𝐿𝒾𝒻𝑒 𝐸𝓍𝓅𝓁𝑜𝓇𝑒𝒹
10.9K subscribers
8.9K photos
146 videos
417 files
1.65K links
မိတ်ဆွေဘ၀တိုးတက်ချင်ရင်

ဗဟုသုတကြွယ်၀ချင်ရင်

ဘက်ပေါင်းစုံက ထူးချွန်ချင်ရင်

ဒီ Channel လေးကို Join လိုက်ပါခင်ဗျာ။

Since_date 31.5.2023

အားလုံးအတွက် ကျွန်တော်အမြဲရှိပါသည်။ 💕

Channel Owner ~ @Akayar_2007
Download Telegram
ဗြိတိန်နိုင်ငံ ဧရာမသစ်သီးဝလံပြပွဲမှသစ်သီးဝလံများ



ပုံမှာမြင်ရတာတွေကတော့ဗြိတိန်နိုင်ငံဧရာမသစ်သီးဝလံပြပွဲမှဆုရခဲ့သောသစ်သီးဝလံတွေပါ။တောင်သူ ကာဗစ်လိချ်စိုက်ပျိုးတဲ့ရွှေဖရုံသီးကြီးကအကြီးဆုံးရွှေဖရုံသီးဆုရခဲ့တာပါ။အလေးချိန်၁၃၇၃ပေါင် ၆၃၈ ကီလိဂရမ်ရှိပြီးဒုတိယဆုရွှေဖရုံသီးထက်ကီလိုဂရမ် ၄၀ပိုများပါတယ်။ဒါပေမယ့်ဂင်းနက်စ်စံချိန်တင်အကြီးဆုံးရွှေဖရုံသီးပေါင်၂၇၀၀ထက်တော့အလေးချိန်တစ်ဝက်လောက်နည်းပါတယ်။



သစ်သီးဝလံအမျိုးအစားပေါင်း၃၅မျိုးသတ်မှတ်ကာယှဥ်ပြိုင်စေခဲ့ပြီးဒီနှစ်ပြိုင်ပွဲမှာအကြီးဆုံးသခွားသီး၊အကြီးဆုံးငရုတ်ပွသီး၊အကြီးဆုံးပဲညွှန့်တို့အပါအဝင်ကမ္ဘာ့စံချိန်၈ခုတင်နိုင်ခဲ့ပါတယ်။


Ref:Farmers Show of Mammoth  Produce at county fair Headlined by 13,00 lbs. Pumpkin.




#wanderland
#Life_Knowledge
#Do_Not_copy
#forward_only
#DOYAR
❤18❤‍🔥3👍1🍓1💘1
Live Food ကျွေးတယ်ဆိုတာဘာလဲ?




Live foodကျွေးတယ်ဆိုတာကြက်၊အင်းဆက်နှင့်ဖားလိုမျိုးအကောင်လေးတွေကိုဖမ်းမွေးထားတဲ့တောရိုင်းသတ္တဝါတွေကိုအရှင်လတ်လတ်ကျွေးတာဖြစ်ပါတယ်။ဒီလိုကျွေးရတဲ့အကြောင်းအရင်းကတောရိုင်းသတ္တဝါတွေဟာတောအတွင်းမှာနေတဲ့အချိန်သားကောင်တွေကိုအရှင်လတ်လတ်ဖမ်းဆီးစားသုံးတဲ့အလေ့အကျင့်ရှိကြပါတယ်။



ဒါကြောင့်လူတွေကသူတို့ကိုမွေးတဲ့အခါတောတွင်းကအစာနဲ့အတူအရှင်လတ်လတ်ကျွေးတာဖြစ်ပါတယ်။တကယ်လို့love foodမကျွေးပဲအသေတွေပဲကျွေးမယ်ဆိုရင်ဒီတောရိုင်းသတ္တဝါတွေဟာအစာမစားနိုင်ပဲစိတ်ကျရောဂါဖြစ်လာစေနိုင်ပါတယ်။



Live foodကျွေးခြင်းကိုအချို့တိရစ္ဆာန်ချစ်သူတွေကကန့်ကွက်ကြပေမယ့်တောရိုးတိရစ္ဆာန်ဖမ်းမွေးသူတွေဟာlive food ကျွေးခြင်းဟာသဘာဝဖြစ်ကြောင်းပြန်လည်ဖြေရှင်းပေးလိုက်ကြပါတယ်။ပြီးတော့ဒီလိုကျွေးတဲ့အကောင်လေးတွေဟာအစာဖြစ်လာဖို့ရည်ရွယ်ချက်နှင့်စနစ်တကျမွေးမြူထားတာပဲဖြစ်ပါတယ်။




