရှက်သင့်တာ ရှက် ၊
ထိန်းသိမ်းသင့်တာ ထိန်းသိမ်း ၊
လုပ်သင့်တာလုပ် ၊
ပြောသင့်တာ ပြောတက်ရတယ်။

တစ်ချို့က အဲ့ Level မဟုတ်တော့
ပြောပြလဲမသိဘူ။

#Copy_Message_From_𝐘𝐚𝐦
တစ်ဦးတစ်ယောက်တည်းအတွက်
သီးသန့်ဖြစ်တည်နေတဲ့
ဂရုစိုက်ခြင်းတွေပါ


ပေါ့ပေါ့တန်တန်ဆက်ဆံလာရင်တော့
ပြန်လည်ရုတ်သိမ်းရပါလိမ့်မယ်



⋆˚ఎ  React Need 🍓🍷  ໒˚⋆ 


゜ઇ @Nyo_paradise295 ˖ ! ˚


꒰ ა @PTNyo_bot ໒ ꒱


·‌ ‹ 。꒱ #Nyo
·‌ ‹ 。꒱ #PhooThitsarNyo
·‌ ‹ 。꒱ #𝓟𝑇𝓝๑ꕤ
·‌ ‹ 。꒱ #Sarto
·‌ ‹ 。꒱ #Crd_to_original_writer
ဖျော်ဖြေရေးလည်း ကြည့်တာကကြည့်

-------

နိုင်ငံရေးလည်း မေ့မသွားနဲ့ဦး ‼️

လူဆိုပြီး စဖြစ်တည်လာရင်

နိုင်ငံရေးနဲ့ ဘယ်သူမှမကင်းဘူး။

#Haruki
လွန်ခဲ့တဲ့ခြောက်လလောက်က
ညနေစောင်းအချိန်မှာ လူငယ်တစ်ယောက်
ဆိုင်ကယ်အက်စီးဒင့်ဖြစ်တယ်။
အခင်းဖြစ်ရာမှဘဲ ဆုံးသွားတယ်။

ပြည်ပမှာနေကြသူချင်းမို့
သူ့အခန်းက ပစ္စည်းလေးတွေသိမ်းပေးဖို့
သူ့သူငယ်ချင်းက သွားတယ်။

စားပွဲပေါ်က လက်တော့က
ဖွင့်လက်စ၊
စားလက်စ လက်ဖက်သုပ်ပန်းကန်လေးနဲ့
တဝက်ကျန်နေသေးတဲ့ ကော်ဖီခွက်၊
မလျှော်ရသေးတဲ့အဝတ်တချို့၊
စာမပြန်ရသေးတဲ့ သူ့ချစ်သူရဲ့မက်ဆင်ဂျာက
ပြောလက်စ မက်ဆေ့လေးတွေ။

တစ်ခုခုကိုသွားဝယ်ဖို့ ခဏထွက်သွားပုံဘဲ။

ဘာကိုမှ လက်စမသတ်ထားခဲ့ဘူး။

ခဏနေပြန်ရောက်မယ်လို့
သူကိုယ်တိုင်လည်း ထင်ခဲ့ပုံဘဲ။

ခဏတဖြုတ်ဆိုပြီး ထထွက်သွားတဲ့ လူငယ်တယောက် သူ့အခန်းလေးဆီ ဘယ်တော့မှပြန်မရောက်လာခဲ့ဘူး။

သူကိုယ်တိုင်မသိခဲ့ရတဲ့ တမလွန်ခရီးကိုထွက်သွားရတယ်။

မနက်ဖြန်မှာ ဘာလုပ်မယ်လို့သာ ကျမတို့တွေးနေခဲ့တာ။
ကျမတို့ရဲ့မနက်ဖြန်တွေက မသေချာဘူးလေ။

"အခုခဏလေးပါ မကြာပါဘူး ပြန်လာမှာပေါ့"
ဆိုတဲ့စကားတွေ အတွေးတွေကလည်း
မသေချာပါဘူး။

ငါငယ်သေးတယ် ဆိုတာ မရှိသလို
အသက်ကြီးမှ သွားရမယ့် ခရီးလို့လည်း
အပိုင်တွက်လို့မရ ပါဘူး။

မမျှော်လင့်ထားတဲ့ တစ်နေ့မှာ
ရုတ်တရက်ကြီး တမလွန်ခရီးနှင်ရမယ်ဆိုရင်
ဘာတွေပြင်ဆင်ပြီးပြီလဲ။

ညာမရတဲ့ နေရာမှာ
ဖြေရမယ့် အဖြေတွေအတွက် အဆင်သင့်ဖြစ်ပြီလား။

မမျှော်လင့်တဲ့ တစ်နေ့မှာ နေဝင်ခဲ့ရင် ???
...........................
...........................

Credit

#Life_Knowledge
#Haruki
ခန္ဓာမှာ သောကနည်းရင်
စိတ်ပင်ပန်းမှု နည်းမယ်...
ပါးစပ်မှာ စကားလုံးနည်းရင်
ငြင်းခုံထိခိုက်မှု နည်းမယ်...


ဗိုက်ထဲမှာ အစားနည်းရင်
ရောဂါဘယ နည်းမယ်...
စိတ်ထဲမှာ လိုအင်ဆန္ဒနည်းရင်
စိုးရိမ်ကြောင့်ကျစိတ် နည်းမယ်...


ရေစက်ပါရင် တန်ဖိုးထားလိုက်ပါ...
ရေစက်ကုန်ရင် လက်လွှတ်တတ်ပါစေ...