#wanderland
#Love_Food
#Do_Not_copy
#forward_only
#DOYAR
❤16💘3
မင်''တို့ဘက်ကလေ

သေနတ်သံတွေအရမ်းဆူညံနေတာမို့

မင်''တောင်အခြားနေရာကိုရှောင်နေရမှာမလို့

လာမrunဖြစ်သေးပါဘူးနော်စာဖတ်သူလေးတို့🥺

အဆင်ပြေတဲ့အချိန်ဆိုရင်တော့လာရန်းပါ့မယ်နော်

မင်ကိုမေ့မသွားကြပါနဲ့နော်

ကံမကုန်ရင်ပြန်တွေ့ကြမယ်နော်readersလေးတို့🥺🫶




#DOYAR
😢39❤4👍1💘1
ပထမဦးဆုံးဒိတ်မှာပြောသင့်တဲ့ ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာကောင်းတဲ့အကြောင်းအရာများ

ချစ်သူနဲ့ ပထမဦးဆုံးဒိတ်လုပ်တဲ့အခါ ရင်ခုန်စိတ်လှုပ်ရှားမှုကတော့ ရာနှုန်းပြည့်ပါပဲ။

ပထမဦးဆုံးဒိတ်မှာတော့ ရင်ခုန်စိတ်လှုပ်ရှားတာက သာမန်ထက်ပိုတာကြောင့် အလွဲလွဲအချော်ချော်နဲ့ ပြောစရာစကားလုံး ရှာမတွေ့တာမျိုးတွေဖြစ်တတ်ပါတယ်။

ဒီလိုမဖြစ်ရလေအောင် ချစ်သူနဲ့ ပထမဦးဆုံးဒိတ်မှာပြောသင့်တဲ့ ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာကောင်းတဲ့အကြောင်းအရာတချို့ကို မျှဝေပေးပါမယ်။

💝 - ဖတ်ရန်နှိပ်ပါခင်ဗျာ။

#Advice
#Relationship_Knowledge
#Haruki
❤15
စာအုပ် List လေးတွေပါ💖

အရင်ဆုံး Channel လေး Join ပေးစေချင်ပါတယ်ခင်ဗျာ။

📚 - @Life_Explored_Channel

ဆရာချစ်ဦးညို စာအုပ်များ⬇️⬇️⬇️
https://t.me/booksforyou1986/1058
https://t.me/booksforyou1986/4327

ဆရာကြီးမြသန်းတင့်စာအုပ်များ⬇️⬇️⬇️
https://t.me/booksforyou1986/1101

ဆရာမ မစန္ဒာ စာအုပ်များ⬇️⬇️⬇️
https://t.me/booksforyou1986/1147

ဘာသာပြန်စာအုပ်ကောင်းများ⬇️⬇️⬇️
https://t.me/booksforyou1986/1179

ဆရာမင်းသိင်္ခ စာအုပ်များ⬇️⬇️⬇️
https://t.me/booksforyou1986/1229
https://t.me/booksforyou1986/702

အသုံးဝင် English Ebooks များ⬇️⬇️⬇️
https://t.me/booksforyou1986/1257
https://t.me/booksforyou1986/1388

ဆရာကြီးရွှေဥဒေါင်း စာအုပ်များ⬇️⬇️⬇️
https://t.me/booksforyou1986/1290

ဆရာကြီး ဒဂုန်တာရာ၏ စာအုပ်များ⬇️⬇️⬇️
https://t.me/booksforyou1986/1336

ဆရာမလွန်းထားထား စာအုပ်များ⬇️⬇️⬇️
https://t.me/booksforyou1986/1346

ဆရာ တြိစက္က၊တြိစက္ခ စာအုပ်များ⬇️⬇️⬇️
https://t.me/booksforyou1986/1399

သိပ္ပံနှင့်နည်းပညာဂျာနယ်များ ⬇️⬇️⬇️
https://t.me/booksforyou1986/1461

ဆရာ ကိုပိုက်၏ စာအုပ်များ⬇️⬇️⬇️
https://t.me/booksforyou1986/1486

ငယ်ဘဝအမှတ်တရ ကာတွန်းစာအုပ်များ⬇️⬇️⬇️
https://t.me/booksforyou1986/1542
https://t.me/booksforyou1986/752
https://t.me/booksforyou1986/534
https://t.me/booksforyou1986/403

စိုက်ပျိုးရေးဆိုင်ရာစာအုပ်များ⬇️⬇️⬇️
https://t.me/booksforyou1986/1567

ကျန်းမာရေးဆိုင်ရာ စာအုပ်များ ⬇️⬇️⬇️
https://t.me/booksforyou1986/1670

ဆရာကိုတာ၏ စာအုပ်များ⬇️⬇️⬇️
https://t.me/booksforyou1986/1696

ဆရာကြီးကြပ်ကလေး၏ စာအုပ်များ ⬇️⬇️⬇️
https://t.me/booksforyou1986/1703

ဆရာကြီးမင်းယုဝေ၏ စာအုပ်များ⬇️⬇️⬇️
https://t.me/booksforyou1986/1720

ဆရာ မင်းဒင်၏ စာအုပ်များ⬇️⬇️⬇️
https://t.me/booksforyou1986/1734

ဟာသ စာအုပ်များ ⬇️⬇️⬇️
https://t.me/booksforyou1986/1741

ဆရာမ မနော်ဟရီရဲ့ စာအုပ်များ ⬇️⬇️⬇️
https://t.me/booksforyou1986/1756

‌ဆရာကြီး မောင်သိန်းဆိုင် စာအုပ်များ⬇️⬇️⬇️
https://t.me/booksforyou1986/1777

ဆရာဖိုးကျော့၏ စာအုပ်များ ⬇️⬇️⬇️
https://t.me/booksforyou1986/1783

ဓာတ်ပုံပညာရပ်နှင့်ဆိုင်သော English Ebooks များ ⬇️⬇️⬇️
https://t.me/booksforyou1986/1795
https://t.me/booksforyou1986/552
https://t.me/booksforyou1986/459

ဆရာမ နုနုရည်(အင်းဝ)၏ စာအုပ်များ ⬇️⬇️⬇️
https://t.me/booksforyou1986/1818

ဆရာမောင်ညိုမှိုင်း(သန်လျင်)၏ စာအုပ်များ⬇️⬇️⬇️
https://t.me/booksforyou1986/1832

ဆရာ သတိုး တေဇ စာအုပ်များ⬇️⬇️⬇️
https://t.me/booksforyou1986/1048

Engineering Handbook များ ⬇️⬇️⬇️
https://t.me/booksforyou1986/1033

ဆရာမြင့်သန်း၏ စာအုပ်များ⬇️⬇️⬇️
https://t.me/booksforyou1986/1024

Cinema 4D Books ⬇️⬇️⬇️
https://t.me/booksforyou1986/1017

Microsoft Excels Books များ  ⬇️⬇️⬇️
https://t.me/booksforyou1986/996

ဆရာသိုးဆောင်း ‌‌၏ စာအုပ်များ ⬇️⬇️⬇️
https://t.me/booksforyou1986/983

ဆရာမဂျူး ၏ စာအုပ်များ ⬇️⬇️⬇️
https://t.me/booksforyou1986/951

ဆရာမခင်ခင်ထူးစာအုပ်များ⬇️⬇️⬇️
https://t.me/booksforyou1986/933

Dictionary စာအုပ်များ (English) ⬇️⬇️⬇️
https://t.me/booksforyou1986/915

သူတို့အကြောင်း စာအုပ်များ(English)⬇️⬇️⬇️
https://t.me/booksforyou1986/907

ဆရာမနိုင်းနိုင်းစနေ စာအုပ်များ⬇️⬇️⬇️
https://t.me/booksforyou1986/888

ဦးနု၏ စာအုပ်များ⬇️⬇️⬇️
https://t.me/booksforyou1986/905?single

ဆရာလယ်တွင်းသားစောချစ် စာအုပ်များ⬇️⬇️⬇️
https://t.me/booksforyou1986/869

ဆရာမောင်ထွန်းသူ စာအုပ်များ⬇️⬇️⬇️
https://t.me/booksforyou1986/850

ဆရာတက္ကသိုလ်ဘုန်းနိုင်စာအုပ်များ⬇️⬇️⬇️
https://t.me/booksforyou1986/837

Joel Osteen ၏ Ebookများ⬇️⬇️⬇️
https://t.me/booksforyou1986/832

Artificial Intelligence ဆိုင်ရာ Ebook များ ⬇️⬇️⬇️
https://t.me/booksforyou1986/826

Social Media ဆိုင်ရာ Ebooks များ⬇️⬇️⬇️
https://t.me/booksforyou1986/818

ဆရာအကြည်တော်စာအုပ်များ ⬇️⬇️⬇️
https://t.me/booksforyou1986/773

ကိုယ်ရည်ကိုယ်သွေးတိုးတက်ရေးအတွက် ဖတ်သင့်တဲ့စာအုပ်များ⬇️⬇️⬇️
https://t.me/booksforyou1986/742

နေ့စဉ်ဘဝအတွက်အသုံးဝင်မည့် Do it Yourself Ebook များ ⬇️⬇️⬇️
https://t.me/booksforyou1986/728