ဒီလောကမှာ တခြားသူကြောင့် ကိုယ် ရယ်ရ၊ပျော်ရသလို ကိုယ့်ကြောင့်လည်း တခြားသူ ရယ်ရ၊ပျော်ရပါစေ



⋆˚ఎ  React Need 🍓🍷  ໒˚⋆ 


゜ઇ @Nyo_paradise295 ˖ ! ˚


꒰ ა @PTNyo_bot ໒ ꒱


·‌ ‹ 。꒱ #Nyo
·‌ ‹ 。꒱ #PhooThitsarNyo
·‌ ‹ 。꒱ #𝓟𝑇𝓝๑ꕤ
·‌ ‹ 。꒱ #Sarto
·‌ ‹ 。꒱ #Crd_to_original_writer
စာကြည့်တိုက်အတွက်ဆိုပြီး လှူသွားတာ

၃ အုပ်လုံး စာမျက်နှာ ၅၅၀ အထက်

PDF လုပ်တဲ့သူတော့ ..... 🥲

#Haruki
Motivation တွေ ပေးရင်း၊နိုင်ငံရဲ့ကဏ္ဍအစုံအလင်ကိုအရှိအတိုင်း၊အမှန်အတိုင်း စုစည်းဖော်ပြသွားမှာဖြစ်ပါတယ်။

https://t.me/KalongDar

#Copy_Message
ဘဝရည်မှန်းချက်ခရီးလမ်းအောင်မြင်ရေး

ကိုယ့်စိတ်ကူးထဲက ဘဝပန်းတိုင်ဆီရောက်ရှိဖို့အတွက် အချိန်နဲ့အမျှကြိုးစားနေတဲ့ လူငယ်တွေကို ကျွန်တော်တို့ Youth Directory ကတဖက်တလမ်းကနေ ကူညီပေးချင်ပါတယ်။ 🤩

ဒါကြောင့် "ဘဝရည်မှန်းချက်ခရီးလမ်းအောင်မြင်ရေး" လိုအမည်ပေးထားတဲ့ အခမဲ့ webinar လေးကို စီစဉ်ထားပါတယ်။ ဒီ webinar ကနေတဆင့် ဘဝခရီးလမ်းမှာ အောင်မြင်မှုရနိုင်ဖို့ လိုအပ်တဲ့အရည်အသွေးတွေ၊ စိတ်နေသဘောထားတွေအကြောင်း မျှဝေပေးသွားမှာဖြစ်ပါတယ်။

ဒီ webinar လေးမှာ Special Guest အနေနဲ့ ပါဝင်ဆွေးနွေးပေးသွားမယ့်သူကတော့ အထူးမိတ်ဆက်ပေးစရာမလိုလောက်အောင် ပရိသတ်တွေနဲ့ ရင်းနှီးပြီးဖြစ်တဲ့ ဆရာလင်းသိုက်ညွန့် (မြန်မာ့မြေ) ပါ။

ဒီ Webinar လေးကိုတက်ရောက်ဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ အခုပဲ အောက်ပါ form လေးကိုဖြည့်ပြီး စာရင်းပေးလိုက်တော့နော်။ 😉 ရွေးချယ်ခံရသူကိုသာ ပြန်လည်ဆက်သွယ်ပေးသွားမှာပါ။

Register ပြုလုပ်ရန်

https://forms.gle/WNB3cVD3RHBG4ucT7

Telegram မှာတစ်ဆင့်ပြုလုပ်လိုပါက

t.me/youthtalkfromyd

Date: 2.11.2024
Time: 2:00-3:30 pm

မူရင်း Post

https://www.facebook.com/share/12BQeMT9Pew/
ဘဝမှာ

လူတောတိုးချင်ရင်

ကြီးပွားချင်ရင်

ကျော်ကြားချင်ရင်

အရာရောက်ချင်ရင်

ရန်သူနည်းချင်ရင်

တတ်ထားသင့်တဲ့ ပညာတစ်ခုရှိတယ်။

-------

အဲ့ဒီပညာက

ပေါင်းသင်းဆက်ဆံခြင်းပညာတဲ့။

ဘယ်မှာမှ မတော်ရင်နေပါ

ပေါင်းသင်းဆက်ဆံရေးမှာတော်နေရင် သူများထက်ရှေ့ရောက်တယ်။

ဘယ်လောက်ပဲတော်နေပါစေ

ပေါင်းသင်းဆက်ဆံရေးမကောင်းရင် အရှုံးထဲကလူပဲဖြစ်နေမှာ။

ဒါကြောင့် ဘဝမှာ ဒီပညာလေးတော့ တတ်အောင်သင်ယူကြပါ။

#Life_Knowledge
#Haruki
နေ့တိုင်း...
ကိုယ့်ကိုယ်ကိုယ် မျှော်လင့်ချက်
တစ်ခု ပေးပါ...။


မနက်ဖြန်အတွက်
မစိုးရိမ်၊မပူပန်ပါနဲ့...။


မနေ့ကအတွက်
သက်ပြင်းချ နောင်တမရပါနဲ့...။


ဒီကနေ့ကိုပဲ
ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပါ...။



⋆˚ఎ  React Need 🍓🍷  ໒˚⋆ 


゜ઇ @Nyo_paradise295 ˖ ! ˚


꒰ ა @PTNyo_bot ໒ ꒱


·‌ ‹ 。꒱ #Nyo
·‌ ‹ 。꒱ #PhooThitsarNyo
·‌ ‹ 。꒱ #𝓟𝑇𝓝๑ꕤ
·‌ ‹ 。꒱ #Sarto
·‌ ‹ 。꒱ #Crd_to_original_writer