ဖတ်စရာ သုတစာအုပ်များ⬇️⬇️⬇️
https://t.me/booksforyou1986/678

#Books
#Forward_only
#Haruki
❤18👍1🍓1
အရိပ်၊ မစန္ဒာ.pdf
4.6 MB
အရိပ်လေးလည်း ရပါပြီနော်။💖

#Books
#Forward_only
#Haruki
❤17🍓1
အမှတ်တရ၊ ဂျူး.pdf
723.1 KB
အမှတ်တရ

( စာဖတ်သူလေးတစ်ယောက်ရဲ့တောင်းဆိုမှု )

#Books
#Forward_only
#Haruki
🥰12🍓4
စာစီစာကုံးစာအုပ်လေး တောင်ဆိုထားလို့ပါခင်ဗျာ။

📖 - တိုက်ရိုက်ဖတ်ရန်နှိပ်ပါခင်ဗျာ။

#Essays
#Books
#Forward_only
#Haruki
❤16❤‍🔥1🍓1
ခြင်္သေ့များနဲ့ပင်အပြိုင်တိုက်ခိုက်နိုင်တဲ့ အလွန်အန္တရာယ်များသော သတ္တဝါငယ်များ

ခေါင်းစဥ်လေးနဲ့တင် တအားကိုစိတ်၀င်စားဖွယ်ကောင်းနိုင်ပါတယ်။ ခြင်္သေ့တွေဆိုတာ ဆင်လိုအကောင်ကြီးတွေတောင် ​မတိုက်ခိုက်နိုင်တဲ့သူပါ။

ဒါကို သူတို့ထက်အဆပေါင်းများစွာသေးငယ်တဲ့ ဒီသတ္တ၀ါလေးတွေက ပြန်တိုက်ခိုက်နိုင်ပါတယ်။ အကောင်သာငယ်တာပါ သတ္တိသွေးကတော့ မခေတဲ့သူလေးတွေလို့ပဲ ပြောရမှာပါပဲ။

ဆိုတော့ ဒီအကောင်လေးတွေအကြောင်း ကျွန်တော်နဲ့အတူတူလေ့လာကြည့်လိုက်ရအောင်နော်။

🦨 - ဖတ်ရန်နှိပ်ပါခင်ဗျာ။

#Animals
#Wonderful_Knowledge
#Haruki
❤7🍓1
စပြီး အဆက်သွယ်ခံရတဲ့ဘက်မှာ
နေချင်ခဲ့တယ်

ဘယ်လိုအခြေအနေမျိုးမှာမဆို
လွှတ်မချမယ့်လက်တွေကိုပဲတွဲချင်တယ်

ငိုစေပြီးမှ လာချော့မယ့်သူထက်
ငိုမှာဆိုးတဲ့ရင်ခွင်မျိုးမှာ နေချင်တယ်

- Ria


(つ﹏< ♡𝆬 React Need 🍓🎸


❁❁❁ @PTN_World Ꮺ࣭۪


୨୧ #Nyo
୨୧ #PhooThitsarNyo
୨୧ #Sarto
୨୧ #Crd_to_original_writer
❤19🍓2👍1💘1
ပျော်ရွှင်လွတ်လပ်တဲ့ဘဝနဲ့ နေသွားချင်သူတို့ ရှောင်သင့်တဲ့အချက်လေးများ

တချို့တွေမပျော်ရွှင်နိုင်တာ စီးပွားရေးအဆင်မပြေလို့၊ ပညာမတတ်လို့၊ ကိုယ်ချစ်ရတဲ့သူတွေနဲ့ ဝေးနေလို့၊ အသွင်မတူသူတွေနဲ့ အဆင်ပြေအောင်နေနေရလို့ စတဲ့စတဲ့အကြောင်းတွေမှ အများကြီးပါပဲ။

ဘာကြောင့်ပဲ မပျော်မပျော် ကိုယ့်ကိုယ်ကိုယ်ပျော်အောင်ထားဖို့ အားလုံးမှာ တာဝန်ရှိပါတယ်။

ဒီတော့ ပျော်ရွှင်လွတ်လပ်တဲ့ဘဝနဲ့ နေသွားချင်သူတွေအတွက် ရှောင်သင့်တဲ့အချက်လေးတွေကို မျှဝေပေးချင်ပါတယ်ခင်ဗျာ။

See next Post

#Moti
#Daily_Life
#Forward_only
#Haruki
❤11🍓1
ပျော်ရွှင်လွတ်လပ်တဲ့ဘဝနဲ့ နေသွားချင်သူတို့ ရှောင်သင့်တဲ့အချက်လေးများ

🚫 - Social Media သုံးတာ ခဏနားထားပါ


တကယ်ပျော်ရွှင်ချင်တယ် လွတ်လပ်မှုအပြည့်ရှိချင်တယ်ဆိုရင် ပုံရိပ်ယောင်လူမှုကွန်ရက်လောကကနေ ခွာတတ်ဖို့လိုပါတယ်။

အနည်းဆုံး တစ်ပတ်မှာ ၃ ရက်လောက်ဖြစ်ဖြစ် Facebook | Instagram | TikTok တို့နဲ့ အဆက်ဖြတ်သင့်ပါတယ်။

Social Media စွဲလမ်းမှုဟာ ကိုယ့်လွတ်လပ်ပျော်ရွှင်ခြင်းအတွက် လှောင်အိမ်ဆောက်လိုက်တာပဲ ဖြစ်ပါတယ်။

🙅‍♂️ - ကိုယ့်ကိုယ်ကိုယ် ဘယ်သူနဲ့မှ မနှိုင်းနဲ့


လူတွေဟာ ကိုယ့်ပိုင်ဆိုင်မှုကို တခြားသူရဲ့လက်ထဲကအရာတွေနဲ့ယှဉ်ပြီး နည်းတယ်/များတယ် ဆုံးဖြတ်တတ်တဲ့သဘောရှိပါတယ်။

ဒီအပေါ်မူတည်ပြီး ကိုယ်ရတာကို ကျေနပ်တာ/စိတ်ဆိုးဒေါသထွက်တာတွေ ဖြစ်လာပါတယ်။

နှိုင်းယှဉ်ခြင်းဆိုတာ 💢

ပျော်ရွှင်မှုကိုသတ်တဲ့ လက်နက်တစ်ခုပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ပျော်ရွှင်မှုအခိုက်အတန့်လေးတွေဟာ ဘယ်အရာ ၊ ဘယ်သူနဲ့မှ နှိုင်းယှဉ်လို့ရတာမျိုး မဟုတ်ပါဘူး။

တစ်ယောက်ယောက်နဲ့ နှိုင်းယှဉ်လိုက်တာနဲ့ ပျော်ရွှင်ခြင်းဟာ ရုတ်ချည်းပျောက်ဆုံးပျက်စီးသွားစမြဲပါပဲ။

👨‍🎨 - ကိုယ်မြတ်နိုးတဲ့ဝါသနာတွေ လုပ်ဖြစ်အောင်လုပ်ပါ


ဘာမှလုပ်စရာမရှိရင် လူကလေတတ်ပါတယ်။ စိတ်မလေအောင် လုပ်စရာတစ်ခုခု ရှိထားတာကောင်းပါတယ်။ ဒီလိုလူတွေအတွက် ဝါသနာကောင်းတစ်ခုခုရှိထားတာဟာ အကောင်းဆုံးနည်းလမ်းပါပဲ။

ကိုယ်သဘောကျတာလေးတွေလုပ်ရပြီဆိုရင် လူဟာကြည်နူးရွှင်မြူးလာသလို စိတ်အင်အားလူအင်အားအပြည့်နဲ့လည်း အားစိုက်ပြီး ပျော်ပျော်ကြီးလုပ်ဖြစ်တတ်ပါတယ်။

🏃 - အငြင်းခံရမှုကို လက်ခံပါ


လူတွေမပျော်ရွှင်ရတဲ့အကြောင်းရင်းထဲမှာ အငြင်းခံရမှာကိုကြောက်တဲ့စိတ်လည်း တစ်ခုအပါအဝင်ပါပဲ။

ဥပမာအနေနဲ့ပြောရရင် 🍃

အလုပ်အင်တာဗျူးဖြေရမယ်ဆို အလုပ်ရဖို့လမ်းစပေါ်ပြီဆိုပြီး ပျော်ရမယ့်အစား လူတော်တော်များများဟာ အင်တာဗျူးမှာ ငါ့ကိုမရွေးရင်ဆိုတဲ့အတွေးနဲ့ စိတ်ဖိစီးတတ်ကြပါတယ်။

ပျော်ရွှင်တဲ့ဘဝတစ်ခု ပိုင်ဆိုင်ချင်ရင် Rejection ဆိုတဲ့ အပယ်ခံ/အငြင်းခံ အခြေအနေကို လက်ခံပြီး တခြားဘာလုပ်နိုင်မလဲဆိုတဲ့အပိုင်းကို အာရုံစိုက်တတ်ဖို့ လိုပါတယ်ခင်ဗျာ။

🔆 - @Life_Explored_Channel

#Moti
#Daily_Life
#Forward_only
#Haruki
❤20🍓1
၁နာရီအတွင်း စာပေနားထောင်ရင်း

Channel မှာတင်ဖို့ စာစီရေးရတာ...။

သေချာတာတစ်ခုကတော့ ✨

ဒီတစ်နာရီအတွက်တော့ အကျိုးရှိသွားပါပြီ။

ဒါနဲ့ ဆရာသိုက်ပြုံးနေတာ ချောတယ်နော်။ ကျွန်တော့်လိုပေါ့ 😆💖

#Haruki
❤34🍓7😁5👍1🥰1
Ovethinker အတွေးလွန်တတ်သူတွေနှင့် ချစ်သူဖြစ်မိရင်

Overthink နဲ့ပတ်သတ်ပြီး ကျွန်တော့်ဆီရင်လာဖွင့်တဲ့သူတွေ အများကြီးရှိပါတယ်။ အဲ့ဒီထဲမှာ အမျိုးသမီးတွေလည်းများသလို အမျိုးသားတွေလည်းရှိတာပါ။

သာမန် Single ဘ၀မှာတော့ အေးဆေး​ဖြစ်နေပေမယ့် ကောင်လေး/ကောင်မလေးရသွားမှ ချစ်လွန်းတာကနေ စိတ်မချဖြစ်ပြီး Overthinking စဖြစ်လာတာတွေပိုများပါတယ်။

ဒီတစ်ခါမှာတော့ စာဖတ်သူလေးရဲ့ကောင်လေး၊ ကောင်မလေးက Ovethinker အတွေးလွန်တတ်သူဖြစ်နေရင် ဘာလုပ်ရမလဲဆိုတာ ပြောပြပေးပါမယ်။

💝 - ဖတ်ရန်နှိပ်ပါခင်ဗျာ။

#Advice
#Moti
#Relationship_Knowledge
#Haruki
❤10🍓2
ငါ့ကို အရေးမပါသလိုလာဆက်ဆံရင်
ဘယ်လောက်အရေးကြီးနေစေဦးတော့
တဖြေးဖြေး ငါ့အတွက် အရေးမပါတဲ့လူ
ဖြစ်သွားမှာပဲ

လူတစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရာမှာ respect ဟာ သိပ်အရေးကြီးတယ်
ကိုယ်က ဘာမှမပေးနိုင်ဘဲ
သူများဆီကချည်း လိုချင်နေလို့မရဘူး

ငါ့အတွက်တော့ ငါ့မာနကို ထိပါးစေတဲ့
ဒါမှမဟုတ် ငါ့ကို သိမ်ငယ်လာအောင်
ခံစားရစေတဲ့ ဘယ်သူ့ကိုမဆို
ငါ့ဘဝရဲ့ ဘယ်နေရာမှာဖြစ်ဖြစ် ထားပစ်ခဲ့မှာ


(つ﹏< ♡𝆬 React Need 🍓🎸


❁❁❁ @PTN_World Ꮺ࣭۪


୨୧ #Nyo
୨୧ #PhooThitsarNyo
୨୧ #feel_letter
୨୧ #Crd_to_original_writer
👍11💔4❤3🍓2
စာကြမ်းပိုးတွေအတွက်မရှိမဖြစ်Website(၅)ခု






စာဖတ်ဝါသနာပါတဲ့သူတွေအတွက်အင်တာနက်ခေတ်ကြီးမှာကိုယ်ဖတ်ချင်တဲ့စာအုပ်ကိုရဖို့အတွက်အရင်ခေတ်တွေထက်အများကြီးပိုလွယ်လာပါပြီ။အင်တာနက်မှာစာအုပ်တွေကို ebook ဗားရှင်းနဲ့ရောင်းချတဲ့Websiteတွေရှိသလိုအခမဲ့ဖတ်ရှုနိုင် Downloadရယူနိုင်တဲ့Websiteတွေလည်းအများအပြားရှိပါတယ်။ဒီလိုစာအုပ်တွေကိုအခမဲ့ရယူနိုင်တဲ့Websiteတွေထဲကစာအုပ်ချစ်သူတွေအတွက်အသုံးဝင်မယ့်Website ၅ခုကိုဖော်ပြလိုက်ပါတယ်။


See next post



#Moti
#Life_Knowledge
#Do_Not_copy
#forward_only
#DOYAR
❤17
စာကြမ်းပိုးလေးတွေအတွက်မရှိမဖြစ်Website (၅)ခု📚




၁။Open Library. (https://openlibrary.org/)




Open Libraryဟာအင်တာနက်မှာစာအုပ်အစုံအလင်ဆုံးwebsiteတစ်ခုဖြစ်ပါတယ်။ဒီwebsiteမှာဝတ္ထု၊အတ္ထုပ္ပတ္တိ၊သမိုင်းနှင့်ဆေးပညာစတဲ့ကဏ္ဍစုံစာအုပ်တွေသန်းချီရှိပါတယ်။စာအုပ်တွေကိုအွန်လိုင်းမှာဖတ်ရှုနိုင်သလိုEPUB,MOBI,PDF,FORMATတေွနဲ့Downloadရယူနိုင်ပါတယ်။သန်းနဲ့ချီတဲ့စာအုပ်တွေထဲကမိမိအလိုရှ်ရာစာအုပ်ရဲ့အမည်၊စာရေးသူအမည်နဲ့ရှာဖွေနိုင်သလိုအဲ့ဒါတွေမမှတ်မိရင်လည်းစာအုပ်ထဲကစာကြောင်းလေးတွေနဲ့ရှာဖွေနိုင်ပါတယ်။



၂။Porject Gutenberg. (https://wwwgutenberg.org/)




၁၉၇၁ခု နှစ်ထဲကစတင်ခဲ့လို့ဒီပရောဂျက်ဟာသက်တမ်းအရင့်ဆုံးဒီဂျစ်တယ်စာကြည့်တိုက်တစ်ခုဖြစ်ပြီးအင်တာနက်တွေတွင်ကျယ်လာချိန်မှာတော့အွန်လိုင်းကနေပါဝင်ရောက်ဖတ်ရှုနိုင်တဲ့အွန်လိုင်းစာကြည့်တိုက်ဖြစ်လာပါတယ်။ဒီwebsiteဟာဂန္ထဝင်ဝတ္ထု၊တွေစုံလင်တဲ့အတွက်နာမည်ကြီးပါတယ်။စာအုပ်တွေကိုEPUB,MOBIနဲ့Textတွေအနေနဲ့downloadရယူနိုင်ပါတယ်။ကိုယ့်ကွန်ပျူတာနဲ့ဖုန်းထဲကိုdownloadလုပ်နိုင်တဲ့အပြင်Dropbox,Google driveစတဲ့အကောင့်တွေထဲကိုdownloadလုပ်နိုင်တာကဒီwebsiteရဲ့ထူးခြားချက်ပါ။



၃။Many Books. (https://manybooks.net)



စာအုပ်ပေါင်း၅သောင်းကျော်ကိုဒီဂျစ်တယ်နဲ့ရနိုင်တဲ့Many books websiteကလည်းစာအုပ်ကောင်းကြိုက်သူတွေလက်မလွှတ်သင့်တဲ့စာရင်းမှာထိပ်ဆုံးကပါပါတယ်။ထိပ်တန်းစာရေးဆရာရဲ့နာမည်ကျော်စာအုပ်တွေအများအပြားရှိတဲ့အပြင်မိမိအကြိုက်ပေါ်မူတည်ပြီးဘယ်စာအုပ်တွေဖတ်သင့်တယ်ဆိုတာကိုအကြံပြုညွှန်ပြပေးပါတယ်။စာအုပ်တွေကိုဖတ်ရလွယ်ကူမှု၊ရှုပ်ထွေးမှုအလိုက်ခွဲခြားသတ်မှတ်ထားတဲ့အတွက်ကိုယ့်အတွက်အဆင်ပြေမယ့်စာအုပ်ကိုရွေးချယ်နိုင်ပါတယ်။



၄။Book boon. (https://bookboon.com)



ဒီwebsiteကတော့ရသစာပေထက်သုတပိုင်းကိုအသားပေးတဲ့စာအုပ်တွေပိုမိုစုံလင်ပါတယ်။ပညာရေးနဲ့ပတ်သတ်တဲ့ပြဋ္ဌာန်းစာအုပ်တွေရည်ညွှန်းကိုးကားတဲ့စာအုပ်တွေစီးပွားရေးဆိုင်ရာစာအုပ်တွေစုံလင်ပြီးအလိုရှိရာကိုအလွယ်တကူရှာဖွေနိုင်အောင်စီစဥ်ထားပါတယ်။အဲ့ဒီwebsiteမှာEnglishဘာသာစာအုပ်တွေအပြင်ပြင်သစ်၊ဂျာမန်၊စပိန်စတဲ့ဘာသာတွေနဲ့ရေးသားထားတဲ့စာအုပ်တွေလည်းရှိပါတယ်။စာအုပ်တွေကိုPDFဗားရှင်းနဲ့downloadလုပ်ယူနိုင်ပါတယ်။



၅။Feed books. (https://www.feedbooks.com)




Englishဝတ္ထုနှစ်သက်သူတွေအတွက်Feed booksကသေချာပေါက်အကြိုက်တွေ့စေမယ့်websiteဖြစ်ပါတယ်။နာမည်ကြီးဝတ္ထုတို့၊ဝတ္ထုရှည်စာအုပ်တွေစုံလင်ပြီးအက်ရှင်၊လျှို့ဝှက်သည်းဖို့၊အချစ်ဝတ္ထုတွေကိုအမျိုးအစားခွဲပြီးစုစည်းပေးထားတဲ့အတွက်ကြိုက်နှစ်သက်ရာကိုအလွယ်တကူရှာဖွေနိုင်ပါတယ်။ဒါ့အပြင်စာအုပ်တစ်အုပ်စီရဲ့စာလုံးအရေအတွက်၊ဖတ်ရှုဖို့ကြာချိန်တွေကိုပါဖော်ပြထားပါတယ်။နှစ်အလိုက်၊လအလိုက်အရောင်းရဆုံးစာအုပ်တွေကိုလည်းဖော်ပြထားပါတယ်။




#Moti
#Life_Knowledge
#book_Apk
#Do_Not_copy
#forward_only
#DOYAR
🥰14❤8❤‍🔥3👍1🍓1🎃1
အဘိုးအဘွားအိမ်သွားလည်သောအခါ 😁😅😶‍🌫

#Funny
#Haruki
😁37🤣22❤1
မြန်မာ့သမိုင်းမှာယခင်ကရှေးအကျဆုံးဖြစ်တဲ့သရေခေတ္တရာ🛕




မြန်မာ့တစ်မိုင်းမှာယခင်ကရှေးအကျဆုံးမြို့တစ်မြို့ဖြစ်တဲ့သရေခေတ္တရာမြို့ဟောင်းဟာလက်ရှိမှာပြည်မြို့ရဲ့၅မိုင်အကွာမှာတည်ရှိပါတယ်။ခေတ်ကာလတိုးတက်ပြောင်းလဲလာတာနဲ့တစ်ပြိုင်တည်းမြန်မာတို့ရဲ့ရှေးအကျဆုံးမြို့ဟာသိတဲ့သူခပ်ရှားရှားဖြစ်လာပါတယ်။ဒါဆိုသရေခ္တေရာမြို့ဟောင်းကိုမသိသေးတဲ့သူတွေအတွက်သမိုင်းကြောင်းကိုပြန်လေ့လာရအောင်။


သမိုင်းမှတ်တမ်းတွေထဲမှာတော့ဒီမြို့ဟောင်းဟာသာသနာတော်သက္ကရာဇ်၁၀၁ခခု နှစ်ဂဝံပတိအသျှင်သူမြတ်များအမှူးပြု၍ဒွတ္တဘောင်မင်းကစတင်တည်ထောင်ကာမင်းအဆက်ဆက်စိုးစံခဲ့တာကိုဆိုပါတယ်။မှန်နန်းမယာရာဇဝင်တော်ကြီးရဲ့ကောက်နုတ်ဖော်ပြချက်မှာတော့သရေခေတ္တရာမင်းဆက် (၂၇)ဆက်ကိုဖော်ပြထားပါတယ်။


ယခုသာသနာသက္ကရာဇ်က ၂၅၆၆ သက္ကရာဇ်ထဲရောက်နေပြီဆိုတော့ဒီမြို့ဟောင်းရဲ့သက်တမ်းကနှစ်ပေါင်း ၂၀၀၀ တောင်ကျော်နေခဲ့ပါပြီသရေခေတ္တာပျူမြို့ဟောင်းရဲ့ပုံစံကစက်ပိုင်းပုံမကျဘဲဥပုံမကျတဲ့အဝိုင်းပုံသဏ္ဍာန်ပါ။မြို့ဟာအရင်ကဘယ်လောက်တောင်ခမ်းနားထည်ဝါသလဲဆိုရင်မြို့ရိုး၊ကျုံးနှင့်အတူနန်းတော်ရာ၊ဘာသာရေးဆိုင်ရာအဆောက်အအုံများ၊ဆင်းတုတော်များကိုတွေ့ရပါတယ်။သူ့ရဲ့မြို့ရိုးက(၈မိုင်၈ဖာလုံ)ရှိပြီးဧရိယာအားဖြင့်၅ဒသမ၅စတုရန်းမိုင်ကျယ်ဝန်းပါတယ်။


လက်ရှိမှာတော့သရေခေတ္တရာပျူမြို့ဟာအကြီးဆုံးနှင့်သက်တမ်းအရှည်ဆုံးမြို့ဖြစ်လို့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်အဖြစ်သတ်မှတ်ခဲ့တာကြောင့်ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ဂုဏ်ယူဖွယ်ရှေးဟောင်းမြို့ပဲဖြစ်ပါတယ်။




#Life_Knowledge
#wanderland
#Do_Not_copy
#Forward_only
#DOYAR
🍓6❤4💘1